( ဆရာကြီး ကျနော့ကို ပြောမယ်ဆိုတဲ့ စကားတွေ ဘယ်တော့မှပြောမှာလည်းဆရာကြီး )ကျွန်ုပ်သည် ဆရာကြီး နှင့်တွေ့ဆုံတိုင်းမိမိသိ လိုသည်များ ကို ခုလိုမေးမြန်းခွင့်ရသောကြောင့် ဆရာကြီးနှင့်အမြဲတွေ့ချင်နေမိသည်။ သို့သော်တွေ့ခြင်တိုင်းမတွေ့ရလေသောကြောင့် ခုလိုတွေ့ ဆုံခိုက် သိခြင်တာတွေကိုမေးမြန်း ရခြင်းဖြစ်သည်။
àààဆရာကြီးပြောပြခြင်တာက ဒီနေ့ခေတ်ရဲ့ ဗေဒင် ရေစီးကြောင်းပေါ်က ..ယတြာ..အကြောင်းဘဲ ààà
( ယတြာအကြောင်း ဟုတ်လားဆရာကြီး )
àààဟုတ်တယ်မောင်ရင် ဗေဒင်မှာ ဟောပြောတဲ့ ပညာရပ်အနေနဲ့ သူ့ပညာရပ်နဲ့သူဆိုတော့ အထွေအထူးပြောစရာမလိုတော့ဘူးပေါ့။သင်ယူလေ့ကျင့် ဟောပေါ့။ယတြာပိုင်းကြတော့ ဒီလိုမဟုတ်တော့ဘူး။သင်ယူပြီးလုပ်လုပ်-စာအုပ်တွေဖတ်ပြီးလုပ်လုပ် သူကကိုင်တွယ်သူရဲ့ ကံ စိတ် စေတနာ သောက်ကျင့်ပါလာပြီ။ တကမ္ဘာလုံးမှာရှိတဲ့ ယတြာတွေ ရှေးကျမ်းတွေထဲကကူးရေး မိတ္တူတွေရေးထုတ် ဒါဆောင်ရင်ဘာဖြစ်မယ်။ညာဖြစ်မယ်ဆိုတဲ့ အရေးအသားတွေ ဒီနေ့ဗေဒင်လောကမှာတော်လေးတွေ့လာနေရတယ်။ààà
( အဲဒါမကောင်းဘူးလားဆရာကြီး..ဝါသနာပါသူတွေအတွက် ဗဟုသုတလည်းရ အသုံးပြုလိုသူတွေလည်းအဆင်ပြေတာပေါ့)
àààဝါသနာပါသူတွေအတွက် ဗဟုသုတလည်းရ တာတော့ဟုတ်နိုင်ပါတယ်.အသုံးပြုလိုသူတွေအတွက်တော့ အဆင်မပြေနိုင်ဘူး မောင်ရင် ààà
(ဘာဖြစ်လို့လည်းဆရာကြီး)
àààဘာဖြစ်လို့လည်းဆိုတာထက် တခြားသူတွေ သူတို့ ပညာနဲ့ သူတို့ယုံကြည်ရာသူတို့ လုပ်ကြပါစေ--မောင်ရင်တို့ မလုပ်မိဖို့အ ရေးကြီးတယ်။.ယနေ့ခေတ်မှာ ယတြာဆိုတာ အတုလုပ်တဲ့သဘော၊စိတ်ပိုင်းဆိုင်ရာစိတ်ဓါတ်မြင့်တင်တဲ့သဘောလောက်ပါဘဲ။ààà
( ဒါဖြင်ရင် ရှေးခေတ်ဟောင်းကျမ်းတွေမမှန်ဘူးလို့ဆိုလိုတာလားဆရာကြီး)
àààရှေးခေတ်ဟောင်းကျမ်းတွေမမှန်ဘူးလို့ပြောနေတာမဟုတ်ပါဘူး။နှစ်ပေါင်းရာချီပြီးကြာနေပြီဖြစ်တဲ့ ဘုရင်ခေတ်က အခေါ်အဝေါ်အသုံးပြုမှုတွေဟာသူ့ခေတ်နဲ့သူ မှန်ကောင်းမှန်နိုင်ပါတယ်။ နှစ်ပေါင်းရာချီကြာခဲ့ပြီနော်။နောက်တခု ဘုရာလက်ထက် ဒါတွေကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ နှစ်ပေါင်းက ထောင်ကျော်နေပြီ ဆိုတော့ ဒီကျမ်းတွေအတိုင်းခေတ်ကဖြစ်နိုင်ပါဦးမလား ààà
( ဆရာကြီးရယ် တပြည်လုံးက ဗေဒင် ဆရာအတော်များများ ဒီလိုဘဲ သုံးနေကြတာဘဲမဟုတ်လားဆရာကြီး )။
àààအေး ဒါကြောင့်လည်းသူတို့ကိုအပြစ် မပြောပါဘူး။သူတို့က ဒီပညာကိုသင်ပြီး ဒီလိုလုပ်ကြတာသူတို့အပိုင်းလေ၊ ခုဆရာကြီး ပြောနေတာက လူရဲ့ (ကံနဲ့ စိတ်) ကိုကိုင်တွယ်ပြုပြင်တဲ့နည်းကိုသုံးနေတဲ့ မောင်ရင်တို့လိုပညာရှင်ဖြစ်လာမဲ့သူတွေကိုပြောတာပါ။ လူသားတိုင်း မတွေ့ခြင်လို့မရနိုင်တဲ့ ကောင်းဆိုးနှစ်တန် လောကဓံကို နေ့စဉ် လစဉ် နှစ်စဉ် လက်တွေ့ကျကျရင်ဆိုင်ဖြတ်သန်းနေတဲ့သူတွေ အဖို့ လောကဓံကို
ရင်ဆိုင်ရမှ တခြားသူတွေလို ပြာပြာသလဲ ဖုတ်ပူမီးတိုက် ဘာသာရေးလုပ်ခိုင်းတဲ့သူတွေက လုပ်။ အဘတွေ ဝိဇ္ဇာတွေ သိုက်တွေ ပဌာန်းဆက်တွေ
ပြောပြီးပွဲပြင်တဲ့သူတွေကပြင် လှေဦးတိုက် လှည်းဦးတိုက်တွေ သစ်ပင်ကြီးတွေရှိနေလို့ အိမ်ကဘယ်ဘက်လှည့်ထားလို့ နို့ညှပ်ဖြစ်နေလို့ စတဲ့ အပိုအလုပ်တွေလုပ်နေစရာ မလိုတော့ဘူးလေ။ မလိုတော့ဘူးဆိုတာ လုပ်လည်း ဘာမှထူးခြားလာမှာမဟုတ်လို့ဘဲ။.ààà
( ဒါဖြင့် ဆရာကြီးပြောသလိုဆိုရင် ယတြာ ဆိုတာ )
àààဟုတ်တယ်မောင်ရင် အားမနာတမ်းပြောရရင် ယနေ့ခေတ်မှာ ယတြာဆိုတာ အတုလုပ်တဲ့သဘော၊စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်မြင့် တင်တဲ့သ ဘောလောက်ပါဘဲ.ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် ဆိုတဲ့ စကားအတိုင်း ဆရာကြီးလေ့လာခဲ့တာ...ဗေဒင်လာ မေးတဲ့သူတော်တော်များများက သူတို့အမှန်အမှားထက် ဖြစ်ခြင်တာတွေကို ဗေဒင်ဆရာတွေဆီကို လာလုပ်ခိုင်းတာပါ။ ဗေဒင် ဆရာက သူ့တို့ဖြစ်စဉ်အမှန်အတိုင်းသိနိုင် ပါ့မလား--သူတို့ပြောတဲ့ အပေါ်မူတည်ပြီး ယတြာ လုပ်ပေးနေကြတာများပါတယ်။ ဆရာတို့ ကိုင်တွယ်အသုံးပြုနေတဲ့ ပညာရပ်ဟာ ကြိုတင်ဟောပြောလမ်းညွှန်ခြင်းသာဖြစ်တယ်။လုပ်ခြင်ရာလုပ်ပြီး ဒုက္ခဖြစ်လာမှ (ကယ်မတဲ့ ပညာ )မဟုတ်ဘူး။ဆရာကြီးနဲ့ ယတြာလုပ်ဖို့ရက်ချိန်းယူထားတုံးရှိသေးတယ် သူတို့လုပ်ငန်းတွေ ယတြာတောင်မလုပ်ရသေးဘူး အောင်မြင်ဖြစ်မြောက်သွားတာ တွေအများကြီ တွေ့လာရသလို ဆရာကြီး ယတြာ လုပ်ပေးပြီးသူတို့ လုပ်ငန်းတွေမအောင်မြင် မဖြစ်မြောက်တာတွေလည်းတွေ့လာရတာများနေပြီ။ààà
( ဆရာကြီးက ဆရာကြီးသိထားတဲ့ ပညာနဲ့ ဆရာကြီးတယောက်ထဲအတွေ့အကြုံတွေကိုပြောနေတော့ ဟုတ်ခြင်ဟုတ်နေမှာပေါ့ တခြားပညာရှင်တွေ အနေနဲ့ ကြတော့လည်းသူတို့နည်းနဲ့ သူတို့တွေဟုတ်ခြင် ဟုတ်နေမှာပေါ့ ဆရာကြီးရယ်)
àààဆရာကြီးလည်း ပထမ အဲဒီလိုဘဲ တွေးမိသေးတယ်။ နောက်မှ ဆရာကြီးဦးကြာမြင့် ရဲ့ တပည့်ဆရာကြီး ဦးလင်းအောင် စာအုပ်တွေမှာပါလာတဲ့ အကြောင်းအရာတွေကိုပြန်သတိရမိလာတယ်။အဲဒီမှာ စစဉ်းစားပြီ.ààà
( ဆရာကြီး ဦးလင်းအောင် စာအုပ်တွေမှာ ဘာတွေ များ ရေးထား လို့လည်းဆရာကြီး)
àààခုနက ဆရာကြီးပြောခဲ့ သလိုပါဘဲ သူကိုယ်တိုင် လနဲ့ ချီ ပြိးလုပ်လို့ မအောင်မြင်သေးတဲ့ ယတြာကိစ္စတွေ သူ့တပည့် လုပ်လိုက်တာ ရက်ပိုင်းနဲ့ အဆင်ပြေသွားတဲ့အကြောင်းတွေ သူကိုယ်တိုင် လနဲ့ချည်ပြီး ကုသခဲ့တဲ့ လူနာတွေ သူ့တပည့်နဲ့တွေ့တော့ ရက်ပိုင်းလေးနဲ့ အဆင်ပြေ သွားပြန်ပါလေရော..ဆိုတော့ကား--အဲ ဒီမှာ လောကဓံတရားရဲ့ ဖြစ်ခြင်းပျက်ခြင်း တရားနဲ့ (ကံ)ကိုမြင်လာတော့တာဘဲ။ဆရာကြိးအနေနဲ့ ကလည်းယနေ့ခေတ် ဗေဒင်နဲ့ပတ်သက်တဲ့ စာတွေဖတ်ပါတယ်။တတ်နိုင်သမျှ လက်လှမ်းမီရာ တွေကို လေ့လာပါတယ်။တချို့ ယတြာပိုင်း တွေမှာလောက ဓံ အ ဆိုးဆုံးအချိန်(အပျက်ပိုင်း)မှာ လုပ်တိုင်းဖြစ်ယတြာတွေ လုပ်ပေးနေကြသလို ဗေဒင်မေးသူကလည်း ဟုတ်မလားလို့ လုပ်ကြတာဘဲ -အဲဒီအချိန်မှာ လုပ်ရင်ပြုတ်ပါတယ်။ အဲဒီလို ပြုတ်လာတဲ့သူတွေ ဆရာကြီးဆွမှာ ဒုနဲ့ ဒေးဘဲ။ သိပ်သနား ဖို့ကောင်းတယ်။ààà
( အဆိုး လောကဓံ မှာ လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ဒုက္ခဖြစ်မှာဘဲလား ဆရာကြီး)
ààà မောင်ရင်ကလည်း ပြောလေ နားဝေးလေလေဖြစ်နေပြီ။ဒုက္ခဖြစ်မယ်မပြောဘူး ကြုံမယ်။ကြိုမသိလို့ လုပ်မိ၇င် ပြုတ်မယ်။သိပြီးမှ လုပ်ရင် လည်းပြုတ်မှာဘဲ။ဆရာတွေ့ကြုံခဲ့ရသမျှတွေထဲမှာ လောကဓံအညံ့ပိုင်းမှာ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲ ချမ်းသာ ကျား/မ မရွေးလုပ်ရင် လည်းပြုတ်မှာဘဲ၊အကောင်းဆုံး ဆိုတဲ့ နည်းတွေနဲ့ အကောင်းဆုံးနာမည် ပေးလည်း လုပ်ရင်ပြုတ်တာဘဲ။အဆိုးလောကဓံကိုဖြတ်သန်းနေရတဲ့သူတ ယောက်ဟာ နွေရာသီ မန္တလေးရောက်နေတဲ့သူတယောက်လို ]] ပူအိုက် }} နေတဲ့ သဘောဘဲ။မန္တလေးအပူချိန်က ယောင်္ကျားမိန်မ-လိမ္မာတာ/မိုက်တာ ဆင်းရဲတာ ချမ်းသာတာ မသိဘူး။]]အိုက်မှဘဲ}}လွတ်လမ်းမရှိတော့ သက်သာတဲ့နည်းရှာရတော့တာပေါ့။အကျီ င်္ပါးပါးဝတ်နေ။ယပ်တောင် အဲယားကွမ်းနဲ့ နေရုံဘဲရှိတဲ့သဘောပါ။...လောကဓံ အဆိုးကိုဖြတ်သန်းနေချိန်မှာ ဒုက္ခဆိုတာကြိုသိထားပြီး လူသစ် မိတ်သစ် နေရာသစ် အလုပ်သစ်ကိုရှောင် အရာရာသီးခံ ဒေါသကိုထိမ်းပါမှ တော်ရုံကြမှာဖြစ်တယ်ààà
( ဟုတ်ကဲ့ ခုလို ရှင်းရှင်းလင်း ကြိုသိလိုက်ရလို့ ကျေးဇူးပါဆရာကြီး )။
No comments:
Post a Comment