..........................(((-ကျန်းမာစေရာ-အမြစ်အညွန့်-ယတြာ-))).......... ................................။
( ဆရာဒီတပါတ် ဆောင်းပါး ဘာအကြောင်းအရာရေးထားလည်းဆရာ)
လူမျိုး ဘာသာ ရိုးရာ ဓလေ့ ထုံးစံများနှင့် မပါဝင်ဘဲ လူသားတိုင်းအတွက် လူ့ဘဝတွင် လူတွေနဲ့ အဆင်ပြေနေနိုင်စေ ရန်ဘဝ နေနည်းများကိုညွှန်ကြားပေးနေသော အမှတ်(ခ)။ အရှေ့မုခ်။ မိုးကောင်းဘုရား။ ရန်ကင်းမြို့နယ်ရှိ ကျွန်ုပ်၏ ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး ဓါတ်ခန်းတွင်းမှာ စာဖတ်ရင်း အေးအေးဆေးဆေး အနားယူနေချိန် တပည့်ဖြစ်သူမောင်ရာဇာ၏ အမေးကြောင့်
((( ဒီတပါတ်တော့ (၃၀-၁-၂၀ဝ၈)နေ့က ဓနသိဒ္ဓိဂျာနယ်မှာရေးထားခဲ့တဲ့ ]]ကျန်းမာစေရာ အမြစ်အညွန့်ယတြာ}}ဆိုတာလေးကိုဒီနေရာ မှာမတင်ရသေးတာ နဲ့ အဲဒီဆောင်းပါးလေးတင်မလို့စဉ်းစားနေတာမောင်ရာဇာရေ)))
( ကျနော်နဲ့အတူစာဖတ်သူတွေ ဗဟုသုတရအောင်ဆရာပြောတာလည်းမဆိုးပါဘူး။အဲဒီဆောင်းပါးလေးဘဲ တင်လိုက်ပါဆရာ) ။
((( အဲဒီမှာစဉ်းစားစရာတခုက အမြစ်အညွန့် ဆိုတာနဲ့ ဆရာအခုပြောပြမဲ့ (မွေးနံ-အမြစ်-အညွန့်)ကိုဘဲတော်တော်များများသိကြသုံး နေကြ တယ်။တကျောင်းတဂါထာ-တရွာ တပုဒ် ဆန်း-ဆိုသလိုပေါ့။ဘယ်သူမှန်တယ်၊ဘယ်သူမှားနေတယ်ပြောနေတာ မဟုတ်ဘူးနော၊အသုံးပြုတဲ့နေ ရာမှာ စဉ်းစဉ်း စားစားအသုံးပြုဖို့အကြံပေးတာပါ။အထူးသဖြင့် နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက်ပါ။)))
( မွေးနံ အမြစ်အညွန့်အပြင်နောက်ထပ် အမြစ်အညွန့်ဆိုတာရှိသေးလားဆရာ၊ဘယ်လိုအသုံးပြုရတာလည်း ဘာတွေကွာခြား ချက်ရှိလို့ လည်းဆရာ)
(((အမြစ်အညွန့်နှစ်ခုဟာ ကွာခြားချက် ရှိပါပြီကောလားမောင်ရင် ပညာရပ်တွေသာအညွှန်းအတိုင်း အစွမ်းထက်ပြီး အောင်မြင်ဖြစ် မြောက်မယ်ဆိုရင်မတွေး ဝံ့စရာဘဲ မောင်ရင် ၊)))
(ဒီလောက်တောင်ဖြစ်သွားနိုင်လားဆရာ)
(((အမြစ်အညွန့်နှစ်ခုရဲ့ အစွမ်းသတ္တိ ဘယ်လောက်ကွာခြားတယ်ဆိုတာ မောင်ရင် ဆက်နားထောင်ရင်သိသွားမှာပါ။ဆရာရေးခဲ့တဲ့ ]] မွေးနံဆောင်-ပန်းနင်းကြမ်း မတွန့်စေရ}}ဆိုတာက(၇)နေ့သားသမီးတွေပုံသေထားပြီးသုံးရတာမျိုးကွ၊ဥပမာ-တနင်္ဂနွေသားသမီးအားလုံးအတွက်-ပုံသေ-မှတ်ထားလို့ရတဲ့ဟာမျိုး-(တနင်္ဂနွေ)ရဲ့အမြစ်ဖြစ်တဲ့(စနေ)(ဒါန်း)နဲ့(တနင်္ဂနွေ)ရဲ့(အညွန့်)ဖြစ်တဲ့(တနင်္လာ)(ကြီး)ကို(ခိုင်ခန့်တည်မြဲ)ဖို့အတွက် တွဲသုံးထားတာဖြစ်တဲ့အတွက်(ကျန်းမာရေး)ဖြစ်နေရင်ပိုဆိုးမသွားအောင်ချုပ်လိုက်တဲ့သဘောပါ။(လာဘ်လာဘရပ်တန့်စေတတ်တဲ့အတွက်) ကျန်းမာရေးကလွဲရင်မ သုံးကြပါဘူး။.မွေးနံအမြစ်အညွန့်မတွန့်စေရသုံးပြီးရင်-ဆောင်ပန်းနဲ့ပြန်ဖွင့်ပေးကြရပါတယ်။(စီးပွားလာဘ်လာဘ တွေရအောင်-အရောင်း အဝယ်ကောင်း အောင်-ဆိုပြီးလုပ်နေကြလေရဲ့။)။
နောက်တမျိုးက (၇)နေ့သားသမီး တဦးတယောက်စီအတွက်သီးခြားတွက်ချက်ရွေးထားတဲ့ ]]အထက်ဆောင်ပန်း-အောက်နင်းကြမ်း-မတွန့်စေရ}}ကိုပြောတာ၊
ဥပမာ(တနင်္ဂနွေ)သားသမီးတွေအတွက် (၁)ကြွင်း၊(၂)ကြွင်း၊(၄)ကြွင်း၊တနင်္ဂနွေသားသမီးဆိုပါတော့ ။(သောကြာ)နံက ဆောင်ပန်းဖြစ်ပြီး +(အင်္ဂါ)နံက(နင်းကြမ်း)ဖြစ်သွား လိမ့်မယ်။နှစ်နံတွဲဖြစ်တဲ့အတွက်(သော့ကြာ+အင်္ဂါ)(သဇင်)က-မတွန့်စေရ(ဆောင်ပန်း)ဖြစ်သွားတယ်။)))
(ဟုတ်ပြီဆရာပြောတဲ့ ဥပမာ-(၁)ခုကြွင်း-(၂)ကြွင်း၊(၄)ကြွင်း၊ တနင်္ဂနွေသားသမီး က-နှစ်နံတွဲဖြစ်တဲ့အ တွက်(သော့ကြာ+အင်္ဂါ) (သဇင်)က-အထက်ဆောင်ပန်း-အောက်နင်းကြမ်းမတွန့်စေရ(ဆောင်ပန်း)ဖြစ်သွားတာတော့သိပါပြီ၊ ဘယ်လိုနေရာတွေမှာသုံးတာလည်းဆရာ)))
((( နှစ်နံတွဲဖြစ်တဲ့]]အထက်ဆောင်ပန်း-အောက်နင်းကြမ်းမတွန့်စေရ}} အတွဲကတော့ပိုင်ဆိုင်ပြီးသား-လုပ်ငန်းတွေအိုးအိမ်တွေကို မပြုကွဲ မပျက်စီးအောင် တည်မြဲအောင်ခိုင်ခန့်အောင် သုံးကြတာပါ။၊ )))
( ဆရာပြောမှသတိထားမိတော့တယ်။အများအားဖြင့် (မွေးနံမတွန့်စေရ)ကိုဘဲသုံးနေကြတာဘဲကိုး။ကျန်တဲ့ တနင်္ဂနွေသားသမီးနှစ်နံတွဲဖြစ်တ့.ဲ]] အထက်ဆောင်ပန်း-အောက်နင်းကြမ်းမတွန့်စေရ}}လေးပြောပြပါဦးဆရာ)
((( ကျန်တဲ့ တနင်္ဂနွေသားသမီးတွေနှစ်နံတွဲဖြစ်တဲ့-]] အထက်ဆောင်ပန်း-အောက်နင်းကြမ်းမတွန့်စေရ-}}ကတော့(၃)ကြွင်း၊(၅)ကြွင်း၊ တနင်္ဂနွေသား သမီးတွေက(စနေ+တနင်္လာ)(ဒါန်း+ကြီး)။..(၆)ကြွင်းနဲ့(ဝ)ကြွင်း၊တနင်္ဂနွေသားသမီးတွေကတော့(ကြာသပတေး+ဗုဒ္ဓဟူး)(ပုလဲ)။
ရယ်လို့ဖြစ်လာတာဘဲမောင်ရာဇာ။ နဝင်းစီးပွဲကြီးနဲ့ အိမ်ရှင်း-ခြံရှင်း- မြေသန့်တဲ့နေရာတွေမှာဆောင်ပန်း-နင်းကြမ်းနဲ့တွဲ သုံးတာများတယ်။ ကဲဒီလောက်နဲ့ဘဲဒီ အပိုင်း ကိုရပ်ပြီး၊ဓနသိဒ္ဓိဂျာနယ်မှာ ဆရာရေးခဲ့တဲ့ ]]အမြစ်အညွန့် မတွန့်စေရ}}ဆောင်ပါးလေး အကြောင်းပြန်ဆက်ကြရအောင်။..
((( ကျန်းမာ စေရာ-အမြစ်-အညွန့် ယတြာ-)))။
......................................................။
...နေထိုင်မကောင်းဖြစ်၍ ဆေးမတိုးဘဲ၊မစားနိုင် မသောက်နိုင်နှင့်အနာတခြားဆေးတခြားဖြစ်နေသည့်(၇)နေ့သားသမီးအားလုံး၏
ကျန်းမာရေးအတွက်လွယ်ကူထိရောက်လှသည့် နည်းလေးတခုဖြစ်ပါသည်။လွယ်ကူသလောက်ထိရောက်လှတဲ့နည်းဆိုတာ အသုံးပြုဘူးသူများ သိပြီးဖြစ်မှာပါ။ ဒီယတြာရဲ့အကျိုးကျေးဇူးတွေကတော့ ဖြစ်ပေါ်ခံစားနေရသောရောဂါဝေဒနာများ ဆိုးဆိုးဝါးဝါးပြန့်မသွားဘဲ၊အနာနဲ့ဆေးတွေ့လွယ်၍ ကုသပျောက်ကင်းမည့်ဆရာကောင်း၊သမားကောင်းနှင့်အမြန်တွေ့ဆုံပြီး၊ သက်သာပျောက်ကင်းစေတဲ့နည်းတခုပါ။
မွေးနံအရ]] အမြစ်အညွန့်မတွန့်စေရ }}ဆိုတဲ့ နည်းလေးပါ။
ဥပမာ...တနင်္ဂနွေသားသမီးတယောက်နေထိုင်မကောင်းဖြစ်နေရင် တနင်္ဂနွေ သားသမီးရဲ့ ]] အမြစ်အညွန့် မတွန့်စေရ}}ဆိုတဲ့အတွဲကိုအ သုံးပြုရမည်ဖြစ်ပေသည်။
တနင်္ဂနွေသားသမီးအတွက် မိမိမွေးနံတနင်္ဂနွေ(အင်္ဂဝိဖ္ဇာ)တိုင် အရအမြစ်အညွန့်နှစ်နံတွဲဖြစ်တဲ့ (ဒါန်း+ကြီး)(စနေ+တနင်္လာ) (တနင်္လာဂြိုလ်သက်-၁၅-ညွန့်+စနေဂြိုလ်သက်-၁၀-ညွန့်)+(ဒါန်းကြီး-၂၅)ညွန့်ကို တနင်္ဂနွေသားသမီးရဲ့ မွေးနေ့မွေးနံနဝင်းပေါ်ချိန်ဖြစ်တဲ့ နံနက်
(၉)နာရီကနေ(၁၀)နာရီ(၃၀)မီးနစ်အတွင်း(၉)နာရီ(၄၅)မီးနစ်မှာ(ပန်းအိုး)ဒါမှမဟုတ်၊ဖန်ခွက်တ လုံးထဲမှာ ထည့်ပြီး၊ တနင်္ဂနွေ ရဲ့(ဆပွတ်)ဖြစ်တဲ့။့၊(သောကြာ)သားသမီးတယောက်ယောက်ကနေ အိမ်ထောင်ဦးစီးဖြစ်ပါက ဘုရားစဉ်မှာဖြစ်စေ၊အိမ်ထောင်ဦးစီးမဟုတ်ပါက အိပ်ရာခေါင်းရင်းပိုင်း အမြင့်တနေရာမှာ ဖြစ်စေ၊(တနင်္ဂနွေသားသမီး..မောင်/-မ-..ကျန်းမာရေး အမြန်သက်သာပျောက်ကင်းပါစေ.).ဟုဆုတောင်းကာ-တင်လှူထား ရမည်။
မွေးနေ့ရောက်တိုင်းအသစ်လဲလှယ်ပေးရပါမည်။(သောကြာ)သားသမီးရှာရခက်ခဲနေပါကတနင်္ဂနွေသားသမီးအင်္ဂဝိဇ္ဇာတိုင်၏ အထက်နေ့ သားများဖြစ်သော (တနင်္လာသားသမီးဖြစ်စေ+ကြာသပတေး) သားသမီးဖြစ်စေကူညီလုပ်ကိုင်ပေးနိုင်ပါသည်။
သတိပြုရန်မှာ။ ထိုယတြာပန်းအိုးကို မကိုင်တွယ်မရွေ့ပြောင်းမိပါစေနှင့်။ကျန်နေ့သားသမီးတွေအတွက် ဇယားနှင့်ဖေါ်ပြထားပါသည်။

...................................
မှတ်ချက်။..။စနေသားသမီးများအတွက် (သင်အူ)ရှာရခက်နေလျှုင် ]] သဲအိုးထဲတွင် အုန်း-၆-ညွန့်ကို(သဲ-၂၁-ဆုပ်)ထည့်၍ ဆောင်ရွက်ထား နိုင်ပါသည်။

No comments:
Post a Comment