-======-ခေတ်အမြင်နှင့်ဗေဒင်(ဘုမ္မိအရပ်အရှောင်ကောင်းလို့) ----------- -- ------------------------------------------------ -- ကျွန်ုပ်သည်ကျွန်ုပ်ကိုယ်တွေ့ဖြစ်စဉ်များနှင့်အများအကျိုးရှိစေမည့်အတွေးအခေါ်စာများကိုသာရေးသား သည့်အ တွက်ဂျာနယ် များ၌ အပတ်စဉ်ပါ ဖို့မလွယ် သည်မှာ ကျွန်ုပ် အား နည်းချက်ပင်ဖြစ်သည်။စာတစ်ပိုဒ်ဖြစ်ဖို့စာမျက်နှာ ၄၊၅မျ က်နှာကုန်မှ (၁)မျ က်နှာ သာရ သည်၊စာမူအကြမ်းလက်ရေးနှင့်မရေးတော့ ဘဲကွန်ပျူတာပေါ်ရောက်မှ ကိုယ်တွေ့များကို လက်တန်းရေးရသည့် အတွက် စာရွက် တစ်ရွက်ထုတ်လိုက်၊ မကြိုက်တာပြင်လိုက်၊ လိုတာဖြည့်လိုက်နှင့် လုံးလည် ချာလည်လိုက်နေသဖြင့် စာမူတစ်ခုဖြစ်လာဖို့ ကျွန်ုပ်အတွက် အခက် အခဲတစ်ခု ဖြစ်နေလေသည်။ဗေဒင်နှ င့်ပတ် သက်သောအတွေးအခေါ်ပိုင်းဆိုင်ရာတွေ မရေးတော့ဘူးလားဟု မေး လာကြသ ည့် စာဖတ်ပရိတ်သတ်များအ တွက် ကြိုးစား ပန်းစားရေးရခြင်း သည်ပင် ကျွန်ုပ်အတွက် ပီတိတစ်မျိုးပင်ဖြစ် သည်။ ကျွန်ုပ်သည် လူသားတစ်ဦး အနေဖြင့် လူ့လောကထဲသို့သာမန်ရောက် ရှိ လာပြီးသာမန်ပဲလူ့လောကထဲကပြန်လည် ထွက်ခွာသွားရမည်ကို အင်မတ န်ကြောက်ရွံ့နေမိသည်။
ကျွန်ုပ်ရပ်တည်နေသော ပတ်ဝန်းကျင် (သို့မဟုတ်) ပညာရပ်တစ်ခုဖြင့် အများ အကျိုးေ ဆာင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ဗေဒင်ပညာ ရပ် ပေါ်၌ ရပ်တည်နေရသဖြင့် ဗေဒင်ပညာရပ်ဖြင့် လူသားများအတွက် အကျိုး ရှိ အောင် လက်တွေ့လုပ်ဆောင်ရာတွင် မလွယ်ကူလှပေ။
ပထမဦးဆုံးတွေ့ရသည်ကား ဗေဒင်လာမေးသူတွေ သိချင်တာတွေ တစ်ခြား၊ ကျွန်ုပ်ဟောပြောနေတာက တစ်ခြားဖြစ်နေသည်။ ဒါကြောင့် ကျွန်ုပ် အေ နဖြ င့် ဗေဒင်မေးမည့်သူ မိတ်သစ်ရောက်လာသည်နှင့် ဘယ်သူညွှန် လိုက် တာ လဲဟု ကြိုတင်မေးနေရသည်က အလုပ်တစ်ခုဖြစ်နေသည်။ ဗေဒင်မမေးမီ - ဆရာဟောပြော လမ်းညွှန်ပါတယ်၊ ဗေဒင်လာမေးသူ ကာယကံရှင် သိချင်တာ တစ်ခြား၊ ကျွန်ုပ်ပြော တာတစ်ခြားဖြစ်နေရင် - ကာယကံရှင်လည်းအချိန် ကုန်၊ ငွေကုန်၊ ကျွန်ုပ်လည်းအချိန် ကုန်၊ အာေ ညာင်းပါသည်၊ သဘောထားမကိုက်ညီရင် အားမနာနဲ့ တစ်ခြားမှာ သွားေ မးကြဖို့ကို စပြောနေရသည့်အတွက် လာတဲ့ မိတ်သစ် တချို့နဲ့ မိတ်ပျက်ကုန်ပါတယ်။
-----ဒုတိယတစ်ချက်က - ကျွန်ုပ်အမျိုးသမီးက နိဗ္ဗာန်ကုန်ဆိုင်ဖွင့်တော့ ဆရာက ဗေ ဒင်ေ ဟာ၊ ယတြာပေး၊ အမျိုးသမီးက ယတြာပစ္စည်းရောင်း အဆင်ပြေ နေ တယ်လို့ ထင်နေကြပါတယ်၊ မေးလည်းမေးကြတယ်၊ တကယ်တော့ အများ ထင်သကဲ့ သို့မဟု တ်၊ ကျွန်ုပ်သည် မလိုအပ်ဘဲ ယတြာပေး ခဲ့သည်။ ဗေဒင်မေးသူ များကလည်း ကြုံရာ ဆိုင်မှာ ကြုံသ လိုဝယ်ကြသည်ပင်။ အမျိုးသမီးကတော့ ကျေနပ်သည် မဟုတ်သော်လ ည်း ကျွန်ုပ် ၏ လုပ်ဆောင်ချက် စေတနာကိုသိ၍ မပြောသာသဖြင့် နေသာသ လို နေေ န ရခြင်းဖြစ်သည်။
နောက်ဆုံးအချက်က - ဝါဝင်ဝါထွက်မှာ နှစ်စဉ်ကြုံတွေ့နေရသည့် ကိစ္စပင်၊ မြန်မာလူ မျိုးတွေ ထုံးစံလိုဖြစ်နေသည့် အိမ်တွင်းအုန်း၊ မိမိ တို့ ယုံကြည်ရာ (၃၇)မင်းနတ်တွေ အသစ်လဲတဲ့ရာသီပဲဖြစ်ပါတယ်၊ ကျွန်ုပ်အမျိုးသမီးကိုမှာထား တယ်၊ ရိုးရာနဲ့ပတ်သက် တဲ့ပစ္စည်း လာဝယ် ရင်မေးလိုက်၊ အခုမှဆွဲမှာလား၊ အသစ်လဲမှာလား၊ အသစ်လဲမှာ ဆိုရ င်တော့ ရောင်းလိုက်၊ အခုမှစလုပ်မှာဆိုရင် ဆရာ့ဆီကို အရင်လွှတ်လိုက်၊ ဆရာ န ည်းနည်းပါးပါးမေးမြန်းပြီး ဗုဒ္ဓဘာသာနဲ့ မအပ်စပ်တဲ့ အယူအဆ၊ ကိုးကွယ်ယုံကြည် မှုအမှားတွေမလုပ်ဖို့၊ မိမိဘဝ ကြီးပွား ချမ်းသာခြင်းနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း စသည်ဖြင့် ပြောဆိုသဖြင့် တချို့ လည်း သဘောပေါက်သွားသဖြင့် ပစ္စည်းများမဝ ယ်ြ ကေ တာ့ဘဲ ပြန်သွားကြ သဖြင့် အမျိုးသမီးမှာ ဈေးမရောင်းရတော့ချေ။ တချို့ကျတော့လည်း အားနာ၍ ကျွန်ုပ်ကို ကျေးဇူးတင်ကြောင်းပြောကာ တစ်ခြားဆိုင်မှ မိမိတို့လိုအပ်သည့် (၃၇)မင်း အသုံးအဆောင်များ ဝယ်ယူပြန်သွားကြသည်ကို ကျွန်ုပ် အမျိုးသမီး သိသွားသောအခါများ၌ ကျွန်ုပ်မှာ တော်တော်လေး အနေ ခက်သည့် အဖြစ် များနှင့် ကြုံတွေ့ခဲ့ရသည်မှာ အကြိမ်ကြိမ်ဖြစ်သည်။
မိမိလည်း ဗေဒင် ဟောခမရသလို၊ ကျွန်ုပ်အမျိုးသမီးလည်း ဈေးမရောင်း ရတော့ချေ။ ဒါတွေသိရက်နဲ့ ဘာလို့လုပ်နေသေးလဲ။ ဘယ်သူက ခိုင်းနေ လို့လဲလို့ မေးစရာရှိတ ယ်။ ဟုတ်ကဲ့ ဘယ်သူမှခိုင်းတာမဟုတ်ပါဘူး။ ဒါဖြင့်ဘာလို့ လုပ်နေလဲဆိုတော့ ကျွန်ုပ် မိုးကောင်းဘုရားမှာ လူတွေနဲ့ေ ခတ်အ ခြေအနေကို စောင့်ကြည့်လာတာ (၁၅)နှစ်ရှိ ပါပြီ။ မြန်မာလူမျိုး အများ စုရဲ့ ရှေးဟောင်းအယူ အဆတွေကို မစွန့်လွှတ်နိုင်သေြး ခင်း၊ အေ တွးအခေါ်အား နည်းမှုတွေကြောင့် ကြီးပွားသင့်သလောက် မကြီးပွားကြ ဘဲ၊ ဒုက္ခတွေနဲ့သာ လုံးလည်ချာလည်လိုက် နေရတာကို တွေ့လာရလို့ပါပဲ။
သင် တို့ တွေသာ ကျွန်ုပ်လိုသိမြင်လာရင် ကျွန်ုပ်လို ကိုယ်ချင်းစာ စိတ် ဖြစ် လာ မှာ သေချာပါတယ်။
ကျွန်ုပ်ယခုဂျာနယ်မှာ ဗေဒင်နဲ့ခေတ်အမြင်ဆိုတဲ့ အတွေးအခေါ် ဆောင်း ပါးေ တွ ရေးလာတာ တိုးတက်နေတဲ့ ခေတ်ကြီးထဲက ရန်ကုန်လိုမြို့ကြီး တွေမှာ ]]ဝါ တွင်းကာလ မင်္ဂလာဆောင်ကြ}} ]]ချမ်းသာချင်သလား၊ လှေဦးတိုက် လှည်းဦးတိုက် ဝယ်လို့ထား}} ဆိုတဲ့ ဆောင်းပါးတွေနဲ့ ကျွန်တော်တို့လည်း တာဝန်ရှိပါသည်ဆိုတဲ့ အတွေးအခေါ်ဆောင်းပါးတွေ ပါလာပြီးတဲ့ နောက် မှာ လောကဓံ (အမြင်သစ်) စာဖတ်သူ ပိုများလာတာကို တွေ့လာရတဲ့အတွက် ကျွန်ုပ်ဝမ်းသာရသလို ဓနသိဒ္ဓိ ဂျာနယ်ကိုလည်း အထူးကျေးဇူးတင်ပါသည်။
ဒီတစ်ပတ်မှာတော့ ဘုမ္မိအရပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာလေး တစ်ခု ကို တွေးခေါ်ကြည့်ကြဖို့ ဖော်ပြလိုက်ပါတယ်။ ဒီနှစ်ဝါဝင်ခါနီးမှာ အိမ်ငှား နှစ်ချုပ်ြ ပည့်တဲ့အချိန်နဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်မယ့်အချိန် တိုက်ဆိုင် နေလို့ အိမ် ဝယ်ဖို့ကိစ္စကို ထုံးစံအတိုင်း ဗေဒင်လိုက်မေးနေတဲ့ လူတစ်ယောက် ကျွန်ုပ်ဆီ ရောက် လာတာလေးကို ပြန်လည်ပြောပြပါဦးမည်။
]]ဆရာ - ကျွန်တော်အိမ်ဝယ်မလို့ ဝယ်သင့်၊ မဝယ်သင့်၊ ဘယ်အရပ်ဒေ သ တွေမှာ ဝယ်ရင်သင့်တော်မလဲ။ ဘယ်ဘက်ကိုမျက်နှာလှည့်ထားတဲ့ အိမ်ဝယ် ရမလဲဆိုတာေ လး သိချင်လို့လမ်းညွှန်ပါဆရာ}}ဟု စတင်မေးမြန်းလာ ၏။ မိတ်သစ်လည်းဖြစ်၊ သူမေးတဲ့မေးခွန်းကလည်း ကျွန်ုပ်ပညာနဲ့ ကြည့်ရင်---။ ဒီမှာမိတ်ဆွေ၊ ဆရာ့အနေနဲ့ အဲဒီမေးခွန်းကို ဟောပြောလမ်းညွှန်တာမဟုတ်လို့ တစ်ခြားမှာသွားမေးရင် အဆင်ြေ ပ လိမ့်မယ်ထင်တယ်၊ ထိုမိတ်ဆွေသည် ကျွန်ုပ်အား တအံ့တဩငေးကြည့်နေရာမှ ---------။။ဗျာ- ဘယ်လို -- ဆရာ အခုကျွန်တော်မေးတာ မဟောဘူးဆိုတော့ ဆရာကဘာတွေဟောတာလဲ}} လာပါပြီ တစ်ယောက်-
မိတ်ဆွေ-- ဆရာ့ အ ယူ အဆတွေ ဆရာဟောပြောလမ်းညွှန်တဲ့ သဘော တရားတွေကို အရင်နားထောင်ပါဦး၊ မိတ်ဆွေသိချင်တာတွေနဲ့ ဆရာပြောဆို လမ်းညွှန်တာတွေ တစ်ခြားစီဖြစ်နေရင် တစ်ခြားမှာသွားမေးရင် အဆင်ပြေ လိမ့်မယ်ထင်ပါတယ်။
]]ဆရာက လူလာအောင်ကြော်ငြာထည့်ပြီး လာမေးတဲ့လူ မေးတာတွေ ကို ပြောဆိုပေးနေတာမဟုတ်လား}}
မဟုတ်သေးဘူး မိတ်ဆွေ ။ ကျွန်ုပ်သိလိုတဲ့ အချက်အလက်တွေမေးပြီး ရင် မိတ်ဆွေသိတတ်တဲ့ အသက်အရွယ်ကနေ အခု ဆရာနဲ့တွေ့တဲ့ အချိန်ထိ လုပ်တိုင်းဖြစ်ခဲ့တဲ့ အချိန်တွေနဲ့ ဘာလုပ်လုပ် မဖြစ်တဲ့ အသက်အရွယ် အပိုင်း အခြားတွေကို ပြောပြသွားမှာပါ။ ပြီးတော့ လက်ရှိအဖြစ် အပျက်တွေ
]]ဆရာ ကျွန်တော် ပြီးခဲ့တဲ့အကြောင်းတွေ မသိချင်တော့ဘူး။ ကျွန်တော် သိချင်တာက အခုလောလောဆယ် ကိစ္စအကြောင်းပဲသိချင်တာ}}
ဟုတ်ကဲ့ - မိတ်ဆွေလို လူမျိုး များများ လာလေ ပိုကြိုက်လေပဲပေါ့။သိချင်တာမေးပြီး မြန်မြန်သွားလေ ပိုကောင်းလေပဲ။ ဆရာအချိန်ကုန်၊ အာညောင်း သက်သာတာပေါ့ ]]မဟုတ်သေးပါဘူးဆရာရယ်}} ။
ကျွန်ုပ်တို့နှစ်ယောက်ကြား ပြောစရာစကားက ကုန်နေပြီဖြစ်သည်။ နှစ်ဦးစလုံး ခဏတာမျှ ငြိမ်သက်သွားရာမှ - ကဲ ဆရာဟော ပြောတာတွေပဲ နားထောင်ကြည့် တာပေါ့။
]]ဆရာ စိတ်တိုင်းကျသာ ဟောပေတော့ ဆရာ}}
ဟု ကာယကံရှင်မှ ဟောချင်ရာ ဟောပေတော့ဆိုသည့် သဘောဖြင့် စိတ်ပိုင်းဖြတ်လို က်ပုံ ရသည်။ အထက်ပါအတိုင်းပြောလာလေသည်။
ကျွန်ုပ်သည်လည်း သူဖြတ်သန်းလာခဲ့ရတဲ့ လုပ်တိုင်းဖြစ်ခဲ့တဲ့ ကံကောင်း ချိန် (၃) ကြိမ်နဲ့ ယခုတွေ့ကြုံနေရသည့် (၄) ကြိမ်မြောက် ဘဝအောင်မြင်မှုတွေ တွေ့ေ နချိန်မှာ မည်သို့မည်ပုံ နေထိုင်လုပ်ကိုင်ရမလဲဆိုတာရယ်၊ နောင်လာမည့် ကာ လတွေမှာ ကြုံလာဦးမည့် လုပ်တိုင်းဖြစ်နေဦးမည့် အကြိမ်တွေနဲ့ နေထိုင် လုပ်ကို င်နည်းတွေ သူဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ဘာလုပ်လုပ် မဖြစ်တဲ့ အချိန်တွေကို အကြောင်းအကျိုးနဲ့ ဆက်စပ်ပြောပြလိုက်မှ နည်းနည်း သဘောပေါက် လာ ပုံရသည်။
ကဲ - ဒီလောက်ဆိုရင် ဆရာဘာကြောင့် အခုလို အချိန်ကုန်ခံ ပြောပြ နေရတာလဲဆို တာ နည်းနည်းသဘောပေါက်လာပြီ ထင်ပါတယ်၊။
]]ဟုတ်ကဲ့ ဆက်ပြောပါဆရာ}}
ဆရာ့အနေနဲ့ မိတ်သစ်တွေကို စတင်ဟောပြောတဲ့နေရာမှာ ခုလို တော်တော်များများ အခက်အခဲတွေ့ကြုံရတာပါပဲ၊
ဗေဒင်လာမေးတဲ့ သူတွေ ဟာ သူ တို့ဗေဒင်ကို ကြိုတင်မေးလေ့မေးထ မရှိကြတာ များတယ်။ ဆိုလိုတာက ပျော်လို့ ဗေဒင်မေးတဲ့လူ တော်တော်နည်းပါ တယ်။ ဗေဒင် အမေးများတာက ဆုံးဖြတ်ချက်ချခက်ခဲတဲ့ အချိန်တွေမှာ လာမေးတတ်ကြတယ်။ ဥပမာ - အိမ်ပြောင်းမယ်၊ အလုပ်ပြောင်းမယ်၊ အိမ်ထောင်ပြုမယ်၊ နိုင်ငံခြားသွားမယ်၊ တစ်ခုခုအရောင်းအဝယ်လုပ်မယ်၊ လုပ်သင့်၊ မလုပ်သင့် လာမေးတတ်သလို၊ ဒုက္ခဖြစ်မှ ဗေဒင်လိုက် မေးကြတာ များပါတယ်။ သေ၊ ကွဲ၊ မွဲ၊ ပြုတ်၊ ကုန်မှ ဗေဒင်လို က်ေ မးနေလို့ ဘာထူးတော့ မှာလဲ။
]]ဆရာပြောတာတွေ နားထောင်ကြည့်တော့မှ ဗေဒင်နဲ့ဘဝ ဆက်စပ် နေတာေ တွ့ လာ ရပြီ ဆရာ}}
ဟုတ်ပြီ မိတ်ဆွေ ဒီလောက်ထိ တွေးမိလာပြီဆိုရင် ဆရာရဲ့လောကဓံ (အမြင်သစ်) သဘောတရားတွေကို တဖြည်းဖြည်းသိလာပါလိမ့်မယ်။ ဆရာ့မူမှာ လူတစ်ယောက် ကို ဟောပြောတဲ့အခါမှာ ဆရာပြောတာတွေကို ဘာတစ်ခုမှ ယုံဖို့ပြောတာ မဟုတ် ဘူး။ စဉ်းစားခိုင်းမှာပါ။ ငါ့အတွက် ဘာကိုဆိုလိုတာလဲ။ ပြီးတော့ ဆရာပြောနေတုန်း သိချင်တာရှိရင် ကြားဖြတ်မမေးပါနဲ့ မေးဆိုမှ စိတ်ကြိုက်မေး၊ ရေးတာမှတ်တာတွေ မလုပ်နဲ့။
ဘာဖြစ်လို့လဲဆိုတော့ စိတ်တိုင်းကျမေးပြီး အိမ်မှာတစ်ည အေးအေး ဆေးဆေးပြန်ပြီး တစ်ညအိပ်ပြီး သေချာစဉ်းစားပါဦး။ ငါတတ်တဲ့ဗေဒင် ငါမေး ခဲ့တဲ့ဗေဒင်တွေနဲ့ ဘာထူးနေလဲ။ ဆရာပြောတာတွေကို သေချာပြန်စဉ်းစား ကိုယ်ဖြတ်သန်းခဲ့တာတွေ၊ မိသားစုအကြောင်းတွေ၊ ဘယ်လောက်မှန် နေလဲ။ ဆရာလမ်းညွှန်မှု ၄ ပုံ ၃ ပုံ မတိုက် ဆိုင် ရင် ဆရာ့ဘက် ခြေဦးမလှည့်နဲ့တော့။ ကံမစပ်တော့ဘူး။ နီးစပ်မှပြန်လာခဲ့ပါ ။အခု ဆရာပြောတာတွေ ကွန်ပျူတာနဲ့စာစီပေးလိုက်ပါ့မယ်။အဲဒီလောက်သေချာတဲ့ ပညာရပ်တစ်ခုပါ။ ကွက်တိ မဟုတ် ပေမယ့်တော်တော်လေး နီးစပ်တဲ့သဘောပါ။
ဘာဖြစ်လို့လဲဆိုတော့ (၁၅)နှစ်လုံး ဒီပညာတစ်ခုတည်းကို လေးလေး နက်နက်လေ့ လာထားလို့ပါ။ ဆရာဘာတွေဟောမှာလဲဆိုတော့ - (၁)ဘဝ တစ်သက်တာမှာ မဖြစ် မနေကြုံတွေ့ရမည့် ကံကောင်းချိန် (၆)ကြိမ် နဲ့ ကံညံ့ချိန် (၆)ကြိမ်၊ ကြိုတင်သိမြင်ထား ဖို့ နေထိုင်လုပ်ကိုင်တတ်ဖို့ (၂) ၄-နှစ်တကြိမ် ဘဝအပြောင်းအလဲ တွေမှာ ကြိုတင်သြိ မင်ထားဖို့ နေထိုင်လုပ်ကိုင်တတ်ဖို့ (၃) တစ်နှစ်တာရယ် လို့ (၃)မျိုးကို ဟောပြော လမ်း ညွှန်ပါ တယ်။
နောက်တစ်ချက် လာမေးသူနဲ့ အတူနေမိသားစုတွေကိုပါ တွက်စစ် ဟောပြောေ ပးရပါတ ယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘယ်လောက် ကံကောင်း ကောင်း၊ ကျန်(၂)ယောက် ကံညံ့နေရင် သိပ်မလွယ်တော့ဘူး။ ရေများရေနိုင် မီးများမီးနိုင် ဆိုထားတယ်မဟုတ်လား။ ကိုယ်က ဘယ်လောက် ကံညံ့ညံ့ကျန်တဲ့ (၂)ယောက်အဆ င်ပြေလို့ ထောက်ပံ့ထားတော့ ရှုပ်ကုန်ရော။
ဒီလိုအတွေးအခေါ် အယူအဆတွေကို ဟောပြောလမ်းညွှန်နေတာ ကြောင့်လည်း ကမ္ဘာမှာမရှိသေးတဲ့ ပညာပါလို့ ရေးသားလိုက်တာပါ။ ]]ကျေးဇူးပဲဆရာ ဒီလိုဟောပြောမှန်းမသိလို့ စောစောကပြောခဲ့မိတာ ဘယ်လိုမှ သဘောမထားပါနဲ့ဆရာ}} ဓာတ်မသိတော့လည်း ဒီလိုပေါ့ဗျာ။]]ဆက်ပြောပါဦးဆရာ နားထောင်ရတာဗဟုသုတရပါတယ်}} ဆရာ (၁၅)နှစ်ရှာထားတာတွေ ပြောနေ လို့ ပြီးတော့ မှာမဟုတ်ဘူး။ မိတ်ဆွေ ---အိမ်ဝယ် မယ့်အကြောင်းလေး ပြန်ဆက် လို က်ကြ ရအောင်။
]]ဟုတ်ကဲ့ပါ ဆရာ}}
အစောပိုင်းမှာ ပြောခဲ့သလိုပဲ မိတ်ဆွေရဲ့ (၄)ကြိမ်မြောက် ကံကောင်းချိန် မှာ ဘာလုပ် လုပ်ဖြစ်နေမယ့်အချိန်လို့ ပြောခဲ့ပြီးသားပါ။မိတ်ဆွေမှာရှိတဲ့ ငွေကြေးအင်အားနဲ့ကြည့်ပြီး အဆင်ပြေမယ့်အိမ်ဝယ်လိုက်ပါ။ ]]နည်းနည်းပါးပါးတွက်ချက်ကြည့်ပေးပါဦးဆရာ}}
ဆရာပြောတာ မယုံလို့လား။
]]မဟုတ်ပါဘူးဆရာ။ ကျွန်တော် တစ်သက်လုံးအခုမှ အိမ်လေး စဝယ်မှာ ဆိုတော့ အမှားဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဘယ်မြို့၊ ဘယ်အရပ်၊ ဘယ်ဒေသမှာ ဝယ်သင့်တယ်၊ ဘယ်အရပ်ကို မျက်နှာမူတဲ့ အိမ်ဝယ်သင့်တယ်ဆိုတာလေး ပြောပြပါ ဆရာ}}။
ဆရာ ပြောတဲ့ မြို့အရပ်ဒေသမှာ တကယ်ဝယ်နေမှာလား ]]ဒါကတော့ ဆရာရယ် အခြေအနေ ကြည့်ဝယ်ရမှာပါ။ ကျွန်တော်ပြောချင်တာက ဘုမ္မိအရပ် လေး ဘာလေးရွေးပေးဖို့ပြောတာပါ။
ကျွန်တော် (၃ ၊ ၄) ဦး မေးပြီးပြီဆရာ သူတို့တွေကတော့ အထူးသဖြင့် ဘုမ္မိအ ရပ်ကို ရှောင်ခိုင်းကြလို့ ဆရာအနေနဲ့ ဘာများ အကြံပေးမ လဲလို့ဆရာ}} ဘုမ္မိဆိုတာ မွေးနံရဲ့ (၄)ခွင်မြောက် အရပ်ကိုပြောတာပါ။ မိတ်ဆွေပြောတဲ့ ဘုမ္မိကျတဲ့အရပ်က လွတ်တဲ့အိမ်လိုက်ရှာနေရင် အိမ်ရှာနေ တာနဲ့ရှိတဲ့ပိုက်ဆံေ လး ပြုတ်သွားပါဦးမယ်။
]]ကျွန်တော်လည်း အဲဒါကို စိုးရိမ်နေတာ အကြံဥာဏ်လေး ပေးပါဦး ဆရာ}} အဲဒီဟောကွက်မျိုးတွေက ဟိုရှေးခေတ်က ဆိုရင်တော့ အသုံးဝင်ကောင်း ဝင်ပါလိမ့် မယ်။ မိတ်ဆွေ အခုအိမ်ဝယ်မယ့် ရန်ကုန်မြို့မှာ လူဦးရေနည်းသေး တာရ ယ်၊ မြေ ကွက်လပ်တွေကများနေတော့ ဖြစ်နိုင်ကောင်း ဖြစ်ပါလိမ့်မယ်။အခုခေတ် ရန် ကုန်မြို့မှာ လူဦးရေကများလာတော့ မြေနေရာ အရင်ခေတ်ကလို မရှိတော့ဘူး။ မြို့သစ်တွေတောင် တိုးချဲ့ပေးထားရတာ မိတ်ဆွေအမြင်ပဲ။ဒီခေတ် ကြီးထဲမှာ ဘုမ္မိလွ တ်တဲ့အိမ် လိုက်ရှာနေလို့ တွေ့ထားတဲ့ ဘုမ္မိကျနေတယ်ဆိုတဲ့ အိမ်လေးတောင် သူများလက်ထဲပါသွားလို့ ပိုသောကများနေပါဦးမယ်။
ထိုမိတ်ဆွေလည်း ခဏစဉ်းစားပြီး၊ ]]တစ်ခြားအကြံပေးစရာ ဘာရှိသေးလဲ ဆရာ}} မိတ်ဆွေအတွက် အဆင်ပြေမယ်ဆိုရင် အဲဒီအိမ်ကိုသာ ဝယ်လိုက်ပါ။
ဆရာ့ အတွေ့အကြုံအရဘယ်လိုနည်းစနစ်တွေနဲ့တွက်ချက်ပြီးဝယ်ထားတဲ့ အိမ် ဖြစ်ဖြစ်အဖြေကို စောင့်ကြည့်လာတာ၊ လူတစ်ယောက် အိမ်ဝယ် ပြီးေ န ထိုင်လာတာ (၃ ၊ ၄)နှစ်ကြာမှ ဒုက္ခ လည်းဖြစ်ရော အိမ်ခိုက်နေလို့၊ မြေခို က်နေလို့၊ ဘုမ္မိကြနေလို့၊ သိုက်နဲ့မလွတ် လို့ဆိုတဲ့ အဖြေတွေပဲ ပြောနေ တာတွေ့လာရတယ်။ အိမ်၊ မြေခိုက်နေရင် ပြောင်း ပြောင်းချင်း ခိုက်လိုက်ပါလား။ ပြဿနာတစ်ခုခုဖြစ်မှ အမျိုး မျိုးဟောကြ၊ ပြောကြ တော့တာပေါ့။
အဲဒီမှာမှ ဆရာ့အနေနဲ့ အဖြေကို သွားတွေ့လိုက်တာက လူတစ်ယောက် နေတဲ့နေ ရာ နေတဲ့လူတွေနဲ့ လုပ်နေတဲ့အလုပ်မှာ အဆင်မပြေ တော့ဘူးဆိုရင် လောကဓံ နဲ့ရင်ဆိုင်ရတော့မယ်ဆိုတာ ကြိုတင်သိထားနိုင်သလို သက်သာတဲ့နည်း တွေလ ည်းရှိပါ တယ် ။ ]]ဆရာပြောတဲ့ လောကဓံကို မကြုံတဲ့လူမရှိဘူးလားဆရာ}} လောကဓံ ဟာ လူမျိုး၊ ဘာသာမရွေး၊ လူဆိုတာနဲ့ တွေ့ကိုတွေ့ရမှာပဲ။ မတွေ့ချင် လို့မရသလို လွတ်မြောက်ရာ လမ်းလည်းမရှိဘူး။ ]]ဒါဆိုရင် လောကဓံကို ငြိမ်ခံ နေရတော့မှာလား ။}} ဒီလိုလည်းမဟုတ်သေးပါဘူး။ လောကဓံကို ကြိုသိခွင့်ရနိုင် သလို သက်သာတဲ့ နည်းလမ်းလည်းရှိတယ်။
]] ဒါဖြင့်လည်း လောကဓံကို ကြိုသိမြင်ထားပြီး လိုက်နာရမယ့် နည်းလမ်း လေးလု ပ်ပါဦး ဆရာရယ်။}}
သိပ်ခေါင်းစားမနေပါနဲ့ မိတ်ဆွေ ဒုက္ခဆိုတာ ပစ္စုပ္ပန်မှာပဲရှိတယ်ဆိုတာ သိထားစေချ င်တယ်။
]]ဘာကိုဆိုလိုတာလဲဆရာ}}
ဒုက္ခဆိုတာဟာ မိမိလုပ်ငန်းခွင်နဲ့အတူနေ မိသားစုမှာပဲရှိတယ်ဆိုတာ ကိုပြောတာပါ။ ကျန်တဲ့အပိုင်းဖြစ်တဲ့ ဒုက္ခဆိုတာ က-ဝေးတဲ့အ ကြောင်းလို ခေါ်တယ်။ ဒုက္ခဆို တာ ဖြစ်လာတာမဟုတ်ဘူးဗျ။ ပေါ်လာတာ လူတွေက ဒုက္ခကို ဒုက္ခမှန်းမသိတော့ ကိုယ်သွားလုပ်လို့ ဒုက္ခဖြစ်လာတာ ]]ဆရာရေ ဆရာနဲ့ စတွေ့ခါစ ဖြစ်လို့လားမသိ ဘူး။တချို့အပိုင်းတွေ နားထောင်ရတာ ဥာဏ်မမီဘူး ဘဲ ပြောရမှာပဲ။ နောက်မှ အေးအေးဆေးဆေး လာခဲ့ ပါ့မယ်ဆရာ။ ခုတော့ ဆရြာေ ပာ သလို တွေ့ထားတဲ့အိမ်လေး သူများလက်ထဲပါမသွားအောင် ရှိတဲ့ ငွေကြေးလေးမ ကုန် ခင် ဘုမ္မိအရပ်က အိမ်လေးပဲ မြန်မြန်ပြေးဝယ်လိုက်ဦးမယ် ဆရာ}} ဟု ပြောပြောဆိုဆို ကျွန်ုပ်၏ ဟောခန်းအတွင်းမှ ပြန်လည် ထွက်ခွာသွား သောေ ကျာပြင်ကိုကြည့်ရင်း ---ဪသာ် --- သူ့လိုလူတွေ ဘယ်လောက်များများ ခေတ်နဲ့မ ညီတော့တဲ့ အတွေးအခေါ် အယူအဆဟောင်းတွေအောက်မှာ ဒုက္ခတွေနဲ့ ဘယ် လို ရင်ဆိုင် နေကြမလဲဆိုတာ တွေးမိရင်း လူအချင်းချင်း လှည့်ပတ်ခံရခြင်းမှ ကင်းဝေးကြ ပါစေလို့ မေတ္တာပို့သရင်း ---
--------------

------------ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏။
-------ဤမှန်သောသစ္စာစကားကြောင့် ၊လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ ----

No comments:
Post a Comment