........................................(--အဆိုးလောကဓံနှင့် အိမ်မရှိ ခွေးမွေး-)..................... ......................... .................. ..........
...ဒီစာမူလေး ဖတ်ကြည့်ပါဦး-မောင်သိန်းဌေး ရေ. ...က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်း ဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအ တွင်း ၌ တပည့်ဖြစ်သူမောင်သိန်းဌေးအား ရေးပြီးသားစာမူ ကိုလှမ်း ပေး လိုက်သည်။
(-ဒီစာမူက ပညာရပ် အကြောင်း ဘာတွေများ ရေးထားတာ လည်း ဆရာ )
...ဒီစာမူက ပညာရပ်ထက် လူတွေရဲ့ တွေးခေါ်မှုတချို့ လွဲချော်နေ တာလေး အကြောင်းရေးပြထားတာပါ...
( ဟုတ်ကဲ့ ဒါဆိုကျနော်ဖတ်ကြည့်လိုက်ဦးမယ်ဆရာ )...ဟုဆိုကာ စာမူကို စတင်ဖတ်ရှုလေတော့သည်။
............
အိမ်မရှိခွေးမွေး.....
...မောင်သိန်းဌးရေ ဒီသတင်းလေးဖတ်ကြည့်ပါဦး...ကျွန်ုပ်သည် သတင်းစာ၌ပါလာသောသတင်းတခုကြောင့် မောင်ရာဇာအားဖတ်
ကြည့်ဖို့ရန် ပြောလိုက်ခြင်းဖြစ်သည်။မောင်သိန်းဌေးသည် ကျွန်ုပ်ပြော သည့် သတင်းကိုဖတ်ပြီး ...
( မနှစ်ကဆရာလည်း ဒီအကြောင်း ဆောင်းပါးနှစ်ပုဒ်လားရေး လိုက်သေး တယ်မဟုတ်လား ဆရာ )
...ဟုတ်တယ်လေ ခွေးစာကြွေးခြင်း အန္တာရယ်နှင့် နောက် ဆက် တွဲ ပြသနာများ...ဆိုပြီးနှစ်ပုဒ်ရေးလိုက်သေး တယ်.ခုဆက်ရေး ရတာ လည်း ခွေးနဲ့လူ လူနဲ့ခွေးကို တန်ဖိုးထား(ဦးစားပေး)မှုမှားနေကြတဲ့ အကြောင်းတွေကို နေ့စဉ်တွေ့နေရလို့ရေးလို့က်တာပါ...
(ဘာတွေရေးထားတာလည်းဆရာ)
...ယနေ့ ခွေးမွေးတယ်ဆိုတဲ့ သူတွေအကြောင်းပါ။ကိုယ့်အိမ် ကိုယ်ခြံနဲ့ခွေးမွေးတာက တော့ ကြိုက်သလောက်မွေးလို့ရတာပေါ့ ဘာပြောစရာလိုမလည်းမောင်ရင် အိမ်မရှိ ခွေးမွေးဆိုသလို မိမိအိမ် ပိုင်မဟုတ်သေးဘဲ အိမ်ငှားဘဝနဲ့ ခွေးမွေးတဲ့သူတွေကိုကြည့်မယ်ဆိုရင် အိမ်ပိုင်ရှင် က သူ့အိမ်မှာငှားနေ စဉ် ခွေး မမွေး ဖို့ ခွေးမွေးတဲ့ ကိစ္စ နဲ့ အိမ်နိးနားခြင်း တွေနဲ့ ခွေးပြသနာကို အိမ်ပိုင်ရှင်ဖြစ်တဲ့ သူကပြသ နာဖြစ်တိုင်း လိုက်လိုက် ရှင်းနေ ရတဲ့အတွက် စာချုပ်ထဲမှာထည့်ပြောရတဲ့ အကြောင်း ပြောပြတော့ခွေးမမွေးရဆိုတဲ့ စကားကြောင့် အားလုံးအ ဆင်ပြေေ နတဲ့ အိမ်အငှား အပြုကိစ္စကို ဖျက်ပြစ်လိုက်တယ်.....
( ခွေးမမွေးရတဲ့ကိစ္စနဲ့ များ မိမိတို့ မိသားစုနေထိုင်မှု အဆင်ပြေမဲ့ ကိစ္စကိုလက်လွှတ်လိုက်ရတယ်လို့ဆရာရယ်)
...အဲ ဒါကြောင့် လူနဲ့ခွေး ဘယ်ဟာအရေးကြီးနေလည်း ဆိုတဲ့ မေးခွန်းကို မူတည်ပြီးဒီစာကိုရေးရတာပေါ့ကွာ. ဒီနေ့ တွေ့ နေရတာက မိမိတို့ အိမ်အပြင်အနိးအနားမှာ ခွေးကို အစာကြွေး ရင်းခွေးကို သံယောဇဉ်ဖြစ်ပြီးမိမိကိုယ်တိုင်မွေးထားတာမဟုတ်ပါဘဲနဲ့ ဒီခွေးအတွက် မိမိပတ်ဝန်းကျင် လူတွေနဲ့ နေ့စဉ်နဲ့အမျှ ပြသနာဖြစ်နေတဲ့ လူတွေနဲ့ ကိုယ်တိုင်မွေးထားပြီးမိမိခွေးရဲ့ ပတ်ဝန်းကျင် ကိုအနှောက်အ ယှက်ပေး မှုကြောင့် ပတ်ဝန်းကျင်က ခွေးအပေါ်ပြောဆိုလုပ်ကိုင်မှုတွေကို အမှားအမှန် မစဉ်းစားနိုင်တော့ဘဲ မိမိတို့ဘက်ကမှားနေပါရက် နဲ့ ခွေးနဲ့ လူတန်ဖိုးနားမလည်နိုင်တော့ဘဲ ၊ ငါ့ခွေးမှငါ့ခွေး ခွေးတော့ မထိနဲ့ ဆိုတဲ့ စိတ်ဝင်ပြီးတဖက်စွန်းရောက်နေတဲ့သူတွေ အတွက် သွေးအေးအေးနဲ့ စဉ်းစားလို့ရအောင် ရေးလိုက်ရတာပါ.....
( ခွေးအတွက်နဲ့ ဒီလောက် အရူးအမူးဖြစ်ပြီး အဖြစ်သဲနေတဲ့သူတွေရှိနေသေးလားဆရာ)
.....ဒီနေ့ ဆရာတွေ့မြင်နေရတဲ့လက်တွေ့ဖြစ်စဉ်လေးကိုသာကြည့်ပေတော့မောင်ရင်.ဆရာ့ဆိုင်ရှေ့ကရေမြောင်းကိုဖုံး အုပ်ထားတဲ့ သံဘန်းကိုမပြီး ခွေး မကြီးေ ခွးမွေးဖို့ ကတ္ထူများခင်းကာခွေးမွေးခြင်းလုပ်ငန်းကို စတင်လု ပ်ဆောင်ကြတာတွေ့ရတယ်။ ခွေးလေးတွေအ ရွယ်ရောက်လာ ချိန် အပြင်ထွက်သွားသော်လည်း ကတ္ထူပြားများကိုမဖယ်ရှားဘဲ ဒီအတိုင်း ထားသောကြောင့် ဘုရာဝန်ထမ်းလိုင်းမှသုံးရေများ ဆက်လက်စီးဆင်း မရဘဲ၊ ကတ္ထူပြားများခံနေပါတော့သည်။ကတ္ထူပြားများဖယ်မပေး ရန်ပြောပြသောအခါ(မိုးရွာရင်သူဟာနဲ့သူမိုးရေ တွေနဲ့မြောသွား လိမ့်မည်။ ဖယ်ပေးစရာ မလိုဘူး) ဟုဆိုပါ သည်။ရေမြောင်းများ ပိတ်ဆို့ နေ၍အမှိုက်များရှင်းလင်းရာတွင်အခန်းဘေးရေ မြောင်းပေါ်တွင်သစ်တို သစ်စများစုပုံထားသောကြောင့် မြောင်းရှင်းရာ တွင်ခဲရာခဲဆစ် လုပ်ဆော င်ေ န ရတာပေါ့... တလခန့်အကြာ(မိုးကောင်းဘုန်းတော်ကြီးကျောင်း) အလှူလုပ်ကိုင် သူတွေမှရေပိုက်အကြီးစား ကြီးတွေနဲ့အလှူရှင်များမှ ပင်ပိတ်ဆို့နေ တဲ့ ရေမြောင်းကို ရှင်းလင်း လုပ်ဆောင်ပေးသွားလို့ တော်သေးတာေ ပါ့ကွာ..
ဒီနေ့ ဆိုရင် ခွေးတွေ အရွယ်ရလာတော့ ပတ်ဝန်းကျင်ကို အနှောက် အယှက်အခက်အခဲများစွာ ဖြစ်စေတော့တာပေါ့။ အရောင်းအဝယ် လုပ်နေသည့် ဘုရားကျောင်းဆောင်တွေ အိမ်တွင်းစဉ်တွေ အတွင်း ထဲ ဝင်အိပ်ပြီး ။သစ်သားတန်းများ အားကိုက်ဖြတ်ဖျက်ဆီးနေလို့ ။ရေနှင့် ပက်ပြီး မောင်းထုတ်လို့ ခွေးတွေ ထွက်ပြေးတော့စဉ်တွေ ပြိုကြ ကြိုးပဲ့ ပျက်စီးကုန်တကြိမ်တခါမဟုတ်လဲ နေ့စဉ်နှင့်အမျှ ဘဲမောင်ရင် လူမှုရေး အရ သီးခံခွင့်လွှတ်နေရတာဘဲ။ခွေးတွေကို မောင်းထုတ်ရင် မကျေမ နပ်ဖြစ်ကာစောင်းမြောင်းပြောဆိုတာခံရသေးတယ်။ညပိုင်းဆိုင်ပိတ် ပြီး ပြန် သွားချိန် ညဘက်တွင် ခွေးတွေ ဘုရားဆောင်းတန်းပေါ်ထက် ဈေးခုံ တန်းတွေ အပေါ် ခွေးတွေ တက်အိပ်ကြပြီး မနက်ဆိုင်ခန်းဖွင့်ချိန်မှ ပြန် ဆင်း သွားကြ တာကွ။ဆိုင်အခင်းတွေ အကာတွေ(ဗီနို င်း)ကိုနေ့စဉ် ကိုက်ဖြတ် ဆော့ကစားထားသောကြောင့် ယနေ့ဆိုလျှင် မည်သည့် အခင်းအကာမှမရှိတော့ပါ။ထပ်မံမထားရဲတော့ဘူး။ နေ့ခင်းပိုင်းတွင်ခွေးများသူတို့နဲ့အတူဆိုင်ခန်းမှာလာနေကြပြန်တယ်။တခါတလေဆောင်းတန်းလမ်းမပေါ်မှာ အိပ်နေကြသေးတယ်။
အဆိုးဆုံးကတော့ ခွေးများအရွယ်ရောက်လာတာတကြောင်း ခွေးအကောင်အရေအတွက်များတာကတကြောင်း နေ့စဉ်နှင့်အမျှ လမ်းသွားလမ်း လာတွေ ဘုရာဖူးလာရောက်သူတွေ ဥပုဒ်သီတင်းစောင့်သူအဖိုး အဖွား သက်ကြီးရွယ်အိုများ ရဟန်းသံဃာများ ယခုဆိုလျှင် ကျောင်းဖွင့် ချိန်ဖြစ်သောကြောင့်ကျောင်းသူ ကျောင်းသားခလေးသူငယ်များပါဖြတ်သန်းသွားလာနေသောကြောင့်နေ့စဉ်နှင့်အမျှခွေးကိုက်ခံနေရ တာပေါ့။ (အမြဲတန်းမကိုက်မိသော်လည်း)ခွေးတွေဝိုင်း ဟောင်ပြီးအုပ်စုလိုက် ဝိုင်း လိုက်ခြင်းများဖြစ်နေသောကြောင့်အတော်လေး အနှောက်အ ယှက်ဖြစ်ေ စတာပေါ့။ညနေပိုင်း ခွေးစာကို လှေခါးအဝင်ညာဘက်အုပ်ခုံအပိုနေရာမှာရပ်ကွက်ထဲမှ ခွေးစာလြာွေကးသလို သူတို့ ကိုယ်တိုင် လည်း ချက်ပြု တ်ြွေကွး တာကြောင့် ထမင်းကျန် ဟင်းကျန်များ အနံ့ဆိုးများဖြစ်ေ ပ်ါပြီး ပတ် ဝန်းကျင်ကိုထိခိုက်စေတာပေါ့...(-ခွေးကိုက်ခံရသူ ယနေ့ထိဆိုလျှင် စုစုပေါင်း-၁၀-ဦးခန့်)ရှိပြီမောင်ရင်...
(တော်တော်ဆိုးတဲ့သူတွေဘဲနော် ဘယ်လိုမိဘတွေကမွေးပြီး။ ဘယ်လိုဆရာလက်ထွက်တွေဖြစ်ခလည်း-ခုဘယ်လိုပတ်ဝန်းကျင်မှာနေ ကြလည်းဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီ။ ကိုယ်ခြင်းစာစိတ်နဲနဲတော့ရှိသင့်တာပေါ့နော် ။သူတို့မိသားစုတွေကို ဒီလို ကြုံနေရင်ဘယ်လိုခံစားရမလဲ)
....ဒီလို အသိဥာဏ်နဲပြီး စည်းမဲ့ ကမ်းမဲ့ ခွေးတွေ မွေးထား တာကြောင့် ...
၁။ လမ်းသွားလမ်းလာများဘုရာ ဖူး လာရောက်သူတွေ ဥပုဒ်သီတင်းေ စာင့်သူသက်ကြီးရွယ်အိုတေရဟန်းသံဃာတွေယခုဆိုလျှင် ကျောင်းဖွင့် ချိန်ဖြစ်တော့ ကျောင်းသူကျောင်းသားခလေးသူငယ်များပါဖြတ်သန်းသွားလာနေသောကြောင့် အမတန်အန္တာရယ်ကြီးတယ်။
၂။ ပတ်ဝန်းကျင် ဆိုင်တွေ အရောင်းအဝယ် (စီးပွားရေး)ကို ထိခိုက်စေပါတယ်။
၃။ ယခုဆိုရင် ခွေးတွေမောင်းနှင်ခြင်းကိစ၊္စနှင့်ပတ်သက်ပြီး နေ့စဉ်နှင့်အမျှ စောင်းမြောင်းပြောဆိုလာပြီး တဦးနှင့်တဦး စကားပြောဆိုမှုပင် မရှိေ တာ့ ဘဲ (လူမှုရေးပါ )ထိခိုက်လြာ့ပီဖြစ်လို့ ခွေးတွေကို စီးမဲ့ကမ်းမဲ့ မွေးတဲ့ ဒုက္ခအကြောင်းလက်တွေ့သိလိုက်ရပြီမဟုတ်လား... ( အဲဒီ ခွေးမွေးတဲ့သူတွေနဲ့တွေ့ကြုံနေရတဲ့ ပြသာနာ အခက်အခဲတွေကို ဘုရားဂေါပက တာဝန်ရှိသူတွေကို ပြောမပြဘူးလားဆရာ)
....ဪ မောင်ရင်ရယ် ဒုက္ခဆိုတာဖြစ်လာတာမဟုတ်ဘူး။ပေါ်လာတာ ကိုယ်ကပြန်တုံ့ပြန်လို့ ဖြစ်လာတာပါ။မတွေ့ခြင်လို့မရဘူး။မဖြစ်ခြင်ရင် မလုပ်နဲ့ လို့ဆိုထားတဲ့ အဆိုးလောကဓံကို သီးခံပြီး-ဥပက္ခာနဲ့နေပေးပါဆိုတဲ့ စကားကိုလိုက်နာဖြစ်နေတာရယ် ။ပွင့်လင်းမြင်သာပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ခေတ်ကိုရောက်ပြီဆိုပေမဲ့ တို့ဂေါပက ကတော့သူတို့မထိခိုက်သ၍ကြိုက်သလိုနေကြ။ကြိုက် တာ လုပ်ကြ။ပြသနာမဖြစ်အောင် အဆင်ပြေ အောင်နေကြ ပြသနာဖြစ်လို့ မခံနိုင်တဲ့သူက တိုင်တာတောတာလုပ်ရင် အရေးမယူတဲ့အပြင် (ဘယ်သူကလာတိုင်လို့ ငါတို့က ခုလိုခေါ်ပြော ရ တာပါ ) ဆိုပြီး နှစ်ဦးနှစ်ဖက်ကို ရန်ပြန်တိုက်တဲ့ နည်းကိုသုံးနေ ကြတုံးဆိုတော့.....
...........

No comments:
Post a Comment