(((------လောကဓံပညာအရ နာမည်ကျော်များသေဆုံးခြင်း---))))
----------
]]မင်္ဂလာပါဆရာ}}
အာလုံးပဲ ]]မင်္ဂလာပါ]]
ဒီနေ့တော့ ဆရာ့ သင်ထောက်ကူ စာအုပ်ထဲက လောကဓံတရား နှင့် နာမည်ကျော်များ သေဆုံးရခြင်းအကြောင်း ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ပညာ အကြောင်းတွေကို ရှင်းပြသွားမှာဖြစ်ပါတယ်။ ကဲ စာအုပ်တွေ ထုတ်ထားကြပါ။
]]ကျွန်တော်သည် ယခု ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ဘက် မုခ်၊ ဗဟန်းကြားတောရလမ်း၊ သမဝါယမဝန်ကြီးဌာန ဓမ္မာရုံရှိ မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း၊ ပညာဒါနအခမဲ့ဗေဒင် ပညာသင်တန်း စတင်ဖွင့်လှစ် သင်ကြားချိန်မှစ၍ လောကဓံပညာ ရပ်တစ်ခု တည်းကိုသာ သင်ကြားပေးလာခဲ့ သည်မှာ ယနေ့အချိန်အထိဖြစ်သည်။
]]စာမျက်နှာဘယ်လောက်လဲမသိဘူးကွ}} ဟူသော ----
သင်တန်းသားအချင်းချင်းလှမ်းပြောသံ ကြားလိုက်ရသဖြင့် ကျွန်ုပ်က ]]စာမျက်နှာ (၆၆) ကျော်ပြီးနောက် တစ်မျက်နှာဖြစ်တဲ့ စာရွက်ပိုမှာဖြစ်တယ်။ အဲဒီစာမျက်နှာကိုကြည့်ကြရအောင်}}
ဟုပြောလိုက်မှ သင်တန်းသားတွေရဲ့ စာအုပ်လှန်လှောရှာဖွေနေတဲ့ အသံတွေကြားမှ
]]ဟုတ်ကဲ့ တွေ့ပါတယ်ဆရာ}} ဟူသော တောင်ဒဂုံစက်မှုဇုန် ဆိုဖာအလုပ် ရုံမှ မောင်နေလင်းထွန်းအသံကြောင့် အလွယ်တကူ ရှာတွေ့သွားကြဟန်တူပါရဲ့ စာရွက်လှန်သံတွေ မကြားရတော့ -
]]ကဲ ---လောကဓံ ပညာအရ နာမည်ကျော် များ သေဆုံးရခြင်းအကြောင်းဆိုတဲ့ စာပိုဒ်ကို အားလုံးအသံထွက်အောင် ဖတ်ကြည့် လိုက်ကြရအောင်}}
]]ဟုတ်ကဲ့ပါဆရာ}}
ဟူသော စကားသံဆုံးသည်နှင့် ကြားလိုက်ရသည့်အသံများမှာကား လောကဓံ ဆရာဦးထွန်းရီက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မဟာဘုတ်ပါရဂူ ဆရာကြီး ဦးကြာမြင့် ကိုယ်ပိုင်တီထွင်ခဲ့တဲ့ လောကဓံ(၈)ပါး မဟာဘုတ်ပညာအရ လူတစ်ယောက်ဟာ သက်ရောက်အဆိုးလောကဓံ (၄)ခွင်ဖြစ်တဲ့ အင်္ဂါ (အယသောခွင်) ၊ ဗုဒ္ဓဟူး (ဒုက္ခံ) ခွင်၊ စနေ (နိန္ဒိ) ခွင်၊ ကြာသပတေး (အလာဘော) ခွင်တွေမှာ -
အင်္ဂါ (အယသော) ခွင်ရောက်ရင် အြွေခအရံနည်း၍ စိတ်ဆင်းရဲရတာ၊
ဗုဒ္ဓဟူး (ဒုက္ခံ) ခွင်ရောက်ရင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲရတာ
စနေ (နိန္ဒ) ခွင်ရောက်ရင် ကဲ့ရဲ့ရှုတ်ချခံရတာ
ကြာသပတေး (အလာဘော) ခွင်ရောက်ရင် ငွေကြေးမပြည့်စုံရတာလို့ ပုံသေယူဆနေကြပါတယ်။
တကယ်တော့ ပုံသေယူဆလို့မရဘဲ အသက်အရွယ်၊ နေထိုင်ရာအရပ်ရပ်၊ မိမိလုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ကိုယ်စိတ်နှလုံး(၃)ပါးစလုံးအကျဉ်း အကြပ် အခက်အခဲများဖြစ်ကြရခြင်း၊ အဖိုးတန်ပိုင်ဆိုင်မှု ပစ္စည်းများဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာကျဆင်းကာ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်း၊ အတူနေမိသားစု နှင့် ရှင်ကွဲသေကွဲခွဲရတတ်ခြင်းနှင့် ကျန်းမာရေးထိခိုက်ရခြင်းများဖြစ်ရတတ်ပါ သည်။ အဆိုးဆုံးမှာ လူသေလျှင် သေ၊ မသေလျှင် နာမည်သေရမည့်အဖြစ်ဆိုး များကို ကြုံတွေ့ရတတ်ခြင်းဟု ဖွင့်ဆိုထားသည်။(ဘာဖြစ်မည်မပါ)(ကာယကံရှင်တုံ့ပြန်မှုကအဖြေဖြစ်ပါတယ်)။
အထူးသဖြင့် နောက်ဆုံး (၂) နှစ် ဖြစ်သောစနေ (နိန္ဒ) ခွင် နှင့် ကြာသပတေး (အလာဘော) ခွင်တို့ကို၊ ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဟုပင်ဆို ထားသလို ယနေ့ခေတ်လူငယ်အတော်များများ တိုက်ဆိုင်ကြုံတွေ့နေရသည် ကို တွေ့နေရပေ သည်။ လူတိုင်းကျိန်းသေဖြစ်ရမည်ဟု မဆိုနိုင်သော် လည်း ဖြ စ်နေသူ အများစုမှာ လောကဓံအဆိုး (၂) ဌာနတွင်ပင် ဖြစ်နေသည်ကို တွေ့ ရေ လသည်။
ကဲ --- မိတ်ဆွေ သင်ကိုယ်တိုင်လောကဓံရဲ့ အဆိုးဆုံး (၂) ခွင်ကို (၈)နှစ်လျှင် တစ်ကြိမ်နှုန်း ကျိန်းသေတွေ့ကြုံဖြတ်သန်းရမှာဖြစ်ပါတယ်။
ဘယ်အသက်အရွယ်တွေမှ ဘယ်လိုတွေ့ကြုံရမလဲဆိုတာ ကြိုတင် သိထားဖို့ နဲ့ လောကဓံအဆိုး (၂)ခွင် ကို ဘယ်လိုကျော်ဖြတ်သွားရမလဲ ဆိုတာ သိချင်ရင် --- လောကဓံဆရာဦးထွန်းရီထံသို့ ဟူသော အသံများ တိတ်သွားပြီးနောက်--------------------------(((------သစ်တစ်ပင်ရဲ့ စတင်စိုက်ပျိုးပြုစုပျိုးထောင်၊ အရွက်အသီးဝေ၊ toီးမှည့်၊ toီးတုံး၊ အရွက်ြွေကရတဲ့ သစ်တစ်ပင်ရဲ့ သဘောလိုပါဘဲ။-))))
နောက်ထပ်ထပ်မHawွ့ရှိထားတာကတော့ awးရေးဆရာမောင်သစ်မင်း နာရေးကိုထပ်မံဖြည်စွက်ပေးထားပါတယ်။ awးရေးဆရာမောင်သစ်မင်း(ခ)ဒေဝ။ စနေသား အသက်(၅၈)နှစ်တွင် ကွယ်လွန်သည်။)
--- ]]ဒီလိုဆိုရင်-ဆရာ့လောကဓံ ပညာအရ ဆိုရင်လူတွေဟာ(၈)နှစ်မှာ သေဖို့တစ်ကြိမ် BuံKawွUaeရမ လိုဖြစ်မနေဘူးလားဆရာ}}
ဟူသောမေးသHaကြာင့် toံကြားရာဆီသို့ လှမ်းကြည့်လိုက်ပြီး--
------ ]]သိပ်ကောင်းတဲ့ မေးခွန်းပဲ အခုစာမျက်နှာကို သေသေချာချာဖတ်လာခဲ့ကြပါ။ သိချင်တာတွေ မရှင်းလင်းတာတွေကို နောက်နေYrှပJarးကြပေတော့။ ဆရာစာသင်ချိန်လည်း ပြည့်ပြီဖြစ်လို့ ဒDae့တော့ ဒီမှာပဲရပ်နားလိုက်ကြပါစို့။
]]အားလုံးပဲမင်္ဂလာပါ}}
]]မင်္ဂလာပါဆရာ}}
---------------
---------ငါသိသလို သိကြပါစေဟု ငါ၏ရif၌ဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် ၊
----------------------လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ

No comments:
Post a Comment