(((---ေ--လာကဓံ(အမြင်သစ်).ဟူသည်။--)))-(၄၉)။...
.လောကဓံနှင့်တွေ့ကြုံဖြတ်သန်းခြင်း(ကြာသာပတေးသားသမီးများ)
အခုဆက်လက်ပြောပြမှာကတော့ ကြာသာပတေးသားသမီးများ-၈-နှစ်မှာ တစ်ကြိမ်ကျ တွေ့ကြုံ နေရတဲ့ လောကဓံရဲ့ ကံကောင်းချိန်(၄)နှစ်ကို -၂-နှစ်စီကို ပြန်လည်ခွဲခြားထားတာကို ပြောပြ ပါဦးမယ်။ ပထမစတင် တွေ့ကြုံရသော-ကံကောင်းချိန်(အကြောင်း) ၂-နှစ်သည် လိုအပ်သည် များတွေ့ပေးချိန်ဖြစ်သော ကြောင့်(တွေ့)(မြင်)-ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ ဒုတိယ-ကံကောင်းချိန်-(အကျိုး)-၂-နှစ်သည် မိမိလိုအပ်ချက်များကို ရရှိအောင်ပေါင်းပေးသော အချိန်ကာလ ဖြစ်သော ကြောင့်(ပေါင်း)(ဖက်)-ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။
.........တတိယနှစ်သည် မိမိနှင့် ပတ်ဝန်းကျင်ကို စတင်ရန်တိုက်ချိန်ဖြစ်၍ (ရန်တိုက်)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ နောက်ဆုံး -၂-နှစ်သည် မိမိပိုင်ဆိုင်မှုများဖြစ်သည့် အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့ စသည့် မိမိ နေထိုင်ရာနေရာ၊ မိမိလုပ်ကိုင်နေသောအလုပ်၊ မိမိနှင့် အတူနေ များနှင့် ခွဲထုတ်ချိန် (အကြောင်း)ဖြစ်သော ကြောင့် (ခွဲထုတ်) ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။...............................တွေ့ပေးချိန်မှာ မိမိနှင့်သင့်တော်သည့် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို(မြင်အောင်ကြည့် တတ်ဖို့)အရေးကြီးသည်။ ပေါင်းပေးချိန်မှာ မိမိအသက်အရွယ်၊ မိမိအတတ်ပညာနှင့် မိမိ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍ မိမိလိုအပ်နေသော အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည်တို့ကို ပေါင်းစီးပေးချိန်ဖြစ်၍ (ရအောင်ယူတတ်ဖို့အရေးကြီးသည်)။
.....ရန်တိုက်ချိန်မှာ မိမိပတ်ဝန်းကျင် လူသားအားလုံးနှင့် ဘာမျှမဟုတ်သည့် အကြောင်း အရာလေးတွေကြောင့် တစ်ဦး နှင့်တစ်ဦး ကြည့်မရလောက်အောင် စတင်ရန်တိုက်သည့်အချိန်အခါ မှာ(ရန်-မဖြစ်မိအောင်) နေတတ်ဖို့ အရေးအကြီးဆုံးအချိန် ဖြစ်သည်။ နောက်ဆုံးအကြိမ်ဖြစ်သည့် ခွဲထုတ်ချိန်မှာတော့ မိမိပိုင်ဆိုင်သမျှအားလုံးနှင့် (သေကွဲ/ရှင်ကွဲ)ခွဲထုတ်နေချိန်မှာ (ကွဲထွက်မသွားအောင်)ထိန်းသိမ်း နိုင်ဖို့ အရေးကြီးသည်မဟုတ်ပါလား။
ကြာသာပတေးသားသမီးများနှင့်(တွေ့-ပေါင်း-ရန်တိုက်-ခွဲထုတ်)ဆိုတဲ့ အယူအဆတွေ ဆက်စပ် ကောက်ယူပုံကို ပြောပြပါတော့မယ်၊ ဆက်လက်စဉ်းစားကြတာပေါ့။ လောကဓံမူအရ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေကို စတင် တင်ပြသွားပါတော့မယ်။ ကြာသာပတေး သားသမီးများ ပထမအကြိမ် ကံကောင်းချိန်ဖြစ်သည့် အသက်-(၁၈-၁၉/၂၀-၂၁)နှစ်များတွင် ပထမ ကံကောင်းချိန် အသက်-(၁၈-၁၉)နှစ်များသည်၊ မိမိရဲ့ ကာလဒေသ အသက်အရွယ်ပေါ် မူတည်ပြီး မိမိ လိုအပ်ချက်များကို (တွေ့ပေးချိန်)ဖြစ်သည်။ ဒုတိယကံကောင်းချိန် အသက်(၂၀-၂၁)နှစ်များ သည် မိမိရပိုင်ခွင့်များကို ရယူနိုင်ရန် (ပေါင်းပေးနေချိန်) ဖြစ်ကြောင်း သတ်မှတ် ထားပါသည်။ .............................................................. ............................................ကြာသာပတေးသားသမီးများ ပထမအကြိမ် ကံညံ့နေချိန်ဖြစ်သည့် အသက်(၂၂-၂၃/၂၄-၂၅)နှစ်များတွင် ပထမကံညံ့ချိန် အသက်(၂၂-၂၃)နှစ်များသည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် စတင် (ရန်တိုက်) ပေးသည့်အချိန် (အကြောင်း)ဖြစ်ကြောင်း သိထားရပေမည်။..... ........... ကံညံ့ချိန်၏ ဒုတိယ -၂-နှစ်(၂၄-၂၅)နှစ်များသည် ပထမဦးဆုံး မိမိနေထိုင်ရာပတ်ဝန်းကျင်နှင့် (စတင်ခွဲထုတ်သော) အချိန် (အကျိုး) ကာလများ ဖြစ်သည်။ ကြာသာပတေးသားသမီးများ (တွေ့-မြင်)-(ပေါင်း-ဖက်)-(ရန်-တိုက်-)-(ခွဲ-ထုတ်) ဟူသော လောကဓံ၏ သတ်မှတ်ချက်ကို စတင်တွေ့ကြုံ လိုက်ရခြင်း ဖြစ်သည်။.............../
No comments:
Post a Comment