---------(((((---လောကဓံ(အမြင်သစ်).ဟူသည်။--))))---(၃၃)။............... .............
၃-ကြိမ်မြောက်မှာ ကြုံတွေ့လိုက်ရတဲ့ ဒုက္ခတွေဟာ ကာယကံရှင်အတွက် တော်တော်လေး အသိတရားတွေ ရသွားစေခဲ့တာကြောင့် ထင်ထားသလောက် မဆိုးပြန်ဘူး၊ လောကဓံဟာ ပုံသေ မဟုတ်တဲ့အတွက် တချို့သောကြာသားသမီးတွေဟာ(၃)ကြိမ်မြောက်မှာ အခြေအနေ အရပ်ရပ် ကြောင့် လွတ်ကင်းသွားသူတွေ ရှိတတ်တယ်၊ အဲဒါကပြဿနာဘဲ။ လောကဓံရဲ့ (၃)ကြိမ် မြောက်မှာ လွတ်ကင်းသွားသူတွေဟာ (၄)ကြိမ်မြောက်စာမေးပွဲစစ်ချိန်မှာတော့ လောကဓံစာမေးပွဲ ခန်းထဲမှာ ရောက်မလာနိုင်ရှာတော့ပါဘူး၊ မိမိရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည့် ပိုင်ဆိုင်မှုတွေနဲ့ ခွာပြဲပြီး တစ်ယောက်ထဲ လောကဓံရဲ့ ပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့်---
နောက်ထပ်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ(၅)ကြိမ်မြောက် လောကဓံစာမေးပွဲကို ဘာမသိ ညာမသိနဲ့ အောင်မြင်လွတ်မြောက်သွားသူကိုလည်း တွေ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံစာမေးပွဲခန်းထဲတော့ ရောက်မလာနိုင်တော့ဘဲ သူ့ကိုတွေ့ချင်ရင် ထောင်(သို့မဟုတ်) ဆေးရုံမှာသာ သွားစောင့်နေပေတော့။
လောကဓံစာမေးပွဲကို (၁-ကြိမ်၊ ၂-ကြိမ်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်)ထိ ပွတ်ကာသီကာ လွတ်မြောက်သွားသူကိုလဲ တွေ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက် စာမေးပွဲခန်းထဲရောက်ဖို့ နေနေသာသာ (၅)ကြိမ်မြောက်လောကဓံကို လွတ်မြောက်အောင် ဖြတ်သန်းသွားတဲ့ ပြဿနာအားလုံး စုပုံရှင်းဖို့ လူသေလျှင်သေ၊ လူမသေလျှင်ဘဝသေဟူသော လောကဓံ၏ စည်းမျဉ်းတွေကြောင့် ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဆိုထားသည့်အတွက် အဲဒီနေရာတွေမှာ သူ့ကိုသွားစောင့်နေတာ ပိုသေချာပါတယ်။ ရန်ကုန်မြို့ဆိုရင်တော့ ရေဝေးမှာ သွားစောင့်နေတာ ပိုသေချာပါတယ်။ ဒီလောက်ဆိုရင် သောကြာသားသမီးတစ်ယောက်ရဲ့ ဘဝထဲမှာ လောကဓံပညာနဲ့ လူဘဝကိုချုပ်ကိုင်ထားတဲ့ အတိတ်ကကံနဲ့ ယခုလက်ရှိဘဝကံ (ကံနှစ်ကံ) ကို ကြိုတင်ဟောပြော အသုံးချသွားတဲ့အကြောင်း တစွန်းတစ ရိပ်မိလောက်ပြီ ထင်ပါတယ်။
........ဘဝမှာ-ကိုယ့်မိသားစု-ကြီးပွားချမ်းသာမည့်အချိန်တွေ-လုပ်ယူရမဲ့နည်းတွေနဲ့-ကိုယ့်မိသားစုပြိုကွဲပျက်စီးနှို်င်မဲ့အချိန်-ကြိုတင်ပြင်ဆင်ရင်ဆိုင်ဖို့နည်းတွေ သိဖို့လိုက်နာ ဖို့ဘဲလိုပါတယ်။..................။နောက်တခုက-မွေးရာပါ(သောက်ကျင့်)(စိတ်)ကိုပြုပြင်ဖို့ပါဘဲ။-လူမျိုး-ဘာသာ-ဓလေ့-ထုံးစံတွေကြားက-ဥာဏ်နဲ့ဘဝကိုမြင်နိုင်ကြပါစေ။.......................ပိုင်းကျန်ရှိနေသေးသော အသက်အပိုင်းအခြား များသည် ယခုဘဝမှာကံဆိုသော အလုပ်နှင့် မိမိမသက်ဆိုင်သလောက် ဖြစ်နေပြီဖြစ်ပေသည်။................. ကျန်းမာရေး၊ မှတ်ဥာဏ်၊ အသက်နဲ့ ခန္ဓာကိုယ် အတူတူရှိနေပါသေးလား အသက်နဲ့ခန္ဓာ တည်ရှိ နေဦးမယ် မိမိကိုယ်တိုင်လည်း လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်နေသေး တယ်ဆိုရင်တော့ လောကဓံ ကလဲ လုပ်နိုင်သမျှပေးနေဦးမှာပါဘဲ။ အဲဒီအပိုင်းတွေကိုအနည်းငယ်ပြန်ရှင်းကြတာပေါ့။ လူဘဝကို ကံကချုပ်ကိုင်ထားတယ်ဆိုတာပထမပိုင်းမှာပြောပြခဲ့ပြီးသားပါ။အခုပြောခဲ့တဲ့ အသက်အပိုင်း အခြားတွေက ပုံသေလားလို့မေးရင် ဟုတ်ကဲ့ သောကြာ-သား သမီးတွေအတွက် (ပုံသေပါဘဲ)လို့ ယေဘူယျအနေနဲ့ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ............................ကျန်ဟောကွက်များသည် ကာယကံရှင်၏ အသက်အရွယ်ပိုင်ဆိုင်မှုတွေကိုကြည့်၍ဟောပြောရသောကြောင့်ဖြစ်ပါသည်။..............။
No comments:
Post a Comment