Wednesday, March 8, 2017

..((( .လောကဓံ(အမြင်သစ်).ဟူသည်။--)))(၄၀)။.. .. ...............................

.....((( .လောကဓံ(အမြင်သစ်).ဟူသည်။--)))(၄၀)။.. .. 
 ...............................

....... လောကဓံနှင့်တွေ့ကြုံဖြတ်သန်းခြင်း(တနင်္လာသားသမီးများ) 
အခုဆက်လက်ပြောပြမှာကတော့ တနင်္လာသားသမီးများ-၈-နှစ်မှာ တစ်ကြိမ်ကျ တွေ့ကြုံ နေရတဲ့ လောကဓံရဲ့ ကံကောင်းချိန်(၄)နှစ်ကို -၂-နှစ်စီကို ပြန်လည်ခွဲခြားထားတာကို ပြောပြ ပါဦးမယ်။ ပထမစတင် တွေ့ကြုံရသော-ကံကောင်းချိန်(အကြောင်း) ၂-နှစ်သည် လိုအပ်သည်များ တွေ့ပေးချိန်ဖြစ်သော ကြောင့်(တွေ့)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ ဒုတိယ-ကံကောင်းချိန်-(အကျိုး)-၂-နှစ်သည် မိမိလိုအပ်ချက်များကို ရရှိအောင်ပေါင်းပေးသော အချိန်ကာလ ဖြစ်သောကြောင့်(ပေါင်း)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ တတိယနှစ်သည် မိမိနှင့် ပတ်ဝန်းကျင်ကို စတင်ရန်တိုက်ချိန်ဖြစ်၍ (ရန်/တိုက်)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ နောက်ဆုံး -၂-နှစ်သည် မိမိပိုင်ဆိုင်မှုများဖြစ်သည့် အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့ စသည့် မိမိ နေထိုင်ရာနေရာ၊ မိမိလုပ်ကိုင်နေသောအလုပ်၊ မိမိနှင့်အတူနေများနှင့် ခွဲထုတ်ချိန် (အကြောင်း)ဖြစ်သောကြောင့်(ခွဲထုတ်)ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။
တွေ့ပေးချိန်မှာ မိမိနှင့်သင့်တော်သည့် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို(မြင်အောင်ကြည့် တတ်ဖို့)အရေးကြီးသည်။ ပေါင်းပေးချိန်မှာ မိမိအသက်အရွယ်၊ မိမိအတတ်ပညာနှင့် မိမိ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍ မိမိလိုအပ်နေသော အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည်တို့ကို ပေါင်းစီးပေးချိန်ဖြစ်၍ (ရအောင်ယူတတ်ဖို့အရေးကြီးသည်)။ ရန်တိုက်ချိန်မှာ မိမိပတ်ဝန်းကျင် လူသားအားလုံးနှင့် ဘာမျှမဟုတ်သည့် အကြောင်းအရာလေးတွေကြောင့် တစ်ဦး နှင့်တစ်ဦး ကြည့်မရလောက်အောင် စတင်ရန်တိုက်သည့်အချိန်အခါမှာ(ရန်-မဖြစ်မိအောင်) နေတတ်ဖို့ အရေးအကြီးဆုံးအချိန် ဖြစ်သည်။ နောက်ဆုံးအကြိမ်ဖြစ်သည့် ခွဲထုတ်ချိန်မှာတော့ မိမိပိုင်ဆိုင်သမျှအားလုံးနှင့် (သေကွဲ/ရှင်ကွဲ)ခွဲထုတ်နေချိန်မှာ (ကွဲထွက်မသွားအောင်)ထိန်းသိမ်း နိုင်ဖို့ အရေးကြီးသည်မဟုတ်ပါလား။
တနင်္လာသားသမီးများနှင့်(တွေ့-မြင်-ပေါင်း-ဖက်/ရန်-တိုက်-ခွဲ-ထုတ်)ဆိုတဲ့ အယူအဆတွေ ဆက်စပ် ကောက်ယူပုံကို ပြောပြပါတော့မယ်၊ ဆက်လက်စဉ်းစားကြတာပေါ့။ လောကဓံမူအရ သတ်မှတ် ထားတဲ့ အသက်အရွယ်တွေကို စတင်တင်ပြသွားပါတော့မယ်။ တနင်္လာသားသမီးများ ပထမ အကြိမ် ကံကောင်းချိန်ဖြစ်သည့် အသက်-(၂၂-၂၃/၂၄-၂၅)နှစ်များတွင် ပထမ ကံကောင်းချိန် အသက်-(၂၂-၂၃)နှစ်များသည်၊ မိမိရဲ့ ကာလဒေသ အသက်အရွယ်ပေါ် မူတည်ပြီး မိမိ လိုအပ်ချက်များကို (တွေ့ပေးချိန်)ဖြစ်သည်။ ဒုတိယကံကောင်းချိန် အသက်(၂၄-၂၅)နှစ်များ သည် မိမိရပိုင်ခွင့်များကို ရယူနိုင်ရန် (ပေါင်းပေးနေချိန်) ဖြစ်ကြောင်းသတ်မှတ်ထားပါသည်။ တနင်္လာသားသမီးများ ပထမအကြိမ်ကံညံ့နေချိန်ဖြစ်သည့် အသက်(၂၆-၂၇/၂၈-၂၉)နှစ်များတွင် ပထမ ကံညံ့ချိန်အသက် (၂၆-၂၇)နှစ်များသည် မိမိနေထိုင်ရာပတ်ဝန်းကျင်နှင့် စတင် (ရန်/တိုက်) ပေးသည့်အချိန်(အကြောင်း)ဖြစ်ကြောင်း သိထားရပေမည်။ ကံညံ့ချိန်၏ ဒုတိယ -၂-နှစ်(၂၈-၂၉)နှစ်များသည် ပထမဦးဆုံး မိမိနေထိုင်ရာပတ်ဝန်းကျင်နှင့် (စတင်ခွဲထုတ်သော) အချိန် (အကျိုး) ကာလများဖြစ်သည်။ တနင်္လာသားသမီးများ(တွေ့-မြင်-ပေါင်း-ဖက်/ရန်-တိုက်-ခွဲ-ထုတ်) ဟူသော လောကဓံ၏ သတ်မှတ်ချက်ကို စတင်တွေ့ကြုံလိုက်ရခြင်းဖြစ်သည်။.. ................... ...........။

No comments:

Post a Comment