Sunday, November 6, 2016

...((((( လောကဓံ(အမြင်သစ်).ဟူသည်။-)))))(၂၁)။

.....................((((( လောကဓံ(အမြင်သစ်).ဟူသည်။-)))))(၂၁)။
........................
အသက်တစ်နှစ်ကြီးလာလေ ရပိုင်ခွင့်တွေပိုတွေ့ရ လေလေ၊ ဒုက္ခတွေ ပိုတွေ့ရ လေလေပါဘဲ၊ ခက်တာက လူအများစုဟာ ရချိန်မှာသာမရကြတာ၊ ဒုက္ခနဲ့ ကတော့ လုံးထွေး နေကြရတာပါဘဲ။ ရချိန်မသိလို့ မလုပ်မိ လို့မ ရတာဟာ အဲဒီအသက် အပိုင်းအခြားက ပြဿနာ မဟုတ်ပေမယ့်၊ ......ပျက်ချိန်မှာကတော့ မသက်သာလှဘူး၊ ပျက်ချိန်မသိလို့ လုပ်မိရင် မိမိ လိုအပ်ချက် တွေ မရနိုင်တဲ့အပြင် ဘဝပါပျက်သွားကြရတဲ့ သူတွေ မနည်းေ တာ့ပါဘူး၊ ဒါ့ကြောင့် လောကဓံမူ မှာကိုက ဖြစ်ချိန် သိေ အာင် ကြိုး စား ၊ ဖြစ်အောင်လုပ်၊ ပျက်ချိန်သိအောင် ကြိုးစား၊ မပျက်စီးအောင် ထိန်းသိမ်းဖို့ ကို အမြဲဟောပြောနေရတာပါ။
..........လူသားတွေအားလုံးကိုလောကဓံက(၈)နှစ်လျှင်တစ်ကြိမ်ကျ စာမေး ပွဲစစ်ပါတယ်၊ လူတွေ ဟာ လောကဓံရဲ့ စာမေးပွဲစစ်တာကို သိနိုင်ဖို့ နေနေ သာသာ ကြားတောင်မကြားဘူးကြလေတော့ တနင်္လာသားသမီးတွေဟာ လ ည်း လောကဓံစာမေးပွဲမှာ အတုံးအရုံး ကျရှုံးကုန်တော့တာပါပဲ၊ ..........တနင်္လာသားသမီးများကံညံ့ချိန်ဖြစ်သည့်အသက်(၁၈-၁၉/၂၀-၂၁)နှ စ်များ သည် ဘဝမှာ ပထမဦးဆုံးအကြိမ်အခက်အခဲများစတင်တွေ့ကြုံရ မည့် အချိန်ဖြစ်သည်။ゞင်းအခက်အခဲကို တွေ့ကြုံရာ၌ယ ခုခေတ်နဲ့ဥ ပ မာပေးရရင်(၄)တန်းစာမေးပွဲဖြေဆိုရတဲ့သဘောပါပဲ၊ (၄)တန်း စာမေး ပွဲဟာ တယ်အရေးကြီးလှတယ်မှ မဟုတ်သေးဘဲ။....... .........ဒုတိယတွေ့ကြုံရမယ့် ကံညံ့ချိန် လေးနှစ်ဖြစ် သည့် အသက်(၂၆-၂၇/၂၈-၂၉)နှစ်များဖြစ်သည်၊ ယနေ့ခေတ်နှင့် ဥပမာ ပေးရလျှင် (၈)တ န်းစာ မေးပွဲဖြေရတဲ့သဘောပါဘဲ၊(၈)တန် စာမေးပွဲဟာ အရင်က (၄)တ န်းစာမေးပွဲလိုတော့ မဟုတ်တော့ ဘူး၊ ခေါင်းနဲနဲစားလာပြီ၊.............. ...........သုံးကြိမ်မြောက်ကံညံ့ချိန်ဖြစ်သည့်တနင်္လာ သားသမီးတစ်ဦး တစ်ယောက် အသက်(၃၅-၃၆/၃၇-၃၈)နှစ်များတွင်ကြုံတွေ့ရမည့်အခက် အခဲများကို (၁၀)တန်း စာမေးပွဲဖြေ ဆိုတာနဲ့ ဥပမာ ပေးထားပါ တယ်၊. ......... (၁၀)တန်းစာမေးပွဲဆိုတာနဲ့ ဗေဒင်မေး၊ နတ်မေး၊ ယတြာချေ၊ ကျူရှင်ထား၊ ဂိုက်ထား၊ ဘော်ဒါထားနဲ့ အလုပ်ကို ရှုပ်ကုန်ကြတော့တာပါဘဲ၊ ဘယ် လို တွေဘာတွေ ဘယ်လိုပဲလုပ်လုပ်၊ စာမကြိုးစားရင် စာမေးပွဲ ကျ မယ်၊ ကြိုးစားရင်အောင်မယ်၊ ဒါဘဲ။..... ခက်တာက အလုပ်ခေါ်ရင် အနည်း ဆုံး (၁၀)တန်းအောင်မှဆိုတော့ဒီနေ့ခေတ်မှာ(၁၀)တန်းဟာ ဘယ်ေ လာ က် ဘဝမှာအရေးပါတယ်ဆိုတာသိလောက်ရောပေါ့၊အဲဒီလိုပါပဲ လူ့ဘဝ စာမေးပွဲ(၆)ကြိမ်မှာ (၃)ကြိမ် ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို စဉ်းစားလို့ရပြီထင်ပါတယ်၊........ နောင်တွေ့ကြုံလာရမယ့် တနင်္လာသား သမီးတွေရဲ့ အသက် (၄၃-၄၄/၄၅-၄၆)နှစ်နဲ့ (၅၁-၅၂/ ၅၃-၅၄) (၅၉-၆၀ /၆၁-၆၂)အသက်အပိုင်း အခြားတွေဟာ အသက်ကြီးလာလေ ဒုက္ခတွေ ပိုများ လာလေဆိုပေမယ့်--..-- ၃-ကြိမ်မြောက်မှာ ကြုံတွေ့လိုက်ရတဲ့ ဒုက္ခတွေဟာ ကာယကံရှင်အတွက် တော်တော်လေး အသိတရားတွေ ရသွားေ စခဲ့တာကြောင့် ထင်ထားသလောက် မဆိုးပြန်ဘူး၊.... လောကဓံဟာ ပုံသေ မဟုတ်တဲ့အတွက် တချို့တနင်္လာသားသမီးတွေဟာ(၃)ကြိမ်မြောက်မှာ အခြေအနေအရပ်ရပ်ကြောင့် လွတ်ကင်းသွားသူတွေ ရှိတတ်တယ်၊ ................အဲဒါကပြဿနာဘဲ။ လောကဓံရဲ့ (၃)ကြိမ်မြောက်မှာ လွတ်ကင်း သွားသူတွေဟာ (၄)ကြိမ်မြောက်စာမေးပွဲစစ်ချိန်မှာတော့ စားမေးပွဲခန်း ထဲ မှာ ရောက်မလာ နိုင်ရှာ တော့ပါဘူး၊ မိမိရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည့် ပိုင်ဆိုင်မှုတွေနဲ့ ခွာပြဲပြီး တစ်ယောက် ထဲ လောကဓံရဲ့ ပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့်---
နောက်ထပ် ရှား ရှား ပါးပါး ဖြစ်တောင့်ဖြစ်ခဲ(၅)ကြိမ်မြောက် လောကဓံ စာမေးပွဲကို ဘာမသိ ညာမသိနဲ့ အောင်မြင်လွတ်မြောက်သွား သူကိုလ ည်းေ တွ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက် စာမေးပွဲခန်းထဲတော့ ရောက်မလာနိုင်တော့ဘဲ သူ့ကိုတွေ့ချင်ရင် ထောင် (သို့မဟုတ်)ဆေးရုံမှာသာ သွားစောင့်နေပေတော့။...
........................။..........................။.
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

No comments:

Post a Comment