Sunday, January 31, 2016

--(((-----ဗေဒင်၊ ယတြာနှင့် ဘာသာရေး----)))--

------------(((-----ဗေဒင်၊ ယတြာနှင့် ဘာသာရေး----)))----------------------
-------------
]]ဆရာ ---- မနေ့က ဗေဒင်၊ ယတြာနှင့် ဘာသာရေးမရောထွေးစေဖို့ အကြောင်းအရာကို ဆက်ပြောပါအုံးဆရာ}}။
-- မြန်မာနိုင်ငံဗေဒင်ပညာရှင်များ အသင်း၏ ပညာဒါန(အခမဲ့)သင်တန်း အမှတ်စဉ် (၃)၊ သင်တန်းတည်နေရာ ရွှေတိဂုံဘုရားအရှေ့မုခ်၊ သမဝါယမဝန်ကြီးဌာနဓမ္မာရုံ အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် (၁၁း၃၀)မှ ညနေ (၅း၃၀)အထိ သင်ကြားပေးနေ ရာ အဆင့် (၁)သင်တန်းကို သင်ကြားနေချိန်ဖြစ်သည်။
(---အခုစပြောမှာက ဗေဒင်နှင့် ယတြာအကြောင်းပဲ ဖြစ်ပါတယ်။နောက်ပိုင်း ကျမှ ဗေဒင်၊ ယတြာနှင့် ဘာသာရေး ဆက်နွယ်မှုမပြုသင့်ကြောင်းကို ပြောပြပေး မယ်။ ဒီနေ့စာစော င်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးသားနေကြတဲ့ ဗေဒင်၊ ယတြာ နည်းမျိုးစုံကို တွေ့မြင်ကြမှာပေါ့။ )-
]]ဟုတ်ကဲ့ တွေ့ပါတယ်ဆရာ။}}
(- ဗေဒင်ဆရာတို့မည်သည် မည်သည့် ဗေဒင်ပညာ၊ မည်သည့်နည်းစနစ် များဖြင့်ေ ဟြာေ ပာနေပါစေ လာမေးသူကာယကံရှင်နှင့် ဟောပြောသူဆရာတို့ အဆင်ပြေနေလျှင်ပြီးတာပဲ။
ယတြာကိစ္စလည်း သူ့လမ်းစဉ်၊ သူ့ပညာ၊ သူ့ဆရာ အဆိုအမိန့်အရ ပြော စရာမ လိုသော် လည်း တစ်ချို့ တစ်ချို့သော ယတြာကိစ္စ၊ အကြောင်းအရာ ကို တော့ မဖြစ်မနေပြောပြရ အုံး မယ်။ ယတြာပေးတာ မှားနေတယ်လို့ပြောတာ မဟုတ် ဘူးနော်။ လမ်းညွှန်ပေးလိုက်တဲ့ ယတြာ၊ နေ့နံအသားအကြောင်းကို အဓိက ထားပြောပြမလို့ပါ။ ဥပမာ- ရန်ကုန်မြို့ မွာေ ဟာေ နတဲ့ ဗေဒင်ဆရာဆိုရင် ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရရှိနိုင်သည့် ယတြာပစ္စည်း၊ အသုံးအဆောင်၊ နေ့နံတို့ကို လေ့လာထားပြီး လမ်းညွှန်ဖို့လိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေလမ်းညွှန်လိုက်တဲ့ ယတြာပစ္စည်း၊ နေ့နံ၊ အသားတွေဟာ ရန်ကုန်မြို့မှာ ရှားပါး၍ ရှာရခက်ခဲသော နေ့နံပစ္စည်း များ ဖြစ်နေခဲ့ရင် (ဒါမှမဟုတ်) လုံးဝ မရှိနိုင်တဲ့ နေ့နံအသား၊ အသီးအရွက်၊ အညွန့်၊ အခက်တို့ ဖြစ်နေရင် ကာယကံရှင် ယတြာကြေ၊--မကြေတော့ မသိဘူး။ လောေ လာ ဆယ် ရန်ကုန်မြို့မှာ မရှိနိုင်တဲ့ယတြာ ပစ္စည်း ကို ရှာရတဲ့ဒုက္ခကို မခံစားနိုင်လို့ သောက ဒုက္ခေ တြွ ကား က စိတ်ထောင်းလို့ ကိုယ်ကြေတော့ဖြစ်မှာသေချာတယ်။-)-
]]ဥပမာ-တစ်ခုလောက်ပြောပြပါဆရာ။}}
(-ဥပမာ-တနင်္ဂနွေသား အောင်မဲဖြူ သားကိုြွကက်ရုပ် ထုဆောင် ဆိုတာတစ်မျိုး၊ မင်းတို့ဇ နီးေ မာင်နှံ အိမ်ထောင်ရေး ခိုင်မြဲအောင် တနင်္ဂနွေသားနဲ့ ကြာသ ပတေး သမီးဆိုတော့ (အောင်ပ)မိတ်ဓာတ်ပဲ၊ ကိုယ့်မွေးနံတနင်္ဂနွေနဲ့ ကိုယ့်ဇနီးမယားရဲ့မွေးနံကြာသ ပတေး အမည် ပါပြီး နှစ်နံ သားအတွဲမိတဲ့ အောင်မဲဖြူသားကို အနန္တော၊ အနန္တငါးပါးရည်စူးပြီး (၅)လက်မ ဘုရားပုံတော်ထုလုပ်ကိုးကွယ်ထား (ဒါမှမဟုတ်) ယောကျာ်းနှင့်မိန်းမ တွဲလျက်ပုံ ထုဆောင်ထားဆိုတာက တစ်မျိုး၊ ဟောပြောရေးသားနေကြတာ တွေ့ကြတယ် မဟုတ်လား။)--
]]တွေ့တယ်ဆရာ အဲဒီယတြာ နည်းစနစ်တွေက မှားနေလို့လား}}။ (-အခုပြောနေတဲ့အကြောင်းအ ရာတွေ ဟာ ယတြာ မှန်တာ မှားတာကို ပြောမှာ မဟုတ်လို့ ဆရာပြောထားတယ် နားရှုပ်မသွားနဲ့နော်။ )
]]ဟုတ်ကဲ့ပါဆရာ။}}
-(-သင်တန်းသားတွေခုနကပြောခဲ့တဲ့ အောင်မဲဖြူသားကို မြင်ဖူးကြလား။သင်တန်းသားများက ပြိုင်တူထွက်လာသည့်အသံကား ]]
(-မမြင်ဖူးပါဘူးဆရာ}}
(- အေး အဲဒီ ကိုယ်ပေးတဲ့ ယတြာပစ္စည်းနေ့နံအကြောင်းကို တစ်စွန်းတစ်စ တော့သိထား သင့် တာပေါ့ အောင်မဲဖြူသားကို (၅)လက်မပုံထု ဒါမှမဟုတ် ယောကျာ်း မိန်းမ တွဲလျက်ပုံထု ဆို တာ ပြော ခဲ့ပြီးနော် တစ်ကယ်တော့ အဲဒီယတြာ ပေးတဲ့ ဆရာလည်း အောင်မဲဖြူသား ကို မြင်ဖူးပုံမရဘူး ။ အောင် မဲဖြူဆိုတာ အဲဒီလောက်အရုပ်ထုမရနိုင်တဲ့ အပင်သေး မျိုးဖြ စ်နေလို့ပဲ။)
]]ဟာ --- အဲဒါဆို ဒုက္ခပဲပေါ့ ဘယ်လိုလုပ်ကြမလဲဆရာ။}}
(-ပိုပြီးရှင်းသွားအောင် နောက်တစ်ခုနားထောင်ကြည့်ကြပါအုံး။ )
]]ဟုတ်ကဲ့ပါဆရာ}}
(-- နောက်ဥပမာတစ်ခုက စနေသားသမီးတွေအတွက် ဝင်အူသားဟာ တကယ့်အဆော င်ေ ကာင်းလို့ ဆိုကြတယ်။)
သင်တန်းသူတစ်ဦးမှ -----]]သင်အူသားလားဆရာ}} ----ဟုမေးလာ၏။
(-သင်အူသားကို ပြောတာမဟုတ်ဘူး ဝင်အူကိုပြောတာ။)
]]သမီး ကြားဖူး၊ ဖတ်ဖူးနေတာက စနေသားသမီးအတွက် သင်အူသားကို အပြောများ၊ အရေးများ တာတွေ့မိလို့ပါဆရာ။}}
(-သမီးပြောတာလည်းဟုတ်တာပဲ၊ သင်အူဟာ စနေသားသမီးတွေအတွက် အမြစ်၊ အညွန့်မ တွန့်စေ ရဆိုပြီး ကျန်းမာရေးအတွက် အသုံးပြုတာများတယ်။ နောက်တစ်မျိုးက စနေသက်ေ ရာက်မှာ ဆန်းဗေဒင်နည်းနဲ့ကြည့်ရင် တန်စီး + တိုင်ထိပ်မှာရှိနေလို့ (၆၀၁)နိမိတ်တိုင်လို့ တောင်ခေါ်ကြတယ်။ အဲဒီကိန်းမှာလည်း အလယ်ဂဏန်း(ဝ)က(ပြ)ဖြစ်နေလို့ မကောင်းဘူး ဟုဆိုကြသော်လည်း ယေဘုယျ အားဖြင့် (၆ _ ၁)တိုင်ထပ် + တန်းစီးဂဏန်းဟာ အကောင်း ဆုံးဆိုထားတော့ အဲဒီနှစ်အတွင်း (၆ _ ၁) နှစ်နံတွဲ အမည်မျိုးစုံမှာပါနေလို့ သင်အူဆိုတဲ့ စကား ကိုသုံးတာတွေ့ရတာပဲ။ တခြားဗေဒင်ကိန်း ခန်းတွေမှာ မတွေ့ရသလောက် ပါ။ ကဲ --သင်အူအကြောင်းပြောနေတာနဲ့ ဝင်အူအကြောင်း စကားလမ်းကြောင်း ပျောက်ဆုံး သွား အုံး မယ်။)-
သင်တန်းသားတစ်ဦးမှ---- ]]ဝင်အူသားဆိုတာ ဗေဒင်ဆရာတွေ ဗေဒင် ဝါသနာပါလို့ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။ ကျွန်တော်တို့လည်းမမြင်ဖူး သေးဘူး။}}
(- ဗေဒင်ဆရာတွေ၊ ဗေဒင်စာအုပ်တွေက စနေသားသမီးများ ဝင်အူသား ဘုရားပုံတော်ထု လုပ်ကိုး ကွယ်ပါဟူ၏။ ဝင်အူသားဟာ ရန်ကုန်မြို့မှာ ရှားပါး ပစ္စည်းစာရင်းဝင်ပဲ။ မေမြို့ ပိတ်ချင်းမြောင်မှာသွားရှာမှ ရမယ်။ ရန်ကုန်မြို့မှာ ရသည်ပဲထားအုံး၊ ဝင်အူသားပင်သည် ငှက်ပျောပင်ကဲ့သို့ အလွှာတွေထပ်နေ သော သစ်တစ်မျိုးဖြစ်နေ၍ ပုံထုလုပ်၍ မရနိုင်ပြန်ဘူး။)--
]]ဒါဖြင့်ဆရာရယ် ဗေဒင်စာအုပ်တွေမှာရယ် ဗေဒင်ဆရာတွေဟာ --ဘာဖြစ်လို့မဖြစ်နိုင် တဲ့အရာတွေကို ရေး၊ ပြော ခိုင်းနေကြတာလဲဆရာ။}} -(--အဲဒါကြောင့်ပြောတာပေါ့--- အဲဒီ ဗေဒင်ဆရာတွေဟာ ဝင်အူပင်ဟာ ဘယ်လိုအပင်မျိုးလဲ ကိုယ်ဟောပြောနေတဲ့ ပတ်ဝန်းကျင်မှာ ရှိနိုင် မရှိနိုင်ကို မလေ့လာကြဘူး။ စာအုပ်ထဲ ကျမ်း ထဲ ပါတဲ့အတိုင်း ရေး၊ ပြောနေကြတာပေါ့။ သူတို့တွေသာ အခုသင်တန်းသားတွေသိသလို သိထားကြရင် ရန်ကုန်မြို့က ဗေဒင်ဆရာတွေသည် ဝင်အူယတြာကို ပေးပါအုံးမလား။)-
]]ဘယ်ပေးပါ့မလဲဆရာ။}}
(- အေးလေ၊ ကိုယ်ပေးလိုက်တဲ့ယတြာပစ္စည်း ဝင်အူသားဟာ ပုံတော် ထုလုပ်၍ မရနိုင်ဘူးဆိုတာ မြင်ဖူးဖို့နေနေသာသာ ဝင်အူဆိုတာ ကြားတောင် မကြားဖူးဘူး။ အခုမှ ဗေဒင်ဆရာပြောလို့သာ ကြားဖူးခြင်းဖြစ်၏။
ဝင်အူသားမှ မရလျှင် မဖြစ်တော့သည့်အခြေအနေဖြစ်ကြောင်း နားပူ၊ နားဆာလုပ် လျှင် ပန်းပုဆိုင်မှ နားအေးရင်ပြီးရောဆိုပြီးတွေ့ရာသစ်သားကို ဝင်အူသားပါဟု ပြောဆို၍ အဆောင်ယတြာလုပ်ပေးလိုက်လျှင် ဝင်အူသားအစစ် မဟုတ်၍ ကာယကံရှင်လည်း ယတြာ မပြီးမြောက်နိုင်သလို ဆေးအတွက် ပိုလေး ဆိုသလို ဖြစ်သွားနိုင်သည်။
လိမ်၊ ညာ၊ ရိုက်စားဆရာဆိုလျှင် မထောင်းသာလှပေမယ့် တကယ့် ပညာရှင်ဆိုလျှင် မိမိဆရာလုပ်သူလည်း နာမည်ထိခိုက်ပေလိမ့်မည်။ ဒါကြောင့် သင်တန်းသားတွေအနေနဲ့ အဆောင်၊ ယတြာပေးတော့မယ်ဆိုရင် -----
]] ဟုတ်ကဲ့ နားလည်ပါပြီဆရာ။}}
----
---ငါသိသလိုသိကြပါစေဟု ငါ၏ရင်၌ဖြစ်၏-ဤမှန်သောသစ္စာစကားကြောင့် ၊--
--------------လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)-----------

Wednesday, January 27, 2016

(((------လောကဓံပညာအရ နာမည်ကျော်များသေဆုံးခြင်း---))))

(((------လောကဓံပညာအရ နာမည်ကျော်များသေဆုံးခြင်း---))))
----------
]]မင်္ဂလာပါဆရာ}}
အာလုံးပဲ ]]မင်္ဂလာပါ]]
ဒီနေ့တော့ ဆရာ့ သင်ထောက်ကူ စာအုပ်ထဲက လောကဓံတရား နှင့် နာမည်ကျော်များ သေဆုံးရခြင်းအကြောင်း ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ပညာ အကြောင်းတွေကို ရှင်းပြသွားမှာဖြစ်ပါတယ်။ ကဲ စာအုပ်တွေ ထုတ်ထားကြပါ။
]]ကျွန်တော်သည် ယခု ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ဘက် မုခ်၊ ဗဟန်းကြားတောရလမ်း၊ သမဝါယမဝန်ကြီးဌာန ဓမ္မာရုံရှိ မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း၊ ပညာဒါနအခမဲ့ဗေဒင် ပညာသင်တန်း စတင်ဖွင့်လှစ် သင်ကြားချိန်မှစ၍ လောကဓံပညာ ရပ်တစ်ခု တည်းကိုသာ သင်ကြားပေးလာခဲ့ သည်မှာ ယနေ့အချိန်အထိဖြစ်သည်။
]]စာမျက်နှာဘယ်လောက်လဲမသိဘူးကွ}} ဟူသော ----
သင်တန်းသားအချင်းချင်းလှမ်းပြောသံ ကြားလိုက်ရသဖြင့် ကျွန်ုပ်က ]]စာမျက်နှာ (၆၆) ကျော်ပြီးနောက် တစ်မျက်နှာဖြစ်တဲ့ စာရွက်ပိုမှာဖြစ်တယ်။ အဲဒီစာမျက်နှာကိုကြည့်ကြရအောင်}}
ဟုပြောလိုက်မှ သင်တန်းသားတွေရဲ့ စာအုပ်လှန်လှောရှာဖွေနေတဲ့ အသံတွေကြားမှ
]]ဟုတ်ကဲ့ တွေ့ပါတယ်ဆရာ}} ဟူသော တောင်ဒဂုံစက်မှုဇုန် ဆိုဖာအလုပ် ရုံမှ မောင်နေလင်းထွန်းအသံကြောင့် အလွယ်တကူ ရှာတွေ့သွားကြဟန်တူပါရဲ့ စာရွက်လှန်သံတွေ မကြားရတော့ -
]]ကဲ ---လောကဓံ ပညာအရ နာမည်ကျော် များ သေဆုံးရခြင်းအကြောင်းဆိုတဲ့ စာပိုဒ်ကို အားလုံးအသံထွက်အောင် ဖတ်ကြည့် လိုက်ကြရအောင်}}
]]ဟုတ်ကဲ့ပါဆရာ}}
ဟူသော စကားသံဆုံးသည်နှင့် ကြားလိုက်ရသည့်အသံများမှာကား လောကဓံ ဆရာဦးထွန်းရီက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မဟာဘုတ်ပါရဂူ ဆရာကြီး ဦးကြာမြင့် ကိုယ်ပိုင်တီထွင်ခဲ့တဲ့ လောကဓံ(၈)ပါး မဟာဘုတ်ပညာအရ လူတစ်ယောက်ဟာ သက်ရောက်အဆိုးလောကဓံ (၄)ခွင်ဖြစ်တဲ့ အင်္ဂါ (အယသောခွင်) ၊ ဗုဒ္ဓဟူး (ဒုက္ခံ) ခွင်၊ စနေ (နိန္ဒိ) ခွင်၊ ကြာသပတေး (အလာဘော) ခွင်တွေမှာ -
အင်္ဂါ (အယသော) ခွင်ရောက်ရင် အြွေခအရံနည်း၍ စိတ်ဆင်းရဲရတာ၊
ဗုဒ္ဓဟူး (ဒုက္ခံ) ခွင်ရောက်ရင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲရတာ
စနေ (နိန္ဒ) ခွင်ရောက်ရင် ကဲ့ရဲ့ရှုတ်ချခံရတာ
ကြာသပတေး (အလာဘော) ခွင်ရောက်ရင် ငွေကြေးမပြည့်စုံရတာလို့ ပုံသေယူဆနေကြပါတယ်။
တကယ်တော့ ပုံသေယူဆလို့မရဘဲ အသက်အရွယ်၊ နေထိုင်ရာအရပ်ရပ်၊ မိမိလုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ကိုယ်စိတ်နှလုံး(၃)ပါးစလုံးအကျဉ်း အကြပ် အခက်အခဲများဖြစ်ကြရခြင်း၊ အဖိုးတန်ပိုင်ဆိုင်မှု ပစ္စည်းများဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာကျဆင်းကာ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်း၊ အတူနေမိသားစု နှင့် ရှင်ကွဲသေကွဲခွဲရတတ်ခြင်းနှင့် ကျန်းမာရေးထိခိုက်ရခြင်းများဖြစ်ရတတ်ပါ သည်။ အဆိုးဆုံးမှာ လူသေလျှင် သေ၊ မသေလျှင် နာမည်သေရမည့်အဖြစ်ဆိုး များကို ကြုံတွေ့ရတတ်ခြင်းဟု ဖွင့်ဆိုထားသည်။(ဘာဖြစ်မည်မပါ)(ကာယကံရှင်တုံ့ပြန်မှုကအဖြေဖြစ်ပါတယ်)။
အထူးသဖြင့် နောက်ဆုံး (၂) နှစ် ဖြစ်သောစနေ (နိန္ဒ) ခွင် နှင့် ကြာသပတေး (အလာဘော) ခွင်တို့ကို၊ ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဟုပင်ဆို ထားသလို ယနေ့ခေတ်လူငယ်အတော်များများ တိုက်ဆိုင်ကြုံတွေ့နေရသည် ကို တွေ့နေရပေ သည်။ လူတိုင်းကျိန်းသေဖြစ်ရမည်ဟု မဆိုနိုင်သော် လည်း ဖြ စ်နေသူ အများစုမှာ လောကဓံအဆိုး (၂) ဌာနတွင်ပင် ဖြစ်နေသည်ကို တွေ့ ရေ လသည်။
ကဲ --- မိတ်ဆွေ သင်ကိုယ်တိုင်လောကဓံရဲ့ အဆိုးဆုံး (၂) ခွင်ကို (၈)နှစ်လျှင် တစ်ကြိမ်နှုန်း ကျိန်းသေတွေ့ကြုံဖြတ်သန်းရမှာဖြစ်ပါတယ်။
ဘယ်အသက်အရွယ်တွေမှ ဘယ်လိုတွေ့ကြုံရမလဲဆိုတာ ကြိုတင် သိထားဖို့ နဲ့ လောကဓံအဆိုး (၂)ခွင် ကို ဘယ်လိုကျော်ဖြတ်သွားရမလဲ ဆိုတာ သိချင်ရင် --- လောကဓံဆရာဦးထွန်းရီထံသို့ ဟူသော အသံများ တိတ်သွားပြီးနောက်--------------------------(((------သစ်တစ်ပင်ရဲ့ စတင်စိုက်ပျိုးပြုစုပျိုးထောင်၊ အရွက်အသီးဝေ၊ toီးမှည့်၊ toီးတုံး၊ အရွက်ြွေကရတဲ့ သစ်တစ်ပင်ရဲ့ သဘောလိုပါဘဲ။-))))
နောက်ထပ်ထပ်မHawွ့ရှိထားတာကတော့ awးရေးဆရာမောင်သစ်မင်း နာရေးကိုထပ်မံဖြည်စွက်ပေးထားပါတယ်။ awးရေးဆရာမောင်သစ်မင်း(ခ)ဒေဝ။ စနေသား အသက်(၅၈)နှစ်တွင် ကွယ်လွန်သည်။)
--- ]]ဒီလိုဆိုရင်-ဆရာ့လောကဓံ ပညာအရ ဆိုရင်လူတွေဟာ(၈)နှစ်မှာ သေဖို့တစ်ကြိမ် BuံKawွUaeရမ လိုဖြစ်မနေဘူးလားဆရာ}}
ဟူသောမေးသHaကြာင့် toံကြားရာဆီသို့ လှမ်းကြည့်လိုက်ပြီး--
------ ]]သိပ်ကောင်းတဲ့ မေးခွန်းပဲ အခုစာမျက်နှာကို သေသေချာချာဖတ်လာခဲ့ကြပါ။ သိချင်တာတွေ မရှင်းလင်းတာတွေကို နောက်နေYrှပJarးကြပေတော့။ ဆရာစာသင်ချိန်လည်း ပြည့်ပြီဖြစ်လို့ ဒDae့တော့ ဒီမှာပဲရပ်နားလိုက်ကြပါစို့။
]]အားလုံးပဲမင်္ဂလာပါ}}
]]မင်္ဂလာပါဆရာ}}
---------------
---------ငါသိသလို သိကြပါစေဟု ငါ၏ရif၌ဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် ၊
----------------------လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ

Tuesday, January 26, 2016

---(-အတိုက်အခိုက်တွေကိုတန်ပြန်ဖြစ်စေခြင်ရင်(-မျှား-)မှာဆင်-) ---

------------------(-အတိုက်အခိုက်တွေကိုတန်ပြန်ဖြစ်စေခြင်ရင်(-မျှား-)မှာဆင်-) -------------------------------------------------------------သဘာဝ(ပညတ်)များနှင့်(လောကီရေးရာ)အသုံးပြုနည်းများ-
----------
က}ျွန်ုပ်၏-ဘဝနေနည်းများကို ဟောပြောလမ်းညွှန်ရာ-ရန်ကင်းမြို့နယ် ၊မိုးကောင်း ဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။( ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း၌ တပည့်ဖြစ်သူမောင်သိန်းရောက်လာသည်နှင့် မပြီးဆုံးလေသော ဇာတ်လမ်းများဆိုရမလိုအိမ်တအိမ်မှာ သဘာဝအတိုင်း (ပညတ်)ထားတဲ့ -ခိုင်မာတဲ့-အဲဒီ(ပညတ်)တွေနဲ့-စီရင်တဲ့နည်းလေးတွေကို သုံးပြီး ပိုပြီးလွယ်ကူ ထိရောက်တဲ့ -လောကီ အစီအရင်တွေကိုမေးလေ့ရှိပါတယ်။ ခုလည်းရောက်တာနဲ့-.....
]] ဆရာရေ့ -ရန်အတိုက်အခိုက်တွေများနေတဲ့သူတွေအတွက် လုပ်ဆောင်သင့်တဲ့-အကာအကွယ်ဖြစ်-စေတဲ့နည်းလေးတွေရေးပါဦးလား-ဆရာ}}ဟုမေး ပါ လေတော့သည်။
( ဒီနေ့တော့-အိမ်တအိမ်မှာ ဖြစ်စေ-လုပ်ငန်းတွေမှာဖြစ်စေ အတိုက်အခိုက်တွေ ရှိနေပြီဆိုရင် သဘာဝအတိုင်း(ပညတ်)ထားတဲ့-ထုတ်-ယောက်-ဒိုင်း-မျှား-ဆိုတာတွေထဲက-အကာအကွယ်နဲ့တန်ပြန် မှုကိုဖြစ်စေဖို့(ပညတ်)နဲ့ ကိုက်ညီတဲ့( မျှား )ကို အသုံးပြုရမည့် နည်းကိုပြောပြမှာဖြစ်တယ် မောင်သိန်းဌေး )။
]] ဒီနည်းက ခက်ခက်ခဲခဲ လုပ်ယူရမှာလားဆရာ }}
(ဒီလိုတော့ မဟုတ်ပါဘူး။ လာမေးသူ(သို့မဟုတ်)အိမ်ထောင်ဦးစီးရဲ့ -သူရဲ့ နံတူ ဓါတ်သား-ဓါတ်သစ်ရွက်ကို စောစောကဆရာပြောခဲ့သလိုဘဲ။ မိမိယုံကြည်ရာပညာရပ်တွေနဲ့ပတ်သက်တဲ့ မိမိရဲ့မူလမွေးနံကိုဖြစ်စေ-/မိတ်ပေါ် ဓါတ်အုပ်နည်း/နံတူနဲ့ ဓါတ်ဆင်နည်း/ ကက်ကင်းနည်းနဲ့ ဓါတ်ဆင်နည်း/ ရန်နဲ့ဓါတ်ဆင်ပြီး လုပ်ထဲ့နည်း/အင်း-အိုင်-စမ-အဆောင်ယတြာများနဲ့ပြုလုပ်နည်း/ယတြာဒီပံ+မဟာဒီပံ-စတဲ့အတတ်ပညာတွေနဲ့ အစီအရင်လုပ်တဲ့နည်း/ မိမိကြိုက်တဲ့နည်းနဲ့စီမံပြုလုပ်ထားတဲ့ ပစ္စည်းတွေကို (မျှား )ဆိုတဲ့ (ပညတ်) အမည်ရှိတဲ့တန်းမှာ ကြိုးနဲ့ကပ်ချည် နှောင်ထားခြင်း/တွဲလောင်း ချည်ထားခြင်း/ စတာတွေကိုစီမံပြီး နေ့ရက် နာရီ အချိန်အခါတွေရွေးပြီး ပြုလုပ်ကြတာပါ။ ခုဖေါ်ပြထားတဲ့ နည်းတွေ ထဲက မည်သည့်နည်းကိုဘဲသုံးသုံး ဘာကိုနောက် ဆုံးချုပ်ထား တာလည်းဆိုတော့ ( မျှား )ကိုအဓိကထားသုံး လိုက်တာဘဲမောင်ရင်)။
]] ထုတ်-ယောက်-ဒိုင်း-မျှား-လှေခါး- ပြုတင်းပေါက်-ဆင့် -ဖားတို့ နွား-တို့ -ဒီလိုအသုံးဝင်ပုံကို ခုမှဘဲ သေသေချာချာ သိရတော့တယ်ဆရာ-ခု လို(ပညတ်)တွေကို သိလိုက်ရတော့လည်းစိတ်ဝင်စားဖို့ကောင်းသလို-လွယ်လည်းလွယ်ကူသားဘဲဆရာ }}
( ဥပမာပြောရရင် အတိုက်အခိုက်တွေများနေလို့-အကာအကွယ်ဖြစ်စေခြင်ရင် မိမိအမည်နဲ့ -( မွေးနံ-) သစ်-ရွက်မှာ(မောင်... အတွက်တန်ပြန်မှုကိုဖြစ်စေ) အဖျားမှအရင်းသို့ ရေးပြီး ( မျှား )ဆိုတဲ့(ပညတ်)အမည်ရှိတဲ့-နေရာမှာ-မိမိ မွေးနံ-နဝင်း-ပေါ်ချိန် သူ့မွေးနေ့ မနက်(၉းဝ၀)နာရီမှ (၁၀း၃၀)နာရီအတွင်း( မျှား )မှာ စိတ်ထဲက-လေးလေးနက်နက် အာရုံပြုဆုတောင်းပြီးပြုလုပ် ထားရမှာဖြစ်တယ်။)။
]] ဆရာပြောတဲ့ ပညတ်တွေက နေရာတကာမှာရှိနေတော့-လိုသလိုအသုံးတဲ့နေမှာပေါ့နော် }}
( ဒါပေါ့မောင်သိန်းဌေးရယ်။အိမ်တအိမ်မှာဘဲ-ကြည့်လေ-ဦးယဉ်တိုင်-/လှေခါး/-ပြူတင်းပေါက်/-ကြောင်အိမ်/-ကြွက်လျောက်/ယောင်းမ/-ဆိုတဲ့(ပညတ်)တွေအလိုက်-ယတြာတွေစီစဉ်အသုံးပြုနေကြတာဘဲလေ။ )
]] ဆရာပြောမှ အိမ်တအိမ်လုံး အသုံးချ နည်း-ဆိုပြီး-စာအုပ်ထုတ်ခြင် စိတ်တောင်ဖြစ် လာတယ်ဆရာ }}
( အေး ကောင်းသားဘဲ မောင်ရင် တကယ်လည်းအသုံးတဲ့မယ်။ အများလည်း အကျိုးရှိမယ်ဆိုရင် လုပ်နိုင်သမျှတော့လုပ်ကြရမှာဘဲ။ဆရာအားပေး တယ်။ လုပ်ကြည့်ကွ။နာမည်ကြီးပြီး အောင်မြင် သွားနိုင်တယ်နော })။
]] ဟုတ်ကဲ့-ကျနော်ကြိုးစားကြည့်ပါဦးမယ်။ အိမ်အခေါ်အခေါ် အဝေါ်(ပညတ် )တွေ ကိုတော့ လက်သမားဆရာတွေကိုအရင် မေးပြီးလေ့လာကြည့်ရမှာဘဲဆရာ }}
( ဆရာလည်း တတ်နိုင်သမျှ အကူအညီပေးမှာပါ။လုပ်ဖြစ်အောင်သာကြိုးစားပါ ။ခုဆရာပြောခဲ့တဲ့နည်းတွေက ပုံသေတော့မရှိပါဘူး။ဆရာအပေါ်မှာပြောခဲ့ တဲ့ နည်းတွေ ကသင့်တော်မဲ့နည်းကိုအသုံးပြုရသလို နည်းတွေ မူတွေ ပြောင်တိုင်း တခြားအရာတွေလည်းပြောင်းသွားနိုင်တယ်။ဒါကကိုင်တွယ်တဲ့ ပညာရယ်။ပြုလုပ်တဲ့ ဆရာပေါ်မှာမူတည်တယ်ကွ။အမြဲ ဒီလိုကြီးရယ်လို့တော့ ပုံသေမှတ်လို့ မလွယ် ဘူးလေ ။တခုစီပြောပြသွားတာကို နားထောင်ရင်း တဖြေးဖြေး-သဘောပေါက် လာမှာပါ )။
ဒီထက်လွယ်ကူ ထိရောက်တဲ့နည်း ခြင်ရင် }}(မွေးနံ(၇)နေ့သား အတွက် (နေ့နံ/၇)မျိုး ကို လိုအပ်တာတွေနဲ့ ကြိုတင်စီရင်ထားပြီး-အကြောင်းတိုက်ဆိုင် လာတဲ့အခါ ဒီယတြာကိုပေးလိုက်ပေါ့ကွာ ။
-----------
- (မှတ်ချက်။--။ဘဝကို-ကံ-ကချုပ်ကိုင်ထားသောကြောင့် လောကဓံ အကောင်း/အဆိုးနဲ့ တိုက်ဆိုင် ပြုလုပ်ပေးခြင်းကိုဦးပေးပါသည်။)
--------
----ငါသိသလိုသိကြပါစေ-ဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်-
----လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်း)။--

Sunday, January 17, 2016

(--------------အတိုက်အခိုက်တွေကို အကာ အကွယ်ဖြစ်စေခြင်ရင် -(ဒိုင်း ) မှာဆင်-)-- ---------------------------------------------------(--သဘာဝ(ပညတ်)များနှင့်(လောကီရေးရာ)အသုံးပြုနည်းများ--)
--------------
]] ဆရာရေ့ -ရန်အတိုက်အခိုက်တွေများနေတဲ့သူတွေအတွက် လုပ်ဆောင်သင့်တဲ့-အကာအကွယ်ဖြစ်-စေတဲ့နည်းလေးတွေရေးပါဦးလား-ဆရာ}}
က}ျွန်ုပ်၏- ဟောပြောလမ်းညွှန်ရာ-ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။( ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း၌ တပည့်ဖြစ်သူမောင်သိန်းရောက်လာသည်နှင့် မပြီးဆုံးလေသော ဇာတ်လမ်းများဆိုရမလိုအိမ်တအိမ်မှာ သဘာဝအတိုင်း (ပညတ်)ထားတဲ့ -ခိုင်မာတဲ့-အဲဒီ(ပညတ်)တွေနဲ့-စီရင်တဲ့နည်းလေးတွေကို သုံးပြီး ပိုပြီးလွယ်ကူထိရောက်တဲ့-လောကီအစီအရင်တွေကိုမေးပါ လေတော့သည်။
( အိမ်တအိမ်မှာ ဖြစ်စေ-လုပ်ငန်းတွေမှာဖြစ်စေ အတိုက်အခိုက်တွေ ရှိနေပြီဆိုရင် သဘာဝအတိုင်း(ပညတ်)ထားတဲ့-ထုတ်-ယောက်-ဒိုင်း-မျှား-ဆိုတာတွေထဲက-အကာအကွယ်ကိုဖြစ်စေဖို့(ပညတ်)နဲ့ ကိုက်ညီတဲ့( ဒိုင်း )ကို အသုံးပြုရမည့် နည်းကိုပြောပြမှာဖြစ်တယ် မောင်သိန်းဌေး )။
]] ဗေဒင်မေးသူတချို့ဟာ-ကိုယ်မေးစရာတောင်မလိုဘဲ-ရောက်လာတာနဲ့-ဆရာ ကျနော်/ကျမ-တို့မှာအတိုက်အခိုက်တွေများနေလို့ အကာအကွယ်ယတြာလေးဘာလေးလုပ်ပါဦး-လို့ပြောကြတာများတယ် ဆရာ }}
( အေးအဲဒီလိုမျိုးသူတို့တွေ လိုလိုခြင်ခြင်ဖြစ်နေတဲံအချိန်ဆိုပိုအဆင်ပြေတာပေါ့။လာမေးသူ(သို့မဟုတ်)အိမ်ထောင်ဦးစီးရဲ့ -သူရဲ့ နံတူ ဓါတ်သား-ဓါတ်သစ်ရွက်ကို စောစောကဆရာပြောခဲ့သလိုဘဲ။ မိမိယုံကြည်ရာပညာရပ်တွေနဲ့ပတ်သက်တဲ့ မိမိရဲ့မူလမွေးနံကိုဖြစ်စေ-/မိတ်ပေါ် ဓါတ်အုပ်နည်း/နံတူနဲ့ အကာအကွယ်ဖြစ်အောင် ဓါတ်ဆင်နည်း/ ကက်ကင်းနည်းနဲ့အကာအကွယ်ဖြစ်အောင် ဓါတ်ဆင်နည်း/ ရန်နဲ့ဓါတ်ဆင်ပြီးအကာအကွယ်ဖြစ် အောင်ပြု လုပ်ထဲ့နည်း/အင်း-အိုင်-စမ-အဆောင်ယတြာများနဲ့ပြုလုပ်နည်း/ယတြာဒီပံ+မဟာဒီပံ-စတဲ့အတတ်ပညာတွေနဲ့ အစီအရင်လုပ်တဲ့နည်း/ မိမိကြိုက်တဲ့နည်းနဲ့စီမံပြုလုပ်ထားတဲ့ ပစ္စည်းတွေကို (ဒိုင်း )ဆိုတဲ့ (ပညတ်) အမည်ရှိတဲ့တန်းမှာ ကြိုးနဲ့ကပ်ချည် နှောင်ထားခြင်း/တွဲလောင်း ချည်ထားခြင်း/ စတာတွေကိုစီမံပြီး နေ့ရက် နာရီ အချိန်အခါတွေရွေးပြီး ပြုလုပ်ကြတာပါ။ခုဖေါ်ပြထားတဲ့ နည်းတွေ ထဲက မည်သည့်နည်းကိုဘဲသုံးသုံး ဘာကိုနောက်ဆုံးချုပ်ထားတာလည်းဆိုတော့ ( ဒိုင်း )ကိုအဓိကထားသုံး လိုက်တာဘဲမောင်ရင်)။
]] ခါတိုင်းလိုဘဲဆရာရယ်-တသက်လုံး-ကိုယ်နေခဲ့တဲ့ -အိမ်က ထုတ်-ယောက်-ဒိုင်း-မျှား-လှေခါး- ပြုတင်းပေါက်-ဆင့် -ဖားတို့ နွား-တို့ -ဒီလိုအသုံးဝင်ပုံကို ခုမှဘဲ သေသေချာချာ သိရတော့တယ်ဆရာ-ခု လူတရောက်ပြန်ရောက် အမြန်ပြန်ရောက်လာအောင် ပြုလုပ်စီရင်တဲ့ နည်းလေးကို ဥပမာ တခုလောက်ပြောပြပါလားဆရာ }}
( ဥပမာပြောရရင် အတိုက်အခိုက်တွေများနေလို့-အကာအကွယ်ဖြစ်စေခြင်ရင် မိမိအမည်နဲ့ -( မွေးနံ-) သစ်-ရွက်မှာ(မောင်... အတွက်အကာအကွယ်ဖြစ်စေ) အဖျားမှအရင်းသို့ ရေးပြီး ( ဒိုင်း )ဆိုတဲ့(ပညတ်)အမည်ရှိတဲ့-နေရာမှာ-မိမိ မွေးနံ-နဝင်း-ပေါ်ချိန် သူ့မွေးနေ့ မနက်(၉းဝ၀)နာရီမှ (၁၀း၃၀)နာရီအတွင်း( ဒိုင်း )မှာ စိတ်ထဲက-လေးလေးနက်နက် အာရုံပြုဆုတောင်းပြီးပြုလုပ် ထားရမှာဖြစ်တယ်။)။
]] ဆရာပြောတဲ့ ဆောင်ပန်း နင်းကြမ်းတွေနဲ့အမြဲတွက်ချက်ပြီး ဆိုင်ရာနဝင်း အရွက် အခက်တွေရွေးချယ်ဖို့မလိုဘုးလားဆရာ }}
( ဒီလိုပုံသေတော့မရှိပါဘူး။ဆရာအပေါ်မှာပြောခဲ့တဲ့နည်းတွေကသင့်တော်မဲ့နည်းကိုအသုံးပြုရသလို နည်းတွေ မူတွေ ပြောင်တိုင်း တခြားအရာတွေလည်းပြောင်းသွားနိုင်တယ်။ဒါကကိုင်တွယ်တဲ့ ပညာရယ်။ပြုလုပ်တဲ့ ဆရာပေါ်မှာမူတည်တယ်ကွ။အမြဲ ဒီလိုကြီးရယ်လို့တော့ ပုံသေမှတ်လို့ မလွယ်ဘူးလေ။တခုစီပြောပြသွားတာကို နားထောင်ရင်း တဖြေးဖြေး-သဘောပေါက်လာမှာပါ )။
]] ဒီထက်လွယ်ကူ ထိရောက်တဲ့နည်း မရှိတော့ဘူးလားဆရာ }}
( နည်းပေါင်း-သောင်းခြောက်ထောင်-ဆိုတော့- ရှိနေမှာပါ ဒီလောက်ကျယ်ပြန့်တဲ့-လောကီပညာတွေကို-အကုန်တော့ဆရာလည်း ဘယ်သိနိုင်ပါ့မလည်း။ တချို့ဆိုရင်-မွေးနံ(၇)နေ့သားအတွက်(နေ့နံ/၇)မျိုးကို အင်းစမ-တွေကြိုတင်စီရင်ထားပြီး-အကြောင်းတိုက်ဆိုင်လာတဲ့အခါ ဒီယတြာကိုပေးလိုက်ကြ တာပါဘဲ။ )။
------
- (မှတ်ချက်။--။ဘဝကို-ကံ-ကချုပ်ကိုင်ထားသောကြောင့် လောကဓံ အကောင်း/အဆိုးနဲ့ တိုက်ဆိုင် ပြုလုပ်ပေးခြင်းကိုဦးပေးပါသည်။)
--------
-------ငါသိသလိုသိကြပါစေ-ဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်-
-------------လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်း)။

Thursday, January 7, 2016

--(ဓာတ်တူနံတူ . . . ဓာတ်တူနံတူ . . . ဓာတ်တူနံတူ)----

---------------(((------ခေတ်အမြင်နှင့် ဗေဒင်----))))-----
-------------(ဓာတ်တူနံတူ . . . ဓာတ်တူနံတူ . . . ဓာတ်တူနံတူ)----
--------------
]]ဆရာကိုအေးဝင်းနဲ့ ဘယ်မှာတွေ့လာကြတာလဲ မောင်ရာဇာ}}
တပည့်ဖြစ်သူမောင်ရာဇာတစ်ယေက် မြောက်ဥက္ကလာပမှ ကျောင်းဆရာ ကိုအေးဝင်းနဲ့အတူ ကျွန်ုပ်၏ဓာတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓာတ်ခန်း အတွင်းသို့ ရောက်လာသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
]]ကျွန်တော်က ဈေးထဲက စားဖို့ သောက်ဖို့ဝယ်ခြမ်းပြီးအပြန် မိုးကောင်း ဘုရားကားမှတ်တိုင်မှာ တွေ့လာတာဆရာရေ့}}
မောင်ရာဇာတစ်ယောက်ပြောပြောဆိုဆို လက်ဖက်ရည်နှင့် မုန့်လာပို့ရင်း
]]ဆရာကိုအေးဝင်းလက်ထဲက ဘာထုပ်တွေလဲဗျ}}
]]မောင်ရင်တို့ဆရာတပည့်တွေအတွက် ထုံးစံအတိုင်း ကော်ဖီမစ်နဲ့ မုန့်ပေါ့ကွ}}------------- -------]]ဒါတွေသိမ်းထားလိုက်ဦးမယ်၊ ကျွန်တော်ဝယ်လာတဲ့ စားစရာတွေကို အရင်စားကြတာပေါ့ဗျာ}}ဟုပြောပြောဆိုဆို ဆရာကိုအေးဝင်းပါလာသည့် ပစ္စည်းများအား သိမ်းဆည်းနေလေသည်။
]ဆရာစာရေးသက်တမ်းကြာလာတာ အဆောင်ယတြာနဲ့ပတ်သက်လို့ ရေးတာ သိပ်မတွေ့ရဘူး၊ ဘာဖြစ်လို့ အဆောင်ယတြာ အကြောင်းမရေး တာလဲဆရာ}}
ဆရာကိုအေးဝင်းမေးနေချိန် မောင်ရာဇာပြန်ရောက်ချိန်နဲ့ တိုက်ဆိုင် နေတော့ . . .
]]ဟုတ်တယ် ကျွန်တော်လည်း အဲဒီအကြောင်းမေးမလို့ အခုတော့ အတော်ပဲဖြစ်သွားတာပေါ့}}
သူတို့ပြောသည်လည်းဟုတ်၏။ ကျွန်ုပ်ရေးခဲ့သည့်စာများသည်၊ အဆောင် ယတြာထက် ကိုယ်တိုင်လိုက်နာရမည့်အချက်အလက်များကို ဦးစားပေးသည့် အတွက်ဖြစ်သည်။ အဆောင်ယတြာ အစွမ်းထက်မှန်းသိ၏။ နည်းစနစ်တွေ ကိုလည်း အထိုက်အလျောက်လေ့လာသင်ကြားခဲ့ရ၏။
]]ဆရာကိုအေးဝင်းမေ့နေလို့ဖြစ်ပါလိမ့်မယ်။ ပထမသင်တန်းဖြစ်တဲ့ သီရိဒေဝသင်တန်းမှာ ဆရာတချို့တဝက်သင်ခဲ့ဖူးပါတယ်}}
ဆရာကိုအေးဝင်းသည် ခဏတာမျှ စဉ်းစားနေရာမှ
]]ကျွန်တော်သိပ်မမှတ်မိဘူးဖြစ်နေတယ်ဆရာ၊ အဲဒီနေ့က ကျွန်တော်များ သင်တန်းမတက်ဖြစ် လို့လား မသိဘူး}}
]]သေချာစဉ်းစားပါဦး ကိုအေးဝင်းရဲ့ ခင်ဗျားကိုယ်တိုင်ဝင်မေးတဲ့ မေးခွန်း တောင်မှတ်မိသေးတယ်}}
]]သေချာလှချည်လားဆရာ၊ ဒီလောက်သေချာနေမှတော့ ဆရာအစ ဖော်လိုက်ရင် ကျွန်တော် မှတ်မိတန်ကောင်းပါရဲ့}}
]]ဟုတ်တယ်ဆရာ ကျွန်တော်လည်းကြားဖူးတယ်ရှိအောင် ပြန်ပြောပြ ပါလားဆရာ}}
]]သင်တန်းကလည်း ဖွင့်ကာစဆိုတော့ ဆရာတွေပညာစွမ်းပြကောင်းတဲ့ အချိန်ဆိုပါတော့၊ သင်လိုက်တဲ့ပညာရပ်တွေ ကြောက်ခမန်းလိလိပဲ}}
]]အဲဒီလောက်တောင်ပဲလားဆရာ}}
]]ဒါထက်တောင်သာသေးဆိုရမလိုဘဲ}}
]]ကျွန်တော်တို့နဲ့ အဲဒီလိုပွဲမျိုးကြတော့ မတိုးဘူးဖြစ်နေတယ်}}
]]ဆရာ တစ်နေ့ကပြောခဲ့သလိုပေါ့၊ ဆေးတွေ၊ အင်းတွေ၊ စမတွေ၊ အဆောင်ယတြာတွေ၊ ဓာတ်တူနံတူ၊ ကတ်ကင်းတွေသင်လိုက်ကြတာ စုံနေ တာပေါ့။ ဆရာလည်းတစ်နေ့ ဆရာသင်တန်းချိန် တစ်ခုမှာ အခုပြောပြမယ့် ]ဓါတ်တူနံတူ}အကြောင်းအရာလေးကို သင်ဖြစ်ခဲ့တာပါ}}
]]ဆရာသင်မယ့် သင်ရိုးညွှန်းတမ်းမှာ သင်ဖို့ပါလို့လားဆရာ}}
ဆရာကိုအေးဝင်းနဲ့ မောင်ရာဇာတို့နှစ်ယောက် ဇာတ်တိုက်ထားသလို ပြိုင်တူမေးလိုက်ကြ သည်။
]]ဆရာက လောကကဓံမဟာဘုတ်ပဲ သီးသန့်သင်ဖို့ တာဝန်ယူခဲ့တာပါ။ အခုသင်တဲ့ အကြောင်းအရာက မိမိသင်မဲ့ ဘာသာရပ်နဲ့မပတ်သက်သော်လည်း ဗဟုသုတအနေနဲ့ သင်ခဲ့တဲ့သဘောပါ}}--
-]]ဆရာသင်ခဲ့တဲ့ ဓာတ်တူနံတူ အကြောင်းလေးပဲပြောပါဆရာ}}
မောင်ရာဇာမှကြားဖြတ်ပြောလာသဖြင့် . . .
]]ဓါတ်တူနာမ်တူ ဆေးဘက်ယူ၊ နံတူသတ်က အသေရဆိုတဲ့ ပညာခန်း အကြောင်း ဆရာတော် တော်များများသင်နေကြတော့ ဆရာ့ကို သင်တန်းသား တချို့ကမေးတယ်။ ဆရာ ဓါတ်ရိုက်ဓါတ်ဆင်တို့၊ ဓါတ်တူနံတူတို့၊ ကတ်ကင်းတို့ ဆရာသိပ်ပြောတာမတွေ့မိဘူး၊ ဆရာအဲဒီပညာရပ်တွေမတတ်ဘူးလား}} တဲ့ ။
ဆရာကလည်း . . .
]]ဟာ ဆရာကြီးဦးကြာမြင့်တပည့်ပဲကွာ မတတ်နေပါ့မလားလို့ ပြန်ပြောလိုက်တာပေါ့။ အဲဒီ မှာတင် ဓါတ်ရိုက်ဓါတ်ဆင်ပညာခန်းလေး တစ်ခုလောက် သင်ပြပါဆိုတာနဲ့ သင်ဖြစ်ခဲ့တာပါ}}
]]ဘာအကြောင်းအရာများလည်းဆရာ}}
]]အခုပဲပြောနေတယ်လေ၊ ဓါတ်တူနံတူ ပညာခန်းပါဆိုမှ}}
မောင်ရာဇာတစ်ယောက် သိပ်သိချင်နေသည်မှာ သိသာလှပေသည်။
]]ဆရာသင်ပြခဲ့တာက ဒီနေ့ဆရာတော်တော်များများရေးနေကြတဲ့ လှည်းပတောင်း + ပိတောက်သား + ပိတုံးရုပ်ထု + ပြဒါးထည့် + ပိဒိုင်းနဲ့ပိတ်ပြီး ဗုဒ္ဓေါ (၁၀ဝ၀)စုပ်ပြီးဆောင်ထားရင် စွမ်းတယ်ဆိုပဲ။ အကာအကွယ်တော် တော်ကောင်းကောင်းဆိုပဲ၊ သင်တန်းသားတွေလည်း ကူးယူပြီး အမျိုးမျိုး မေးကြတာပေါ့}}
]]ဘာတွေမေးကြလဲဆရာ}}-
-]]မေးတာကတော့ အဲဒီဓါတ်တူနံတူအကြောင်း ဆရာ့ကိုယ်တွေ့ပြန် ပြောပြဖို့ ပြီးတော့ ဂါထာ မရွတ်ဘဲဆောင်ထားလို့မရဘူးလား စတဲ့မေးခွန်း တော်တော်များများမေးကြပါတယ်}}
]]ဆရာပြန်ဖြေခဲ့တဲ့အကြောင်းအရာတချို့ကို ပြောပြပါလားဆရာ}}
]]ဆရာက ဒီအဆောင်နဲ့ ပတ်သက်လို့ ဆရာ့ကိုယ်တွေ့မရှိကြောင်း၊ စာအုပ်တွေထဲမှာတော့ ဖတ်ဖူးကြောင်းနဲ့ တဆင့်စကားတဆင့်နားပဲကြားဖူး ကြောင်း၊ ပြန်ဖြေတော့ သင်တန်းသားတချို့တွေ က သိပ်ဘဝင်မကျဖြစ်ပြီး ဆရာ့ ကိုယ်တွေ့မဟုတ်ဘဲနဲ့များဆရာရယ်၊ တခြားဆရာ့ကိုယ်တွေ့အကြာင်း အရာကို သင်တာကမှ ဟုတ်ဦးမယ်တဲ့။ တခြားဆရာတွေလည်း ဒီအကြောင်းအရာကို သင်သွားကြပြီးပြီ မောင်ရင်တို့ အဲဒီလိုမေးကြည့်တော့ ဆရာတွေက ဘာပြန်ဖြေ သွားကြလဲ}}
]]တခြားဆရာတွေကိုတော့ ပြန်မမေးဖြစ်ဘူး}}
]]ဘာဖြစ်လို့မမေးကြတာလဲဆိုတော့ တခြားဆရာတွေက နဂိုကတည်းက သင်ရိုးတွေ ပြန်သင်တာဆိုလို့ မမေးခဲ့ကြကြောင်း ပြန်ပြောတော့ ဆရာမေးမိတာပဲ မှားသလို ဖြစ်နေတာပေါ့}}
]]ဆရာကကိုယ်တွေ့ပဲ သင်တာများတော့ ဆရာ့ကိုယ်တွေ့များရှိမလားလို့ မေးကြည့်ကြတာပါ ဆရာ}}
ဒီတော့ဆရာက ပြန်ပြောလိုက်ပါတယ်။
]]မောင်ရင်တို့ သေသေချာချာ ကူးရေးထားကြပြီးပြီလား}}---ဆိုတော့ ...
]]ဟုတ်ကဲ့ပါ}} လို့ ပြိုင်တူဖြေကြတယ်။
]]တပည့်တို့တွေအနေနဲ့ ဒီအဆောင်နဲ့ပတ်သက်ပြီး ကိုယ်တွေ့များရှိကြ သလား}}
လို့ ဆရာမေးတော့ အားလုံးငြိမ်သွားရာမှ ...
]]ကျွန်တော်တို့လည်း စာထဲမှာ ဖတ်ရတာရယ် လူကြီးသူမတွေပြောသံ ကြားတာရယ်ပဲ ရှိပါတယ်။
]]ဆရာလည်း မောင်ရင်တို့ကို အဲဒီအကြောင်းပြောပြချင်နေတာအတော်ပဲ။ ဆရာပြောတဲ့ အထဲမှာ ဒီအဆောင်နဲ့ပတ်သက်လို့ ဘာတွေကောင်းတယ်၊ ဘာတွေမကောင်းဘူးဆိုတာ မပြောရသေး ဘူးနော်}}
ဟုတ်သားပဲ၊ ဆရာရှင်းမပြရသေးဘူးလေ}}
]]သေချာနားထောင်ကြပါ၊ လှည်းပတောင်း+ပိတောက်သားကို+ နေ့နာရီ+ အချိန်တွေရွေးပြီး+ပိတုံးရုပ်ထု+ ပြဒါးထည့်+ပဒိုင်းနဲ့ပိတ်+ ဗုဒ္ဓေါ(၁၀ဝ၀) ရွတ်ဖတ် ပူဇော်ပြီးဆောင်ထား ပဒင်း ဆိုတဲ့ သေနတ်နဲ့ပစ်လိုက်တာ ပတောဆိုကျည်ဆံ တွေထွက်ပြီး တကိုယ်လုံးဇကာပေါက်ဖြစ်ပြီး သေတာပါပဲ}}
]]ဟာ ဆရာကလည်း ကျွန်တော်တို့က တကယ်ထင်ပြီး နားထောင်လိုက် ရတာဆရာရယ်}}
]]တကယ်ပြောတာပါ၊ ဆရာဆိုလိုတာက ယနေ့ထိ စာပေတွေ၊ ကျမ်းတွေ မှာရှိနေတာ ဆရာစဉ်ဆက် သုံးခဲ့ကြတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဆရာ တစ်ခါမှ မတွေ့ဘူးတော့ ပြန်သင်ကြား ဖို့ ခက်နေတာပေါ့။ ဆရာ့ကိုမေးကြတယ်}}
]]သူတို့မေးတာလည်း ဟုတ်သားပဲဆရာရယ်}}
]]ဟုတ်လို့ပြောနေရတာပေါ့ မောင်ရာဇာ။ အဲဒီအဆောင်တွေကိုင်တွယ် အသုံးပြုတဲ့ နောက်ကွယ်မှာ ဘာတွေရှိတယ်ဆိုတာကို သတိမထားမိကြဘူး ဖြစ်နေတယ်}}
]]ဆရာတွေသင်ပေးတာ၊ စာပေတွေမှာလည်း ဒီအတိုင်းပဲမဟုတ် လားဆရာ}}
]]ဟုတ်ပေမယ့် နောက်ဆုံးအကြောင်းအရာလေးတွေကို သတိမထားမိကြ ဘူးလို့ ပြောတာပေါ့}}
]]ဘာအကြောင်းအရာဖြစ်လို့ ဒီလောက်အရေးပါနေရတာလဲဆရာ}}
]]ဒီလို မောင်ရာဇာရဲ့ အဲဒီအဆောင်ကို ကိုယ်တွယ်အသုံးပြုသူသည် ငါးပါးသီလလုံရမယ်၊ သီလသမာဓိရှိဖို့လိုတယ်ဆိုတဲ့ စာပိုဒ်လေးပဲ}}
]]ဆရာရယ် သီလသမာဓိရှိမှတော့ ဒီအဆောင်ဘာလုပ်ဖို့လိုမလဲ ဆရာရယ်}}
]]မောင်ရာဇာလို လူတွေမတွေးမိကြဘူး၊ လောဘနဲ့ကြောက်စိတ်ကများ နေတော့ ခက်နေတာပေါ့၊ အဲဒါပဲမောင်ရာဇာ တန်ဖိုးရှိလှတဲ့ မြန်မာ့ပညာရပ်တွေ ----တဖြည်းဖြည်း ပျောက်ကွယ် သွားရတဲ့အကြောင်းပဲ၊ တစ်ဆင့်စကားတစ်ဆင့် ကြားတာရယ်၊ စာပေတွေ၊ ကျမ်းတွေထဲကတွေ့တာကို ကိုယ်တိုင်ပဲ ဆောင်ထား လို့အကျိုးရှိနေသလိုလို၊ သူတို့လုပ်ပေးလို့ပဲ တော်တော်များများ အဆင်ပြေနေ သလိုနဲ့ ပြောဆိုရေးသားနေကြတာပါ။ တကယ့် လက်တွေ့မှာတော့ ... ဒါကြောင့်မဖြစ်နိုင်တော့ တာတဲ့။ အကြောင်းအရာတွေနဲ့ လူထုကို မှိုင်းတိုက် သလိုဖြစ်မဲ့ အကြောင်းအရာတွေကို မလုပ်ကြဖို့ တပည့်တွေကို ဆရာ အမြဲ ပြောနေရတာပေါ့။ ကဲဆရာ ကိုအေးဝင်းလည်း မောင်ရာဇာမေးတာတွေ နားထောင်နေရတာနဲ့ ကိုယ်သိချင်တာတွေ မမေးဖြစ်လိုက်ဘူး ဖြစ်နေဦးမယ်၊ မေးစရာရှိရင်မေးဗျာ}}
]]မောင်ရာဇာမေးတာကလည်း ကျွန်တော်သိချင်နေတဲ့ အကြောင်းအရာ ပါပဲ၊ ဟုတ်တယ် ဆရာ ရှေးကတန်ဖိုးရှိတဲ့ မြန်မာ့ပညာရပ်တွေကို စာပေတွေမှာ အံ့မခန်းဖတ်ရပေမယ့် တကယ်တမ်း လက်တွေ့ကြတော့ မပြနိုင်ဘူးဖြစ်နေတာ ဆရာပြောသလို အကြောင်းအကျိုးလေးသိထားတော့ ..........။။
-----------
--ငါသိသလိုသိကြပါစေဟု-ငါ၏ရင်မှာဖြစ်၏-ကှ်ျမှန်သောသစာ-စကားကြောင့်......။
-------

Sunday, January 3, 2016

(-အိမ်မှ ထွက်သွားသူ အမြန်ပြန်ရောက် စေချင်ရင် ----------(ယောက်)မှာဆင်-

(-အိမ်မှ ထွက်သွားသူ အမြန်ပြန်ရောက် စေချင်ရင်
----------(ယောက်)မှာဆင်-
--)။ (--သဘာဝ(ပညတ်)များနှင့်(လောကီရေးရာ)အသုံးပြုနည်းများ-)
-----------------
က}ျွန်ုပ်၏- ဟောပြော လမ်းညွှန်ရာ-ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊ အရှေ့မုခ်၊အမှတ်(ခ)။( ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း၌ တပည့်ဖြစ်သူမောင်သိန်းဌေးနှင့် ပြီးခဲ့တဲ့အပတ်ကလောကီပညာရပ်တွေနဲ့အိမ်မှာရှိနေတဲ့ ခိုင်မာတဲ့-သဘာဝ(ပညတ်)တွေ အကြောင်းကိုဆက်လက်ပြော ဆိုနေကြခြင်းဖြစ် သည်။
]] ဆရာ-ပြီးခဲ့တဲ့အပတ်က အိမ်တအိမ်မှာရှိတဲ့(ပညတ်)တွေနဲ့-အိမ်အမြန်ရောင်း ထွက်အောင်-စီရင်တဲ့နည်းတော့ပြောပြီးပြီ။နောက်(ပညတ်)တခု-အသုံးဝင်ပုံပြုလုပ် ပုံလေးပြောပြပါဦးဆရာ }}
(ဒီလို မောင်သိန်းဌေးရဲ့ မည်သည့်ပစ္စည်းမဆို-တဦးတယောက်က ငှားသွား လို့ ပြန်လာမပို့တော့တဲ့အခါမှာဖြစ်ဖြစ် အိမ်ကလူတ ယောက်ထွက်သွား လို့ အမြန်ပြန်ရောက်လာအောင် ပြုလုပ်တဲ့အကြောင်းလေးကိုပြောပြပါဦးမယ်။ အိမ်တ အိမ်မှာ-ခိုင်မာတဲ့-သဘာဝ(ပညတ်)ဖြစ်တဲ့(ယောက်) ကိုအသုံးပြု စီရင်တဲ့နည်းလေး ကို ပြောပြတာပိုပြီးလွယ်ကူထိရောက်မြန်ဆန်မယ်မောင်သိန်းဌေးရေ -
-------ဥပမာ--အိမ်တအိမ်မှာ-ရှိတဲ့-ထုတ်-ယောက်-ဒိုင်း-မျှား-ဆိုတာတွေထဲက-(ယောက်)ကိုသုံးမှာဆိုတော့-.....။
-အိမ်ကထွက်သွားလေသူရဲ့နံတူဓါတ်သားဓါတ်သစ်ရွက်ကိုမိမိယုံကြည်ရာပညာရပ်တွေနဲ့ပတ်သက်တဲ့ မိမိရဲ့မူလမွေးနံကိုဖြစ်စေ-/မိတ်ပေါ်ဓါတ်အုပ်နည်း/နံတူနဲ့ရောင်း ထွ က်ေ အာင်ဓါတ်ဆင်နည်း/ ကက်ကင်းနည်းနဲ့အမြန်ရောင်းထွက်အောင် ဓါတ် ဆင်နည်း/ ရန်နဲ့ဓါတ်ဆင်ပြီးအမြန် ရောင်း ထွက်အောင်ပြု လုပ်ထဲ့နည်း/အင်း-အိုင်-စမ-အဆောင်ယတြာများနဲ့ပြုလုပ်နည်း/ယတြာဒီပံ+မဟာဒီပံ-စတဲ့အတတ်ပညာေ တွနဲ့ အ စီအရင်လုပ်တဲ့နည်း/ မိမိကြိုက်တဲ့နည်းနဲ့စီမံပြုလုပ်ထားတဲ့ ပစ္စည်းတွေကို (ထုတ်)ဆိုတဲ့ (ပညတ်) အမည်ရှိတဲ့ ထုတ်တန်းမှာ ကြိုးနဲ့ကပ်ချည်နှောင်ထားခြင်း/ တွဲလောင်း ချည်ထားခြင်း/ စတာတွေကိုစီမံပြီး နေ့ရက် နာရီ အချိန်အခါတွေေ ရွးပြီး ပြုလုပ်ကြတာပါ။ခုဖေါ်ပြထားတဲ့ နည်းတွေထဲက မည်သည့်နည်းကိုဘဲသုံးသုံး ဘာကိုနောက်ဆုံးချုပ်ထားတာလည်းဆိုတော့ ( ယောက် )ကိုအဓိကထားသုံး လိုက်တာ ဘဲမောင်ရင်)။
]] တသက်လုံး-ကိုယ်နေခဲ့တဲ့ -အိမ်က ထုတ်-ယောက်-ဒိုင်း-မျှား -လှေခါး - ပြုတင်းပေါက်-ဆင့် -ဖားတို့ နွား-တို့ -ဒီလိုအသုံးဝင်ပုံကို ခုမှဘဲ သေသေချာချာ သိရတော့တယ်ဆရာ-ခု လူတရောက်ပြန်ရောက် အမြန်ပြန်ရောက်လာအောင် ပြု လုပ်စီရင်တဲ့ နည်းလေးကို ဥပမာ တခုလောက်ပြောပြပါလားဆရာ }}
------------( ဥပမာပြောရရင်( ပြည့်စုံ )ဆိုတဲ့လူတယောက်အိမ်ကထွက်သွားလို့ အမြန်ပြန်ရောက်စေခြင်ရင် ပြည့်စုံအမည်ရဲ့-ကက်ကင်းဖြစ်တဲ့-( စပါယ်-) ၈-ရွက်မှာ အဖျားမှအရင်းသို့ ]] ပြည့်စုံ အမြန်ပြန်ရောက်စေ }}လို့ရေးပြီး (ယောက်)ဆိုတဲ့ (ပညတ်)အမည်ရှိတဲ့-နေရာမှာ-မိမိပြန်လာစေချင်သူရဲ့ မွေးနံ-နဝင်း-ပေါ်ချိန် သူ့မွေးနေ့မနက်(၉းဝ၀)နာရီမှ(၁၀း၃၀)နာရီအတွင်း( ယောက် )မှာ မောင်ပြည့်စုံ အမြန်ပြန်ရောက်ပါစေ လို့ စိတ်ထဲက-လေးလေးနက်နက် အာရုံပြုဆုတောင်းပြီးပြု လုပ် ထားရမှာဖြစ်တယ်။)။
]] သူကြတော့ ဆရာပြောတဲ့ ဆောင်ပန်း နင်းကြမ်းတွေနဲ့တွက်ချက်ပြီး ဆိုင်ရာနဝင်း အရွက် အခက်တွေရွေးချယ်ဖို့မလိုဘုးလားဆရာ }}
( နည်းတွေ မူတွေ ပြောင်တိုင်း တခြားအရာတွေလည်းပြောင်းသွားနိုင်တယ်။ ဒါက ကိုင်တွယ်တဲ့ ပညာရယ်။ပြုလုပ်တဲ့ ဆရာပေါ်မှာမူတည်တယ်ကွ။အမြဲ ဒီလိုကြီးရယ် လို့တော့ ပုံသေမှတ်လို့ မလွယ်ဘူးလေ။တခုစီပြောပြသွားတာကို နားထောင်ရင်း တဖြေးဖြေး-သဘောပေါက်လာမှာပါ ) ။
-------------------------------
- (မှတ်ချက်။--။ဘဝကို-ကံ-ကချုပ်ကိုင်ထားသောကြောင့် လောကဓံ အကောင်း/အဆိုးနဲ့ တိုက်ဆိုင် ပြုလုပ်ပေးခြင်းကိုဦးပေးပါသည်။)
--ငါသိသလိုသိကြပါစေ-ဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်-
--လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်း)။
--------------