.......လောကဓံ(အမြင်သစ်).ဟူသည်။-(၃၇)။....
....................................................
.(၂)နှစ်စီ -လောကဓံ(အမြင်သစ်)၏(တွေ့-မြင်-ပေါင်း-ဖက်/ရန်-တိုက်-ခွဲ-ထုတ်)။
(---လောကဓံနှင့်တွေ့ကြုံဖြတ်သန်းခြင်း(တနင်္ဂနွေသားသမီးများ)
လောကဓံ(အမြင်သစ်)မူအရလောကဓံကို(၈)နှစ်တကြိမ်-(၄)နှစ်တကြိမ်-(၂)နှစ်တကြိမ်-(၁)နှစ်-ဆိုပြီး-(၄)ပိုင်းခွဲခြားပြီးလိုက်နာကျင့်သုံးနေထိုင်လုပ်ကိုင်ရသောပညာဖြစ်ပါတယ်။-လူမျိုး-ဘာသာ-ရိုးရာ-ဓလေ့ထုံးစံ-တွေနဲ့မပတ်သက်ဘဲ၊။.....လူသားတဦးရဲ့ မွေးရာမှသည်-သေဆုံးသည်အထိ-.ပါလာသည့်(ကံ).ကြိုသိနိုင်သည့်(ဥာဏ်) .မိမိပြုလုပ်ဖန်တီး သည့် (ကြမ္မာ). .။ ...မွေးရာပါ(စိတ်)သောက်ကျင့်+မိဘအုပ်ထိမ်းသူတွေနဲ့နေစဉ်က သူတို့လုပ်ကိုင်နေ ထိုင်ကြ သည်ကိုမြင် တွေနေခဲ့တဲ့(စိတ်)သောက်ကျင့်နဲ့ မိမိပိုင်ဆိုင်ထားတဲ့-အလုပ်+အိမ်ထောင်+သားသမီး-ဆိုတဲ့(သံယောဇဉ်)ပေါ်မှာရောက်ရှိခံစားနေတဲ့(စိတ်)ကိုကြိုတင်သိမြင်နိုင်ပြီးမိမိကိုယ်တိုင် ပြုပြင်လိုက်နာနေထိုင်ရန်ညွှန်ကြားပေးသောပညာဖြစ်ပါသည်။
ဖြစ်ခြင်း ပျက်ခြင်း။သဘောမှ(တွေ့-မြင်-ပေါင်း-ဖက်%ရန်-တိုက်-ခွဲ-ထုတ်)ဟူသော ဘဝကိုချုပ်ကိုင်ထားသောခေါင်းစဉ်နှင့်ကံအကြောင်းတရားများကို မတွေ့ခြင်၍ မရနိုင်ပေ။ လူသားတိုင်းတွေ့ရမည်ဖြစ်ပေသည်။မတွေ့ခြင်လို့ ဘာသာပြောင်းလို့လည်း မရ-နိုင်ငံပြောင်း လို့လည်းမရ။ တွေ့ကိုတွေ့ရမည်ဖြစ်သည်။ဖြစ်ခြင်းသည်ကိုယ် လုပ်မှကိုယ်ဖြစ်မှာ ဖြစ်သလို။ ပျက်ခြင်းသည်လည်းကိုယ်မလုပ်ဘဲပျက်မည်မဟုတ်ပေ။ကိုယ်လုပ်သမျှကိုယ်စံခွင့်ရှိပြီး -ကိုယ်လုပ်သ မျှ ကိုယ်ခံရန်သာဖြစ်သည်။ ကိုယ်လုပ်ခြင်ရာတွေလုပ်ပြီး ဒုက္ဓရောက်မှ(ဘုရားကယ်-နတ်မ၍မရ) နိုင်ပါ။
အခုဆက်လက်ပြောပြမှာကတော့ -၈-နှစ်မှာ တစ်ကြိမ်ကျ တွေ့ကြုံနေရတဲ့ လောကဓံရဲ့ ကံကောင်းချိန်(၄)နှစ်ကို -၂-နှစ်စီကို ပြန်လည်ခွဲခြား ထားတာကို ပြောပြပါဦးမယ်။ ပထမစတင် တွေ့ကြုံရသော-ကံကောင်းချိန်(အကြောင်း) ၂-နှစ်သည် လိုအပ်သည်များတွေ့ပေးချိန်ဖြစ်သော ကြောင့်(တွေ့-မြင် )ဟု ခေါ်ဝေါ်သတ်မှတ်ထား ပါသည်။ ဒုတိယ-ကံကောင်းချိန်-(အကျိုး)-၂-နှစ်သည် မိမိလိုအပ်ချက်များကို ရရှိအောင်ပေါင်းပေး သောအချိန်ကာဖြစ်သောကြောင့်(ပေါင်း-ဖက်)ဟု ခေါ်ဝေါ် သတ်မှတ်ထားပါသည်။ တတိယနှစ်သည် မိမိနှင့်ပတ်ဝန်းကျင်ကို စတင်ရန်တိုက် ချိန်ဖြစ် ၍ (ရန်/တိုက်)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ နောက်ဆုံး-၂-နှစ်သည် မိမိပိုင် ဆိုင်မှုများဖြစ် သည့် အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့ စသည့် မိမိနေထိုင်ရာနေရာ၊ မိမိလုပ်ကိုင်နေ သောအလုပ်၊ မိမိနှင့်အတူနေများနှင့် ခွဲထုတ်ချိန်(အကြောင်း)ဖြစ်သောကြောင့်(ခွဲ/ထုတ်)ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။
(တွေ့)ပေးချိန်မှာ မိမိနှင့်သင့်တော်သည့် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို(မြင်)အောင်ကြည့် တတ်ဖို့)အရေးကြီးသည်။ပေါင်းပေးချိန်မှာမိမိအသက်အရွယ်၊မိမိအတတ်ပညာနှင့်မိမိ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍ မိမိလိုအပ်နေသောအလုပ်၊အိမ်ထောင်၊နေဖို့၊ စီးဖို့၊ စသည်တို့ကို( ပေါင်း)စီးပေးချိန်ဖြစ်၍ရအောင်(ဖက်)တွယ်ယူတတ်ဖို့အရေးကြီးသည်)။ ရန်တိုက်ချိန်မှာမိမိပတ်ဝန်းကျင်လူသားအားလုံးနှင့်ဘာမျှမဟုတ်သည့် အကြောင်းအရာလေး တွေကြောင့် တစ်ဦး နှင့်တစ်ဦး ကြည့်မရလောက်အောင် စတင်(ရန်/တိုက်) သည့်အချိန်အခါမှာ (ရန်-မဖြစ်မိအောင်) နေတတ်ဖို့ အရေးအကြီးဆုံးအချိန် ဖြစ်သည်။ နောက်ဆုံးအကြိမ်ဖြစ်သည့် (ခွဲ/ထုတ်)ချိန်မှာတော့ မိမိပိုင်ဆိုင်သမျှအားလုံးနှင့် (သေကွဲ/ရှင်ကွဲ)ခွဲထုတ်နေချိန်မှာ (ကွဲထွက်မသွားအောင်)ထိန်းသိမ်း နိုင်ဖို့ အရေးကြီးသည်မဟုတ်ပါလား။
.................။

No comments:
Post a Comment