...............................................((( လောကဓံ(အမြင်သစ်).ဟူသည်။-)))(၂၂).။
..............................
လောကဓံစာမေးပွဲကို (၁-ကြိမ်၊ ၂-ကြိမ်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်)ထိ ပွတ်ကာသီကာ လွတ်မြောက်သွားသူကိုလဲ တွေ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက် စာမေးပွဲခန်းထဲရောက်ဖို့  နေနေ သာသာ (၅)ကြိမ်မြောက်လောကဓံကို လွတ်မြောက်အောင် ဖြတ်သန်း သွား တဲ့ ပြဿနာအားလုံး စုပုံရှင်းဖို့ လူသေလျှင်သေ၊ လူမသေလျှင်ဘဝသေ ဟူသော လောကဓံ၏ စည်းမျဉ်းတွေကြောင့် ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဆိုထားသည့်အတွက် အဲဒီနေရာတွေမှာ စောင့်နေတာ ပိုသေချာပါတယ်။ ရန်ကုန်မြို့ဆိုရင်တော့ ရေဝေးမှာ သွားစောင့်နေတာ ပိုသေချာပါတယ်။ .....ဒီလောက်ဆိုရင် တနင်္လာသားသမီးတစ်ယောက်ရဲ့ ဘဝထဲမှာ လောကဓံပညာနဲ့ လူဘဝကို ချုပ်ကိုင်ထားတဲ့ အတိတ်ကကံနဲ့ ယခုလက်ရှိဘဝ ကံ (ကံနှစ်ကံ)ကို ကြိုတင်ဟောပြော အသုံးချသွားတဲ့ အကြောင်း တစွန်းတစ ရိပ်မိလောက်ပြီ ထင်ပါတယ်။..။

.........ကဲ နောက်((( အင်္ဂါသားသမီးတွေအကြောင်းကို ဆက်လိုက်ကြရအောင်။)))
.......................
အင်္ဂါသားသမီးတွေရဲ့လိုအပ်ချက် (၄) မျိုးဖြစ်တဲ့- ၁- အလုပ်၊ ၂- အိမ်ထောင်၊၃- နေဖို့၊၄စီးဖို့အဲဒီလေးမျိုးကို(၈) နှစ်လျှင်တစ်ကြိမ် တွေ့နေရမှာဖြစ်ပါတယ်။ အင်္ဂါ သားသမီးများ ကံကောင်းနေသည်ဟူသော ပထမ- (၄)-နှစ်ဖြစ်သည့် အသက်(၂၁-၂၂/၂၃-၂၄)နှစ် များသည် ကျောင်းတက် သည့် အရွယ်ဖြစ်သောကြောင့် မိမိ၏လိုအပ်ချက် -၄-မျိုးကို ဒါတွေ ဒီလိုရှိတ ယ် ဆိုတာသိအောင်(တွေ့ပေးချိန်)ဖြစ်သည်။ မိမိမြင်အောင်ကြည့်တတ်ဖို့ လိုပေသည်။ လုပ်ခွင့်ပေး သော်လည်း ရခွင့်မပေးသေးချေ၊ ...........ကံကောင်းနေသည်ဟူသော ဒုတိယ-၄-နှစ် ဖြစ်သည့် အသက်(၂၉-၃၀/၃၁-၃၂)နှစ်များသည် မိမိ၏လိုအပ်ချက် -၄-မျိုးကို လုပ်ခွင့်ပေးသော အ ချိန် ဖြစ်သည်ကို ကြိုတင်သိမြင်(လုပ်ကိုင်)ထားရမည်ဖြစ်သည်။ ........ကံကောင်းနေသည်ဟူသော တတိယ- ၄-နှစ်သည် အသက်(၃၇-၃၈/၃၉-၄၀)နှစ်များသည် မိမိလိုအပ်ချက် - ၄-မျိုးကို ပုံမှန်ပိုင်ဆိုင် ခွင့် ပေး ချိန်ဖြစ်သောကြောင့် (ပုံမှန်)ဟုခေါင်းစီးတပ်ပေးထားခြင်းဖြစ်ပါသည်။ ............(၄)ကြိမ်မြောက် ကံကောင်းနေသည်ဟူသော အသက်(၄၅-၄၆/၄၇-၄၈)နှစ်များသည် မိမိလိုအပ်ချက်များကို စိတ်တိုင်းကျ ဖြစ် ရ န်ကြုံတွေ့နေရချိန် ဖြစ်သောကြောင့် (စိတ်တိုင်းကျ)ကာလဟုသတ်မှတ် ထား ပါသည်။...................ကံကောင်းချိန်-၅-ကြိမ်မြောက်ဖြစ်သော အသက်(၅၃-၅၄/၅၅-၅၆)နှစ်များသည် မိမိလိုအပ်ချက်များကို စီမံ ခန့် ခွဲခွင့် ပေးထားချိန်ဖြစ်နေသည်ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအသက် အပိုင်းအခြားကို (စီမံခန့်ခွဲချိန်)ဟု သတ်မှတ်ခေါ်ဝေါ် ထားပါ သည်။
.......ကံကောင်းနေသည် ဟူသော အသက်(၆၁-၆၂/၆၃-၆၄)နှ စ်များ သည် မိမိတသက်တာ ရှာဖွေ ထားသမျှကို စည်းစိမ်ခံရမည့် အချိန်ဖြစ်ပေ သည်။ ထို့ကြောင့် ထိုအသက်အပိုင်းအခြားကို (စည်းစိမ်ခံ)ဟုအမည်ပေး ထား ပါသည်..............။နောက်ပိုင်းကျန်ရှိနေသေးသောအသက်အပိုင်း အခြားများ သည်ယခုဘဝမှာကံဆိုသောအလုပ်နှင့်မိမိမ သက်ဆိုင် သေ လာ က်ဖြစ်နေပြီဖြစ်ပေသည်။...
..............................................

No comments:
Post a Comment