.....(((((---လောကဓံ(အမြင်သစ်).ဟူသည်။..)))))--(၃၂)..
...............
- .အခုဆက်လက်ပြီးသောကြာသားသမီးတွေ ကံညံ့နေသော အသက်အပိုင်းအခြား များကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ လောကဓံမူအရ ကံညံ့တယ်ဆိုတာ မိမိလိုအပ်ချက်တွေကို လုပ်ချင်တိုင်း လုပ်ခွင့်မရတော့တဲ့သဘောပါပဲ၊ မိမိလုပ်ကိုင်နေထိုင်ရာမှ တဖြေးဖြေး အဆင်မပြေမှု မျိုးတွေ ကြုံတွေ့လာရပြီး မိမိလုပ်ချင်တာတမျိုး လုပ်ရတာတမျိုး၊ မိမိဖြစ်ချင်တာတစ်မျိုး ဖြစ်လာတာက တစ်မျိုး၊ အလွဲလွဲအချော်ချော်ဖြစ်လာတဲ့ အသက်အပိုင်းအခြားတွေကိုပြောတာပါ။ အသက် (၂၂/၂၃) (၃၀/၃၁) (၃၈/၃၉) (၄၆/၄၇) (၅၄/၅၅) (၆၂/၆၃)စတဲ့ အသက်အပိုင်းအခြားတွေ ဖြစ်ပါတယ်။
အသက်တစ်နှစ်ကြီးလာလေ ရပိုင်ခွင့်တွေပိုတွေ့ရ လေလေ၊ ဒုက္ခတွေ ပိုတွေ့ရ လေလေ ပါဘဲ၊ ခက်တာက လူအများစုဟာ ရချိန်မှာသာမရကြတာ၊ ဒုက္ခနဲ့ ကတော့ လုံးထွေး နေကြရ တာပါဘဲ။ ရချိန်မသိလို့ မလုပ်မိလို့မရတာဟာ အဲဒီအသက် အပိုင်းအခြားက ပြဿနာ မဟုတ် ပေမယ့်၊ ပျက်ချိန်မှာကတော့ မသက်သာလှဘူး၊ ပျက်ချိန်မသိလို့ လုပ်မိရင် မိမိလိုအပ်ချက်တွေ မရနိုင်တဲ့အပြင် ဘဝပါပျက်သွားကြရတဲ့ သူတွေ မနည်းတော့ပါဘူး၊ ဒါ့ကြောင့် လောကဓံမူမှာ ကိုက ဖြစ်ချိန် သိအောင် ကြိုးစား၊ ဖြစ်အောင်လုပ်၊ ပျက်ချိန်သိအောင် ကြိုးစား၊ မပျက် စီးအောင် ထိန်းသိမ်းဖို့ကို အမြဲဟောပြောနေရတာပါ။
လူသားတွေအားလုံးကိုလောကဓံက(၈)နှစ်လျှင်တစ်ကြိမ်ကျ စာမေးပွဲစစ်ပါတယ်၊ လူတွေဟာ လောကဓံရဲ့ စာမေးပွဲစစ် တာကို သိနိုင်ဖို့ နေနေသာသာြ
ကားတောင်မကြားဘူး ကြလေတော့ သောကြာ သားသမီးတွေဟာ လောကဓံစာမေးပွဲမှာ အတုံးအရုံး ကျရှုံးကုန်တော့ တာပါပဲ၊ သောကြာသားသမီးများ ကံညံ့ချိန်ဖြစ်သည့် အသက်(၂၀-၂၁/၂၂-၂၃)နှစ်များသည် ဘဝမှာ ပထမဦးဆုံးအကြိမ် အခက်အခဲများ စတင်ေ တွ့ကြုံရမည့် အချိန်ဖြစ်သည်။ ゞင်းအခက်အခဲကို တွေ့ကြုံရာ၌ ယခုခေတ် နဲ့ဥပမာပေးရရင် (၄)တန်းစာမေးပွဲ ဖြေဆိုရတဲ့ သဘောပါပဲ၊ (၄)တန်း စာမေးပွဲဟာ တယ်အရေးကြီးလှတယ်မှ မဟုတ်သေးဘဲ။ .................ဒုတိယ တွေ့ကြုံရမယ့် ကံညံ့ချိန် -၄-နှစ်ဖြစ်သည့် အသက်(၂၈-၂၉/၃၀-၃၁)နှစ်များဖြစ်သည်၊ ယနေ့ခေတ်နှင့် ဥပမာပေးရလျှင် (၈)တန်း စာမေးပွဲဖြေရတဲ့ သဘောပါဘဲ၊ (၈)တန်း စာမေးပွဲဟာ အရင်က (၄)တ န်းစာမေးပွဲလိုတော့ မဟုတ်တော့ဘူး၊ ခေါင်းနဲနဲစားလာပြီ၊ .............သုံးကြိမ်မြောက် ကံညံ့ချိန်ဖြစ်သည့်သောကြာသားသမီး တစ်ဦး တစ်ယောက် အသက်(၃၅-၃၆/၃၇-၃၈)နှစ်များတွင် ကြုံတွေ့ရမည့် အခက် အခဲများကို (၁၀)တန်း စာမေးပွဲဖြေဆိုတာနဲ့ ဥပမာ ပေးထားပါတယ်၊ ................(၁၀)တန်းစာမေးပွဲဆိုတာနဲ့ ဗေဒင်မေး၊ နတ်မေး၊ ယတြာချေ၊ ကျူရှင်ထား၊ ဂိုက်ထား၊ ဘော်ဒါထားနဲ့ အလုပ်ကို ရှုပ်ကုန်ကြတော့တာပါဘဲ၊ ဘယ်လို တွေဘာတွေ ဘယ်လိုပဲလုပ်လုပ်၊ စာမကြိုးစားရင် စာမေးပွဲ ကျမ ယ်၊ ကြိုးစားရင် အောင်မယ်၊ ဒါဘဲ။.............. ခက်တာက အလု ပ်ခေါ် ရင် အနည်းဆုံး (၁၀)တန်းအောင်မှ ဆိုတော့ ဒီနေ့ခေတ်မှာ (၁၀)တန်းဟာ ဘယ်လောက် ဘဝမှာ အရေးပါတယ်ဆိုတာ သိလောက်ရောပေါ့၊ ...........................အဲဒီလိုပါပဲ လူ့ဘဝစာမေးပွဲ (၆)ကြိမ်မှာ (၃)ကြိမ်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို စဉ်းစားလို့ရပြီထင်ပါ တယ်၊ နော င်တွေ့ကြုံ လာရမယ့် သောကြာသားသမီးတွေရဲ့ အသက် (၄၃-၄၄/၄၅-၄၆)နှစ်နဲ့ (၅၁-၅၂/၅၃-၅၄) (၅၉-၆၀/၆၁-၆၂)အသက်အပိုင်း အခြားေ တွ ဟာ အသက်ကြီးလာလေ ဒုက္ခတွေပိုများလာလေ ဆိုပေမယ့်---

- .........
Utun Yee ၏ ဓာတ်ပုံ
No comments:
Post a Comment