lawkadan

Friday, July 29, 2016

..(......ကျွန်ုပ် ထံသို့ ရောက်ရှိလာသော အဆောင်များ...).......

....(......ကျွန်ုပ် ထံသို့ ရောက်ရှိလာသော အဆောင်များ...)...................................................... ............... .......... ............................
က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား။၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမ နှင့်မဟာဘုတ်န ဝင်း စီး ) ဓါတ်ခန်းအတွင်း၌ တချိန်က ကျွန်ုပ်ထံသို့ ရောက်ရှိလာသော အဆောင် များ အကြောင်းဆောင်းပါးရေးရန် လက်လှမ်းမီသမျှ ဓါတ်ပုံများရှာဖွေ စုေ ဆာင်းနေစဉ်...
( ဆရာဓါတ်ပုံတွေ နဲ့ တယောက်ထဲ ဘာတွေအလုပ်များနေလည်းဆရာ )မောင်သိန်းဌေးရောက်လာပြီး လှမ်းမေးလိုက်ခြင်းဖြစ်သည်။
..........တခါက ဆရာ့ဆီရောက်လာခဲ့တဲ့ အဆောင်တွေ အကြောင်းေ ဆာင်း ပါးရေးမလို့ အချက်အလက်တွေ ရှာနေတာကွ)
( အဆောင်တွေက တကယ်အသုံးဝင်ပြီး အမှန်တကယ်အကျိုးရှိနိုင်လို့ လားဆရာ)
.....ခုဆရာပြောပြမဲ့ အဆောင်တွေအကြောင်းဖတ်ကြည့်ရင် သိမှာေ ပါ့ မောင်ရင်.....
(လောကဓံရဲ့ဖြစ်ခြင်းပျက်ခြင်းတွေကိုကြိုသိပြီးလိုက်နာနိုင်သူတွေအတွက် အဆောင်မလိုပါဘူး ဆိုထားတဲ့ဆရာကအဆောင်အကြောင်းရေး မယ် ဆို တော့ ကြည့်လည်းလုပ်ပါဦးဆရာရယ် တော်တော်ကြာ အဆောင်ပေးတဲ့ ဆရာ တွေနဲ့ အဆောင်ထုတဲ့ပန်းပုဆရာတွေ ကသူတို့အကြောင်းရေး တယ်ဆိုပြီး ဆရာ့ကို တမျိုးထင်နေကြပါဦးမယ်)
.....ဆရာ့အနေနဲ့ ဆရာ့ဆီရောက်လာတဲ့ ကိုယ်တွေ့ဖြစ်စဉ်တွေ ဘဲ ရေးတာများပါတယ်။အဓိကကတော့ စဉ်းစားစရာလေးတွေ ပါလို့ ပြန်တင်ပေးတာပါ။.....
( ဒါဆိုလည်း ဘာတွေရေးထားလည်းဆိုတာပြောပါဦး ဆရာရယ်)
.....ဒီတပါတ် ခေါင်းစဉ်ကို ကျွန်ုပ်ထံ ရောက်ရှိလာ သော အဆောင်များ လို့ခေါင်းစဉ်ပေးထားလိုက်တယ်.....
( ရွှေချထားတဲ့ ဒီဝါးအဆစ် တွေကိုဖေါက်ထွက်နေတဲ့ ဝါးတန်းလေးက ဝါးတပင်လုံးကိုဖေါက်ထွက်နေတာလားဆရာ)
.....ဆရာဆီရောက်လာတာက တတောင်ကျော်ကျော်လောက် ရှိတယ်သူကတော့ အဆစ်နှစ်ဆစ်ကိုဖေါက်ထွက်နေတာဘဲ။.....
( တထွာလောက်ဘဲကျန်တော့တယ် ဆိုတော့ ကျန်တဲ့အပိုင်းတွေက ဘယ်ရောက်ကုန်တာလည်းဆရာ)
......ကျန်တဲ့အပိုင်းတွေက အဆောင်ဝါသနာပါသူတွေ တယောက်နဲနဲ နဲနဲနဲ့ ဝယ်သွားလိုက်ကြတာ နောက်ပိုင်းဆရာ မရောင်းတော့လို့ ခုလို
မောင်ရ င်မြင် ရတာပေါ့။......
( ဘာဖြစ်လို့မရောင်းတော့တာလည်းဆရာ။ဈေးမရလို့လား)
......ဈေးမရလို့မဟုတ်ပါဘူး။စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတာနဲ့ မရောင်းတော့တာပါ။လက်တဆစ်ကို လွန်ခဲ့တဲ့(၁၀)နှစ်လောက်က(၅၀ဝ)(၁၀ဝ၀)ရတာဘယ်နဲမလည်း။.....
( ဘယ်လိုစိတ်ထဲမှာ တမျိုးကြီးဖြစ်နေတာလည်းဆရာ ပစ္စည်းလာပေးတဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာက မကျေမနပ်ဖြစ်မှာစိုးရိမ်လို့လား ဆရာ)
.....ဘယ်ပုဂ္ဂိုလ်ပိုင်းဆိုင်ရာက မှ လာပေးထားတာမဟုတ်ဘူးကွ။အဲဒီနှစ်က ကျိုက္ကဆံ ဘုရားရာဟုဒေါင့် ဆရာ့မိတ်ဆွေ ဆရာတွေနဲ့ သူငယ်ချင်း
တွေ ရွှေသင်္ကန်းကပ်တော့ ငြမ်းဆင်ဖို့ ဝါးတွေဝယ်ရာကပါလာတာပါ။အစီး လိုက်တွေ ပါလာတာလို့ပြောတယ်။သူတို့က အဲဒီလိုင်းဆိုတော့ ဒါတွေယုံ
ကြတယ်လေ။ဒါကြောင့်လည်း ဆရာ့ကိုလာပေးတာပေါ့။.....
( မပြောတတ်ပါဘူးဆရာရယ် ကျနော်က ဆရာအရင်ကဒီလိုင်းမှာနေခဲ့ ဘူးတော့ အဲဒီအဆက်တွေလားလို့ပါ)
.....ဘာလည်း မောင်သိန်းဌေးရဲ့ လူတွေအထင်ကြီးအောင် အိမ်မက်ထဲမှာ ပုဂ္ဂိုလ်ကြီးတဦးက လာပေးသွားတာတို့ ဘယ်မှာအဓိဌာန်ဝင်တုံးက အဘက လာပေးသွားတာတို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးတပါး ကချီးမြင့် သွားတာ ဆိုပြိးလိမ်ညာပြောဖို့ လိုသေးလားဒီလိုဝါးမျိုးတွေက မျိုးစုလိုက်ေ ပါက်ရောက်နေကြတာ ပေါမှပေါဘဲ။သဘာဝ၀ါး မျိုးစိတ်ပါ.....
( ဟိုဘက်က ဝါးကအပေါက်နှစ်ပေါက်နဲ့ပါလားဆရာ အဲဒါဘယ်က ရတာလည်းဆရာ)
.....အဲဒီ မိတ်ဆွေတွေဆီကရတာပါဘဲ။သူလည်းဘဲ ဝါးနှစ်ပေါက် ဝါးနှစ်ပေါက်နဲ့ တော်တော်လေး ခေတ်စားလိုက်သေးတယ်။ဈေးရောင်းကောင်း တယ် ဆော်ကြည်တယ်ဆိုဘဲ အဲဒီအချိန်မှာဂမ္ဘီရမဂ္ဂဇင်းတွေကလည်း ဒါတွေနဲ့လုပ်စားနေတဲ့အချိန် ဖွကောင်းနေတဲ့အချိန်ဆိုတော့ ဘာပြောေ ကာင်းမ လည်းမောင်ရင် ဒီဝါးလက်တဆစ်ရလိုက်ရင် ဘဝကြီးတခုလုံးပြော င်းသွားတော့မဲ့အခြေအနေဖြစ်နေကြတော့ ကြိုက်ဈေးရ နေတာပေါ့.....
(ဆရာတော်တော်လေးရလိုက်တာပေါ့နော)
.....ပြောမှပြောထွက်လေရဲ့မောင်ရင်ရယ် ဆရာကဒါတွေကိုဦးစားပေး တာမဟုတ်လို့ ဆရာ့သူငယ်ချင်းက ပန်းပုဆရာဆိုတော့သူ့မိတ်တွေ
အတွက် ဆိုလို့ဆရာက ပေးဖြစ်တာပါ။.......
( အဲဒီ အချိန်က ဒီဝါးနှစ်မျိုးယူဆောင်ကြတဲ့ သူတွေ ထဲက ထူးထူးခြားခြား အောင်မြင် ချမ်းသာသွားတဲ့သူတွေမတွေ့မိဘူးလားဆရာ)
.....ဒီလိုမျို ဝါးတွေဆောင်ထားလို့ ကြီးပွားကုန်ကြတယ်လို့တော့မတွေ့ မိပါဘူး။ဖြစ်ချိန်မှာလုပ်လို့ဖြစ်သွားတဲ့သူတွေလောက်ပါဘဲ။ ဒါကဆရာ့ အမြင်ပြောတာနော်။ သူတို့ကတော့ဘယ်လိုမြင် ဘယ်လိုယူဆကြ လည်းမသိဘူး။ ဒီဝါးဆောင်လို့ ကြီးပွားချမ်းသာမယ်ဆိုရင် တောထဲမှာ ဝါးလုပ်ငန်းလုပ်တဲ့သူတွေအရင် ချမ်းသာကုန်မှာပေါ့.....
(ဒီလိုတော့မဟုတ်သေးဘူးလေဆရာရဲ့ ဒီဝါးကိုအဆောင် အနေနဲ့ ဆောင်မဲ့သူ လိုက်နာရမဲ့ ဆောင်ရန်ရှောင်ရန်လေးတော့ လိုအုန်း မှာ ပေါ့ဆရာရယ်)
.....ရှောင်ရန် ဆောင်ရန်ဟုတ်လားမောင်ရင် နောက်ဆုံးတော့ ဒီဘူတာဘဲဆိုက်တာဘဲမဟုတ်လား။ မောင်ရင် မလိုက်နာဘဲ ဘာမှဖြစ်မ လာနိုင်ပါဘူး။ မောင်ရင် ဖြစ်ချိန်မရောက်ဘဲ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ။မောင်ရင့်ကံကရမဲ့ အချိန်မှာဒီအဆောင်ဆိုတဲ့ ပစ္စည်းတွေက ရောက်လာရ တာပါ။ အဆောင်ရောက်လာလို့ မဟုတ်ပါဘူး။အဆောင်မရောက် လည်းဖြစ်ချိန်မှာ လုပ်မိတဲ့သူဖြစ်လာတာပါ။ ဆရာလည်းဗေဒင်လောက ထဲရောက်ခါ စက အဆောင်ယတြာတွေကိုယုံပြီး တော်တော်လေး အသုံးပြုခဲ့တာကွ။ နောက်ဆုံးကံကချုပ်ထားပြီးသားဆိုတာ မြင်လာတာဘဲ။ ဆရာဒီလိုမြင်လာ အောင်ကိုယ့်ဖြစ်စဉ် တွေနဲ့ တိုက်ကြည့်ပြီး အနှစ်(၂၀ )လောက်ရင်းပြီးကြည့်လာခဲ့ရတယ်။.....
( ဆရာပြောသလိုဆိုရင် အဆောင်တွေဆောင်လို့ ဘာမှထူးခြားလာ မှာမဟုတ်ဘူးလို့ ဆိုလိုတာလားဆရာ)
.....ဟုတ်တယ် ဒီသဘောပါဘဲ။အဆောင်တွေဆောင်လို့ ဘာမှထူးခြား လာမှာမဟုတ်ဘူး။ဘာသာရေးယုံကြည်မှုကြောင့် ယတြာပြုလုပ်ခြင်းဟာ စိတ်ဓါတ်မြင့်တင်ခြင်း မျိုးလောက်တော့ ဖြစ်နှို်င်ပါတယ်။ ဆိုလိုတာက အဲဒီလို အဆောင်တွေဆောင်လိုက်ရုံနဲ့ အကျိုးပေးမည်။ ချမ်းသာမည်ဆိုလျှင် နည်း သိေ န တဲ့ ဗေဒင်ဆရာတွေအားလုံး သူဌေးဖြစ်ကုန်မည်။ ပန်းပုထုတတ်တဲ့ ပန်းပုဆရာတွေ လည်းသူဌေးဖြစ်ကုန်မှာပေါ့။ ။ပုဗ္ဗေစကတပုညတ ဆိုသော မင်္ဂလာ တရားတော်ကို လွန်သွားမယ်။ရှေးကံမပါဘဲဘာမျှမဖြစ်နိုင်ဘူး ။မိမိ၌ရှေးကကံပါလျှင်ယတြာတွေချေချင်ချေ။မချေချင်နေ။အဆောင်တွေ ဆောင်ချင်ဆောင်။ မဆောင်ချင်နေ။ ဘယ်ဘာသာဘယ်လူမျိုးဖြစ်ဖြစ်ကြီး ပွားချိ န်ကြီး ပွားမှာဘဲ။ချမ်းသာချိန်ချမ်းသာမှာဘဲ မောင်ရင်.....
( အဆောင်နဲ့ပတ်သက်လို့ ဆရာ့ဆီမှာ တခြားဘာတွေထူးခြား တာရှိသေး လည်းဆရာ)
.....ရှိတာပေါ့မောင်ရင် နောင်နေ့ကြမှဆက်ပြောတြတာပေါ့.....
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 5:20 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Monday, July 25, 2016

....(..သမိုင်းတကွေ့-)--.

.........................(..သမိုင်းတကွေ့-)--..
..(--ဦးကျော်လေး(ခေါ်)ဦးကျော်ဟန်+ +ဆရာကျော် သိဒ္ဓိ(ခေါ်)ဆရာစိုး++ဒေါက်တာ-ဦးရွှေထွန်း(တောင်ဥက္ကလာ) သ/မ။ဆေးခန်း ++တို့ဖြစ် ပါတယ်။( --------------။
------(၁၉၉၃-ခုနှစ်)-မိုးကောင်းဘုရားမှာ( အဓိဌာန် )ဝင်းခဲ့ရတာပါ ။ကျွန်ုပ်တို့(-၄-)ေ ယာက်ဘဲထင်ပါတယ်။(-၉ )ပါးသီလနဲ့
( ၉ ) ရက် အဓိဌာန်ဝင်ရပါ တယ်။(-၃-)ရက်မြောက်မှာ-ကျွန်ုပ်ဖျားပါလေရော။--အဓိဌာန်ပျက်ပြီထင်ခဲ့ပေမဲ့--( ၉ ) ၇က်မြောက်။အောင်မြင်တဲ့ အထိ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။--------- ------(-အဓိဌာန်အပြီး-ဆရာကြီးထံမှ-သြ၀ါဒ-ခံယူနေချိန်-ဆရာကြီး-ဦးကြာမြင့်နှင့် အမှတ်တရ)။။။
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 11:24 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

-----(သမိုင်းတကွေ့)...

------------------------------------(သမိုင်းတကွေ့)....................
....ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)ကျမ်းပြု။(န၀င်းစီ)ပညာဖခင်ကြီး..မဟာဘုတ်ပါရဂူ(-ဆရာကြီး-ဦးကြာမြင့်)။ . .(နှင့်).မူရင်းမူမှန် ဆန်းဗေဒင်ကျမ်းပြု။ပုဂလ ပည တ်ဆေး ပညာသင်တန်းနည်းပြ။(နိယာမ)ဆေးဆရာကြီး.ဆရာကြီး-ရန်ကုန်ကျော်ရင်)....
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
Posted by ko ko at 5:45 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

...(-သမိုင်းတကွေ့)----

...............(-သမိုင်းတကွေ့)-------.............
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 5:42 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, July 22, 2016

....အဆိုး လောကဓံနှင့် အိမ်မရှိခွေးမွေး(၂).......

....(.......................အဆိုး လောကဓံနှင့် အိမ်မရှိခွေးမွေး(၂).......)
.... ... ......... ................................................................................ ...................( အဆိုးလောကဓံနဲ့ အိမ်မရှိခွေးမွေး အကြောင်းဆက်ရေးမယ်ဆိုတာရေးပြီးပြီလားဆရာ)
က}ျွန်ုပ် ၏ ဘ၀နေနည်းများ-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်း ဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။ (ဓါတုနိယာမနှင့်မဟာ ဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း၌ မောင်သိန်းဌေး မှ အဆိုးလောကဓံနဲ့ အိမ်မရှိခွေးမွေး အကြောင်းမေးလာသဖြင့်...။
]....ရေးပြီးပါပြီကွာ။ပြီးခဲ့တဲ့အပါတ်ကဆရာ့ဆောင်းပါးမှာတွေ့လိုက်မှာပေါ့။ ယိုးဒယား(ထိုင်း)ကဗေဒင်ဆရာ(ထင်နာဝပ်)ရောက်လာ တာနဲ့ ဆရာတို့ ပညာ ရပ်နဲ့သူ့အကြောင်းတွေရေးနေလို့ ခုမှအဆိုးလောကဓံနဲ့အိမ်မ ရှိေ ခွးမွေး အကြောင်း တင်ဖြစ်မှာ...
( အတော်ဘဲဆရာရေ ကျနော်လည်း ဒီအကြောင်းစိတ်ဝင်း စားနေတာနဲ့ ဆရာရေးထားတာလေးအရင်ဆုံး ပြောပြပါဦးဆရာ)
.....ဒီတခါရေးတဲ့အကြောင်းပြောရမယ်ဆိုရင် ဘယ်အရာမဆိုအတိုင်း အတာတခုအထိဘဲကောင်းတယ်ကွ ပိုလာတာနဲ့အမျှ နောက်ကဒုက္ခ
ပြသနာကပါလာတတ်တာဘဲ..ဒီဆောင်းပါးကိုဖတ်ရင်လူပုဂ္ဂိုလ်ကိုမကြည့်နဲ့အဆိုးလောကဓံရဲ့ ရိုက်ခတ်လာမှုအကြောင်းအရာ အနေနဲ့ကြည့်နော်..
( ခုဘာဖြစ်လို့လည်း ဆရာ )
.....ဖြစ်တာကဒီလို မောင်ရင်ရဲ့ ဆရာပြောတဲ့ခွေးတွေနဲ့ ဆရာတွေ့နေရ တဲ့ဖြစ်စဉ်ကိုကြည့်လေ..
ဒီနေ့ ဆိုရင် ခွေးတွေ အရွယ်ရလာတော့ပတ်ဝန်းကျင်ကို အနှောက် အယှက်အခက်အခဲများစွာဖြစ်စေပါသည်။အရောင်းအဝယ်ပြု လုပ်နေသည့် ဘုရားကျောင်းဆောင်တွေ အိမ်တွင်းစဉ်တွေ အတွင်း ထဲ ဝင်အိပ်ပြီး ။သစ် သားတန်းတွေကို ကိုက်ဖြတ်ဖျက်ဆီးနေလို့ ။ရေနှင့်ပက်ပြီး မောင်းထုတ် လို့ေ ခွးတွေ ထွက်ပြေးတော့စဉ်တွေ ပြိုကြ ကြိုးပဲ့ပျက်စီးကုန်တကြိမ်တ ခါမဟုတ်လဲ နေ့စဉ်နှင့်အမျှ လဲမောင်ရင် လူမှုရေးအရ သီးခံခွင့်လွှတ်နေ ရတာဘဲ။ခွေးတွေကို မောင်းထုတ်လျှင် မကျေမနပ်ဖြစ်ကာစောင်းမြော င်းပြောဆိုတာခံရသေးတယ်။ ညပိုင်း ဆိုင်ပိတ်၍ ပြန်သွားချိန် ညဘက် မှာေ ခွးတွေ ဘုရားဆောင်းတန်းပေါ်ထက် ဈေးခုံတန်းတွေ အပေါ် ခွေးေ တွ တက်အိပ်ကြပြီး မနက်ဆိုင်ခန်းဖွင့်ချိန်မှ ပြန်ဆင်းသွားကြတာကွ။ အခင်းတွေ အကာတွေ (ဗီနို င်း)ကိုနေ့စဉ်ကိုက်ဖြတ် ဆော့က စား ထားသောကြောင့် ယနေ့ဆိုရင်ဘယ်အခင်းအကာမှမရှိတော့ ဘူး။ ထပ်လည်း မထားရဲ တော့ ဘူး။ ဟိုနေရာသေးပန်း-ဒီနေရာချေးပါနဲ့ ပိုင်ရှင်မဲ့နေရာအတိုင်းထင်တိုင်းကြဲနေကြတာ မောင်ရင်တွက်ကြည့်လေ။ဘယ်လိုလူသီး ခံနိုင်မလည်း။နေ့ခင်းပိုင်းတွင်ခွေးများသူတို့နဲ့ အတူဆိုင်ခန်း မှာလာနေကြပြန်တယ်။တခါတလေနေ့ခင်းပိုင်း ဆောင်းတန်းလမ်းမပေါ်မှာ အိပ်နေကြသေး တယ်။ခုဆိုရင်ခွေးစာကို သူတို့အခန်းရှေ့မှာကြွေးတဲ့ အဆင့်ရောက်လာပြီ။
(တော်တော်ဆိုးတဲ့သူတွေဘဲနော် ဒီလို အသိဥာဏ်နဲပြီး စည်းမဲ့ ကမ်းမဲ့ ခွေးတွေ မွေးထားတာ-ဘယ်လိုလူတွေလည်းဆရာ ကိုယ်ခြင်းစာ စိတ်နဲနဲတော့ရှိသင့်တာပေါ့နော် ။သူတို့အိမ်မှာဆိုသူတို့ ဒီလိုလုပ်ပါ့မလား။)
.....သူတို့အိမ်မှာဆို သူတို့ ဒီလို ဘယ်လုပ်ပါ့မလည်း ဒါကြောင့်လည်း အိမ်မရှိ ခွေးမွေးလို့ပြောတာပေါ့.....
( ဒါနဲ့ ခုချိန်ထိ ဆရာပြောတဲ့ထူးခြားမှုမတွေ့ရသေးပါလားဆရာ)
.....ဆရာစောစောကပြောပြခဲ့သလို ခွေးတွေ ချေးပါ။ သေးပေါက် ဆရာတို့စီးပွားရေး/လူမှုရေးတွေထိခိုက်နေတာသီးခံခဲ့ပေမဲ့ တနေ့မှာသီး မခံ နိုင်တဲ့သူနဲ့လည်း တွေ့ရော.....
( တွေ့တော့ဘာဖြစ်လည်းဆရာ ရန်တွေဘာတွေ အကြီးအကျယ်ဖြစ် ကုန်လား )
.....ဘာဖြစ်ရမှာလည်းမောင်ရင် သူ့ဆိုင်ရှေ့ ခွေးချေးပါရမလားဆိုပြီး မနက်(၉)နာရီကျော်လောက်မှာ သူတို့ရှေ့မှာဘဲ ရိုက်သတ် လိုက်တာ ခွေး တကောင်သေပါလေရောလား.....
( နောက်ထပ် ဘာတွေဖြစ်ကုန်လည်းဆရာ)
.....ဘာမှမဖြစ်ဘူးမောင်ရင်ရေ...တခွန်းတောင်မဟရဲကြဘူး။မောင်ရင်တွေးကြည့်စမ်း ခုဟာက ခွေးချေးပါရုံပါတာနော်။ဆရာတို့လိုများ နေ့စဉ်နဲ့အမျှ လူပါးအဝခံနေရမယ်ဆိုရင် လူကို တောင်ရိုက်သတ်မဲ့သဘောရှိတယ်.....
( ဆရာရယ်..လမ်းသွားလမ်းလာတွေ နဲ့ ဘုရာဖူးလာရောက်သူတွေ အတွက်ရယ်။ခုလိုခွေးတွေဆောင်းတန်းပေါ်အိပ်နေတော့ ဆရာတို့ဆိုင် အပါအဝင် ပတ်ဝန်းကျင်ဆိုင်တွေ နဲ့ ဘုရားဆောင်းတန်းဆိုင်တွေ အရောင်း အဝယ် (စီးပွားရေး)ကို ထိခိုက်စေတာရယ်။ခွေးတွေ မောင်းနှင်ခြင်း ကိစ၊္စနှင့် ပတ်သက်ပြီးနေ့စဉ်နှင့်အမျှ စောင်းမြောင်းပြောဆိုလာ၍တဦးနှင့်တဦးစကားပြောဆိုမှုပင်မရှိတော့ဘဲ(လူမှုရေးပါ ) ထိခိုက်လြာ့ပီဖြစ်လို့ခွေးတွေကို စီးမဲ့ကမ်းမဲ့ မွေးတဲ့ အဲဒီ ခွေးမွေးတဲ့သူတွေနဲ့တွေကြုံနေရတဲ့ ပြသာနာ အခက်အခဲတွေကို ဘုရားဂေါပက တာဝန်ရှိသူတွေကို ပြောပြပါလားဆရာ)
.........မောင်ရင့်ကို ပြောပြပြီးပါရောလား။ပွင့်လင်းမြင်သာပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ခေတ်ကိုရောက်ပြီဆိုပေမဲ့ တို့ဂေါပက ကတော့သူတို့မ ထိခိုက်သ၍ ကြိုက်သလိုနေကြ။ကြိုက်တာလုပ်ကြ။ပြသနာမဖြစ်အောင် အဆင်ပြေအောင်နေကြ ပြသနာဖြစ်လို့မခံနိုင်တဲ့သူက တိုင်တာတော တာလုပ်ရင် အရေးမ ယူတဲ့ အပြင် (ဘယ်သူကလာတိုင်လို့ ငါတို့က ခု လိုခေါ်ပြော ရ တာပါ )ဆိုပြီး နှစ်ဦးနှစ်ဖက်ကို ရန်ပြန်တိုက်တဲ့ နည်းကို သုံးနေ ကြတုံးပါလို့မောင် ရင့်ကိုပြောပြခဲ့ပြီးပါပကော.....
( ဆရာ့ ဆောင်းပါးအတွက် အကျိုးရှိမယ် ထင်လို့ ကျနော်သတင်းလေးတခုယူလာတယ်ဆရာ)
.....ဘာများလည်းမောင်ရင် အကျိုးရှိမယ်ဆိုတော့လည်း သုံးရတာပေါ့.....
( ကမ္ဘာနဲ့ ချည်ပြီးပြောမနေတော့ပါဘူး ဆရာဒီနေ့ မြန်မာပြည်မှာ ခုလို အိမ်မရှိခွေးမွေး တွေစီးမဲ့ကမ်းမဲ့ ခွေးအမွေးကောင်းလို့ တန်ဘိုးရှိ တဲ့လူတွေ သေကျေပျက်စီးဆုံးရှုံးနေရတဲ့သတင်းတွေပါဆရာ)
.....ဟုတ်လှချည်လား မောင်ရင် ခုလိုသက်သေတွေနဲ့ပြည့်ပြည့်စုံစုံလေး ဆိုတော့နဲနဲမြိုင်မြိုင်ဆိုင်ဆိုင်လေးဖြစ်သွားတာပေါ့.....
မောင်ရာဇာ ယူလာခဲ့တဲ့သတင်းလေးကိုတင်ပြရမယ်ဆိုရင်.............
(မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း (၆၀ဝ၀ဝ၀)ခြောက်သိန်း)ခန့်ရှိသည်။ဆိုသော သတင်းစာဖြတ်ပို င်းေ လးပင်ဖြစ်ပါသည်။........................................................................................................
( တိရိစ္ဆာန်ဖြစ်တဲ့ ခွေးကိုမဖြစ်မနေချစ်ရင်လည်း စီးနဲ့ကမ်း နဲ့ချစ်ကြပါ..လူနဲ့ ခွေးတန်ဘိုးနားလည်..နိုင်ပါစေ) ။......
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
44
မှတ်ချက်များ
Yarzar Yarzar
မှတ်ချက်ပေးပါ...
Posted by ko ko at 4:19 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Tuesday, July 19, 2016

...ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ.

........ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ. ........(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(တတိယ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။

Posted by ko ko at 3:27 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ

ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(တတိယ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 3:23 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Utun Yee
9 မိနစ် · Yangon မြို့
.ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(တတိယ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။

Utun Yee ၏ ဓာတ်ပုံ

Posted by ko ko at 3:09 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Monday, July 18, 2016

....ဒီနေ့(2)..(2-5-2016--တနင်္လာ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ.........

.....................................ဒီနေ့(2)..(2-5-2016--တနင်္လာ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ.........
...... ............ ........
....-ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(ဒုတိယ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 9:45 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

.ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ.........

...........ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ.........
.......... .. .........
. -ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(ပထမ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။
Posted by ko ko at 9:33 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted by ko ko at 9:26 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

...ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ

.......................ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ.........
.......... .. .........
. -ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(ပထမ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ-စတင်တွေ့ရှိပြီးတီထွင်လာပုံနှင့်.ကျွန်ုပ်-.လောကဓံ(အမြင်သစ်).တွေ့ရှိလာပုံများကိုမေးမြန်းလေ့လာပြီး..စိတ်ဝင်တစားသူ့နိုင်ငံရောက်ရောက်ခြင်း...ခုလိုပြန်လည်တင်ပို့လာပါတယ်။





Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 9:20 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Saturday, July 16, 2016

-ဒီနေ..(၂)..့(..၁၅-၇-၂၀၁၆.သောကြာနေ့မှာ)..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ(ထင်နာဝပ်).ြ

Utun Yee သည် กอราวัลณ์ ณาราญากร နှင့်အတူ။
14 မိနစ် · Yangon မြို့
--ဒီနေ..(၂)..့(..၁၅-၇-၂၀၁၆.သောကြာနေ့မှာ)..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(တတိယ)အကြိမ်ရောက်လာချိန်..ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်၏..(န၀င်းစီး) ဓါတ် ယတြာ ကို.ကိုယ်တိုင်လက်တွေ့(န၀င်းထိုင်)ပြီး(န၀င်းစီး)ပညာအကြောင်းထပ်မံလေ့လာ သွား ပါ တယ်။......
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Posted by ko ko at 4:32 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Thursday, July 14, 2016

-ဒီနေ့(..၁၄-၇-၂၀၁၆-ကြာသပတေးနေ့မှာ)..ထိုင်း(ယိုးဒယား) မှဗေဒင်ဆရာ(ထင်နာဝပ်)

-ဒီနေ့(..၁၄-၇-၂၀၁၆-ကြာသပတေးနေ့မှာ)..ထိုင်း(ယိုးဒယား) မှဗေဒင်လေ့လာသူ-ဗေဒင်ဆရာ(ထင်နာဝပ်).မြန်မာ့လောကီပညာတွေကိုလေ့လာဖို့(တတိယ)အကြိမ်ရောက်လာပါတယ်။.ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာ၏ဖခင်ကြီးဆရာကြီးဦးကြာမြင့်နှင့်..တပည့်သားသမီးများအကြောင်းနဲ့ ...လောကဓံ(အမြင်သစ်)စက်ဝိုင်း..တွေ့ရှိလာပုံနဲ့ (န၀င်းစီး) ဓါတ် ယတြာ အကြောင်းထပ်မံလေ့လာ သွား ပါ တယ်။......
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
Posted by ko ko at 5:51 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, July 8, 2016

.ဘုမ္မိ/ဘုမ္မိလေး/ဘုမ္မိကြီး နှင့် လောကဓံ(အမြင်သစ်).. ...

..........................................ဘုမ္မိ/ဘုမ္မိလေး/ဘုမ္မိကြီး နှင့် လောကဓံ(အမြင်သစ်).. ............................... ....................................
....က}ျွန်ုပ်၏-ဘဝနေနည်းများကို ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်း ဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။ (ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး)ဓါတ်ခန်းအတွင်း၌ မောင်ရာဇာနှင့်တပည့်နှစ်ယောက် လောကီ ပညာရပ်မျာအကြောင်းပြောဆိုနေကြရာမှ ...
( လက်ဆန်းဗေဒင် အထူးသဖြင့် မဟာဘုတ်ပညာရပ်မှာပေါ့ဆရာ (ဘုမ္မိ)အကြောင်းတော်တော်များများရေးနေကြတာတွေ့ရတယ်ဆရာ။ဆရာ့လောကဓံ(အမြင်သစ်)မူအနေနဲ့ ဘယ်လိုမြင်လည်းဆရာ) ဟုမောင်ရာဇာမှမေးလာသဖြင့်..
...မောင်ရာဇာ ဆရာလည်း လောကဓံ(အမြင်သစ်)အနေနဲ့ (ဘုမ္မိ) နဲ့ လောကဓံ(အမြင်သစ်)ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပြီးသားပါ။ ဒီလို မောင်ရာဇာရဲ့ မည်သည့်နေ့နံသားသမီးမဆို မိမိမွေးနံရဲ့ (၄)ခွင်မြောက်နဲ့(၇)ခွင်မြောက်တွေမှာ-သက်ရောက်ကြရောက်နေချိန် ကို(ဘုမ္မိ) ကြတယ်လို့ဆိုကြတာပါ။ ...
( ဒါနဲ့ ဆရာ(ဘုမ္မိ)သုံးမျိုးရှိတယ်ဆို)
...ဟုတ်တယ်မောင်ရင်...မိမိမွေးနံကနေ(၄)ခွင်မြောက်ကြရောက်တဲ့(ဘုမ္မိ)ဆိုတာရယ်။မိမိမွေးနံကနေ(၇)ခွင်ရောက်မှာ ရောက်နေ ချိန်ကို(ဘုမ္မိ)လေးလို့ခေါ်ကြတယ်။(ဘုမ္မိ)ကြီးဆိုတာရှိသေးတယ် သူက မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန်ကိုပြောတာ...
( ၇ ) -နေ့ သား သမီးတွေရဲ့ ဘုမ္မိ/ဘုမ္မိလေး/ဘုမ္မိကြီး တွေကိုလူ တိုင်းကြိုသိပြီးလိုက်နာဆောင်ရွက်လို့ရအောင် ဆရာ့အမြင်နဲ့ပေါင်းပြီးရေး လိုက်ပါ လားဆရာ)
...အေး..ဒါလည်းတနည်းအားဖြင့်တမျိုးကောင်းတာဘဲ။စာဖတ်သူတွေ (ဘုမ္မိ)ကြရောက်နေတဲ့ မိမိတို့အသက်တွေကို တခြားမှာလိုက် ရှာစရာ မလိုတော့ဘူးပေါ့...
( ဘုမ္မိ)တွေကတကယ်ဘဲကြောက်စရာ ကောင်းနေလို့လားဆရာ)
...ဆရာ လောကဓံ(အမြင်သစ်) အယူအဆ အနေနဲ့ပြောရ ရင်. အရေးကြီးတယ်တယ်ဆိုရပေမဲ့ ကြိုတင်သိထားလိုက်နာထား နိုင် မယ်ဆိုရင် (ဘုမ္မိ)ကြနေတဲ့သူတိုင်း သိပ်ပြသနာမကြီးလောက်ဘူး။ ဒါမှမဟုတ်လို့ကြိုလည်းမသိဘူး ခါတိုင်းနှစ်တွေလိုဘဲ လုပ်ကိုင်နေ ထိုင်မယ်ဆိုရင်တော့ တော်တော်လေးကြောက်စ ရာကောင်းတယ် လို့ ဆိုရမှာပါ။...
(ဒါဆိုလည်း ကျနော်ပြောသလို (၇)နေ့သားသမိးတွေ ကြရောက်မဲ့ (ဘုမ္မိ)အသက်တွေကို ထည့်ရေးလိုက်ပါဆရာ)
...ထည့်ရေးထာပါတယ်။ ကဲ မောင်ရင် ကြည့်လေ...
...တနင်္ဂနွေသားသမိးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
တနင်္ဂနွေသားသမိးများမိမိအသက်(၇)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေသောသက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ တနင်္ဂနွေသား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၃၀/နှစ် နဲ့ ၄၇ နှစ် )အတွင်း။
-တနင်္ဂနွေသား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ( ၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်)
...တနင်္လာသားသမိးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
တနင်္လာ သားသမိးများမိမိအသက်(၇)ခွင်မြောက် (ဘုမ္မိ)ကြရောက်ေ နေ သာသက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ တနင်္လာ သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၄၀/နှစ် နဲ့ ၅၀ နှစ် )အတွင်း။
တနင်္လာသား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ(-၄၇/နှစ်)။
.....အင်္ဂါ သားသမိးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြေ ရာက်နေသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
အင်္ဂါ သားသမိးများမိမိအသက်(၇)ခွင်မြောက်(ဘုမ္မိ)ကြေ ရာက်ေ နသော သက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ အင်္ဂါ သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၃၅/နှစ် နဲ့ ၅၄ နှစ် )အတွင်း။
အင်္ဂါ သား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ (၃၉/နှစ်-၄၇/နှစ်)။
.....ဗုဒ္ဓဟူး သားသမိးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြေ ရာက်ေ နသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
ဗုဒ္ဓဟူး သားသမိးများမိမိအသက်(၇)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေေ သာ သက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ ဗုဒ္ဓဟူး သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၄၆/နှစ် နဲ့ ၅၈ နှစ် )အတွင်း။
ဗုဒ္ဓဟူး သား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ (၄၇/နှစ်-၅၅/နှစ်)။
-...ကြာသပတေးသားသမီးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
ကြာသပတေး သားသမီးများမိမိအသက်(၇)ခွင်မြောက် (ဘုမ္မိ)ကြရောက်နေသောသက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ ကြာသပတေး သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာ မိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၅၂/နှစ် နဲ့ ၅၈နှစ် )အတွင်း။
-ကြာသပတေး သား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ( -၅၅/နှစ်)
...သောကြာ သားသမီးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြေ ရာက်ေ နသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
သောကြာ သားသမီးများမိမိအသက်(၇)ခွင်မြောက်(ဘုမ္မိ)ကြရောက်နေေ သာသ က်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်/၈၇/နှစ်-တွေဖြစ်တယ်။ သောကြာ သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိ မိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၄၂/နှစ် နဲ့ ၅၀ နှစ် )အတွင်း။
သောကြာ သား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ(-၄၇/နှစ်)။
.....စနေ သားသမိးများမိမိအသက်(၄)ခွင်မြောက်(ဘုမ္မိ)ကြရောက်ေ နသောသက်ရောက်များ...
...၄/နှစ်-၁၂/နှစ်-၂၀/နှစ်-၂၈/နှစ်-၃၆/နှစ်-၄၄/နှစ်-၅၂/နှစ်-၆၀/နှစ်-၆၈/နှစ်-၇၆/နှစ်-၈၄/နှစ်-တွေဖြစ်တယ်။
စနေ သားသမီးများ မိမိအသက်(၇)ခွင်မြောက်(ဘုမ္မိ)ကြရောက်ေ နသောသက်ရောက်များ...
...၇/နှစ်-၁၅/နှစ်-၂၃/နှစ်-၃၁/နှစ်-၃၉/နှစ်-၄၇/နှစ်-၅၅/နှစ်-၆၃/နှစ်-၇၁/နှစ်-၇၉/နှစ်-၈၇/နှစ်-တွေဖြစ်တယ်။ စနေ သား သမီးများ ။(ဘုမ္မိ)ကြီးဆိုတာ မိမိအသက်ဟာမိမိမွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး မိမိမွေးနံရဲ့ (၇)ခွင်မြောက်မှာ သက်ရောက်ကြရောက်နေချိန် အသက်(၄၁/နှစ် နဲ့ ၆၂နှစ် )အတွင်း။
စနေ သား သမီးများ ။(ဘုမ္မိ)ကြီး တဲ့ တဲ့ ကြရောက်နေတဲ့ အသက်များ(၄၇/နှစ်-၅၅/နှစ်)။
ကဲ (၇)နေ့သားသမီးတွေနဲ့ပတ်သက်တဲ့ (ဘုမ္မိ)တွေ သက်ရောက်ေ တွ အကြောင်းတော့ပြောပြီးပြီ။မောင်ရင် ဘာတွေသိခြင်သေးလည်း ။
( ကျနော် အဓိက သိခြင်တာက(၇)နေ့သားသမီးတွေ နဲ့ပတ်သက်တဲ့ (ဘုမ္မိ)တွေ သက်ရောက်တွေ ဆရာ့လောကဓံ(အမြင်သစ်) နဲ့မြင် တဲ့အယူအဆလေးတွေလေ ဆရာကလည်း လုပ်တော့မယ်)။
.....ဪသာ် ဟုတ်သားဘဲ။ ဒီလိုမောင်ရာဇာရဲ့(ဘုမ္မိ)တွေရဲ့ဖြစ်စဉ်ကိုကြည့်ရင်(၄)ခွင်မြောက်(ဘုမ္မိ)အသက်(၄)နှစ်ကစပြီးအသက်ငယ် ငယ်နဲ့ကြုံတွေ့ရသလို (၇)ခွင်မြော က် (ဘုမ္မိလေး )ကြတော့ အသက်အရွယ်နဲနဲရလာတဲ့အချိန်(၇)နှစ်သား မှာ ဖြစ်နေ သလို(ဘုမ္မိကြီး)ကြတော့
ဂြိုလ်အိပ်ကြီးတွေ(၄)ကြိမ်အဝင်တွေမှာ စတွေ့တာဆိုတော့ အသက်တော်တော်လေးရလာမှတွေ့လာရတဲ့ သဘောဖြစ်နေတယ်။
ဥပမာ တနင်္ဂနွေသားသမီးတွေ ဖြစ်စဉ်ကြည့်ရင် နေ့(၇)နေ့ အထဲမှာအသက်အငယ်ဆုံးအနေနဲ့ (၃၁)နှစ်ကျော်မှ(ဘုမ္မိ)ကြီး နယ်မြေ ထဲ စရောက်တာဖြစ်နေတယ်။
လောကဓံ(အမြင်သစ်)မူအရ ပိုင်ဆိုင်မှုပေါ်မှာ ဖြစ်ပေါ်နေတဲ့ (စိတ်)ကိုအသုံးပြုတာဆိုတော့ ပိုင်ဆိုင်မှု များလေပိုသောကများေ လဖြစ်နေရတာပေါ့ ။ဒါကြောင့် (ဘုမ္မိ)နယ်မြေတွေကို ဖြတ်ကျော်တာ အသက်တူနေ့တူမွေးနေ့တူ ဖြစ်နေပေမဲ့ ပိုင်ဆိုင်မှု နဲ့ မွေးရာပါ(သောက် ကျင့်) ။ မိဘ အုပ်ထိမ်းသူ လက်ထက်မှာ နေခဲ့တဲ့( သောက်ကျင့်) ။လက်ရှိအတူနေသူတွေရဲ့ (ကံ)တွေနဲ့ပြန်ပေါင်းစပ်အဖြေထုတ်တာဖြစ်လို့ . (ဘုမ္မိကြီး)နယ်ဖြတ်သန်းနေချိန်အတွင်း အဆိုးလောကဓံ(အမဲ) ပိုင်း(၄)နှစ်လုံးကို သတိထားရမဲ့နှစ်တွေလို့သတ်မှတ်အသုံးပြုထားတယ်။
.....ဆိုလိုတာက တချို့ (ဘုမ္မိကြီး)ဖြတ်နေချိန်မှာ ကျနော် ကျမ ဘာမှ မဖြစ်ဘူး။တချို့ကလည်း ကျနော် ကျမတို့(ဘုမ္မိ)ကြီးမှာ သူများတွေ ပြော သလို ဒုက္ခ ကိုသိပ်မခံစား လိုက်ရဘူးလို့ဆိုကြတယ်။ ဟုတ်တယ် အဲဒီ လူတွေဟာ သေချာပြန်ကြည့်လိုက်ရင် အလုပ်/အိမ်ထောင်/ သား သ မီး /ဆို တဲ့ သံယောဇဉ်ချိပ်(၃)ချိပ်ကိုမချိပ်မိသေးတဲ့ အပျိုကြီ့း လူပျိုကြီးေ တွဖြ စ်နေတာတွေ့ရလိမ့်မယ်။
တချို့ ဆိုရင် မိမိပိုင်ဆိုင်မှုထဲက မိဘ အုပ်ထိမ်းသူ အားကိုးအား ထားရတဲ့ သူတွေနဲ့ ခွဲခွာရတာမျိုး/သေဆုံးသွားတာမျိုးတွေကြုံလိုက် ရ တာတွေ သူတို့အတွက် ဆေးရုံ ဆေးခန်းပြေးလိုက် အချုပ် ထောင်ကိုပြေး လိုက်နဲ့  အချိန်/လူအား/ငွေအား စိုက်ထုတ်လိုက်ရတာ တွေနဲ့ သူ့အ တွက် (ဘုမ္မိ)ကြီးကလွတ်ကင်းသက်သာစေနိုင်တဲ့အကြောင်း အရာတွေ ဆိုတာသူတို့မသိလိုက်ရှာဘူး။.....
(ဒါဆိုရင် ဘုမ္မိကြီးရောက်နေသူတွေအတွက် ဘယ်လို နေ ထိုင်လုပ်ကိုင် သင့်လည်းဆိုတာလေးတခါတည်းပြောပြပါလားဆရာ)
.....ဘုမ္မိကြီးရောက်နေသူတွေအတွက် သက်သာစေတဲ့နည်းကတော့ (မိမိကိုယ်တိုင်မလိုက်နာဘဲနဲ့လုပ်တဲ့ယတြာ ဘာယတြာမှမရဘူး ဆို တာ မှတ် ထားဖို့ဘဲ။)ဆရာ ခုနပြောခဲ့သလို အသက်အရွယ် ပိုင်ဆို င်မှုပေးမှာမူတည်နေတော့ စီးပွားရေး/လူမှုရေး/ကျန်းမာရေး စတဲ့အ ရေး အားလုံးကို ပိုင်ဆိုင်လိုစိတ် ကြီးပွားလိုစိတ် တွေကိုလျော့ချပြီး ရရစားစားေ ရာင့်ရဲတင်းတိမ်ပြီး အရာရာသီးခံ-ဒေါသကိုထိမ်းနေခြင်း ဟာ အကောင်း ဆုံးနည်းပါဘဲ။...
( ဟုတ်ကဲ့ပါဆရာ ဘုမ္မိတွေကိုဖြတ်သန်းရမဲ့ သဘောေ တာ့နဲနဲနားလည်ပါပြီဆရာ ဒါနဲ့ ဆရာနောက်နေ့ကြရင်(၇)ေ န့သား သမီး တွေနဲ့ ဂြိုလ်အိပ်ကြီးအကူအပြောင်း အကြောင်း ပြောပြရ မယ်နော)။
...မောင်ရာဇာရယ် ဆရာစစ်ဆရာမှန် ပညာစစ်ပညာမှန်တွေကို ယုံကြည် အားကိုးပြီး ဘဝကိုဖြတ်သန်းလိုသူတွေအတွက် တစုံတရာ အကျိုးရှိမယ်ဆိုရင်တော့.....။
-
..
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
Posted by ko ko at 9:31 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Wednesday, July 6, 2016

...(...ကံကောင်းခြင်း/ကံဆိုးခြင်းနှင့် လောကဓံ(အမြင်သစ်)....

 
12 နာရီ · Yangon မြို့
.....................................(...ကံကောင်းခြင်း/ကံဆိုးခြင်းနှင့် လောကဓံ(အမြင်သစ်)........ ...........................................................
...( ဆရာ ရေ.)ဟူသောအသံကြားလိုက် ကတည်းက မောင်ရာဇာ တယောက် သူသိလိုတာမေးတော့မယ်ဆိုတာ သိလိုက်ပါပြီ။. ..က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်း ဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအ တွင်း ၌ ဆရာကြီးဦးကြာမြင့် ပြောဆိုသင်ပြခဲ့သည်များကိုပြန်လည် စဉ်း စားနေရာမှ.
...ဘာများမေးစရာရှိလာပြန်ပြီလည်းမောင်ရာဇာ...
( ဆရာကလည်းကျနော်တောင်ဘာမှမမေးရသေးဘူး ပြောတော့ မယ်။ )
...ကိုယ့်တပည့်အကြောင်းကိုအသိဆုံးပါကွာ၊ ကဲ ပြောဘာတွေေ ခါင်းစားလာပြန်ပြီလည်း....
( ဗေဒင် ဆရာတွေဆီမှာဗေဒင်မေးရင် ကောင်းတာတွေကြတော့ မမှန်ဘူး။မှန်တာနဲတယ်။မကောင်းတာတွေကြတော့ မှန်တာများတယ်။
ဆိုတဲ့ မေးခွန်းဘဲဆရာရေ၊ ဗေဒင်မေးသူ တော်တော်များများပြောနေကြတဲ့စကားဘဲဆရာ)
...ဟုတ်တယ်မောင်ရာဇာ ဆရာလည်း လောကဓံ(ဖြူတိုင်းမကောင်း /မဲတိုင်းမဆိုး )ဆြို့ပီး ဆောင်းပါးတွေ ရေးပါတယ်။ဖြစ်စဉ်က ဒီလို မောင် ရာဇာရဲ့ သာမန်အားဖြင့်လူတွေဟာ မနက်ကနေညနေထိ ဘဝရပ် တည် ဖို့ လုပ်ကိုင်စားသောက်နေကြတဲ့အခါ မိမိကံကောင်းနေလား
မိမိကံညံ့နေလားဆိုတာမသိနိုင်ကြဘူးလေ။မိမိကံကောင်းနေချိန်ကိုမသိထားတဲ့သူတယောက်က ဘယ်လိုလုပ်ကိုင်နေထိုင်ရမှာ မသိလေတော့ ထင်သလောက်မရနိုင်ဘူးပေါ့။ဒီ့အပြင်ကံကောင်းအောင်မနေမိတော့ ကောင်းနေတဲ့မိမိကံတွေက မကောင်းတဲ့မိမိနေထိုင်မှုကံကြောင့်ရပိုင်ခွင့် မရပြန်ဘူး။(အဲဒီအဖြစ်အပျက်ကို ဗေဒင်ဆရာတွေကောင်းတယ်ပြောပြီး ပြောတိုင်းဖြစ်မလာဘူး။ လို့ပြောနေကြတာပါ။မိမိတို့ မကောင်းတာ လုပ်မိ တာ နဲ့ဗေဒင်ဆရာတွေပြောတဲ့ မိမိကောင်းနေတဲ့ကံတွေကိုချေဖျက် သလိုဖြစ်သွားတာကို မသိကြဘူးလေ).....။
နောက်တခုကမိမိကံညံ့နေချိန်ကို ကြိုသိမထားသူတယောက်ဟာ မိမိအနေအထိုင်အလုပ်အကိုင်မှားနေတာကြောင့် ဗေဒင်ဆရာက မိမိကံ ညံ့နေတယ်ပြောတဲ့ အချိန်မှာ အညံ့အညံ့ခြင်း ပေါင်းမိပြီး ပိုဆိုးသွား တာ ပါ။ အဲဒီအဖြစ်အပျက်ကို ဗေဒင်ဆရာတွေမကောင်းတာ ပြောရင်မှန်တ် လို့ပြောနေကြတာပါ။မိမိတို့ မကောင်းတာ လုပ်မိတာနဲ့ဗေဒင်ဆရာေ တြွေ ပာ တဲ့ မိ မိမကောင်းနေတဲ့ကံတွေပေါင်းမိ သလိုဖြစ်သွားပြီးပိုဆိုး သွား တာကို မသိကြဘူးလေ...။
ဆရာတို့ပညာရပ်မှာ ကံကောင်းချိန်မှာလုပ်ကိုင်နေထိုင် နည်း ကိုကြိုတင်ညွှန်ပြထားသလို မိမိကံညံ့နေချိန်တွေမှာလည်း လုပ် ကိုင်နေထိုင်ရ မဲ့နည်းတွေကိုကြိုတင်လမ်းညွှန် ပေးထား ပါတယ်။ လိုက်နာတာ မလိုက်နာကတပိုင်းပေါ့လေ။(လိုက်နာနေထိုင် လုပ် ကိုင်လို့ထင် တိုင်းဖြစ်သွားပြန် တော့..မိမိဖြစ်ချိန်မှာနေထိုင် လုပ်ကိုင် တတ်လို့ဖြစ်လာတာကို အိမ်တွင်းရိုးရာ-သိုက်-ပဌာန်းဆက်တွေ-အဘ-ဘိုးတော်မယ်တော်တွေမလို့ ရတနာဒီပံ/မဟာဒီပံတွေ ကြောင့် -လဘက်(၉)ပုံ-ဖရောင်း(၉)တိုင်ကြောင့် နေ့ချင်းညချင်းဆိုတဲ့ ချင်းတက်ေ တွကြောင့် ကတက်တွေ-ကန်စွန်းတွေကြောင့် ဆိုပြီးအရိုးစွဲနေတဲ့ အယူ အဆအမှားတွေနဲ့ဘဲဇာတ်သိမ်းလိုက်ကြပြန်တယ်။ တချို့ကမိမိတို့ ကံကောင်းချိန်မှာ လိုက်နာနေ ထိုင်လုပ် ကိုင်ရမဲ့နည်းတွေမမေးဘဲ ၊ကံကောင်းပြီဆိုပြီး မိမိတို့ ထင်သလိုနေထင်သလိုလုပ်ပြီးဆရာတို့ပြော သလိုဖြစ်မလာတော့နောက်ကွယ်မှာ ခုလိုဘဲပြောကြ တာပါဘဲ။ ဆရာပြောတော့ ဒီ(၄)နှစ်ရောက်ရင်ကောင်းမယ်ဆို ကျနော်/ကျမ တို့ကြတော့မကောင်းပါလား။ ဆရာပြော သလိုမဖြစ်ပါလား။ ဆိုပြိးပြော လာကြပါတယ်။ ဆရာတို့ပြောတာက ကောင်းမယ်ပြောတာ မဟုတ်ပါဘူး ။ကောင်းဖို့ကြုံပြီ ကောင်းအောင်နေ ထိုင်လုပ်ကိုင်မှကောင်း လာမှာဖြစ် လို့ ကံကောင်းအောင် လုပ်ကိုင်နေထိုင်နည်း တွေကြိုတင် လမ်းညွှန် တာပါ။
လောကဓံအဆိုးပိုင်းမှာလည်း ဆိုးမယ်လို့ပြောတာမဟုတ်ပါဘူး အဆိုးကြုံမှာကိုကြိုတင်ပြောပြလမ်းညွှန်ထားပါတယ်။ ဆရာတို့ပြော ဆိုလမ်း ညွှန်သလို နေထိုင်လုပ်ကိုင်ရင် လူသားတိုင်းမဖြစ်မနေတွေ့ရမဲ့ အဆိုးလောကဓံကတော့တွေ့မှာဘဲ။သက်သာအောင်နေ ထိုင်လုပ်ကိုင် နည်းတွေကြို တင်လမ်းညွှန်ပေးထားတာပါဘဲ။ဒါကြောင့် ပြော ဆိုနေထိုင် တတ်ရင် သက်သာနိုင်တာကြောင့် .....
အကောင်း လောကဓံ (အဖြူပိုင်း)ရောက်တိုင်းမနေတတ်မထိုင်တတ်မလုပ်တတ်မကိုင်တတ်ရင်မကောင်းနိုင်တာကြောင့် ဖြူတိုင်းမကောင်း ဘူးလို့ဆိုထားသလို ...လောကဓံအဆိုးပိုင်းမှာလည်းနေထိုင်လုပ်ကိုင်တတ် ရင်ပြောသလော က် မဆိုးနိုင် ပါဘူး ။(မိမိတို့လုပ်ခြင်ရာလုပ် မဖြစ်ခြင်တာ တွေဖြစ်လာေ တာ့မှ -အိမ်တွင်းရိုးရာ-သိုက်-ပဌာန်းဆက်တွေ-အိမ်နံပါတ်-ကားနံပါ တ်တွေ သစ် ပင်ကြီးတွေ-ကမူကြီးတွေကြောင့် လှေဦးတိုက်လှည်းဦး တိုက်တွေကြောင့်ဓမ္မာသောကတွေ-အိမ်ခိုက်-မြေခိုက်တွေကြောင့် ထင်နေကြပြန်ရော။မိမိတို့လုပ်ကိုင်နေ ထိုင်မှုကြောင့် ဆိုတာမသိကြပြန် ဘူး။ ဒါကြောင့်လောကဓံ(ဖြူတိုင်းမကောင်း / မဲတိုင်းမဆိုး )ဆြို့ပီး ဆော င်း ပါးတွေ ရေးပြီးရှင်းပြနေရတာပေါ့....
( ခုလိုဆရာနဲ့တွေ့ပြီးမေးလိုက်တော့ရင်ထဲ ရှင်းပြီးပေါ့သွား တာပေါ့ ဆရာ ။ ခုနလိုမေးလာတဲ့သူတွေပြောလာတဲ့သူတွေ ကိုလည်း ပြန်ြေ ပြာ ပ ရတာ ပိုကောင်းသွားတာပေါ့ဆရာရယ်)။
နောက်တခုပြောဖို့ကျန်နေသေးတယ်မောင်ရာဇာ မိမိနေထိုင်လုပ် ကိုင်တာ မှန်နေရက်နဲ့ အကောင်းလောကဓံမှာမကောင်းတဲ့သူတွေ ရှိနေတတ်သေးသလို-လောကဓံအဆိုးမှာလည်း ထင်သလောက်မဆိုးတဲ့ သူတွေလည်းရှိနေတတ်သေးတယ်ကွ.....
(ဆရာပြောသလို နေထိုင်လုပ်ကိုင်တတ်ရုံနဲ့ မဖြစ်တတ်တာတွေ ရှိသေးလားဆရာ)
.....ရှိတတ်တယ်မောင်ရာဇာ အတူနေမိသားစု(ကံ)တွေနဲ့ပေါင်း စပ်ဖြစ်ပေါ်လာတာကတမျိုးရှိနေသေးတယ်။ဒါကိုတော့ ဆရာကိုယ် တိုင် တွေ့မြင်အသုံးပြုနေတာကြောင့်(ရေများရေနိုင် မီးများမီးနိုင် )လို့ အမည်ပေးထားတယ်။နောက်နေ့ကြတော့မှ ဆက်ပြောကြတာပေါ့....
(--ဟုတ်ကဲ့ပါ ဆရာ--)။
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
Posted by ko ko at 6:31 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)

Blog Archive

  • ►  2017 (53)
    • ►  June (4)
    • ►  May (10)
    • ►  April (10)
    • ►  March (9)
    • ►  February (10)
    • ►  January (10)
  • ▼  2016 (108)
    • ►  December (9)
    • ►  November (10)
    • ►  October (12)
    • ►  September (12)
    • ►  August (9)
    • ▼  July (17)
      • ..(......ကျွန်ုပ် ထံသို့ ရောက်ရှိလာသော အဆောင်များ....
      • ....(..သမိုင်းတကွေ့-)--.
      • -----(သမိုင်းတကွေ့)...
      • ...(-သမိုင်းတကွေ့)----
      • ....အဆိုး လောကဓံနှင့် အိမ်မရှိခွေးမွေး(၂).......
      • ...ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိ...
      • ဒီနေ့(3)..(14-7-2016--ကြာသပတေးနေ့)(..ထိုင်း(ယိုးဒ...
      • Utun Yee 9 မိနစ် · Yangon မြို့
      • ....ဒီနေ့(2)..(2-5-2016--တနင်္လာ့)(..ထိုင်း(ယိုးဒယား...
      • .ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား) ...
      • No title
      • ...ဒီနေ့(၁)..(2-2-2016--အင်္ဂါနေ့)(..ထိုင်း(ယိုးဒယား...
      • -ဒီနေ..(၂)..့(..၁၅-၇-၂၀၁၆.သောကြာနေ့မှာ)..ထိုင်း(ယိ...
      • -ဒီနေ့(..၁၄-၇-၂၀၁၆-ကြာသပတေးနေ့မှာ)..ထိုင်း(ယိုးဒယာ...
      • .ဘုမ္မိ/ဘုမ္မိလေး/ဘုမ္မိကြီး နှင့် လောကဓံ(အမြင်သစ်).....
      • ...(...ကံကောင်းခြင်း/ကံဆိုးခြင်းနှင့် လောကဓံ(အမြင်...
      • ....(--အဆိုးလောကဓံနှင့် အိမ်မရှိ ခွေးမွေး-
    • ►  June (6)
    • ►  May (11)
    • ►  April (8)
    • ►  March (4)
    • ►  February (4)
    • ►  January (6)
  • ►  2015 (64)
    • ►  December (12)
    • ►  October (3)
    • ►  September (10)
    • ►  August (39)
  • ►  2014 (97)
    • ►  June (40)
    • ►  May (33)
    • ►  March (1)
    • ►  February (22)
    • ►  January (1)
  • ►  2013 (2)
    • ►  December (2)

About Me

ko ko
View my complete profile
Picture Window theme. Powered by Blogger.