..(((.. လောကဓံ(အမြင်သစ်).ဟူသည်။-)))(၄၆)။.
...လောကဓံနှင့်တွေ့ကြုံဖြတ်သန်းခြင်း(ဗုဒ္ဓဟူးသားသမီးများ)
အခုဆက်လက်ပြောပြမှာကတော့ဗုဒ္ဓဟူးသားသမီးများ-၈-နှစ်မှာတစ်ကြိမ်ကျ တွေ့ကြုံနေရတဲ့ လောကဓံရဲ့ကံကောင်းချိန်(၄)နှစ်ကို -၂-နှစ်စီကို ပြန်လည်ခွဲခြားထားတာကို ပြောပြ ပါဦးမယ်။ ပထမစတင် တွေ့ကြုံရသော-ကံကောင်းချိန်(အကြောင်း) ၂-နှစ်သည် လိုအပ်သည်များ တွေ့ပေးချိန်ဖြစ်သောကြောင့်(တွေ့)ဟုအမည်ပေးထားပြီး-မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။(မြင်)-ဟုခေါ်ဝေါ်သတ်မှတ်ထားပါသည်။
... ဒုတိယ-ကံကောင်းချိန်-(အကျိုး)-၂-နှစ်သည် မိမိလိုအပ်ချက်များကို ရရှိအောင်ပေါင်းပေးသော အချိန်ကာလဖြစ်သောကြောင့်(ပေါင်း)ဟုခေါ်ဝေါ်သတ်မှတ်ထားပါသည်။ရအောင်(ဖက်) တွယ်ထားဖို့လိုပါတယ်။
....တတိယနှစ်သည် မိမိနှင့်ပတ်ဝန်းကျင်ကို စတင်(ရန်တိုက်)ချိန်ဖြစ်၍ (ရန်)-(တိုက်)(အကြောင်း)-ဟု ခေါ်ဝေါ်သတ်မှတ်ထားပါသည်။ထမဖြစ်ရန်နေတတ်ဖို့လိုပါတယ်။
... နောက်ဆုံး -၂-နှစ်သည် မိမိပိုင်ဆိုင်မှုများဖြစ်သည့် အလုပ်၊အိမ်ထောင်၊နေဖို့၊စီးဖို့စသည့် မိမိနေထိုင်ရာနေရာ၊မိမိလုပ်ကိုင်နေသောအလုပ်၊မိမိနှင့်အတူနေများနှင့် ခွဲထုတ်ချိန်(အကျိုး) ဖြစ်သောကြောင့်(ခွဲ)-(-ထုတ်)ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။
တွေ့ပေးချိန်မှာမိမိနှင့်သင့်တော်သည့်ရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေကို(မြင်အောင်ကြည့် တတ်ဖို့) အရေးကြီးသည်။ပေါင်းပေးချိန်မှာမိမိအသက်အရွယ်၊မိမိအတတ်ပညာနှင့်မိမိအရည်အချင်း၊ လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍မိမိလိုအပ်နေသောအလုပ်၊အိမ်ထောင်၊နေဖို့၊စီးဖို့၊စသည်တို့ကို ပေါင်းစီးပေးချိန်ဖြစ်၍(ရအောင်ယူတတ်ဖို့အရေးကြီးသည်)။ရန်တိုက်ချိန်မှာမိမိပတ်ဝန်းကျင် လူသားအားလုံးနှင့်ဘာမျှမဟုတ်သည့်အကြောင်းအရာလေးတွေကြောင့်တစ်ဦးနှင့်တစ်ဦး ကြည့်မရလောက်အောင်စတင်ရန်တိုက်သည့်အချိန်အခါမှာ(ရန်-မဖြစ်မိအောင်) နေတတ်ဖို့ အရေးအကြီးဆုံးအချိန်ဖြစ်သည်။နောက်ဆုံးအကြိမ်ဖြစ်သည့်ခွဲထုတ်ချိန်မှာတော့မိမိပိုင်ဆိုင်သ မျှအားလုံးနှင့်(သေကွဲ/ရှင်ကွဲ)ခွဲထုတ်နေချိန်မှာ(ကွဲထွက်မသွားအောင်)ထိန်းသိမ်းနိုင်ဖို့ အရေးကြီးသည်မဟုတ်ပါလား။
ဗုဒ္ဓဟူးသားသမီးများနှင့်(တွေ့-မြင်)(ပေါင်း-ဖက်)(ရန်-တိုက်-)-(ခွဲ-ထုတ်)ဆိုတဲ့ အယူအဆတွေဆက်စပ်ကောက်ယူပုံကိုပြောပြပါတော့မယ်၊ဆက်လက်စဉ်းစားကြတာပေါ့။ လောကဓံ(အမြင်သစ်)မူအရသတ်မှတ်ထားတဲ့အသက်အရွယ်တွေကိုစတင်တင်ပြသွားပါ တော့မယ်။ .....ဗုဒ္ဓဟူးသားသမီးများပထမအကြိမ်ကံကောင်းချိန်ဖြစ်သည့်အသက်-(၂၀-၂၁/၂၂-၂၃)နှစ်များတွင်ပထမကံကောင်းချိန်အသက်-(၂၀-၂၁)နှစ်များသည်၊မိမိရဲ့ကာလဒေသ အသက်အရွယ်ပေါ်မူတည်ပြီး မိမိလိုအပ်ချက်များကို (တွေ့ပေးချိန်)ဖြစ်သည်။
.....ဒုတိယကံကောင်းချိန်အသက်(၂၂-၂၃)နှစ်များသည်မိမိရပိုင်ခွင့်များကိုရယူနိုင်ရန် (ပေါင်းပေးနေချိန်) ဖြစ်ကြောင်းသတ်မှတ်ထားပါသည်။
..... ဗုဒ္ဓဟူးသားသမီးများပထမအကြိမ်ကံညံ့နေချိန်ဖြစ်သည့်အသက်(၂၄-၂၅/၂၆-၂၇)နှစ်များတွင် ပထမကံညံ့ချိန် အသက်(၂၄-၂၅)နှစ်များသည် မိမိနေထိုင်ရာပတ်ဝန်းကျင်နှင့် စတင် (ရန်တိုက်) ပေးသည့်အချိန်(အကြောင်း)ဖြစ်ကြောင်းသိထားရပေမည်။ကံညံ့ချိန်၏ဒုတိယ -၂-နှစ်(၂၆-၂၇)နှစ်များသည် ပထမဦးဆုံး မိမိနေထိုင်ရာပတ်ဝန်းကျင်နှင့် (စတင်ခွဲထုတ်သော) အချိန် (အကျိုး) ကာလများဖြစ်သည်။ဗုဒ္ဓဟူးသားသမီးများ(တွေ့-မြင်)-(ပေါင်း-ဖက်)-(ရန်-တိုက်-)-(ခွဲ-ထုတ်) ဟူသော လောကဓံ၏သတ်မှတ်ချက်ကိုစတင်တွေ့ကြုံလိုက်ရခြင်းဖြစ်သည်။

No comments:
Post a Comment