Wednesday, July 6, 2016

...(...ကံကောင်းခြင်း/ကံဆိုးခြင်းနှင့် လောကဓံ(အမြင်သစ်)....

.....................................(...ကံကောင်းခြင်း/ကံဆိုးခြင်းနှင့် လောကဓံ(အမြင်သစ်)........ ...........................................................
...( ဆရာ ရေ.)ဟူသောအသံကြားလိုက် ကတည်းက မောင်ရာဇာ တယောက် သူသိလိုတာမေးတော့မယ်ဆိုတာ သိလိုက်ပါပြီ။. ..က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်း ဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအ တွင်း ၌ ဆရာကြီးဦးကြာမြင့် ပြောဆိုသင်ပြခဲ့သည်များကိုပြန်လည် စဉ်း စားနေရာမှ.
...ဘာများမေးစရာရှိလာပြန်ပြီလည်းမောင်ရာဇာ...
( ဆရာကလည်းကျနော်တောင်ဘာမှမမေးရသေးဘူး ပြောတော့ မယ်။ )
...ကိုယ့်တပည့်အကြောင်းကိုအသိဆုံးပါကွာ၊ ကဲ ပြောဘာတွေေ ခါင်းစားလာပြန်ပြီလည်း....
( ဗေဒင် ဆရာတွေဆီမှာဗေဒင်မေးရင် ကောင်းတာတွေကြတော့ မမှန်ဘူး။မှန်တာနဲတယ်။မကောင်းတာတွေကြတော့ မှန်တာများတယ်။
ဆိုတဲ့ မေးခွန်းဘဲဆရာရေ၊ ဗေဒင်မေးသူ တော်တော်များများပြောနေကြတဲ့စကားဘဲဆရာ)
...ဟုတ်တယ်မောင်ရာဇာ ဆရာလည်း လောကဓံ(ဖြူတိုင်းမကောင်း /မဲတိုင်းမဆိုး )ဆြို့ပီး ဆောင်းပါးတွေ ရေးပါတယ်။ဖြစ်စဉ်က ဒီလို မောင် ရာဇာရဲ့ သာမန်အားဖြင့်လူတွေဟာ မနက်ကနေညနေထိ ဘဝရပ် တည် ဖို့ လုပ်ကိုင်စားသောက်နေကြတဲ့အခါ မိမိကံကောင်းနေလား
မိမိကံညံ့နေလားဆိုတာမသိနိုင်ကြဘူးလေ။မိမိကံကောင်းနေချိန်ကိုမသိထားတဲ့သူတယောက်က ဘယ်လိုလုပ်ကိုင်နေထိုင်ရမှာ မသိလေတော့ ထင်သလောက်မရနိုင်ဘူးပေါ့။ဒီ့အပြင်ကံကောင်းအောင်မနေမိတော့ ကောင်းနေတဲ့မိမိကံတွေက မကောင်းတဲ့မိမိနေထိုင်မှုကံကြောင့်ရပိုင်ခွင့် မရပြန်ဘူး။(အဲဒီအဖြစ်အပျက်ကို ဗေဒင်ဆရာတွေကောင်းတယ်ပြောပြီး ပြောတိုင်းဖြစ်မလာဘူး။ လို့ပြောနေကြတာပါ။မိမိတို့ မကောင်းတာ လုပ်မိ တာ နဲ့ဗေဒင်ဆရာတွေပြောတဲ့ မိမိကောင်းနေတဲ့ကံတွေကိုချေဖျက် သလိုဖြစ်သွားတာကို မသိကြဘူးလေ).....။
နောက်တခုကမိမိကံညံ့နေချိန်ကို ကြိုသိမထားသူတယောက်ဟာ မိမိအနေအထိုင်အလုပ်အကိုင်မှားနေတာကြောင့် ဗေဒင်ဆရာက မိမိကံ ညံ့နေတယ်ပြောတဲ့ အချိန်မှာ အညံ့အညံ့ခြင်း ပေါင်းမိပြီး ပိုဆိုးသွား တာ ပါ။ အဲဒီအဖြစ်အပျက်ကို ဗေဒင်ဆရာတွေမကောင်းတာ ပြောရင်မှန်တ် လို့ပြောနေကြတာပါ။မိမိတို့ မကောင်းတာ လုပ်မိတာနဲ့ဗေဒင်ဆရာေ တြွေ ပာ တဲ့ မိ မိမကောင်းနေတဲ့ကံတွေပေါင်းမိ သလိုဖြစ်သွားပြီးပိုဆိုး သွား တာကို မသိကြဘူးလေ...။
ဆရာတို့ပညာရပ်မှာ ကံကောင်းချိန်မှာလုပ်ကိုင်နေထိုင် နည်း ကိုကြိုတင်ညွှန်ပြထားသလို မိမိကံညံ့နေချိန်တွေမှာလည်း လုပ် ကိုင်နေထိုင်ရ မဲ့နည်းတွေကိုကြိုတင်လမ်းညွှန် ပေးထား ပါတယ်။ လိုက်နာတာ မလိုက်နာကတပိုင်းပေါ့လေ။(လိုက်နာနေထိုင် လုပ် ကိုင်လို့ထင် တိုင်းဖြစ်သွားပြန် တော့..မိမိဖြစ်ချိန်မှာနေထိုင် လုပ်ကိုင် တတ်လို့ဖြစ်လာတာကို အိမ်တွင်းရိုးရာ-သိုက်-ပဌာန်းဆက်တွေ-အဘ-ဘိုးတော်မယ်တော်တွေမလို့ ရတနာဒီပံ/မဟာဒီပံတွေ ကြောင့် -လဘက်(၉)ပုံ-ဖရောင်း(၉)တိုင်ကြောင့် နေ့ချင်းညချင်းဆိုတဲ့ ချင်းတက်ေ တွကြောင့် ကတက်တွေ-ကန်စွန်းတွေကြောင့် ဆိုပြီးအရိုးစွဲနေတဲ့ အယူ အဆအမှားတွေနဲ့ဘဲဇာတ်သိမ်းလိုက်ကြပြန်တယ်။ တချို့ကမိမိတို့ ကံကောင်းချိန်မှာ လိုက်နာနေ ထိုင်လုပ် ကိုင်ရမဲ့နည်းတွေမမေးဘဲ ၊ကံကောင်းပြီဆိုပြီး မိမိတို့ ထင်သလိုနေထင်သလိုလုပ်ပြီးဆရာတို့ပြော သလိုဖြစ်မလာတော့နောက်ကွယ်မှာ ခုလိုဘဲပြောကြ တာပါဘဲ။ ဆရာပြောတော့ ဒီ(၄)နှစ်ရောက်ရင်ကောင်းမယ်ဆို ကျနော်/ကျမ တို့ကြတော့မကောင်းပါလား။ ဆရာပြော သလိုမဖြစ်ပါလား။ ဆိုပြိးပြော လာကြပါတယ်။ ဆရာတို့ပြောတာက ကောင်းမယ်ပြောတာ မဟုတ်ပါဘူး ။ကောင်းဖို့ကြုံပြီ ကောင်းအောင်နေ ထိုင်လုပ်ကိုင်မှကောင်း လာမှာဖြစ် လို့ ကံကောင်းအောင် လုပ်ကိုင်နေထိုင်နည်း တွေကြိုတင် လမ်းညွှန် တာပါ။
လောကဓံအဆိုးပိုင်းမှာလည်း ဆိုးမယ်လို့ပြောတာမဟုတ်ပါဘူး အဆိုးကြုံမှာကိုကြိုတင်ပြောပြလမ်းညွှန်ထားပါတယ်။ ဆရာတို့ပြော ဆိုလမ်း ညွှန်သလို နေထိုင်လုပ်ကိုင်ရင် လူသားတိုင်းမဖြစ်မနေတွေ့ရမဲ့ အဆိုးလောကဓံကတော့တွေ့မှာဘဲ။သက်သာအောင်နေ ထိုင်လုပ်ကိုင် နည်းတွေကြို တင်လမ်းညွှန်ပေးထားတာပါဘဲ။ဒါကြောင့် ပြော ဆိုနေထိုင် တတ်ရင် သက်သာနိုင်တာကြောင့် .....
အကောင်း လောကဓံ (အဖြူပိုင်း)ရောက်တိုင်းမနေတတ်မထိုင်တတ်မလုပ်တတ်မကိုင်တတ်ရင်မကောင်းနိုင်တာကြောင့် ဖြူတိုင်းမကောင်း ဘူးလို့ဆိုထားသလို ...လောကဓံအဆိုးပိုင်းမှာလည်းနေထိုင်လုပ်ကိုင်တတ် ရင်ပြောသလော က် မဆိုးနိုင် ပါဘူး ။(မိမိတို့လုပ်ခြင်ရာလုပ် မဖြစ်ခြင်တာ တွေဖြစ်လာေ တာ့မှ -အိမ်တွင်းရိုးရာ-သိုက်-ပဌာန်းဆက်တွေ-အိမ်နံပါတ်-ကားနံပါ တ်တွေ သစ် ပင်ကြီးတွေ-ကမူကြီးတွေကြောင့် လှေဦးတိုက်လှည်းဦး တိုက်တွေကြောင့်ဓမ္မာသောကတွေ-အိမ်ခိုက်-မြေခိုက်တွေကြောင့် ထင်နေကြပြန်ရော။မိမိတို့လုပ်ကိုင်နေ ထိုင်မှုကြောင့် ဆိုတာမသိကြပြန် ဘူး။ ဒါကြောင့်လောကဓံ(ဖြူတိုင်းမကောင်း / မဲတိုင်းမဆိုး )ဆြို့ပီး ဆော င်း ပါးတွေ ရေးပြီးရှင်းပြနေရတာပေါ့....
( ခုလိုဆရာနဲ့တွေ့ပြီးမေးလိုက်တော့ရင်ထဲ ရှင်းပြီးပေါ့သွား တာပေါ့ ဆရာ ။ ခုနလိုမေးလာတဲ့သူတွေပြောလာတဲ့သူတွေ ကိုလည်း ပြန်ြေ ပြာ ပ ရတာ ပိုကောင်းသွားတာပေါ့ဆရာရယ်)။
နောက်တခုပြောဖို့ကျန်နေသေးတယ်မောင်ရာဇာ မိမိနေထိုင်လုပ် ကိုင်တာ မှန်နေရက်နဲ့ အကောင်းလောကဓံမှာမကောင်းတဲ့သူတွေ ရှိနေတတ်သေးသလို-လောကဓံအဆိုးမှာလည်း ထင်သလောက်မဆိုးတဲ့ သူတွေလည်းရှိနေတတ်သေးတယ်ကွ.....
(ဆရာပြောသလို နေထိုင်လုပ်ကိုင်တတ်ရုံနဲ့ မဖြစ်တတ်တာတွေ ရှိသေးလားဆရာ)
.....ရှိတတ်တယ်မောင်ရာဇာ အတူနေမိသားစု(ကံ)တွေနဲ့ပေါင်း စပ်ဖြစ်ပေါ်လာတာကတမျိုးရှိနေသေးတယ်။ဒါကိုတော့ ဆရာကိုယ် တိုင် တွေ့မြင်အသုံးပြုနေတာကြောင့်(ရေများရေနိုင် မီးများမီးနိုင် )လို့ အမည်ပေးထားတယ်။နောက်နေ့ကြတော့မှ ဆက်ပြောကြတာပေါ့....
(--ဟုတ်ကဲ့ပါ ဆရာ--)။
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

No comments:

Post a Comment