Wednesday, June 22, 2016

( -မဟာဘုတ်(၇)ခွင် ဘုမ္မိ(သို့မဟုတ်)(ဘုမ္မိကြီး )နှင့် လူသားများ။}}

( -မဟာဘုတ်(၇)ခွင် ဘုမ္မိ(သို့မဟုတ်)(ဘုမ္မိကြီး )နှင့် လူသားများ။}}
...........................
( ဒီတပါတ် ပညာအကြောင်း ဘာတွေများထူး ထူးခြားခြားတွေ့ ထားသေး လည်းဆရာ)
က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊ အရှေ့မုခ်၊အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာ ဘုတ်နဝင်းစီး ) ဓါတ်ခန်းအ တွင်း ၌ မောင်နေလင်းမှ ပညာအကြောင်းမေးလာသဖြင့်...။
](.. မောင်နေလင်းရေ..ပညာရပ်အနေနဲ့ ထူးခြားလှတယ်မဟုတ်ပေမဲ့ တနေ့တနေ့ -ပညာရပ်ရဲ့ ထူးခြားမှုတွေကိုလေ့လာ နေရတာ ဆိုတော့ တ ခုမဟုတ်တခုတော့တွေ့နေရတာပါဘဲ။ ... )
( ရောက်တုံးရောက်ခိုက် အတော်ဘဲဆရာရေ ပညာရပ်ရဲ့ထူးခြားဖြစ် စဉ်လေးပြောပါဦးဆရာ)
...(၇)ခုစား (၈)ခုစား ခလေးတောင်တတ်တဲ့မဟာဘုတ်။ (မဟာဘုတ် မဟုတ်ပါ။) ဆိုလေသူတွေအတွက် -၁၄-၆-၂၀၁၆(အင်္ဂါနေ့) က ဖြစ်ခဲ့တဲ့ နာရေးကိုဖတ်လိုက်မိမှ လွန်ခဲ့တဲ့ (၁၅-၅-၂၀၁၆(တနင်္ဂနွေနေ့)ကပါလာခဲ့ တဲ့ နာရေးကိုပြန်သတိရမိတယ်။...
( ဆရာရယ် ပညာရဲ့ ထူးခြားတဲ့ဖြစ်စဉ် မေးမိကာမှ ဆရာ့ မိတ်ဆွေတွေရဲ့ နာရေးအကြောင်းတွေ နားထောင်နေရတယ်)
...ဆရာပြောတဲ့ အကြောင်းအရာကိုလည်း ဆုံးအောင်နားေ ထာင် ပါဦး မောင်နေလင်းရယ်။ ခုပြောနေတာ ဆရာ့မိတ်ဆွေ တွေရဲ့ နာရေး အြေ့ကာင်းပြောနေတာမဟုတ်ပါဘူး။ပညာနဲ့ပတ်သက်တဲ့ နာရေးတွေ အကြောင်းဖြစ်နေလို့ပါ။.....
( မဟာဘုတ်ပညာရပ်မှာ ခုလိုစာဖွဲ့ ပြောရလောက်အောင် အကြောင်းရှိ နေလို့လား ဆရာ)
..ပညာရပ် တခုဟာ လူသားတွေနဲ့ အမြဲအတူ ရှိနေတာပါ။ သတိမမူဂူမမြင် ဆိုသလို ပေါ့။ -၁၄-၆-၂၀၁၆(အင်္ဂါနေ့) က ဖြစ်ခဲ့တဲ့ နာရေးကိုဖတ်လိုက်မိကြသူတော်တော်များများ သိကြမှာပါ။ ဘာဖြစ် လို့လည်းဆိုတော့ တနေရာထဲမှာ-တချိန်ထဲ အတူကွယ်လွန်သူ(၃)ယောက် ရဲ့ အသက်တွေက (၃၁)နှစ်တယောက် (၃၉)နှစ်တယောက်နဲ့ နောက် တယောက်က (၄၇)နှစ်ဖြစ်နေလို့ဘဲ မောင်နေလင်း)
( ဟာ (၇)ခွင် ဘုမ္မိမှာဖြစ်ကုန်ကြတာဘဲ။ )
...မြင်လိုက်တာနဲ့ -မဟာဘုတ်(၇)ခွင် ဘုမ္မိ(သို့မဟုတ်)(ဘုမ္မိကြီး ) တန်းပြောနိုင်သေးတယ်ဆိုတော့ တော်တယ်ဆိုရမှာပေါ့ မောင်နေလင်းရယ်။...
( ဪသာ် ဆရာင်္စုပညာစုံ နဲ့ သင်ယူထားတဲ့ ဆရာတို့တပည့်ဘဲ ဒီလောက်တော့ရှိရမှာပေါ့။ဆရာ )။
...ဒါတင်ဘယ် ဟုတ်ပါ့မလည်း မောင်နေလင်းရယ်-တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တယ်ဘဲပြောရမလားဘဲ။လွန်ခဲ့တဲ့ (၁၅-၅-၂၀၁၆ (တနင်္ဂနွေနေ့) ကပါလာခဲ့တဲ့ နာရေးကိုပြန်သတိရမိတယ်။...သူကလည်း ရုတ်တရက် ကွယ်လွန်သွားသူတယောက်ဘဲ သူ့အသက်က(၅၅)နှစ်
ဖြစ်ေ နပြန် တယ်။သူလည်း(၇)ခွင်ဘုမ္မိ ဘဲမောင်နေလင်းရေ။...
( ဆရာ ရယ် နေ့စဉ် နာရေးတွေ ပါနေတာ ဒီလူတွေကြမှ ကိုယ်လိုရာ ရွေးပြောနေသလိုဖြစ်မနေဘူးလား။)။
.....ဒီတချက် ပြောဖို့ကျန်နေတယ်။သူတို့(၄)ယောက်က မမျှော်လင့်ဘဲ (ဥပစ္စေဒက-ကံ)နဲ့ ရုတ်တရက် ကွယ်လွန်သွားကြတာဖြစ်နေတာမောင်နေ လင်း အမြင်ဘဲလေ။....
( ဘာနေ့သားသမီးတွေလည်းဆရာ နေ့တွေလည်းအတူတူဘဲလားဆရာ)
...(၄)ခွင်ဘုမ္မိနဲ့(၇)ခွင် ဘုမ္မိ လေးတို့ သုံးချောင်းထောက် ဘုမ္မိကြီးတို့ဆိုတာ ဘာနေ့သားသမီးရယ်လို့ခွဲခြားနေစရာမလိုတော့ ဘူးလေ။အတွင်းရန်-အပြင်ရန်နဲ့ ဆုံ /မဆုံသာကွာသွားတာပါ။...
( ဟုတ်သားဘဲ ဒီတချက်တော့ ကျနော်လိုသွားတယ်ဆရာ နာရေးဖြစ်ပုံကို သေချာမဖတ်မိလိုက်ဘူး။)
.....လူသားတွေရဲ့ ဖြစ်ခြင်း ပျက်ခြင်းနဲ့ပတ်သက်လို့ ပြောရရင် -လောကဓံ-(အမြင်သစ်)မူရဲ့ (တွေ့+မြင်+ပေါင်း+ဖက်/ရန်+တိုက်+
ခွဲ+ထုတ်-)ဆိုတဲ့ အမှတ်အသားတွေကိုကြည့်ကြည့် အဆိုး လောကဓံအနေ နဲ့ဘဲကြည့်ကြည့် လူ(၁၀)ယောက်မှာ(၈)ယောက်က အဆိုးလောကဓံ မှာေ သ ဆုံး နေကြသလို လောကဓံ-(အမြင်သစ်)မူရဲ့ (တွေ့+မြင်+ပေါင်း+ဖက်/ရန်+တိုက် +ခွဲ+ ထုတ် -) ဆိုတဲ့ အမှတ်အသား တွေနဲ့ ကြည့်လိုက်ရင် ( ရန်+တိုက်+ခွဲ+ထုတ်-) ဆိုတဲ့ အမှတ်အသား တွေမှာဘဲလူ(၁၀)ယောက်မှာ(၈)ယောက်က သေဆုံး နေကြတာကိုတွေ့ရ မှာဖြစ်တယ်မောင်ရင်။
( ဆရာ ပြောမှဘဲ စိတ်ဝင်စားစရာဖြစ်နေပြန်ပြီဆရာ။တခါက ကျနော့ ညီမလေး နာရေးအကြောင်း (မရဏ+နိန္ဒာ) အသက်ပါ ဆိုတဲ့ ဆရာရေးခဲ့ တဲ့ ဆောင်းပါးဖတ်ရကထဲက စိတ်ဝင်စားနေတာပါဆရာ။)။
...ပညာရပ်တိုင်းမှာ ပြီးပြည့်စုံတယ်တော့ ဘယ်ရှိပါ့မလည်း အားနည်းချက် အားသာချက် ဆိုတာအနဲနဲ့အများရှိနေကြမှာပါ။လေ့လာ သူတွေအပေါ်လည်းမူတည်ပါတယ်။အဓိကမိမိ လေ့လာနေတဲ့ပညာရပ်ကို မိမိပိုင်ပိုင် နိုင်နို င်ဖြစ်နေဖို့ဘဲ။မောင်နေလင်းရေ။....
( ဟုတ်ကဲ့ပါ ဆရာ ဆရာဆီရောက်ရင် မဟာဘုတ် ပညာနဲ့ လောကဓံ ပညာရပ်အကြောင်း ပြောင်းလဲနေတဲ့ ခေတ်နဲ့ သဘာဝတရား တွေ အကြောင်း တခုမဟုတ် တခု တော့ပညာရနေတာဘဲဆရာဒါကြောင့် အချိန်မအားလပ်တဲ့ကြားထဲက ခုလို ကျိုးစားပြီး လာခဲ့တာပါ။ လာရကျိုး နပ်ပါတယ် ဆရာ။)။
––ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏ ဤမှန်သောသစ္စာစကားကြောင့်...
LikeShow more reactions
Comment

Tuesday, June 21, 2016

............သမိုင်းတကွေ့...........

.........................................သမိုင်းတကွေ့...............................................


Sunday, June 19, 2016

....(....လောကဓံ(အမြင်သစ်) ဆိုတာ....)...... .........................



.........................................(....လောကဓံ(အမြင်သစ်) ဆိုတာ....)......

.........................

(ဆရာ လောကဓံ(အမြင်သစ်)နဲ့ပတ်သက်လို့ ဗေဒင်မေးပရိတ်သတ်တွေကို သိစေခြင်တဲ့ ဆောင်းပါးရေးမယ်ဆို ရေးပြီးပြီလားဆရာ )ဘဝနေနည်းများ ကိုေ ဟာပြော လမ်းညွှန်ရာ-ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊။ အမှတ်(ခ)။အရှေ့မုခ်၊(ဓါတုနိယာမနှင့်မဟာဘုတ် နဝင်းစီး ) ဓါတ် ခန်း အတွင်း၌ တပည့်ဖြစ်သူ မောင်ရာဇာမှ ကျွန်ုပ် ရေးမည်ဆိုသော ဆောင်းပါး အကြောင်း မေးမြန်းနေခြင်းဖြစ်သည်။---
...ရေးပြီးပါပြီ -မောင်ရင်လာရင်ဖတ်ကြည့်ဖို့ အဆင်သင့်ပါဘဲဗျား..
( ဆရာ ရေးသားဖေါ်ပြထားတာနဲ့ ခုဆရာပြောလိုတဲ့ တခြားနည်းတွေနဲ့ ဘယ်လိုကွာခြားနေလို့လည်းဆရာ )။ ... ဆရာယနေ့ထိ ဓနသိဒ္ဓိမှာကြော်ငြာထားတာက--
---လိုချင်လောဘမရှိကြနှင့်ဖြစ်ချိန်တန်ရင်ဖြစ်လိမ့်မည်။
---ပူပင်ကြောင့်ကြမရှိကြနှင့် ပျက်ချိန်တန်ရင်ပျက်လိမ့်မည်။
---ဖြစ်ချိန်ကဘယ်အချိန်လဲ။ ဘာကြောင့်ဖြစ်မှာလဲ။တကယ်ဖြစ်လာအောင်ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲ။
---ပျက်ချိန်ကဘယ်အချိန်လဲ၊ဘာကြောင့်ပျက်မှာလဲ။မပျက်အောင်ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲ။
ကှ်ျပညာသည် သင့်ဘဝအနာဂါတ်ကာလ၏အကောင်းအဆိုးကို ကြိုတင်သိနိုင်ပြီး၊၄င်းပြသနာများမှ လွတ်ကင်းသက်သာစေရန် ဓါတ်ဆင်၊ဓါတ်ရိုက်(နဝင်းစီး)ပညာဖြင့် ကာကွယ်ခြင်း၊ကုသခြင်း၊ တားဆီးခြင်းများကိုကြိုတင်ပြုလုပ်ဆောင်ရွက်ထားနိုင်သောပညာဖြစ်သည်။
ဒါကဆရာကြော်ငြာထည့်ထားတဲ့အပိုဒ်--ကိုကြည့်လိုက်ရင် အဖြေကရှင်း ပါတယ်။ဆရာဟောစာတမ်းတွေ၊သင်တန်းမူ(သင်ထောက်ကူ)တွေမှာ လ ည်း ဒီအတိုင်းဘဲအသုံးပြုနေတာပါဘဲ။
ကွဲလွဲချက်ကတော့ ကိုယ်ပိုင်အယူအဆနဲ့ ဟောကွက်ဘဲ။-အဲဒီဆရာရဲ့ ကြော်ငြာဖတ်ပြီး-ဗေဒင်မေးပရိတ်သတ်တွေတယောက်ပြီးတ ယောက်ရောက်သွားတယ်။သာမန်ဟောရိုးဟောစဉ်တွေဖြစ်တဲ့အပြင် ရောက်လာတဲ့လူတိုင်းကို(နဝင်း)ထိုင်ခိုင်း-ဘိုးတော်-မယ်တော်-ဝီဇ္ဇာပွဲ တွေပြင်ပြီး--ဘာမှန်းမသိနိုင်တဲ့ အိမ်နံပါတ်အကျိုးပေးတာတွေ-အကျိုးမပေးတာတွေ ။အပ်ချမတ်ချ--အချောက်မရုတ်ရင် အချုပ် မရောက်တာ တို့- ကလပ်=ခရေ-ခေါင်းလောင်း-ဖြစ်ခြင်ရာဖြစ်-ဖရောင်း-၉-တိုင်လဘက်-၉-ပုံနဲ့ပွဲပြီး လို့ပြီး။ ကောက်ညှင်းပြန်ပေါင်းစားလို့စား-နားကပ်ရေ စိမ်တိုက်လိုတိုက်-ချင်းတက်တွေ ပေါ် မီးထွန်းခိုင်းလို့ခိုင်း။ ပေါက်ေ ပါက်တွေတင်လိုတင်။ကန်စွန်းရွက်တွေ ကတက်ရွက်တွေ တင်လို့တင်-လှိမ့်ဝင်အောင်ဆိုပြီး စဥ့်အိုးတွေတွန်းနေတဲ့ပုံတွေပေးလို့ပေး-ခလေး မီးဖွားတာအဆင်ပြေအောင်-မကြေလည်းမွှေး ကြေလည်းမွှေးဆိုတဲ့နိမိတ် ယူ တယ်ဆိုပြီး ခရေပန်းတွေကို ယတြာတွေလုပ်လိုလုပ်-အမတန် ခက်ခဲန က် နဲလှတဲ့ အင်း-စမတွေကို မိတ္တူကူးယူပြီး ဘဝတည်ဆောက် ခိုင်း နေကြ တာကတော့ ပညာရှင်ကြီးတွေနဲ့ ပညာရပ်ကိုမလေးစားရာရောက်ပါတယ်။ စသည့်စသည့်နည်း ပေါင်း သောင်းခြောက်ထောင်-နဲ့ ရောင် (၆၀)ဆ ရာဖြ စ်နေ တယ်။-
....သူတို့နည်းနဲ့သူတိုယုံကြည်လို့လုပ်နေကြတာ ဘာမှမပြောလိုပေမဲ့ေ လာ ကဓံ ပညာနဲ့ (နဝင်းစီး)ပညာကိုင်တွယ်အသုံးပြုနေ တဲ့ဆရာ ဖြစ်ေ နလို့ ပြောရတာပါ။မိမိကိုင်တွယ်အသုံးပြုဟောပြောနေတာက ဘုရား ရှင် လေးသင်္ချေနဲ့ ကမ္ဘာ တသိန်း သစ္စာထိုက်အောင်ရှာဖွေထားတဲ့ -လောက ဓံ(၈)ပါး/မ၈္ဂင်(၈)ပါး။အကြောင်းနဲ့ အကျိုး နဲ့ လူ့ဘဝရဲ့ အနှစ်သာရတွေကို လမ်းညွှန်ရမှာ အခုတော့ အခွံလို့ ဆိုရမဲ့ လူကတ ဆင့်ပွားထား တာတွေေ နာက် ရှောက် လိုက်နေကြလို့ပါ။ ဆရာဟောပြောလမ်းညွှန်နေတာက-(မွေးရာပါ-သောက်ကျင့်) (မိဘအုပ်ထိမ်း သူတွေလက်ထက်မှာ နေခဲ့ရ တဲ့ သောက်ကျင့်) (လက်ရှိပိုင်ဆိုင်မှု/လိုအပ်မှုတွေပေါ်မှာဖြစ်ပေါ်ခံ စားေ နတဲ့စိတ်ကိုပြုပြင်နေထိုင်စေတဲ့နည်းပါ။လူမျိုး ဘာသာ ယတြာ ကိုဦး စားေ ပး တာ မဟုတ် တော့တခြားစီဖြစ်ကုန်တော့ တာပေါ-့ဗေဒင်မေးပရိတ် သ တ်ေ တွ ဆရာ့ဆီရောက်လာ မှ-ဒါတွေသိရတာ-...
(ဗေဒင်မေးသူတွေကတခြားဘာတွေပြောသေးလဲဆရာ) ...ပြောသွားတာတွေကတော့အများကြီးပါဘဲ။အဓိကပြောခြင်တာက--ရည်ရွယ်ချက်-အယူအဆ-အတွေးအခေါ်လမ်းညွှန်မှု မတူတာတွေ အကြောင်းပါ။လူတယောက်ဟာ အရင်ဘဝ-ကံ-ကြောင့် လူဖြစ်လာပြီး လက်ရှိသူ့ရဲ့ လုပ်ဆောင်မှု-ကံ-နဲ့ပေါင်းပြီးဘဝကိုတည်ဆောက်ရ တာပါ။ အဲဒီလိုဖြစ်ပေါ်လာတဲ့လူတယောက်ကို ဘာမဟုတ်တဲ့သာမန်ဆရာ တယောက်က (ပြောင်းလဲနေတဲ့ ခေတ်နဲ့ကိုယ်သောက်ကျင့်) ကိုမကြည့် ဘဲ။ ရှေးခေတ်က ဘုန်းရှင် ကံရှင် ပညာရှင်ကြီးတွေရေး ခဲ့တဲ့ ကျမ်းတွေ ဖတ်ပြီး လုပ်ခြင်ရာလုပ် နေခြင်သလိုနေလာတဲ့လူတ ယောက်ကို ပညတ်ေ တွ တင်ပြီး ယတြာတွေပေးနေတော့ စဉ်းစားကြည့်လေ။ ဘယ်လိုဖြစ် နိုင်မှာလည်း-သူ့ကံနဲ့သူဖြစ်သူ့ကံနဲ့ပျက်နေချိန်နဲ့တိုက် ဆိုင်နေ တာကို-ယတြာတွေ ကြောင့်လို့ထင်နေကြတာပါ။ လောကဓံ(အမြင်သစ်)ရဲ့ မူအရ ကံကို အကြောင်း အကျိုး ဆက်စပ်မမြင် သေးသ မျှ တော့ ယတြာကိုအား ကိုး ယုံကြည်နေကြဦးမှာဘဲ။ဒါကြောင့် ကာယကံရှင်ကိုယ်တိုင်လိုက် နြာ ပုပြင်မှုမရှိသောယတြာအားလုံး( စိတ်ပြေလက် ပျောက် ဒုက္ခရောက်) ယတြာ လို့ပြောတာပေါ့။ဆရာကြီးဦးကြာမြင့်ပြောပြောနေတာ-သူ့ပညာရပ်ကိုအဲ့ဒီလိုပညာရပ်မဆန်တဲ့ ကြောင်တောင်တောင်မူတွေနဲ့ရော ထွေးမသုံး ကြဘို့မိမိနဝင်းပညာတွေပါမှေးမှိန်ကုန်တဲ့အကြောင်း ဆရာကြီးရေးသားထုတ်ဝေ ခဲ့တဲ့စာအုပ်တွေမှုာလည်း ဖေါ်ပြ ထားခဲ့ ပါ တယ်။........အထူးမှာထားတာက--(နဝင်း)စီးပွဲမှာ--ဂါထာမန္တန်တွေ မရွတ် မဖတ်ကြဘို့ကိုတပည့်တွေကို အမြဲမှာကြား ခဲ့တယ်။
(ဆရာရယ်-ဘုရားဟောနုတ်ခပါတ်တော်တွေကိုရွတ်ဖတ်ပူဇော်တာ ပို မကောင်းဘူးလားဆရာ)
...တခြားနေရာတွေမှာတော့-ဟုတ်မှာပေါ့-ခု(နဝင်း)စီးပွဲမှာက ရွတ်ဖတ်ပူဇော်ပြီးရင်--နဝင်းကြိုးတွေကို-ခလေး-လူကြီး၊ယောင်္ကျား-မိန့်းမ-အားလုံးအဲဒီ-နဝင်းကြိုးကိုခွကျော်သွားရမှာဖြစ်လို့-အန္တရာယ်ရှိလို့ဆ ရာကြီး က တားခဲ့တာပါ။
(တခြားဘာတွေ ကွာခြားနေသေးလည်းဆရာ)
ဆရာနဲ့ဆင်တူရိုးမှားကြော်ငြာထားတော့ ပညာခြင်းတူမယ်ထင်ပြီးေ ရာက် သွားတယ်-သူတို့ထင်သလိုမဟုတ်တော့-ဆရာပါ ရောပြီးအထင်သေး
ခံရတာပေါ့၊ဒါကြောင့်လည်းဒီဆောင်းပါးကိုရေးရတာပါ။ဆရာတို့လည်း ဆရာ့ဆရာတွေရဲ့ ကောင်းမွန်တဲ့အယူအဆဟောပြောကွက်တွေမှီငြမ်း ရ တာပါဘဲ၊ဒါပေမဲ့သူတို့မူကိုမထိခိုက်အောင်သုံးရတာပေါ့။
အခုကိစ္စကဆရာကြီးပညာမူရင်း(လောကဓံ(၈)ပါး/မဂ္ဂင်(၈)ပါးနဲ့ဆရာ့လောကဓံ(အမြင်သစ်)ပညာရပ်တွေပါထိခိုက်နေလို့ဆရာ့ပရိတ်သတ်နဲ့ကြော်ငြာ
ဖတ်ပြီးလေ့လာနေတဲ့ ဗေဒင်ဝါသနာရှင်တွေ နားလည်မှုမလွဲအောင်-ကြိုတင်အသိပေးတဲ့သဘောပါ။
။( ကောင်းတယ် ဒီအတိုင်းတာ တင် လိုက်ပေတော့ ဆရာရေ့ ).....

Wednesday, June 15, 2016

..(-မှတ်မှတ်ရရ)...(၁၁-၁၂၀ဝ၈-)နှစ်သီရိဝေဒပညာဒါန-)...


Thursday, June 9, 2016

.(((..မန္တလေးမှာရှိနေမယ်..နောက်ဆက်တွဲ .))


......(((..မန္တလေးမှာရှိနေမယ်..နောက်ဆက်တွဲ .)))......
................... ................
--( ဓနသိဒ္ဓိ စာစောင်ကိုင်ပြီး ဘာတွေစဉ်းစား နေတာလည်းဆရာ )à.မောင်နေလင်းပါလား..လာထိုင်လေကွာ မတွေ့တာတောင်ကြာနေ ပါပြီကောလား..(ဟုတ်တယ်ဆရာရေ ဆရာပြောပြောနေတဲ့ အဆိုးေ လာကဓံ(အမဲပိုင်း)ဒုက္ခကိုအသက်(၃၀)ကျော်မှဘဲ လက်တွေ့ တွေ့ကြုံ ရင်ဆိုင်ခံစားလိုက်ရလို့ ]]ကိုယ်တွေ့ဖြစ်နေလို့ ယုံပါပြီဗျာ}}လို့ ဝန်ခံ ရတော့မှာဘဲ ။ဒါတောင်မှ ဆရာပြောတဲ့ .မွေးရာပါ-(သောက်ကျင့်)နဲ့ လာပေါင်းမဲ့ .အလုပ်/အိမ်ထောင်/သားသမီး ဆိုတဲ့ သံယောဇဉ်(၃)မျိုး မရှိသေးလို့ ဆ၇ာရေ့ အဲဒီ(၃)ခုသာရှိနေရင် ခုနေဆို ရူးလောက်ပြီဆရာ ) ။မောင်နေလင်းတယောက်သူကကိုယ်တွေ့ ခံစားချက်များကို အားပါးတရ ရင်ဖွင့်နေလေတော့သည်။ .............ဒီလိုမောင်နေလင်းရေ ၂၀၁၄-ခုနှစ်လောက်က ဓနသိဒ္ဓိစာစောင်မှာ ရေး ခဲ့တဲ့ ဆောင်း ပါးေ ဟာကွက်အတိုင်းဒီနေ့ (အဆိုး လောကဓံ)ကို လက်တွေ့ ဖြစ် ပေါ်ခံ စားနေရတဲ့ အကြောင်းရေးနေတာကွ.....( ဘာတွေများ ကြိုတင် ဟောပြော ထားလို့ ဘာတွေများဖြစ်ကုန်လို့လည်းဆရာ). ...ဆရာရေးထားခဲ့တဲ့ ဆောင်းပါးအတိုင်း လုပ်ငန်းမှာ အခက်အခဲအမျိုးေ တွ့ကြုံနေရပုံ+အလုပ်သမားပြသနာ+ရှိတဲ့ အလုပ်နေရာတွေပြောင်းေ ရွ့ ရောင်းချပြစ်ရ တာတွေ+လည်ပတ်နေတဲ့လုပ်ငန်းထဲကတခုပြီး တခုပြ သနာတွေ ဖြစ်ပြီး(((-အောင်မြင်နေတဲ့ လုပ်ငန်းတခုရပ်ပြစ်လိုက့်ရတာ- ))) တွေဖြစ်နေတာကြောင့် ခုလိုပြန်လည်တင်ပြဖို့ စဉ်စားလိုက်ရတာပါ။ ဖတ်သာကြည့်ပေတော့ မောင်နေလင်းရေ......................................(ဟုတ်ကဲ့ပါဆရာ) ဟုပြောပြော ဆိုဆို မောင်နေလင်း တယောက် ဓနသိဒ္ဓိ စာစောင်ကို ယူဖတ်လေတော့သည်။
....မန္တလေးမှာရှိနေမယ်...(အမြင်သစ်)..၂၀၁၄-......
.ကြုံတုံးကြုံခိုက်.ဘဝမှာအဆင်ပြေပြေလေးနေသွားရလေအောင်.ဘဝနေနည်းများ ကိုလမ်း ညွှန်ပေးနေသော အမှတ်(ခ)၊အရှေ့မုခ်၊မိုးကောင်းဘုရား မှကျွန်ုပ်၏(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး ဓါတ်ခန်း) အတွင်း..ဆေးလ ဘက်ခြောက်နှင့်သေ သေချာချာနှပ်ထား သည့်ရေနွေးကို ဆောင်းတွင်း ကာလ ၏အအေးဒဏ်ကိုခံ နိုင်ရန်ဇိမ်ခံသောက်ရင်းကျွန်ုပ်ဖြတ်သန်း လာခဲ့ ရသည့်..ဘဝခရီးကိုပြန် လည်စဉ်းစားနေမိသည်။
]]မင်္ဂလာပါဆရာ}}ဟူသောအသံကြောင့်...]]အသံလာရာဆီသို့ကြည့်လိုက်ရာမန္တလေးမြို့မှမိတ်ဟောင်း ဆွေဟောင်း.မဝေ.ဖြစ်နေလေသည်။
]]မဝေ.လာထိုင်ဗျာ.ဒီတခါတော့တယောက်ထဲလား}} ]]ဟုတ်တယ်ဒီတခါတစ်ယောက်ထဲဆရာ၊ အလုပ်ကိစ္စနဲ့ လာရင်းညီ မမိသားစုတွေ အိမ်တွင်းရေးအကြောင်း-လေးသိခြင် တာနဲ့ ဆရာ့ဆီရောက် လာတာဆရာရေ..}}
]]ကဲ.ညီမမိသားစုအကြောင်းလေးကြည့်ရအောင်သူတို့မိသားစုမွေး သက္ကရာဇ်လေးတွေပြောပါဦး}}
]]ဟုတ်ကဲ့ဆရာ}}မဝေ.တစ်ယောက်ပြောပြောဆိုဆိုမိသားစုမှတ်တမ်းစာအုပ်ထုတ်ကာမွေးသက္ကရာဇ်များကိုပြောပြ နေသဖြင့် ကျွန်ုပ်လည်း အောက် ပါအ တိုင်းေ ရးမှတ်အဖြေထုတ် လိုက်လေသည်။
àအိမ်ထောင်ဦးစီး---ကိုအောင်အောင်
မွေးသက္ကရာဇ်-------(၁၀-၁-၁၉၇၁)--(တနင်္ဂနွေသား-၂/၁=၄၄)
àညီမအမည်-------မစမ်းစမ်းမွေးသက္ကရာဇ်-------(၂-၁၂-၁၉၆၉)--(အင်္ဂါသမီး-၁/၃=၄၅)à
လာရောက်မေးမြန်းသည့်နေ့----(၁-၁-၂၀၁၄) --(ဗုဒ္ဓဟူးနေ့)
àမိဘယောက္ခမ..အတူနေသားသမီးများ+အလုပ်အကိုင်..နေရပ်..စသည့်လိုအပ်ချက်များမေးမြန်းထားလိုက်သည်။
၁àကိုအောင်အောင်(တနင်္ဂနွေသား)
-- ၄၃-၄၄/၄၅-၄၆-နှစ်များသည်(၄)ကြိမ်မြောက်လောကဓံ(အညံ့ပိုင်း)ကျရောက်၍-၄င်း(၄)နှစ်တွင်-လက်ရှိ ပိုင်ဆိုင်ထားသော ပိုင်ဆိုင်မှုများ ကိုထိမ်း သိမ်းရန်သာဖြစ်ကြောင်း-ပေါင်နှံချေးငှား-ပြီးလုပ်ငန်းတွေထပ်မံ မတိုးချဲ့ ရန်နှင့် မိသားစုများနှင့် အဆင်ပြေအောင် နေရန်မှာကြား လိုက်ပြီး--- -..ပတ်ဝန်းကျင်ကိုမေးထူးခေါ်ပြောသာပြောဆိုဆက်ဆံနေထိုင်ရန်နှင့်(စေတနာ+မေတ္ကာ+သဒ္ဒါတွေ) ကိုပြစ်ပယ်ပြီး (ဥပက္မာ)တရားကိုလက်ကိုင် ထားပြီးအရာရာသီးခံ.ဒေါသကို ထိမ်းထားရန်မှာကြားနေရသည်။
]]ကျမမေးလို့ရပြီလားဆရာ}}မဝေ၏ကြားဖြတ်မေးသံကြောင့်ပြောလက်စ..စကားကိုဖြတ်ကာ..မဝေ..ပြောမည့်အကြောင်းကိုနားထောင်နေလိုက် မိသည်။
]]ပြောပါမဝေပြောလို့ရပါပြီ}} ]]ဆရာပြောသလိုဆိုရင်-ကျမလာတွေ့တာနောက်များ ကျနေပြီလားမပြော တတ်ပါဘူး}}
ိ ]]ဘာဖြစ်လို့လည်းမဝေ }} ]]မောင်အောင်ရဲ့လုပ်ငန်းတခုကရပ်နား လိုက်ပြီဆရာနောက်တခုက လုပ်ငန်းလုပ်နေတဲ့နေရာကိုလည်းရောင်းလိုက်ပြီဆရာ}}
]]ဒါဖြင့်သူ့လက်ကျန်လုပ်ငန်းတွေကိုဘယ်မှာပြောင်းရွေ့လုပ်ကိုင်နေကြလည်းမဝေ}}
]]သူတို့လုပ်နေတဲ့ လုပ်ငန်းတခုနဲ့ပေါင်းပြီးလုပ်နေတယ်ဆရာ}}
]]]]ပြီးတာတွေကတော့ပြီးပါစေတော့မဝေ။ နောက်ထပ်ပေါင်နှံချေးငှားရောင်းချတာတွေဆက်မလုပ်ဖို့တော့သေချာပြောပြထားပါ။ သူတို့တခါမှမကြုံ ဘူးေ သးတဲ့ဒုက္ခကတော့လာနေပြိ။ထင်ရာဆက်လုပ်နေမယ်ဆိုရင်တော့ဒုက္ဒတကယ်ရောက်တော့မယ်}}
]]ဒုက္ဒတော့ရောက်ပြီထင်တယ်သူတို့ကို ကယ်ပါဦးဆရာ}}
]]ဒီလောက်လည်းမပူပါနဲ့မဝေဆရာ့မူမှာ ဒုက္ဒဆိုတာဖြစ်လာ တာမ ဟုတ်ပါဘူး။ဒုက္ဒကပေါ်လာတာ.ကိုယ် ကဒုက္ဒကို.. ဒုက္ဒမှန်းမသိ လို့သွား လုပ်လိုက်မှ(ဒုက္ဒ)ကဖြစ်တာပါ။
]]လိုအပ်တာတွေဆက်ပြီးလမ်းညွှန်ပါဦးဆရာ }}
]]မောင်အောင်အောင်ကြိုသိထားဖို့ကတော့--လုပ်ငန်းတွေတဖြည်းဖြည်းကျ ဆင်းလာတာတွေတွေ့လာရလိမ့်မယ်။ပြီးတော့-သူအားထားရတဲ့ လူတော်လူကောင်းလေးတွေလုပ်ငန်းခွင်ကတဖြည်း ဖြည်းထွက်ကုန်ကြလိမ့်မယ်။}}
]]ဟုတ်တယ်ဆရာရေ့..ဒီမလာခင်တရက်က.မောင်အောင်မျက်နှာမသာမယာနဲ့ရောက်လာလို့ဘာတွေများအကြောင်းထူးလို့လည်းဆိုတာသိချင်တာနဲ့မေးကြည့်တော့။သူအားကိုးအားထားပြုနေရတဲ့လက်ရင်းတပည့်တယောက် အလုပ်က ထွက်သွားလို့စိတ်ဓါတ်တွေကျနေတဲ့အကြောင်းပြောသွား တယ် ဆရာ }}
]]ဒီထက်ပိုခံရခက်စေမှာကနောင်ရောက်လာမဲ့အလုပ်သမားတွေကဒုက္ဒပေးမဲ့သူတွေဖြစ်နေတာဘဲ}}
]]အဲဒါဆိုဘာဆက်လုပ်ရမလည်းဆရာ}}]]ထွေထွေထူးထူးတော့မလိုသေးပါဘူးခုလိုကြုံလာမဲ့အခက်အခဲတွေကိုကြိုတင်သိနေပြီဘဲ။ကြိုမသိရင်အမျိုးပေါ့။ သိတော့သိတယ်လုပ်ရင်တောပြုတ်မှာဘဲ}}
]]ဆရာတခါကပြောဖူးတဲ့နည်းအတိုင်း.. ---သူ့အမျိုးသမိးနာမည်နဲ့သူ့အမျိုးသမီးဦးဆောင်လုပ်ရင်ရနိုင်မလားဆရာ}]
ို ]]မဝေမှတ်မိသားဘဲ..ရတာပေါ့မဝေရယ်}}
]]ရရင်လည်းလုပ်ပါဆရာရယ် သူတို့ကိုယ်စား ကျမပိုပြီးပူနေရ တယ် ဆရာ}]
]]ဒီလောက်ဘဲပြောလို့ရမယ် မဝေ..ကျန်တဲ့အပိုင်းတွေကိုတော့ ကာယ ကံရှင် ကိုယ်တိုင်နဲ့အမေးအဖြေလုပ်ရမှာဖြစ်လို့.မဝေနား လည်သလော က်ပြောပြလိုက်ပါဦး၊ပြောမရမှဘဲလွှတ်လိုက်ပေါ့သူတို့လည်းရောက်ဖူးနေကြတာ ဘဲလေ}]
]]ဟုတ်ကဲ့ဆရာ ကျမလွှတ်ဖြစ်အောင်လွှတ်လိုက်ပါ့မယ်.သေသေ ချာချာလေးနားလည်အောင်ပြောပြပေးပါ ဆရာသူကဆရာပြောမှဘဲရ မှာ..ဘယ်သူ့စကားမှနားထောင်တာမဟုတ်ဘူးဆရာ}} ]]မဝေကိုကြိုပြောပြထားရ ဦးမယ် သူ့အမျိုးသမီးနဲ့လွှဲပြောင်းလုပ် ကိုင်လို့ရတယ်ဆိုပြီး အေးအေးဆေးဆေးလုပ်နေကြဦးမယ်၊ လိုက်နာရ မဲ့အကြောင်းတွေကိုအသေးစိတ်ကြိုပြောပြ ထားရဦးမှာ..လုပ်ခြင်ရာေ တွလုပ်ပြီးမှ ပြေးပြေးလာရင်ပိုဆိုးကုန်ကြတာများ တယ်..}} ]]ဟုတ်ကဲ့ကျေးဇူးပါဘဲ..ကျမပြန်လိုက်ပါဦးမယ်..ဆရာ}}မဝေတစ်ယောက်ပြောပြောဆိုဆိုနှုတ် ဆက်ကာပြန်သွား သည်နှင့်တ ပည့်ဖြစ်သူမောင်ရာဇာ တယောက်ထုံးစံအတိုင်းဟောပြောခဲ့သည့်ပညာ အကြောင်းအရာများ ကို များ ကို စတင်မေးမြန်းလေတော့ သည်
]]ဆရာအနားယူဦးမလားကျနော်ဆက်မေးလို့ ရမလား}}
]]မေးလို့ရပါတယ်မောင်ရင် ရယ်..ခုလိုလာနေကြလူဟောင်းတွေ ကိုဟောပြောလမ်းညွှန်ရတာ လွယ်လာ ပါပြီးကွ၊အရင်ကလိုခက်ခက်ခဲခဲ မဟုတ် တော့ပါဘူး}}
]]ဒါဖြင့်လည်းကိုအောင် အောင်ကိုဟောပြော လမ်းညွှန်တဲ့အဲ့ကြောင်း စရှင်းပြပါဦးဆရာ}}
]]ကိုအောင်အောင်ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်--
]]ကိုအောင်အောင်၏ဇနီးဖြစ်သူမစမ်းစမ်း...၊ယခုရောက်ရှိနေသောအသက်(၄၄-၄၅/၄၆-၄၇)နှစ်များသည်(၄)ကြိမ်မြောက် ကံကောင်း ချိန်ဖြစ်နေလို့ သူ နဲ့ လွှဲပြောင်းခိုင်းလိုက်တာပေါ့ }}
]]ဆရာ ဒီလောက်ပြောလိုက်ရင်ကာယကံရှင်ကလာါဦးမလားဆရာ}}
]]မလာဘဲဘယ်နေပါ့မလည်းမောင်ရာဇာရယ်၊။နောက်ထပ်မှာစရာအများကြီးရှိနေသေးတယ်ဆိုတာသူတို့သိနေကြတယ်လေ}]
]]ဘာဖြစ်လို့တခါတည်းမပြောလိုက်တာလည်းဆရာ}}
]]ဘာဖြစ်လို့မပြောလိုက်တာလည်းဆိုတော့.ရေရေရာရာပြည့်ပြည့်စုံစုံပြန်မပြောတတ်မှာရယ်.သူတို့ပြောလို့ ဆိုလို့မရတဲ့ သူဖြစ်နေလို့ပေါ့မောင် ရာဇာရယ်။
အရေးအကြီးဆုံးအချက်ကစီးပွားဖြစ်ပြီးရင်..အလုပ်နဲ့ အိမ်ထောင်ေ ရးပြို ကွဲမဲ့အခြေအနေကိုသူတို့ကိုယ်တိုင်လာမှကြိုတ င်ပြောပြ ထား ခြင် လို့ပါ}}
]]ဘယ်အချက်လည်းဆရာ}}]]မောင်အောင်အောင်အသက်(၄၅)နှစ်မှာလောကဓံ(အဆိုး)ရဲ့(၃)ကွက်မြောက်(အမြင်သစ်)မူအရ(ခွဲ+ထုတ်)မဲ့အခြေအနေရောက်နေချိန်..
သူ့အမျိုးသမီးအသက်(၄၆)နှစ်မှာ(အင်းဝ)အတွင်းရန်ရယ်(မာန)နယ်ရောက်နေတာရယ်ပေါင်းမိပြီးအိမ်ထောင်ရေးပြိုကွဲဖို့ကြုံမှာ ကိုကြိုပြောပြ ထားရမဲ့အချက်က(အဓိက)ဘဲ။}]
]]အဲဒီနှစ်မှာသူတို့တွေတကယ်အိမ်ထောင်ကွဲကြမှာလား ဆရာ}}
]]]]ခုလိုကြိုတင်သိထားပြီးလိုက်နာကြမယ်ဆိုရင်ဘာမှဖြစ်စရာမရှိပါဘူး။မသိဘဲဒီအတိုင်းဆက်သွားနေလို့ကတော့...သိပ်သေချာတာပေါ့.. .လို့ပြောထား လိုက်ရုံမှတပါး..
....................................................................................
--ထိုကာယကံရှင်နှစ်ဦးသည်.ကျွန်ုပ်ဆီသို့ လာရောက်ဆွေးနွေးခြင်း မရှိခဲ့ကြပါ။ ၂၀၁၅--သင်္ကြကာလမှာ-လောကဓံရဲ့ သဘောအတိုင်း ကြိုမသိခြင်း-မလိုက်နာလိုက်ခြင်းကြောင့် အိမ်ထောင်ရေးအကြောင်းေ တာ့မသိရသေးဘူး.လုပ်ငန်းကြီးတခု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း-စာစောင်တွေမှာ တရားဝင် ထပ်မံ ကြော်ငြာ ထားတာတွေ့လိုက်ရပါတယ်။
.................
ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏--..... ဤမှန်သောသစ္စာစကားကြောင့်...လောကဓံ(အမြင်သစ်)---......................................ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)
LikeShow more reactions
Comment

Saturday, June 4, 2016

(ရာဇာ) àààယနေ့ခေတ် ရေစီးကြောင်းပေါ်က ..ယတြာ.ààà

(ရာဇာ)  àààယနေ့ခေတ် ရေစီးကြောင်းပေါ်က ..ယတြာ.ààà

( ဆရာကြီး ကျနော့ကို ပြောမယ်ဆိုတဲ့ စကားတွေ ဘယ်တော့မှပြောမှာလည်းဆရာကြီး )ကျွန်ုပ်သည် ဆရာကြီး နှင့်တွေ့ဆုံတိုင်းမိမိသိ လိုသည်များ ကို ခုလိုမေးမြန်းခွင့်ရသောကြောင့် ဆရာကြီးနှင့်အမြဲတွေ့ချင်နေမိသည်။ သို့သော်တွေ့ခြင်တိုင်းမတွေ့ရလေသောကြောင့် ခုလိုတွေ့ ဆုံခိုက် သိခြင်တာတွေကိုမေးမြန်း ရခြင်းဖြစ်သည်။
àààဆရာကြီးပြောပြခြင်တာက ဒီနေ့ခေတ်ရဲ့ ဗေဒင် ရေစီးကြောင်းပေါ်က ..ယတြာ..အကြောင်းဘဲ ààà
( ယတြာအကြောင်း ဟုတ်လားဆရာကြီး )
àààဟုတ်တယ်မောင်ရင် ဗေဒင်မှာ ဟောပြောတဲ့ ပညာရပ်အနေနဲ့ သူ့ပညာရပ်နဲ့သူဆိုတော့ အထွေအထူးပြောစရာမလိုတော့ဘူးပေါ့။သင်ယူလေ့ကျင့် ဟောပေါ့။ယတြာပိုင်းကြတော့ ဒီလိုမဟုတ်တော့ဘူး။သင်ယူပြီးလုပ်လုပ်-စာအုပ်တွေဖတ်ပြီးလုပ်လုပ် သူကကိုင်တွယ်သူရဲ့ ကံ စိတ် စေတနာ သောက်ကျင့်ပါလာပြီ။ တကမ္ဘာလုံးမှာရှိတဲ့ ယတြာတွေ ရှေးကျမ်းတွေထဲကကူးရေး မိတ္တူတွေရေးထုတ် ဒါဆောင်ရင်ဘာဖြစ်မယ်။ညာဖြစ်မယ်ဆိုတဲ့ အရေးအသားတွေ ဒီနေ့ဗေဒင်လောကမှာတော်လေးတွေ့လာနေရတယ်။ààà
( အဲဒါမကောင်းဘူးလားဆရာကြီး..ဝါသနာပါသူတွေအတွက် ဗဟုသုတလည်းရ အသုံးပြုလိုသူတွေလည်းအဆင်ပြေတာပေါ့)
àààဝါသနာပါသူတွေအတွက် ဗဟုသုတလည်းရ တာတော့ဟုတ်နိုင်ပါတယ်.အသုံးပြုလိုသူတွေအတွက်တော့ အဆင်မပြေနိုင်ဘူး မောင်ရင် ààà
(ဘာဖြစ်လို့လည်းဆရာကြီး)
àààဘာဖြစ်လို့လည်းဆိုတာထက် တခြားသူတွေ သူတို့ ပညာနဲ့ သူတို့ယုံကြည်ရာသူတို့ လုပ်ကြပါစေ--မောင်ရင်တို့ မလုပ်မိဖို့အ ရေးကြီးတယ်။.ယနေ့ခေတ်မှာ ယတြာဆိုတာ အတုလုပ်တဲ့သဘော၊စိတ်ပိုင်းဆိုင်ရာစိတ်ဓါတ်မြင့်တင်တဲ့သဘောလောက်ပါဘဲ။ààà
( ဒါဖြင်ရင် ရှေးခေတ်ဟောင်းကျမ်းတွေမမှန်ဘူးလို့ဆိုလိုတာလားဆရာကြီး)
àààရှေးခေတ်ဟောင်းကျမ်းတွေမမှန်ဘူးလို့ပြောနေတာမဟုတ်ပါဘူး။နှစ်ပေါင်းရာချီပြီးကြာနေပြီဖြစ်တဲ့ ဘုရင်ခေတ်က အခေါ်အဝေါ်အသုံးပြုမှုတွေဟာသူ့ခေတ်နဲ့သူ မှန်ကောင်းမှန်နိုင်ပါတယ်။ နှစ်ပေါင်းရာချီကြာခဲ့ပြီနော်။နောက်တခု ဘုရာလက်ထက် ဒါတွေကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ နှစ်ပေါင်းက ထောင်ကျော်နေပြီ ဆိုတော့ ဒီကျမ်းတွေအတိုင်းခေတ်ကဖြစ်နိုင်ပါဦးမလား ààà
( ဆရာကြီးရယ် တပြည်လုံးက ဗေဒင် ဆရာအတော်များများ ဒီလိုဘဲ သုံးနေကြတာဘဲမဟုတ်လားဆရာကြီး )။
àààအေး ဒါကြောင့်လည်းသူတို့ကိုအပြစ် မပြောပါဘူး။သူတို့က ဒီပညာကိုသင်ပြီး ဒီလိုလုပ်ကြတာသူတို့အပိုင်းလေ၊ ခုဆရာကြီး ပြောနေတာက လူရဲ့ (ကံနဲ့ စိတ်) ကိုကိုင်တွယ်ပြုပြင်တဲ့နည်းကိုသုံးနေတဲ့ မောင်ရင်တို့လိုပညာရှင်ဖြစ်လာမဲ့သူတွေကိုပြောတာပါ။ လူသားတိုင်း မတွေ့ခြင်လို့မရနိုင်တဲ့ ကောင်းဆိုးနှစ်တန် လောကဓံကို နေ့စဉ် လစဉ် နှစ်စဉ် လက်တွေ့ကျကျရင်ဆိုင်ဖြတ်သန်းနေတဲ့သူတွေ အဖို့ လောကဓံကို
ရင်ဆိုင်ရမှ တခြားသူတွေလို ပြာပြာသလဲ ဖုတ်ပူမီးတိုက် ဘာသာရေးလုပ်ခိုင်းတဲ့သူတွေက လုပ်။ အဘတွေ ဝိဇ္ဇာတွေ သိုက်တွေ ပဌာန်းဆက်တွေ
ပြောပြီးပွဲပြင်တဲ့သူတွေကပြင် လှေဦးတိုက် လှည်းဦးတိုက်တွေ သစ်ပင်ကြီးတွေရှိနေလို့ အိမ်ကဘယ်ဘက်လှည့်ထားလို့ နို့ညှပ်ဖြစ်နေလို့ စတဲ့ အပိုအလုပ်တွေလုပ်နေစရာ မလိုတော့ဘူးလေ။ မလိုတော့ဘူးဆိုတာ လုပ်လည်း ဘာမှထူးခြားလာမှာမဟုတ်လို့ဘဲ။.ààà
( ဒါဖြင့် ဆရာကြီးပြောသလိုဆိုရင် ယတြာ ဆိုတာ )
àààဟုတ်တယ်မောင်ရင် အားမနာတမ်းပြောရရင် ယနေ့ခေတ်မှာ ယတြာဆိုတာ အတုလုပ်တဲ့သဘော၊စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်မြင့် တင်တဲ့သ ဘောလောက်ပါဘဲ.ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် ဆိုတဲ့ စကားအတိုင်း ဆရာကြီးလေ့လာခဲ့တာ...ဗေဒင်လာ မေးတဲ့သူတော်တော်များများက သူတို့အမှန်အမှားထက် ဖြစ်ခြင်တာတွေကို ဗေဒင်ဆရာတွေဆီကို လာလုပ်ခိုင်းတာပါ။ ဗေဒင် ဆရာက သူ့တို့ဖြစ်စဉ်အမှန်အတိုင်းသိနိုင် ပါ့မလား--သူတို့ပြောတဲ့ အပေါ်မူတည်ပြီး ယတြာ လုပ်ပေးနေကြတာများပါတယ်။ ဆရာတို့ ကိုင်တွယ်အသုံးပြုနေတဲ့ ပညာရပ်ဟာ ကြိုတင်ဟောပြောလမ်းညွှန်ခြင်းသာဖြစ်တယ်။လုပ်ခြင်ရာလုပ်ပြီး ဒုက္ခဖြစ်လာမှ (ကယ်မတဲ့ ပညာ )မဟုတ်ဘူး။ဆရာကြီးနဲ့ ယတြာလုပ်ဖို့ရက်ချိန်းယူထားတုံးရှိသေးတယ် သူတို့လုပ်ငန်းတွေ ယတြာတောင်မလုပ်ရသေးဘူး အောင်မြင်ဖြစ်မြောက်သွားတာ တွေအများကြီ တွေ့လာရသလို  ဆရာကြီး ယတြာ လုပ်ပေးပြီးသူတို့ လုပ်ငန်းတွေမအောင်မြင် မဖြစ်မြောက်တာတွေလည်းတွေ့လာရတာများနေပြီ။ààà
( ဆရာကြီးက ဆရာကြီးသိထားတဲ့ ပညာနဲ့ ဆရာကြီးတယောက်ထဲအတွေ့အကြုံတွေကိုပြောနေတော့ ဟုတ်ခြင်ဟုတ်နေမှာပေါ့ တခြားပညာရှင်တွေ အနေနဲ့ ကြတော့လည်းသူတို့နည်းနဲ့ သူတို့တွေဟုတ်ခြင် ဟုတ်နေမှာပေါ့ ဆရာကြီးရယ်)
àààဆရာကြီးလည်း ပထမ အဲဒီလိုဘဲ တွေးမိသေးတယ်။ နောက်မှ ဆရာကြီးဦးကြာမြင့် ရဲ့ တပည့်ဆရာကြီး ဦးလင်းအောင် စာအုပ်တွေမှာပါလာတဲ့ အကြောင်းအရာတွေကိုပြန်သတိရမိလာတယ်။အဲဒီမှာ စစဉ်းစားပြီ.ààà
( ဆရာကြီး ဦးလင်းအောင် စာအုပ်တွေမှာ ဘာတွေ များ ရေးထား လို့လည်းဆရာကြီး)
àààခုနက ဆရာကြီးပြောခဲ့ သလိုပါဘဲ သူကိုယ်တိုင် လနဲ့ ချီ ပြိးလုပ်လို့ မအောင်မြင်သေးတဲ့ ယတြာကိစ္စတွေ သူ့တပည့် လုပ်လိုက်တာ ရက်ပိုင်းနဲ့ အဆင်ပြေသွားတဲ့အကြောင်းတွေ သူကိုယ်တိုင် လနဲ့ချည်ပြီး ကုသခဲ့တဲ့ လူနာတွေ သူ့တပည့်နဲ့တွေ့တော့ ရက်ပိုင်းလေးနဲ့ အဆင်ပြေ သွားပြန်ပါလေရော..ဆိုတော့ကား--အဲ ဒီမှာ လောကဓံတရားရဲ့ ဖြစ်ခြင်းပျက်ခြင်း တရားနဲ့ (ကံ)ကိုမြင်လာတော့တာဘဲ။ဆရာကြိးအနေနဲ့ ကလည်းယနေ့ခေတ် ဗေဒင်နဲ့ပတ်သက်တဲ့ စာတွေဖတ်ပါတယ်။တတ်နိုင်သမျှ လက်လှမ်းမီရာ တွေကို လေ့လာပါတယ်။တချို့ ယတြာပိုင်း တွေမှာလောက ဓံ အ ဆိုးဆုံးအချိန်(အပျက်ပိုင်း)မှာ လုပ်တိုင်းဖြစ်ယတြာတွေ လုပ်ပေးနေကြသလို ဗေဒင်မေးသူကလည်း ဟုတ်မလားလို့ လုပ်ကြတာဘဲ -အဲဒီအချိန်မှာ လုပ်ရင်ပြုတ်ပါတယ်။ အဲဒီလို ပြုတ်လာတဲ့သူတွေ ဆရာကြီးဆွမှာ ဒုနဲ့ ဒေးဘဲ။ သိပ်သနား ဖို့ကောင်းတယ်။ààà
(  အဆိုး လောကဓံ  မှာ လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ဒုက္ခဖြစ်မှာဘဲလား ဆရာကြီး)
ààà မောင်ရင်ကလည်း ပြောလေ နားဝေးလေလေဖြစ်နေပြီ။ဒုက္ခဖြစ်မယ်မပြောဘူး ကြုံမယ်။ကြိုမသိလို့ လုပ်မိ၇င် ပြုတ်မယ်။သိပြီးမှ လုပ်ရင် လည်းပြုတ်မှာဘဲ။ဆရာတွေ့ကြုံခဲ့ရသမျှတွေထဲမှာ လောကဓံအညံ့ပိုင်းမှာ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲ ချမ်းသာ ကျား/မ မရွေးလုပ်ရင် လည်းပြုတ်မှာဘဲ၊အကောင်းဆုံး ဆိုတဲ့ နည်းတွေနဲ့ အကောင်းဆုံးနာမည် ပေးလည်း လုပ်ရင်ပြုတ်တာဘဲ။အဆိုးလောကဓံကိုဖြတ်သန်းနေရတဲ့သူတ ယောက်ဟာ နွေရာသီ မန္တလေးရောက်နေတဲ့သူတယောက်လို ]] ပူအိုက် }} နေတဲ့  သဘောဘဲ။မန္တလေးအပူချိန်က ယောင်္ကျားမိန်မ-လိမ္မာတာ/မိုက်တာ  ဆင်းရဲတာ ချမ်းသာတာ မသိဘူး။]]အိုက်မှဘဲ}}လွတ်လမ်းမရှိတော့ သက်သာတဲ့နည်းရှာရတော့တာပေါ့။အကျီ င်္ပါးပါးဝတ်နေ။ယပ်တောင် အဲယားကွမ်းနဲ့ နေရုံဘဲရှိတဲ့သဘောပါ။...လောကဓံ  အဆိုးကိုဖြတ်သန်းနေချိန်မှာ ဒုက္ခဆိုတာကြိုသိထားပြီး လူသစ် မိတ်သစ် နေရာသစ် အလုပ်သစ်ကိုရှောင် အရာရာသီးခံ ဒေါသကိုထိမ်းပါမှ တော်ရုံကြမှာဖြစ်တယ်ààà
( ဟုတ်ကဲ့ ခုလို ရှင်းရှင်းလင်း ကြိုသိလိုက်ရလို့ ကျေးဇူးပါဆရာကြီး )။