Saturday, June 3, 2017

(((- လောကဓံ(အမြင်သစ်).ဟူသည်။--)))-(၅၃)။..

-                               (((- လောကဓံ(အမြင်သစ်).ဟူသည်။--)))-(၅၃)။..
..................................


.သောကြာသားသမီးများနှင့်(တွေ့-မြင်)-(ပေါင်း-ဖက်)-(ရန်-တိုက်-)-(ခွဲ-ထုတ်)ဆိုတဲ့ အယူအဆတွေနဲ့ ဒုတိယအကြိမ်တွေ့ရသောအချိန်ကို ဆက်လက်စဉ်းစားကြတာပေါ့။ လောကဓံ-(အမြင်သစ်)မူအရ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေကို စတင်တင်ပြသွားပါတော့မယ်။ 
.....သောကြာသားသမီးများ ဒုတိယကံကောင်းချိန် ဖြစ်သည့် အသက်(၃၂-၃၃/၃၄-၃၅)နှစ်များတွင် ပထမကံကောင်းချိန် အသက်(၃၂-၃၃)နှစ် များသည် မိမိရဲ့ ကာလဒေသ အသက်အ ရွယ်ပေါ်မူတည်ပြီး မိမိလိုအပ်ချက်များကို (တွေ့ပေးချိန်) (အကြောင်း)ဖြစ်သည်။ ဒုတိယ ကံကောင်းချိန်အသက်(၃၄-၃၅)နှစ်များသည် မိမိရပိုင်ခွင့်များကို ရယူနိုင်ရန် (ပေါင်းပေးနေချိန်)(အကျိုး)ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။ သောကြာ သားသမီးများ ဒုတိယအကြိမ်ကံညံ့နေချိန်ဖြစ်သည့် အသက်(၃၆-၃၇/၃၈-၃၉)နှစ် များတွင် ကံညံ့ချိန် ပထမ-၂-နှစ်ဖြစ်သည့် အသက်(၃၆-၃၇)နှစ်များသည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် စတင် (ရန်တိုက်) ပေးသည့်အချိန် (အကြောင်း)ဖြစ်ကြောင်း သိထားရပေမည်။ ကံညံ့ချိန်၏ ဒုတိယ-၂-နှစ်ဖြစ်သည့် အသက် (၃၈-၃၉)နှစ်များသည် ဒုတိယအကြိမ်မြောက် မိမိ၏နေထိုင်ရာ ပတ်ဝန်းကျင်နှင့် (ခွဲထုတ်သော) (အကျိုး)အခါကာလများဖြစ်သည်။
သောကြာသားသမီးများနှင့်(တွေ့-မြင်)-(ပေါင်း-ဖက်)-(ရန်-တိုက်-)-(ခွ-ဲထုတ်)ဆိုတဲ့ အယူအဆတွေနဲ့ .တတိယအကြိမ် တွေ့ရသောအချိန်ကို လောကဓံ(အမြင်သစ်)မူအရ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေကို စတင် တင်ပြသွားပါတော့မယ်။
..... သောကြာသားသမီးများ တတိယအကြိမ် ကံကောင်းချိန် ဖြစ်သည့် အသက်(၄၀-၄၁/၄၂-၄၃)နှစ်များတွင် ပထမကံကောင်းချိန်အသက်-(၄၀-၄၁)နှစ်များသည် မိမိရဲ့ ကာလဒေသ အသက်အရွယ်ပေါ်မူတည်ပြီး မိမိလိုအပ်ချက်များကို(တွေ့ပေးချိန်) (အကြောင်း) ဖြစ်သည်။ ဒုတိယအသက်(၄၂-၄၃)နှစ်များသည် မိမိရပိုင်ခွင့်များကို ရယူနိုင်ရန် (ပေါင်းပေးနေချိန်) (အကျိုး) ဖြစ်ကြောင်းသတ်မှတ်ထားပါတယ်။
.....သောကြာသားသမီးများ တတိယအကြိမ် ကံညံ့ချိန်ဖြစ်သည့် အသက်(၄၄-၄၅/၄၆-၄၇)နှစ်များတွင် အသက်(၄၄-၄၅)နှစ် များသည် မိမိ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် စတင်(ရန်တိုက်)ပေးသည့် (အကြောင်း)အချိန်ဖြစ်ကြောင်း သိထား ရပေမည်။ ကံညံ့ချိန်၏ ဒုတိယ-၂-နှစ်(၄၆-၄၇)နှစ်များသည် တတိယအကြိမ်မြောက် မိမိ၏ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် (ခွဲထုတ်သော)အခါ (အကျိုး) ကာလများ ဖြစ်သည်။
သောကြာသားသမီးများနှင့်(တွေ့-ပေါင်း-ရန်တိုက်-ခွဲထုတ်)ဆိုတဲ့ အယူအဆတွေနဲ့ (၄)ကြိမ်မြောက်တွေ့ရသောအချိန်ကို ပြောပြပါတော့မယ်။ လောကဓံမူအရ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေကို စတင်တင်ပြသွားပါတော့မယ်။သောကြာသားသမီးများ စတုတ္ထအကြိမ် ကံကောင်းချိန်ဖြစ်သည့် အသက်(၄၈-၄၉/၅၀-၅၁)နှစ်များတွင် ပထမကံကောင်းချိန်အသက် (၄၈-၄၉)နှစ်များသည် မိမိရဲ့ ကာလဒေသ အသက်အရွယ်ပေါ်မူတည်ပြီး မိမိလိုအပ်ချက်များကို (တွေ့ပေးချိန်)(အကြောင်း)ဖြစ်သည်။ ဒုတိယအသက်(၅၀-၅၁)နှစ်များသည် မိမိရပိုင်ခွင့်များကို ရယူနိုင်ရန် (ပေါင်းပေးချိန်)(အကျိုး)ဖြစ်ကြောင်းသတ်မှတ်ထားပါတယ်။

No comments:

Post a Comment