Monday, December 28, 2015

---(---အိမ်အမြန်ရောင်းထွက်စေချင်(ထုတ်)မှာဆင်--)


Saturday, December 26, 2015

(--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ -(၂ )-?

(--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ -(၂ )-?
--------------
-------------- မောင်ရာဇာတစ်ယောက် ခဏတာမျှ စဉ်းစားနေရာမှ -
]]ဟုတ်တယ်ဆရာရေ ...ဆရာရေးထားတဲ့ လောကဓံ ဆရာဦးထွန်းရီ ဓာတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓာတ်ခန်းဆိုတဲ့စာကို တွေ့ပေမယ့် ဘာတွေကို ဘယ်လိုဆိုလိုမှန်း မသိခဲ့ဘူး။ အဓိပ္ပါယ်ကိုလည်း ထူးထူးခြားခြား မစဉ်းစားမိခဲ့ ဘူး}}
]]မောင်ရင့်လိုလူတွေအတွက် သတိမမူ၊ ဂူမမြင်ဆိုတဲ့ စကားကို ထားခဲ့ပုံ ရတယ်ကွ၊ သေေ သချာချာနားထောင်ပေတော့မောင်ရာဇာ၊ ဓာတုဆိုတာ ဓာတ်တွေကို ဆိုလိုပြီး နိယာမ ဆိုတာက ဖြစ်ခြင်း၊ ပျက်ခြင်း၊ ကိုဆိုလိုတာပဲ မောင်ရာဇာ။ ဒါကြောင့် ဗေဒင် ဆရာတွေ မျက်စိလည်နေတာပေါ့}}
]]ဒါဆိုရင် ဗေဒင်ဆရာတွေ မျက်စိလည်နေတယ်ဆိုတဲ့ ဟောကွက်လေး တစ်ခုေ လာ က် ပြော ပ ပါလားဆရာရယ်။}}
]]ကောင်းပြီ မောင်ရာဇာ၊ မောင်ရင်လည်း ဥာဏ်မှီသမျှ စဉ်းစားပြီး ဆရာ့ ဟောကွက်ကိုကြိုက်တဲ့ ဗေဒင်နည်းတွေနဲ့ တွက်ချက်ပြီး ပြန်ပြောပြလေ}}
]]ကောင်းပါပြီဆရာ၊ အရင်ပြောကြည့်ပါဦးလေ၊ ဒီလောက်တောင် ညွှန်းနေ တော့ ကျွန်တော်လည်း ပညာရတာပေါ့}}
]]မောင်ရာဇာ အသက် ၄၆၊ ၄၇လောက်က တွေ့တဲ့မိတ်ဆွေတွေက ဟိတ်ကောင် ရာဇာကြီး အသားတွေဘာတွေဖြူပြီး လှလို့ ဝလို့ပါလား။ ကြည့်စမ်း ပါဦး ဗိုက်ကလေးေ တာင် ရှေ့ထွက်လို့ သူဌေးရုပ်တောင်ပေါက်နေပါလား၊ ဘာဆေး တွေများစားထားလို့လဲလို့ ပြောတာတွေကို ကြုံခဲ့တာတွေကို ဘယ်လိုဗေဒင်နည်း နဲ့သိနိုင်ပါ့မလဲ ဆရာ့ကိုပြောပြစမ်းပါဦး}}
မောင်ရာဇာတစ်ယောက် တအံ့တဩဖြစ်နေပြီး ...
]]ဟာ ...ကောင်းလိုက်တဲ့ဟောကွက်ပဲ၊ ကျွန်တော် တော်တော် ပြန်စဉ်းစားယူရတယ်}}
]]ဒီလောက်ဆိုရင် သာမာန်ဗေဒင်ဆရာတွေ မသိနိုင်ဘူးဆိုတဲ့ ဓာတုနိယာမ ပညာ ဆိုတာကို ရိပ်မိလောက်ပြီ ထင်ပါတယ်။}}
]]ဆရာ ကျွန်တော်တို့ တပည့်ရင်းတွေတောင် လျှိုထားတာပေါ့}}
]]မဟုတ်ရပါဘူး မောင်ရာဇာရယ်။ လိုအပ်ရင် ဆရာထည့်ထည့်ဟော ပါတယ်။ ခုန ဆရာပြောခဲ့သလို သတိမမူ၊ ဂူမမြင်တဲ့သဘောဖြစ်လိမ့်မယ်}}
]]နောက်တစ်ကွက်လောက် ထပ်ပြောပြပါလားဆရာ}}
]]နောက်တစ်ကွက်လောက်ပြောပြပါလားဆရာဆိုလို့ ဒီဟောကွက်က သမားဂုဏ်ြ ပဟော ကွက်မဟုတ်ဘူး၊ လူတိုင်းကို ထိုင်ဟောနေလို့မရဘူး။ သူ့အတွက် တကယ်လိုအပ် မှ ပြောရတဲ့ ဟောကွက်၊ လိုက်နာဆောင်ရွက်ရမယ့်အပိုင်းကွ}}
]]ဘာပဲဖြစ်ဖြစ် ဆရာရယ်၊ ကျွန်တော့်ကို ...}}
]]ကဲ ...ကဲ ရှိပါစေတော့ မောင်ရာဇာရေ၊ မောင်ရာဇာအကြောင်းပဲ ဆက်ပြောလိုက် ပါ့မယ်။}}
]]ဟုတ်ပြီ အဲဒီလိုလုပ်ပါကိုယ့်ဆရာရယ်}}
မောင်ရာဇာတစ်ယောက် သူသိချင်တာသိရမည်ဆိုတော့ မိမိလိုချင်တာ ရမယ်ဆိုတဲ့ ကလေးတစ်ယောက်လို ဖြစ်နေလေသည်။
]]မောင်ရာဇာကို လှလို့ ဝလို့ ပါလားလို့ ပြောခဲ့တဲ့သူတွေဟာ မောင်ရာဇာ အသက် ၅၀၊ ၅၁မှာ ပြန်တွေ့တော့ ဘာတွေပြောကြပြန်သလဲ}}
]]ဒါတော့ ကျွန်တော်ဘယ်မှတ်မိမလဲဆရာ}}
]]အခု ဆရာပြောပြရင် မောင်ရာဇာ သတိပြန်ရလာမှာပါ}}
]]ဆရာရယ် ကျွန်တော့အကြောင်း ကျွန်တော်တောင် ပြန်မမှတ်မိတာ ဆရာက ပြ န်ပြော မယ်ဆိုတော့ ...}}
]]မောင်ရာဇာ ...မောင်ရာဇာ ဆရာအခုနေပြောလိုက်ရင် မောင်ရင် ဒီနေ့အိမ်ပြန်ရဲ မှာတောင် မဟုတ်ဘူး}}
]] ဖြစ်ချင်ရာဖြစ် ပြောမှာသာပြောပါဆရာ}}
]]ဟာ ...ဟိတ်ကောင်ရာဇာကြီး မတွေ့တာတောင်ကြာနေပြီ၊ နေရော-ကောင်းရဲ့လား၊ မင်းကြည့်ရတာ လူကလည်းပိန်ပြီး အသားတွေကလည်း ညစ်နေ ပါလား။ နေ မကောင်း ဘူးထင်တယ်။ ဆေးခန်းလေးဘာလေးပြဦးလေ ဆိုတဲ့ ဟောကွက်ကို မောင်ရာဇာ သိတဲ့ နည်းပေါင်း သောင်းခြောက်ထောင်နဲ့ ပြောပေ တော့}}
]]ဆရာပြောမှ သတိရလာတယ်။ ဟုတ်တယ်ဆရာ။ အဲဒီအချိန်မှာ ကျွန်တော်စီး ပွားေ ရး ကလည်း ချွတ်ခြုံကျပြီးြွေကးတွေလည်း ပြန်မဆပ်နိုင်၊ မိသားစု အတွင်းရေးကလည်း အဆင်မပြေဖြစ်နေတော့ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုသလို ကျွန်တော့်ဖြစ်စဉ်က ဆ ရြာေ ပာတဲ့ အတိုင်း လူတောင် အသက်ရှင်အောင် မနည်းကြိုးစားခဲ့ရတယ်}}
]]ဒီလောက်ဆိုရင် မောင်ရာဇာ ဓာတုနိယာမပညာရဲ့ အတိမ်အနက်ကို သိလောက်ပြီ ထင်ပါတယ်}}
မောင်ရာဇာသည် ကျွန်ုပ်ပြောပြနေသည်များကို နားထောင်နေရာမှ -
]]ဆရာ ...ကျွန်တော်တစ်ခုမေးမယ်နော် ဆရာစိတ်မဆိုးရဘူး}}
]]ဖြစ်ရလေ မောင်ရာဇာရယ်၊ သိချင်တာရှိလို့ မေးတာ စိတ်ဆိုးစရာလား}]
]]ဆရာ ကျွန်တော့်ကို အခုပြောနေတာ အဲဒီတုန်းက ကျွန်တော်နဲ့တွေ့ တဲ့ ကျွန်တော့် သူငယ်ချင်းနဲ့တွေ့လို့ သူပြောပြလို့ ပြန်ပြောတာ မဟုတ်လားဆရာ}} ကျွန်ုပ်လည်း မောင်ရာဇာပြောလိုက်သည့် စကားကြောင့် ခဏစဉ်းစား လိုက်ရင်းမှ -
]]ဟား ... ဟား ...ဟား}}ဟု အားရပါးရ ရယ်မောလိုက်မိလေရာ မောင်ရာဇာ တစ်ယော က် ကြောင်တောင်တောင်ဖြစ်သွားပုံရသည်။
]]မောင်ရာဇာပြောတာ သဘောကျလို့ပါ။ အဲဒီအချိန်တုန်းက မောင်ရာဇာ က ဘယ်မြို့၊ ဘယ်နိုင်ငံမှာ ဘာတွေလုပ်ပြီး ဘယ်အပေါင်းအသင်းတွေနဲ့ နေမှန်းတောင် မသိ တာမောင်ရာဇာရယ်}}
]]ဟုတ်တော့ ဟုတ်ပါတယ်။ ဆရာ ကျွန်တော်လည်း ဆရာဒီလောက်ထိ ပြောနိုင်မယ် မထင်လို့ ထင်မိထင်ရာ ပြောလိုက်မိတာပါ ဆရာပြောသလို အိမ်ပြန် ရမှာတော င်ေ ကြာ က် လာပြီဆရာ}}ဟု ပြောရင်း သူ့စကားသူ သဘောကျကာ တဟားဟားဖြင့် ရယ်မောနေ လိုက် ပုံကား ... ။-----------
----လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)ရန်ကင်းမြို့နယ်။ရန်ကုန်မြို့။-------------အျမှတ်(ခ)။အရှေ့မုခ်။မိုးကောင်းဘုရား။--

Friday, December 25, 2015

((--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ )))-? ----------------

((--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ )))-?
----------------

]]ဆရာ လောကဓံကို ဗေဒင်ယတြာနဲ့ ကျော်ဖြတ်တဲ့ ဆောင်းပါးလေး ဖတ်ပြီးပြီလား}}
အမှတ် (ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရားဝန်းအတွင်းရှိ ကျွန်ုပ်၏ ဟောခန်း လေး အတွင်း၌ တပည့်ဖြစ်သူ မောင်ရာဇာရဲ့ ပြောသံကြောင့် ...
]]ဆက်ပြောပါဦး မောင်ရာဇာရဲ့ လောကဓံကို ဘယ်လိုယတြာတွေနဲ့ ကျော်ြ ဖတ်နေ တာတဲ့တုန်း။}}
]]ဒီလို ဆရာရဲ့ လက်ဆန်းဗေဒင်ဆရာ၊ လက်ရိုးဗေဒင်ဆရာ တော်တော် များများ လောကဓံ ကို သူ တို့အမြင်နဲ့ သူတို့ ရေးနေတာများနေပေမယ့် ဆရာလည်း ဖတ်မိမှာပဲလေ၊ အကြောင်း မထူးလို့ နေမှာပေါ့ထင်ပြီး နေလာခဲ့တာ ဒီနေ့ အကြောင်း အရာကို ဆရာဖတ်ပြီးရင် ဆရာ ဘယ် လိုပြောမလဲဆိုတာ သိချင်လို့ လာပြောပြတာ ဆရာ} }
ကျွန်ုပ်စဉ်းစားရချေပြီ ဗေဒင်ဆရာတွေနဲ့ ယတြာအကြောင်းရေးခဲ့ဖူးပါ တယ်။]ဗေဒင်ဆရာနဲ့ ယတြာ၊ ဗေဒင်ဆရာနဲ့ ဘာသာရေး}စသည့် ခေါင်းစဉ်တွေနဲ့ ရေးခဲ့ဖူးပါသည်။ ဗေဒင် ဆရာေ တွ ဟောပြောလမ်းညွှန်တာတွေကို ဘာမှ မပြောလို ပေမယ့် ယတြာပိုင်းမှာ ပြောပြဖို့ လိုလာ ပါပြီ။ တခြား တခြားသော ယတြာနည်း စနစ်တွေကိုတော့ ထားပါတော့လေ။ လောကဓံအ တွက် ယတြာဆိုရင်တော့ မပြော ချင်လည်းပြောရပေတော့မည်။
]]မောင်ရာဇာရေ .. မည်သည့်ဗေဒင်နည်းစနစ်ဖြစ်ဖြစ်၊ မည်သည့် ယတြာ နည်းဖြ စ်ဖြစ် သူ့နည်းသူ့ဟန်နဲ့သူ ရှိမှာပေါ့လေဆိုပြီး မသိဟန်ဆောင်နေလို့ရ လောကဓံနဲ့ယတြာ ဆို ရင်တော့ မ သိ ဟန်၊ မမြင် ဟန်ဆောင်နေလို့ မရတော့ဘူးကွဲ့၊ အမှန်အမှားတွေကိုေ ထာက်ပြေ နတာမဟုတ်ဘဲ၊ အဖြစ်မှန်ကို သိအောင် ဖော်ပြ ပေးမှာပါ}}
]]အဲဒီနည်းလမ်းက ပိုကောင်းတာပေါ့ဆရာ၊ အချင်းချင်း ဆရာဝင်လုပ်တာ မဟုတ်ဘဲ၊ အကြံဥာဏ်ပေးတဲ့ သဘောရောက်သွားတာပေါ့}}
]]ဆရာလည်း ဗေဒင်နဲ့ပတ်သက်တဲ့ စာတော်တော်များများ ဖတ်ဖြစ်ပါ တယ်။ အထူး သဖြင့် လက်ဆန်းပိုင်းမှာတောင်မှ ကိုယ့်ပညာ ညီအစ်ကိုတွေရဲ့ စာတွေကို ပိုပြီးဂရုစိုက် ဖတ်ဖြစ် တယ်။ ပညာအမြင်တွေ ဘယ်လောက် တိုးတက်လာ ကြသလဲ။ ဘယ်အပိုင်းတွေ များ အားနည်းနေမလဲ၊ စတာတွေကို မျက်ခြေမပြတ် အောင် ဖတ်ဖြစ်ပါတယ်။}}
]]ဘယ်လိုအကြောင်းအရာမျိုးမှာ ရေးဖြစ်လဲဆရာ}}
]]ဥပမာကွာ ...ဆရာကြီး ဦးကြာမြင့်နဝင်းစီးပွဲနောက်ဆက်တွဲနဲ့ ---ပတ်သက်၍ဆို တဲ့ ဆောင်း ပါးမျိုးရေးခဲ့ဖူးတယ်။ လောကဓံအကြောင်းရေးတယ်။ ပြောတယ်။ ဟော တယ် ဆိုတာ သိပ်မလွယ်လှဘူးဆိုတာ ဗေဒင်တွေ သိထားဖို့ လိုမယ်။ အထူးသဖြင့် မိမိတို့ ကိုင် တွယ်ေ ဟာပြောနေတဲ့လိုင်းမဟုတ်ဘဲ လောကဓံ ဆိုတာ (၄)နှစ်ကောင်း၊ (၄)နှစ်ဆိုးလော က်ေ လးပဲ(---လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ။ သုခံ၊ ဒုက္ခံ-- )-ဆိုတဲ့ လောကဓံ (၈)ပါးပဲ၊ ထွေထွေထူး ထူးမှမဟုတ်ဘဲ သူများတွေလည်းေ ရးနေတာပဲ။ ငါလည်း ရေးဦးမှဆိုတဲ့ ဆရာတွေရယ်။ စာအုပ်ဖတ်၊ တဆင့်ကြားလောက်နဲ့ေ ရးေ န၊ ဟောပြောနေတဲ့ ဆရာတွေအတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။}}
မောင်ရာဇာတစ်ယောက် ငြိမ်၍ နားထောင်နေရာမှ ...
]]ဘာဖြစ်လို့ စိတ်မကောင်းဖြစ်ရတာလဲဆရာ}}
]]သူတို့တတွေဟာ လောကဓံပညာရပ်ကို သူတို့သင်ကြားထားတဲ့ ဗေဒင် ပညာေ လာက် ထင်နေပုံရတယ်။}}
]]ဆရာ့အမြင်မှာ ဗေဒင်ပညာရပ်တွေနဲ့ လောကဓံပညာ ဘာတွေကွာခြား နေလို့လဲ ဆရာ}}
]]ဒီတစ်ခါတော့ ဆရာ့အမြင်ကို ပြောမှာမဟုတ်တော့ဘူး၊ တကယ့်ဖြစ်စဉ် ကို ပြောပြ မှာ၊ မည်သည့်နိုင်ငံက မည်သည့်ဗေဒင်ပညာရပ်ဖြစ်စေ၊ ဆရာတို့အနေနဲ့ သိထားရမှာက သူတို့ကိုင်တွယ် တွက်ချက်ရေးသားဟောပြောနေသော ဗေဒင် ပညာရပ်တွေလည်း ဘုရားေ ဟာ မဟုတ်ဘူးဆိုတာပဲ}}
]]သူတို့ဟောပြောနေသော ဗေဒင်ပညာဟာ ဘုရားဟောမဟုတ်လို့ အလုံးစုံ မမှန်နိုင်ဘူး၊ ဘုရားဟောဖြစ်တဲ့လောကဓံပညာရပ်ကမှ မှန်တယ်လို့ ဆိုလိုတာလား-ဆရာ}}
]]အဲဒါကို ဆိုလိုတာ မဟုတ်ဘူး ဒါက သူတို့စဉ်းစားဆုံးဖြတ်ရမယ့်အပိုင်း၊ သူတို့ ပညာရပ်တွေက သာမာန်လူတစ်ယောက်တွေ့ထားတဲ့ ပညာရပ်လေးတစ်ခု ပါ။ လောက ဓံပညာရပ်ကို အဘယ်သို့သော ပုဂ္ဂိုလ်သည် အဘယ်မျှသော နှစ်ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကျင့်ကြံ ကြိုးစားရှာဖွေရခဲ့သလဲဆိုတာကို လောကဓံ ပညာကိုင်တွယ်ရေးသားမည့် ဆရာတွေ ပထမဦးဆုံး စဉ်းစားရလိမ့်မည်။ ဗေဒင် ဟောပြောခြင်းနောက်ကွယ်မှာ ကပ်ပါလာတာက ယတြာအပိုင်းပဲ၊ လောကဓံ ပညာရပ်ကို ပထမအစောပိုင်းစမှားတာနဲ့ ဘယ်ကိုသွားထိခိုက် မလဲ၊ ဘယ်သူ့ကို သွားထိခိုက်မလဲ၊ ဘာမဟုတ်တဲ့ မိမိတတ်တဲ့ ဗေဒင်ပညာရပ်လေးနဲ့ မဟာ့မဟာ ဆိုရမည့် လောကဓံကို ရှာဖွေဟောပြောလမ်းညွှန်ခဲ့တဲ့ ပုဂ္ဂိုလ်ကို စော်ကားတာနဲ့ တူတူပဲ ဖြစ်နေမယ်}}
]]ဆရာပြောမှပဲ ကျွန်တော်တောင်မှ လေးလေးနက်နက်တွေးမိတယ်၊ လောကဓံပညာ ရပ်ကို ဟောပြောတာမှားလို့ ဖြစ်ပေါ်လာမယ့် အကြောင်းကို မပြောပါနဲ့၊ ပြည့်စုံခဲ့ရင်တော င် တော်တော်လေး ကြောက်စရာကောင်းနေပြီ}}
]]ဒါကြောင့် ဆရာနောက်ထပ် တပည့်အသစ်တွေ ထပ်မွေးဖို့ ခက်နေ တာပေါ့၊ အ ခုဖြစ် စဉ်ပဲကြည့်လေ၊ ယတြာအပိုင်း မပါသေးဘူး}}
]]ယတြာအပိုင်းမှာ တခြားဗေဒင်တွေနဲ့ လောကဓံပညာ ဘာတွေ ထူးထူး ခြားခြားေ တွ့နေလို့လဲဆရာ}}
]]သိပ်ကွာခြားနေတာပေါ့ မောင်ရာဇာ အခုရေးနေကြတဲ့ဆရာတွေရဲ့ လောကဓံဖြ တ်ကျော် နည်း ယတြာတွေဟာ လိမ်းဆေးနဲ့ စားဆေးမှားပေးနေသလို ဖြစ်နေတယ်။}}
]]ဘာဖြစ်လို့လဲဆရာ}}
]]လောကဓံဆိုတာ ကြိုတင်သိမြင်ထားပြီး ကိုယ်တိုင်လိုက်နာရတဲ့အပိုင်း ကွ။ အဇ္ဈတ္တ အတွင်း ယတြာလို့ခေါ်တယ်။ အဲဒါကိုမသိ မလိုက်နာဘဲ သာမာန် ဗေဒင်ပညာရပ်တွေ အသုံးပြုနေတဲ့နည်းနာနိဿယျတွေနဲ့ ပြုလုပ်လို့ လုံးဝမရပါ။ အဲဒါကိုမှ သူတို့နည်းနာတွေက သူတို့လုပ်ပေးတာ အောင်မြင်ဖြစ်ထွန်းနေပါတယ် ဆိုရင်တော့ ဆရာလည်း အဲဒီပုဂ္ဂိုလ်မျိုး ထိုင်ကန်တော့ချင်လို့ ရှာနေတာကြာပြီ}}
]]ဆိုရဲလှချည်လားဆရာရယ်၊ တော်ကြာ အဲဒီလိုဆရာနဲ့ ထိပ်တိုက်တွေ့နေ လို့ ထိုင်ကန်ေ တာ့နေရပါဦးမယ်ဆရာရယ်}}
]]မောင်ရာဇာက ဆရာစကားအဖြစ်ပြောနေတယ် အောက်မေ့နေတယ်နဲ့ တူ တယ်။ လော က ဓံ ကို သူ့နည်းသူ့ဟန်ကလွဲ၍ မည်သည့်ယတြာ၊ အင်း၊ အိုင်၊ ဆေးဝါး၊ မန္တာန်တွေနဲ့ မှ ကျော်ဖြတ် လို့ မရနိုင်ပါ။ ကိုယ်တိုင်ကြိုတင်သိမြင် ဥာဏ်နဲ့ ရင်ဆိုင်ရ မယ့် အရာသာဖြစ် တယ် လို့ အ တိအလင်းဟောပြောပြီးသားပါ။}}
]]ကျွန်တော်က ဆရာ့အတွက် စိတ်ပူလို့ပြောတာပါဆရာ}}
]]ဆရာ့ရင်ထဲမှာ ဆုံးဖြတ်ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ကား လောကဓံ ကို လေး သင်္ချေ နဲ့ ကမ္ဘာတစ်သိန်းခက်ခက်ခဲခဲရှာဖွေဟောပြောထားခဲ့တဲ့မဟာလူသားကြီးထက် တော် တဲ့ ပုဂ္ဂိုလ်ပေါ်လာတာ ဖြစ်မှာပဲလို့ ယုံကြည်ထားလို့ပဲ}}
]]ဆရာလေးလေးနက်နက်ပြောနေမှ ကျွန်တော်ဆက်နားထောင်ချင်စိတ် တွေ-ပိုပြီး ပြင်းပြ လာတယ်ဆရာ}}
]]နောက်တစ်ခုက ဆရာ့ရဲ့ လောကဓံ (အမြင်သစ်)ကို ဟောပြောတဲ့ အခါမှာ ဘာသာ လူမျိုးမခွဲခြားလိုက်နဲ့၊ ဘောင်ကျဉ်းသွားမယ်၊ လူဆိုရင် ရပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ေ ဟာ ခန်းမှာ ရေးထားတာကို သေသေချာချာ ဖတ်မိကြပုံမရဘူး}}
]]ဘာများ ထွေထွေထူးထူးရေးထားလို့လဲ ဆရာ၊ ကျွန်တော်တော့ ထူးခြားတာ မတွေ့မိပါဘူး}}
]]မောင်ရာဇာလို လူရင်း တပည့်မျိုးတောင် ဒီလိုပြောနေမှတော့ တခြား လူတွေဆို ရင်တော့ ...}}
]]ဆရာပြောပြမှ သိရမြင်ရတော့မလိုဖြစ်နေပြီဆရာ}}
]]အေးလေ .. ပြောမှသိမယ်ဆိုတော့လည်း ပြောရတာ့မှာပေါ့။ ဓာတု နိယာမ နဝင်းစီးဓာတ်ခန်းဆိုတဲ့ စာလုံးတွေထဲက ဓာတုနိယာမကို သိစေမြင်စေ ချင်တာ}} ---------------------
--လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)ရန်ကင်းမြို့နယ်။ရန်ကုန်မြို့။--------
2 people like this.
Comments
Yarzar Yarzar
Write a comment...

Friday, December 18, 2015

-- ချမ်းသာချင်သလား၊လှေဦးတိုက် ၊ လှည်း--(---ခေတ်အမြင်နှင့် ဗေဒင်-)၊--(၂ )---ဦးတိုက် ဝယ်လို့ထား--)။

----- -(--- ချမ်းသာချင်သလား၊လှေဦးတိုက် ၊ လှည်း
--(---ခေတ်အမြင်နှင့် ဗေဒင်-)၊--(၂ )---ဦးတိုက် ဝယ်လို့ထား--)။
------------------
-----------ဆရာမတို့ဆိုလိုတာက လှေဦးတိုက်၊ လှည်းဦးတိုက် အိမ်တွေမှာ နေကြပေမယ့် တခြားအိမ်ကလူတွေလိုပဲ သွားလာနေထိုင်ကြတာကို ဆိုလိုတာ မဟုတ်လား၊ ]]
““““““ဟုတ်ပါတယ်ဆရာ သူတို့တတွေကြည့်ရတာ တခြားသူ တွေလို ပုံမှန်ပါပဲ၊ ပုံမှန်ဆို သူလိုငါလိုပဲဖြစ်ရမှာပေါ့၊ သူတို့ကြတော့ ဘာဖြစ်လို့ ဒုက္ခ မတွေ့ကြတာလဲဆရာ}}။
ခေတ်တွေပြောင်းသွားလို့ပေါ့ ဆရာမရယ် ]
“““““]ခေတ်ပြောင်းတာနဲ့ လှေဦးတိုက်၊ လှည်းဦးတိုက် ဘယ်လိုပတ်သက်နေလို့လဲ။ ဆရာပြောမှပဲ ကျွန်မတို့ ပိုနားရှုပ် လာပြီဆရာ}}
ကျွန်ုပ်ခဏစဉ်းစားလိုက်သည် (---ဆရာမတို့နားလည်အောင် ဘယ်လို ဥပမာပေးရမလဲ။ အဲဒီလို လှေဦးတိုက်၊ လှည်းဦးတိုက်အိမ်တွေမှာနေလို့ ဒုက္ခတွေရောက်ကုန်တယ်ဆိုတာ ဟိုးတစ်ချိန်ကဆိုရင် ဟုတ်နိုင်တယ်ဗျ၊ ]]
““““““ဘာဖြစ်လို့လဲ ဆရာ}}
(---လမ်းတွေက အခုလို ခေတ်မီတိုးတက်မှုမရှိသေးဘူး၊ စက်ဘီး၊ ဆိုက္ကား၊ ဆိုင်ကယ်၊ ကားတွေကလည်း အခုခေတ်လို မပေါများ သေးတော့ လှေ၊ လှည်းကိုပဲ အသုံးပြုနေရ တဲ့ခေတ်ကိုး။ အဲဒီလှေ၊ လှည်းတွေဟာ သူတို့နေထိုင်ရာ အိမ်တွေကနေ သူတို့လုပ်ငန်းခွင် ရှိရာကို လှည်းအသုံးပြုရတဲ့ ရာသီအလိုက် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ထွက်လာကြမှာပဲ။ မနက်တစ်ကြိမ် ပြန်ဝင်လာတိုင်း သူတို့လိုရာဘက်ကိုကွေ့သွားကြမှာပါ။ ကွေ့သွားတိုင်း လှည်း နောက်မှာပါလာတဲ့ ဖုန်တွေဟာ လှည်းနောက်ကို တစ်ချို့တစ်ဝက်ပဲပါသွားမှာပေါ့၊ ကိုယ့်အိမ်က လမ်းထိပ်တည့်တည့်ကပိတ်ထားသလိုဖြစ်နေတော့ ဖုန်တွေဟာ ကိုယ့်အိမ်ထဲ လှိမ့်ဝင်လာတော့မှာပေါ့။ လှည်းတစ်စီး အလုပ်ရှိတဲ့ ရာသီအချိန်မှာ မနက် တစ်ခေါက်၊ ညတစ်ခေါက်၊ တစ်နေ့ကို လှည်းတစ်စီးရဲ့ဒဏ်ကို နှစ်ကြိမ် တော့ ခံနေရာမှာပဲ။ နေ့စဉ် ကိုယ့်အိမ်ရှေ့က လှည်းအစီး (၂၀) သွားနေရင် အိမ်ကို ဖုန်အကြိမ်(၂၀)တက်မှာပဲ။ နောက် တစ်ချက်က လှည်းကအိမ်ရှေ့မှာ သူလိုရာ ဘက်ကိုကွေ့တော့ အရှိန်လွန်ပြီး ကိုယ့်အိမ်ကို ဝင် တိုက်မိပြန်ရော နွားက လှည်းစတပ်၊ အမောင်းသင်ကာစဖြစ်လို့၊ နွားက နည်းနည်း ရိုင်းနေလို့၊ ကျွန်တော်---လှည်းကျွမ်းကျွမ်းကျင်ကျင်မမောင်းတတ်သေးလို့ပါ စသည့်ဆ င်ခြေစကားပဲ ကြားနေ ရမယ်။ လောလောဆယ် ကိုယ့်အိမ်က နေ့စဉ် ဒီပြဿနာကို ရင်ဆို င်နေ ရမယ်။ မိုးရာသီရောက်ပြန်တော့ လှေပြဿနာကလာပြန်ရော ]“
“““““]လှေပြဿနာ မရှိလောက်ဘူးထင်ပါတယ်}}
“““(-ရှိတာပေါ့ ဆရာကိုအေးဝင်းရယ် ) ]]ဟုတ်သားပဲဆရာရယ်လှည်းကတော့ထားပါတော့၊ လှေက ဘာပြဿနာဖြစ်စရာရှိလို့လဲ ဆရာ}}
( ““ဆရာမဒေါ်လင်းလင်းစိန်က ဘာများပြောချင်သေးလဲ။ ]]
“““““ဘာမှပြောစရာ မလိုတော့ပါဘူး။ ဆရာတို့ပြောနေတာ နားထောင်ရုံနဲ့လုံလောက် ပါတယ်}}
(“““ လှေစီးပြီးသွားရမယ့် အချိန်ရောက်ပြန်တော့ လှေကလည်း လမ်းထိပ်တည့်တည့် အကွေ့မှာ ဆောက်ထားတဲ့အိမ်ကို ဝင်တိုက်ကြဦးမှာပဲ။ လှေအရှိန်လွန်လာ လို့၊ လှေကျွမ်း ကျွမ်းကျင်ကျင် မလှော်တတ်သေးလို့ပါ စသည်ဖြင့် နေ့စဉ် ကြုံတွေ့ နေရမှာဆိုေ တာ့ လှေ ဦး တိုက်၊ လှေဦးတိုက်မြေကွက်မှာ အိမ်ဆောက် နေရင် ဒီလိုပြဿနာတွေ ကြုံတွေ့ရမှာဖြစ်လို့၊ အချင်းချင်း စကားအခြေ အတင်များရမယ်၊ တိုင်ကြတောကြလို့ အမှုအခင်းက ဖြစ်ရဦးမယ်၊ အဲဒီလို အချက်အလက်တွေကို မဖြစ်စေချင်လို့ လှေဦးတိုက်၊ လှည်းဦးတိုက်အိမ် မဝယ်ကြ နဲ့လို့ ပြောခဲ့တာနေမှာပါ၊ ]]
““““““ဆရာပြောမှပဲ တရေးရေးတွေးမိပြီး ရယ်ချင်လာတယ်ဆရာ၊ ကျွန်မတို့ အသက် (၆၀) ပြည့် လို့ ပင်စင်တောင် ယူတော့မယ်၊ အရပ်ထဲမှာလူပြောသူပြောနဲ့ ဘာမှန်းမသိနေ လာခဲ့တာ ဒီကိစ္စ ခုမှ ဘဝင်ကျသွားတော့တယ်ဆရာ}}
]]ကျွန်တော်လည်း တစ်သက်လုံးထင်ထားတာတွေ ခုမှပဲရှင်းသွားတော့ တယ်ဆရာ ဒါနဲ့ တစ်ဆက်တည်းမေးလိုက်ရဦးမယ်၊ စာစောင်တွေ မဂ္ဂဇင်းတွေမှာ တွေ့နေ၊ ဖတ်နေရ တဲ့ လှေဦးတိုက်၊ လှည်းဦးတိုက် အိမ်ခြံအဝင်အဝတွေမှာ ရေအိုးစဉ်တည်ခိုင်းတာ၊ မှန်ထောင်ခိုင်းတာ၊ ကျားရုပ်တွေ ချိတ်ခိုင်းထားတာ (တန်ပြန်)ယတြာလို့ ပြောဆိုရေးသားေ နကြတာ ဘာအဓိပ္ပါယ်လဲ။ ဆရာ့အမြင် ဆရာ့ အယူအဆလေး ပြောပါဦးဆရာ}}-----“““““““““““““ဆရာကိုအေးဝင်းရေ၊ ဆရာ့အယူအဆကိုပဲပြောပါတော့မယ်၊ ရေအိုးစဉ် တည်ခိုင်းတာက လူတွေလည်း ရေဆာရင် ရေသောက်လို့ရတယ်၊ ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝဆိုသလိုပေါ့၊ ရေအိုးစဉ်တည်ထားတော့ ဘယ်လိုအကြောင်းပြချက် နဲ့အိမ်ကို ဝင်တိုက်တိုက် ရေအိုးစဉ်ကိုဝင်တိုက်မိတော့ အိမ်ကိုဝင်တိုက်မိတာထက် စာရင် တော်သေး တယ်မဟုတ်လား။
]]ဒါဖြင့်ရင် မှန်ထောင်ခိုင်းထားတဲ့သဘောက ဘာသဘောလဲဆရာ}}
““““““ဒီမှာ ဆရာ၊ ဆရာမတို့ သိပ်လည်းအမေးမြန်းမထူကြပါနဲ့ဦး၊ ဆရာ ပြန်ဖြေ လိုက်တဲ့အဖြေတွေကြောင့် တခြားတခြားရေးသားထားတဲ့ အကြောင်း အရာတွကို ထိခိုက်ပြောဆိုနေသလိုဖြစ်နေပါဦးမယ်။ ]]ဆရာရယ် ကိုယ့်အတွေ့ အကြုံ ကိုယ့်အယူ အဆတွေကို တစ်စုံတစ်ရာအကျိုးရှိမယ်ထင်လို့ ပြောပြတာပဲ ဆရာရယ် ဒါလောက်တော့ နားလည်ပေးကြပါမှာပါ}}
(-- ““ကဲကဲ ထားပါတော့လေ။ အခု ခေတ်တွေက ပြောင်းလဲတိုးတက်လာတော့ လမ်းတွေ ကလည်း ကောင်းနေ၊ လှေ၊ လှည်းနေရာမှာ တချို့အရပ်ဒေသတွေမှာ ခေတ်နဲ့အညီ စက်ဘီး၊ ဆိုက္ကား၊ ဆိုင်ကယ်၊ ကားစသည်ဖြင့် ပြောင်းလဲလာပြီဆိုတော့ ဖုန်တက်မှာ လည်း ကြောက် စရာမလိုတော့ဘူး။ ဝင်တိုက်မှာလည်း မပူရတော့ဘူး။ ဒီတော့ လှေဦး တိုက်၊ လှည်းဦးတိုက် မြေနေရာမှာ ခေတ်နဲ့အညီ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည် ဆိုင် စသည်ဖြင့် ကာလဒေသနဲ့ ကိုက်ညီမယ့် ဆိုင်ကြီးတွေ ဖွင့်လိုက်ရ ရင်ဖြင့် ------ ---------------------
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် ၊
---------------လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ ---------.

-----(---ခေတ်အမြင်နှင့် ဗေဒင်-)၊--(၁)----(--- ချမ်းသာချင်သလား၊လှေဦးတိုက် ၊ လှည်းဦးတိုက် ဝယ်လို့ထား--)။ -

---------(-------ပညတ်နှင့်အင်းစမများ--------)--(-၃-)-----------------

--------------------(-------ပညတ်နှင့်အင်းစမများ--------)--(-၃-)------------------
-----
-----၇။ စတုရန်းမပါပဲအတွင်းမျဉ်းချခြင်း စသည့်(၇)ပါးတည်း။
-----------
ဤသို့လျှင် အင်းပေါက်ခြင်း၊ အင်းကန်းခြင်း၊ အင်းကျိုးခြင်း စသည် မဖြစ် ရေ အာင် ပြုစီစဉ်မှသာလျှင် ထိုပြုစီစဉ်သော အင်း၏တန်ခိုးအာဏာ ပြည့်စုံ သည့်အပြင် လိုအင်ဆန္ဒပြည့်စုံစေမည်ဖြစ်ရာ အထူးဂရုပြု၍ ချကြပါကုန် လို့ ဖော်ပြ ထားတာကို ကြည့်ရင်ဘယ်လောက်ခက်ခဲတဲ့ပညာရပ်ဆိုတာ သိလောက်ပါတယ်}}
]]ဟုတ်မယ်ဆရာ၊ ကျွန်တော ဒီလောက်ထိ စည်းမျဉ်းတွေများမယ် မထင်ခဲ့ မိဘူး၊ အင်းတစ်ခုဖြစ်မြောက်ဖို့ တော်တော်လေး ခက်ခဲတာပဲနော်}}
]]လောကီပညာရှင်ကြီးတွေကတော့ အသုံးမတည့်မှန်းသိကြပါတယ်။ တကယ် တမ်း ပညာစစ်စစ်အနေနဲ့ (အင်း)တစ်ခုဖြစ်မြောက်ဖို့ဆိုတာ သီလ၊ သမာဓိ၊ ပညာ အပြင် လိုက်နာဆောင်ရွက်ရမဲ့အချက်(၂၁)ချက်ရှိနေတယ်။ ဗဟုသုတ အနေနဲ့ ဖော်ြ ပရ မယ်ဆိုရင် အင်းစီရင်မှုစည်းကမ်းဥပဒေများ ဆိုပြီး အောက်ပါ အတိုင်း သတ်မှတ် ထား တာတွေ့ရတယ်။}}
------------
အင်းအစီအရင်ပြုရာ၌ အင်းပေါက်ခြင်း (၅)ပါး၊ အင်းကန်းခြင်း(၅)ပါး၊ အင်းကျိုးခြင်း(၇)ပါး ရှိသည်ဖြစ်ရာ -
--------------------အင်းပေါက်ခြင်း (၅)ပါးမှာ -
]]ဟုတ်တယ်ဆရာ့အနေနဲ့လည်း ဆရာတွေရဲ့သင်ကြားပေးမှုကြောင့်သာ သင်ယူဖြစ်ခဲ့တာ ကျွမ်းကျင်လှတယ် မဟုတ်လား။ ကိုယ်မကျွမ်းကျင်လို့ တစ်ခါမှ ]]အင်း}} အကြောင်း မရေးခဲ့မိဘူး}}
]]အခုလိုရေးဖြစ်လိုက်တာ တနည်းအားဖြင့် ကောင်းပါတယ်ဆရာ၊ အင်းနဲ့ ပတ်သက်ပြီး ပြီးစလွယ်ရေးသားတဲ့ ဆရာတွေအနေနဲ့ တကယ့် ]]အင်း}} ပညာရှင် ကြီးတွေနဲ့ ]]အင်း}} ပညာဂုဏ်သိက္ခာကို မစော်ကားမိအောင်၊ ကိုယ့်ဆရာသမား-----တွေရဲ့ ဂုဏ်သိက္ခာ၊ မိမိတို့ ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့ နည်းနည်းများ အရှိန်သတ်သွားကြမလား၊ တစ်ဖက်က လူတွေ လည်း ဒါမှ အင်းကို အလွယ်လမ်းပြီး ဖြစ်သလိုဆောင်နေကြတဲ့သူတွေ ဒီစာကို ဖတ်ပြီး အင်းပညာရဲ့ ခက်ခဲနက်နဲမှုနဲ့ သူတို့တွေရဲ့အင်းပေါ် အထင်သေးမှု သူတို့ဆောင်တဲ့ အင်းဘာကြောင့် မစွမ်းတာ လည်းဆိုတဲ့ အမှားတွေကို သူတို့သိသွားနိုင်တာပေါ့}}
]]အင်းလေ ...ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်အကျိုးရှိရင်တော့ ဒီစာကို ရေးရ-ကျိုးနပ်ပါပြီလေ}}--
------
ပညာစစ်၊ ပညာမှန်နှင့် ဆရာစစ် ဆရာမှန်များ ရေရှည်တည့်တံ့နေစေရန် ဆန္ဒပြုလျှက်။-- ------------

--------(-------ပညတ်နှင့်အင်းစမများ--------)--(-၂-)------

-----(-------ပညတ်နှင့်အင်းစမများ--------)-----------

--------(-------ပညတ်နှင့်အင်းစမများ--------)---(-၁-)---------------------------------------------------------------------------------
]]ဘာတွေများရေးနေပြန်ပြီလဲ ဆရာ}}
]]မောင်ရင် ဒီနေ့ရောက်လာတာ စောလှချည်လား လာ..လာ ထိုင်ကွာ}}
မတွေ့တာကြာပြီဖြစ်သော တပည့်ဖြစ်သူကိုလှမ်းကြည့်ရင်း ..
]]ပျောက်ချက်သားကောင်းလှချည်လား}}
]]ဟုတ်တယ် ဆရာ။ ဆရာပြောပြောနေတဲ့ ကိစ္စများမြောင် လူတို့ဘောင် ဆိုသလိုပေါ့ ဆရာ..}}
]]မောင်ရင်တောင် မတွေ့တာကြာလို့ ထင်တယ်၊ စကားလုံးတွေ ပြောင်မြောက် လာပါလား}}
တပည့်ဖြစ်သူမှ ဘာတခွန်းမှ ပြန်မပြောသေးဘဲ ပြုံးနေရာမှ ...
]]ဆရာတူတပည့်ဘဲ ဒီလောက်တော့ ရှိရမှာပေါ့ဆရာ}}
]]ကဲ ...စကားနိုင်လုနေသလို ဖြစ်နေပြီမောင်ရင်၊ ဆရာအခုရေးနေတာ ဗဟုသုတ အနေနဲ့ ပြောပြခဲ့တဲ့များစွာသော အကြောင်းအရာတွေထဲက (ပညတ်) တွေ အေ ကြာင်း ပဲ}}
]]ဘယ်လို ပညတ်အကြောင်းတွေလည်း ဆရာ}}
]]အမည်နဲ့ အဓိပ္ပါယ်တိုက်ရိုက်သိနိုင်တဲ့ ပညတ်။ အမည်နဲ့အဓိပ္ပါယ် လွဲနေတဲ့ ပညတ်။ သာမာန်လူတွေ မိမိလိုရာဆွဲယူပြီး မှည့်ခေါ်အသုံးပြုနေတာတွေ နားလည်သေ လာက်ေ လး ပြောပြချင်လို့ပါ။ ဥပမာ - ငှက်တွေ]]အေးကွဲ့ ဆရာငယ်စဉ်အခါ ဒီစာကို ဖတ်နေတုန်း မောင်ရင့်လိုပဲ တွေးတာပေါ့၊ နောက်စာရေးသူ ရှင်းပြထားတာ ဖတ် လိုက် ရတော့မှ ..}}
]]ဖတ်လိုက်ရတော့ ဘာဖြစ်လို့လဲ ..ဆရာ}}
]]ဘာဖြစ်သွားလည်းဆိုတာ မောင်ရင် ကိုယ်တွေ့သိလိုက်ရရင်ပိုအဆင်ပြေလိမ့်မယ်၊ ဆ ရာပြောတာကိုသာ နားထောင်ကြည့်ပါဦးလေ။ ဥပမာ ပြောထားတာ က သွားဆို တဲ့ ပါးစပ်ထဲက သွားကို အဓိပ္ပါယ်ဖွင့်ပြထားတာက သွားတယ်ဆိုတာ ခြေထောက်က သွားတာဖြစ်တဲ့အကြောင်း ၊ ဒါကြောင့် ခြေထောက်ကို သွားလို့ ခေါ်သင့်ကြောင်း ၊ နောက် တစ်မျိုးက လျာနဲ့မျက်စိအကြောင်းကို ဆက်ပြီး ရှင်းပြ ထားပြန်တယ်}}
]]နည်းနည်းတော့ စိတ်ဝင်စားလာသလိုပဲ ဆရာ}}
]]မောင်ရင့်အနေနဲ့ နည်းနည်းပဲ စိတ်ဝင်စားလာတာဆိုတော့ ဆရာ့ထက် တော်တယ် ဆိုရမယ်ကွ}}
]]ဟာ..ဆရာကလည်း ဘာတွေကြောင့် ဒီလိုပြောနိုင်ရတာလည်း ..}}
]]ဒီလို ..မောင်ရင်..ဆရာဒီအကြောင်းကို ကြားလိုက်ရတဲ့အချိန်မှာ တော်တော်ေ လး တွေဝေသွားတယ်၊ သိပ်စိတ်ဝင်စားမိလိုက်တယ်၊ ခုမောင်ရင် ပြောသလို စိတ် ဝင်စားလာပြီဆိုတာလောက် ပေါ့ပျက်ပျက်မဟုတ်ခဲ့တာကြောင့် ဒီတစ်ချက်မှာ သာ တယ် ပြောရတာပါ}}
]]မျက်စေ့နဲ့လျာအကြောင်း ဆက်ပြောပြဦးလေ ဆရာရဲ့...}}
]]ပစ္စည်းတစ်ခုပျောက်လို့ နေရာအထားမှားလို့ အဲဒီပစ္စည်းကို ဘယ်မှာ ရှိနိုင်မလဲလို့ လိုက်ရှာအခါ လူတွေခေါ်ပြောနေတဲ့ ပါးစပ်က(လျာ)က ရှာတာမထဲမှာ တစ်တီတူး ငှက်၊ တောက်တဲ့၊ ဥဩ စတဲ့ ငှက်တွေရဲ့ အသံကြားလိုက်တာနဲ့ ဘာငှက်မျိုးလည်း ဆိုတာ သိနိုင်ပါတယ်။}}
]]နောက်တစ်ခုကတော့ ဆရာငယ်စဉ်က ဖတ်ခဲ့ရတဲ့စာအုပ်ထဲကအမည်နဲ့ လွဲနေတဲ့ အကြောင်းရေးထားတာ တော်တော်လေး စဉ်းစားခဲ့ရတယ်}}
]]ဒီလောက်ညွှန်းနေပုံထောက်ရင် ကျွန်တော်မသိသေးတဲ့ အကြောင်းအရာ ဖြစ် မယ်ထင်တယ်}}
]]မဟုတ်ရပါဘူး၊ ဆရာအမြဲပြောနေကြပါ၊ ဒါပေမဲ့ အများစုက သိပ်စိတ် မဝင် စားကြလို့ပါ။}}
]]ဥပမာ - ခြေထောက်၊ သွား၊ လျာ၊ မျက်စေ့ ဆိုတဲ့အမည်နဲ့ အဓိပ္ပါယ် လွဲနေတာကို ရှင်းပြသွားတဲ့စကားလုံးလေးတွေပါ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်}}
]]ခြေထောက်၊ သွား၊ လျာ၊ မျက်စိ လို့ပြောမှတော့ ဆရာရယ် ... ဘာစဉ်းစားနေရမှာ လည်း ဆရာ၊ ခြေထောက်က ခြေထောက်၊ သွားက သွား၊ လျာကလျာ၊ မျက်စေ့ကမျ က်စေ့ပေါ့ ဆရာ၊ ဘာများ ခေါင်းစားနေရမှာလည်း}}-- ---------------မဟုတ်ဘဲ။ မျက်စေ့လို့ခေါ်နေကြတဲ့ မျက်စေ့(မျက်စေ့)ကသာဘယ်မှာ ရှိနိုင်မလဲလို့ ရှာတာဖြစ်တဲ့ အတွက် မျက်စေ့ကို လျာ လို့ ခေါ်သင့်ကြောင်း၊ စာရေးသူက ရေးပြထားတာ၊ ဆရာ လည်း တစ်ခါမှ မကြားဘူးတော့ အတော်လေးစိတ်ဝင်စား သွားတယ်၊ ဒါကြောင့်လည်း ခုလို မှတ်မိနေတာပေါ့}}
]]နောက်တစ်မျိုးက ဘယ်လို ပညတ်မျိုးကို ပြောချင်တာလဲ ဆရာ ...}}
]]နောက်တစ်မျိုးက ဗေဒင်ယတြာတွေနဲ့ ပတ်သက်နေတဲ့ ပညတ် အကြောင်းပါ။ သဘာဝအတိုင်း ပညတ်နဲ့ တွဲပြီးလူတွေနားလည်နေတဲ့ အမည် တွေကို မိမိလိုရာဆွဲယူ အသုံးပြုနေတာတွေကို ပြောတာ}}
]]ဆက်ပြောပါတော့ဆရာ၊ ကျွန်တော် ကြားဖြတ်မေးနေတာ ဆရာ့အတွက် ပိုအလုပ်ရှုပ်နေပါဦးမယ်}}
]]ဒီအကြောင်းတွေကိုတော့ မောင်ရင်လည်း တွေ့နေရတဲ့အကြောင်းအရာ တွေပါ}}
]]ဥပမာ ဘေးဘယာကင်းအောင် ဘယာကြော်လှူ ဆိုတာမျိုး၊.)-(.... အသက် ကယ်မိအောင် သက်ကယ်ဘယ်နှစ်ညွန့် လှူဆိုတာမျိုး၊...)(.... ဩဇာရှိအောင် ဩဇာ သား ကို သန်လျက်ပုံထုဆောင်၊)....... (-ကင်းကွာနေတဲ့ လင်မယားတွေ ပြန် လည်ပေါင်းစီး နိုင်အောင် ကင်းကွာစိဆောင်၊.)...... (-မိမိလင်ယောကျာ်းအနားကပ်နေစေချင်ရင် နားကပ် ရေစိမ်တိုက် ဆိုတာမျိုး၊.).... ဒီလိုမျိုး ပညတ်တွေကို ပြောနေတဲ့အထိတော့ လက်ခံ စဉ်းစားလို့ရပေမဲ့....... မိမိလိုရာ မရောက်ရောက်အောင်......(. ကံ့ကော်ညွန့်ကို ကံကော်ညွန့် ဆိုတာမျိုး၊ )-- (....ကတက်ညွန့်ကို ကံတက်ညွန့်၊ -)--(--ကဇွန်းညွန့်ကို ကံစွန်းညွန့် စသည် ။------ ------------------------------------(-၂-)သို့-----------------------------------

Monday, December 7, 2015

-----((----တက္ကစီသမားများနှင့် ယတြာ---))-- -------

-------------------((----တက္ကစီသမားများနှင့် ယတြာ---))-- ----------------------------
---------
““-ဘယ်လို မောင်ရင်ရဲ့ ကားမောင်းတာ အန္တရာယ်ကင်းအောင်၊ ကားဆွဲ ကောင်းအောင်၊ ယတြာလေးဘာလေးဟုတ်လား}}
-----------တစ်နေ့ကျွန်ုပ်ဆီမှာ ဗေဒင်မေးသူဧည့်သည်မှအဆောင်ယတြာ တောင်းနေ၍ အကြောင်းအကျိုးနဲ့ပြောပြနေသည်ကို မောင်ရာဇာတစ်ယောက် ကျွန်ုပ်မည်သည့် အဆောင် မျိုးကို ပေးလေမလဲဆိုပြီး စိတ်ဝင်တစားနားထောင် နေလေသည်။
““ ဟုတ်ပါတယ်ဆရာ ...ကားမောင်းတာ အန္တရာယ်ကင်းအောင် ကားဆွဲ ကောင်းအောင် ယတြာလေးဘာလေးရှိရင် ပေးဖို့ ပြောတာပါ။}}
ဆရာသည် ဘာကိုမှ စဉ်းစားမနေဘဲ ]]မောင်ရင် အရက်သေစာ သောက် စားလေ့ ရှိသလား}}
““ ဟုတ်ကဲ့ ...နည်းနည်းပါးပါးအသောက်အစားရှိတတ်ပါတယ်}}-
-]]ကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တယ်မဟုတ်လား}}
လူငယ်သည် ရုတ်တရက်ပြန်မဖြေသေးဘဲ၊ ]]သိပ်တော့ ရေရေရာရာတော့ မမောင်း တတ်သေးပါဘူး ဆရာ သင်မောင်းလိုင်စင်နဲ့ကတည်းက စမ်းစမ်းပြီး မောင်းလာတာ ခုတော့ လိုင်စင်တော့ ရပါပြီ။ ဒါပေမယ့် ကျွန်တော့်လိုပဲ မောင်းနေ ကြတဲ့သူတွေ အများကြီးဘဲ ဆရာ။}}
]]တခြားသူတွေကို ထည့်ပြောမနေပါနဲ့ကွာ၊ ဒီမှာမောင်ရင် ကားသမား ကားအန္တရာယ် ရှိတာ မထူးဆန်းပါဘူး။ ကြောက်ရင် ကားမောင်းမစားနဲ့ပေါ့။ ထူးဆန်းနေတာက ဘုရား ဂုဏ်တော်တွေ၊ ပရိတ်ပဌာန်းတွေ ဘယ်လိုပဲရွတ်ရွတ် ((-အရက်မူးနေမှတော့ -))ကားတိုက် မှုဖြစ်တာ ဘာဆန်းလို့လဲ၊ နောက်တစ်ခုက ဘုရား ပုံတော်တွေ ၊ အဘတွေ၊ ဘိုးတော် - မယ်တော်တွေ ကားတစ်စင်းလုံးပြည့်အောင် ချိတ်ဆွဲထားလည်း ((-မတတ်တတတ်နဲ့ ကားတက်မောင်းနေလို့ကတော-))့ နည်းတောင် နည်းသေးတယ်ဖြစ်နေပါဦးမယ် မောင်ရင်}}
]]ဒါဖြင့်ရင် ဒါတွေလုပ်နေတာ အပိုဘဲဆိုတဲ့ သဘောလား ဆရာ}}
]]ဒီသဘောမျိုးပြောတာမဟုတ်ပါဘူး။ ဒါက ကိုယ်ယုံကြည်ရာ ဘာသာ အလိုက် ဘာသာဝင်တိုင်းလုပ်နေကြတာဘဲလေ၊ မောင်ရင့်ကို သဘာဝကျကျ စဉ်းစားခိုင်းတာပါ။ ဘယ်ဘာသာဝင်ဖြစ်ဖြစ်ဘာတွေပဲရွတ်ဖတ်ရွတ်ဖတ် မောင်ရင့်လိုမူးရစ်သောက်စားပြီး မောင်းနေမယ်။ ကားမောင်းကလည်း မကျွမ်း ကျင်သေး ဒေါသပါကြီးနေမယ်ဆိုရင်တော့}}
ဆရာ့စကားလည်းဆုံးရော သူငယ်မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ထပြန်သွား လေသည်။
]]ဘယ်လိုလည်း ဆရာရယ် ဒီတစ်ယောက်လည်း ဒေါခီးပြီးပြန်သွားပါ ရောလား}}
]]ဘယ်လိုလည်း လုပ်မနေနဲ့၊ အေး ... မောင်ရင်တို့လို ဗေဒင်ဆရာ ပေါက်စတွေ သိပ်အရေးကြီးတယ်။}}
]]ကျွန်တော်တို့နဲ့ ဘယ်လိုပတ်သက်နေလို့လည်းဆရာ}}
]]ပတ်သက်နေပါသော်ကော မောင်ရယ်။ မောင်ရင့်ဆီက အကူအညီ လာတောင်း ရင် မောင်ရင်ဘယ်လိုနည်းစနစ်တွေ သုံးပြီး လမ်းညွှန်မလဲ ပြောပါဦး}}
]]ဒါကတော့ ဆရာရယ်၊ ထုံးစံအတိုင်း အများနည်းတူပဲပေါ့။ ဘုရား ဂုဏ်တော်တွေ ပရိတ်ပဋ္ဌာန်းတွေ မေတ္တာသုတ်တွေ၊ ရွတ်ဖတ်ဖို့နဲ့ နောက်တစ်ခုက ဘုရားပုံတော်တွေ အဘ - ဘိုးတော် - မယ်တော်တွေ စတဲ့ ပုံတွေဘဲ ဆောင်ခိုင်း ရမှာပေါ့။ ဒီထက်ပိုပြီး ဘာတွေများ ရှိဦးမှာလည်း ဆရာ}}
]]အဲဒါကြောင့် မောင်ရင်တို့မှာ တာဝန်ရှိတယ် ပြောတာပေါ့။ -------အဓိကဖြစ်တဲ့-(သောက်ကျင့်/-လူ-)-----ကိုယ်တော့ပြုပြင်ဖို့လမ်းမညွှန်ဘဲ-ဘုရား ဂုဏ်တော်တွေ ပရိတ်ပဋ္ဌာန်းတွေ မေတ္တာသုတ်တွေ။ ဘယ်လိုပဲ အမြုပ်ထွက်အောင် ရွတ်ရွတ် ။ ဘာပုံတွေ ဘယ်လိုပဲချိတ်ဆွဲထားလည်း((---အရက်မူးနေမယ်၊ ဒေါသ တကြီးပြိုင်ေ မာင်းနေမယ်။-မတတ် တတတ်နဲ့ ကားတက်မောင်းနေလို့ကတော့---))့  နည်းတောင် နည်းေ သး တယ် ဖြစ်နေ ပါဦးမယ် မောင်ရင်}}--
---------
--လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား။ရန်ကင်းမြို့နယ်။ရန်ကုန်မြို့။

------