Wednesday, April 27, 2016

(((---မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က နည်ြး့ပဆရာ--မိုးကောင်း ----ဘုရားမှာ ဗေဒင်ဟောပါတယ်။-)))

Monday, April 25, 2016

(((--- လောကဓံနှင့် ငွေဝင်ကိန်း(သို့မဟုတ်)ထီပေါက်ကိန်း-)))


Saturday, April 23, 2016

-(((---ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊ ) --------------ဖွင့်ဟဝန်ခံဖြောင့်ချက်များ---)))

--(((---ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊ ) --------------ဖွင့်ဟဝန်ခံဖြောင့်ချက်များ---)))-------
...............
ဇောတိသဝေဒမဂ္ဂဇင်း - အမှတ်-(၁၇၁)၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆရာဦးထွန်းရီ(မိုးကောင်း)
ကျွန်တော့်အသက် ငယ်ပေမယ့် ကျွန်တော်ဟောပြော လုပ်ကိုင်စားသောက်ခဲ့တဲ့ နှစ်တွေက မနည်းလှတော့ပါဘူး။
လုပ်ကိုင်တယ်ဆိုတာက ကျွန်တော့ရဲ့ မျိုးရိုးဗီဇ့ဗေဒင်ဟောပြောခြင်းဖြစ်ပြီး၊ စားသောက် တယ်ဆိုတာက ကျွန်တော့မျိုးနွယ်စုရဲ့ အမာခံရပ်တည်နေနိုင်သည့် အင်အားကြောင့်ပါ။ ကျွန်တော် ကိုယ်တိုင်က ဒီပညာရပ်အပေါ်သုတေသနလုပ် ရင်း ဗေဒ င်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရသူဆိုတော့ ရင်ဘတ်နာနာ ဘဝနာနာနဲ့ဘဲ ဒီစာစုကို ရေးဖြစ်ခဲ့ရတာပါ။ လူဘဝတိုတိုလေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာ ကိုယ်တိုင်ကြုံ၊ ဆုံ၊တွေ့၊ သိ၊ မြင်ဖူးပါမှ၊ သိကြရ တဲ့အဖြစ်ပါဗျာ။ ဪသာ်... ဘုရားမတင် နတ်မဝင် လူတွင်ပန်း ဆယ် မျိုးထဲမှာ မပါတဲ့ ဗေဒင်ပညာ။
ဒါပေမယ့် မြန်မာ့ နန်းသုံးတော်ဝင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ထဲ မှာ တော်ရုံတန်ရုံ ပညာရှိက လက်ကမြင်းကြောထပြီး ထည့်သွင်းဖော်ပြခဲ့ တာတော့ မဟုတ်ဘူးဗျ။ ဟိုး...ဘာသာတရားတွေ မပေါ်ပေါက်ခင်က တည်း က တည်ရှိခဲ့တဲ့ ပညာရပ်ဆိုတာ လူတကာသိနေလို့ အကျယ်မချဲ့လိုပါ ဘူးလေ။
ဆရာ့ဆရာကြီးများလို ကျမ်းပြုမဟုတ်ခဲ့ပေမယ့် ကျွန်တော် ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြမ်းနဲ့ ယှဉ်ပြီး ကျွန်တော့်ရင်ကို ဖွင့်ပြပါ့မယ်။
ဗေဒင်များများမေးကြပါ။ (ယုံကြည်ကြဖို့မဟုတ်ဘူးနော်၊ ဗဟုသုတအနေနဲ့ ကိုယ့်အကြောင်းကို ကြိုတင်သိထားဖို့ပါ။ ကံကောင်းချိန်မှာ သူများတွေထက် ပိုပြီး လုပ်ကိုင်နိုင်စွမ်း ရှိရမယ်။ ကံဆိုးချိန်မှာ သူများတွေထက် ဒုက္ခ သုက္ခတွေကို ခုခံကာကွယ်နိုင်ကြ ဖို့ဘဲဖြစ်ပါတယ်။)
ဆိုလိုတာက ဗေဒင်ကို မယုံကြည်လို့ပဲဖြစ်ဖြစ် အကြောင်း ကိစ္စမရှိသေးလို့ပဲဖြစ်ဖြစ် မမေးဖြစ်ဘဲ နေလာခဲ့ပြီးမှ အိမ်ထောင်ပြု မလို့၊ နိုင်ငံခြားသွားမလို့၊ လုပ်ငန်းကြီးတွေ ရင်းနှီး မြှုပ်နှံတည်ထောင်မလို့ (ဒါမှမဟုတ်)လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ဒုက္ခတွေကြုံ လာမှ ဗေဒ င်မေးတော့မယ်ဆိုရင် မိမိစပြီးမေးမြန်းမိတဲ့ဆရာဟာ ပညာရှင်အစစ်မ ဟုတ် ဘဲ ရိုက်စား၊ မြှောက်စား၊ ပင့်စား၊ ဟောက်စား၊ ဆရာဖြစ်နေခဲ့လျှင် အဲ့ဒီဆရာကို အားကိုးမိခါမှ ဘဝတစ်ခုလုံး ပျက်ရကိန်းကြုံတွေ့ရတာမျိုး ဆိုပါတော့။
ခက်တာက အထူးကုဆရာဝန်ကြီးနှင့် ခွဲစိတ်ကုသချင်ကာမှ လူနာ၊ လူနာရှင်ခမြာ ခွဲစိတ်ခန်းမဝင်ခင် လက်မှတ်ထိုးပေးခဲ့ကြရသေးတာ။ ဒါဟာ အသက်ကို လုတာနော်၊ ကျွန်တော်တို့ ဗေဒင်ဆရာတွေက ဘဝကို ကုစားရ တာပါဗျာ။အဲဒီတော့ မှားမယ်၊ မှန်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး စာချုပ်ချုပ် လက်မှတ်ထိုးကြမလဲ။ ဒီတော့ မေတ္တာ၊ စေတနာ၊ ပညာနဲ့ ကိုယ်ချင်းစာ စိတ် မရှိတဲ့ ဆရာနဲ့သာ တွေ့လျှင် ကိုယ်ဖြစ်ကိုယ်ခံပဲ
ဒါကြောင့် ဗေဒင်များများမေးမှ အတွေ့အကြုံများများရမယ်။ ဗေဒင်မေး အတွေ့အကြုံ ---များများရမှ ပညာနဲ့ ပညာရှင်တွေအကြောင်းကို သိရမယ်။ ဥပမာ၊ လက္ခဏာ၊ နက္ခတ္တဗေဒင်၊ ဆန်းဗေဒင်၊ မဟာဘုတ်၊ အစရှိတဲ့ ဗေဒင် ပညာ ရပ်တွေဟာ သူ့အယူအဆ၊ သူ့ရှုထောင့်နဲ့သူ မှန်နေကြတာပါပဲ။ အဲ့ဒီလို မှန်ကန်ကြလို့လဲ ဒီကနေ့ထိ ရပ်တည်နေနိုင်ကြတာဖြစ်တယ်။ ပညာရပ် တစ်မျိုးကို နှစ်ကြိမ်၊ သုံးကြိမ်မေးပါ။ သေချာမှတ်တမ်းပြုစုပြီး လက်တွေ့ အနီးကပ်ဆုံး မှန်ကန်အောင် ဟောနိုင်တဲ့ ဆရာနဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပါက ဖြစ်ချိန်မှာ စီးပွားပိုဖြစ်ပြီး ပျက်ချိန်မှာ ဆုံးရှုံးမှုသက်သာ ပါလိမ့်မည်။ ပညာရပ်တိုင်းဟာ အသုံးပြုသူ ဆရာအပေါ်မှာလည်း မူတည်ေ နပါတယ်။ ဒါကြောင့် ပညာစစ်၊ ပညာမှန်၊ ဆရာစစ်၊ ဆရာမှန်နဲ့ တွေ့ နို င်စေဖို့ ဗေဒင်များများ မေးခိုင်းခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ဗေဒင်မေးတော့ မယ်ဆိုရင် -
(၁) မိမိမေးချင်တဲ့ အကြောင်းအရာများကို ကြိုတင်ပြီးရေးယူသွားပါ။
မိမိမေးမြန်းမိတဲ့ဆရာက အပြောကောင်းလို့ဖြစ်စေ ကိုယ်နှင့် အယူအဆမတူလို့ဖြစ်စေ မိမိက မေ့နေလို့ မမေးဖြစ်ခဲ့ရင် နောင် တစ်ချိန် သတိရမှ ထပ်ပြီးသွားပြန်မေးနေလို့ကတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင် ပန်းဖြစ်ရလိမ့်မယ်။ ဒါကြောင့် မေးခွန်းတွေကို ကြိုရေးသွားပြီး သိချင်တာေ တွကို တထိုင်တည်း စိတ်တိုင်းကြမေးကြပါ။
(၂) Óဏ်ပူဇော်ခအရင်မေးပါ။ ဥာဏ်ပူဇော်ခဈေးနှုန်း ဘယ်၍ဘယ်မျှ ရေး ထားသလဲ အရင်ရှာပါ။
ဥာဏ်ပူဇော်ခဈေးနှုန်းရေးထားတာ မတွေ့ရင် ဈေးနှုန်းမေးပြီး မှ ဗေဒင်မေးပါ။ တော်နေကြာ ရိုက်စားဆရာနဲ့တွေ့နေမှ ရှက်ကြောက် အားနာပြီး တောင်းသမျှပေးနေရမှာစိုးလို့ပါ။ ငွေအပိုပါသွားသူတွက် အရေး မကြီးပေမယ့် ငွေအပိုပါသွားသူမဟုတ်ရင် ဒုက္ခရောက်နေလို့ ဗေဒင်လာမေး မိပါတယ်။ အရှက်ပါထပ်ကွဲနေရပါဦးမယ်။ ဒါ့ကြောင့် ဥာဏ်ပူဇော်ခ ဘယ်ေ လာ က် ယူတယ်ဆိုတာ။ အရင်မေးပါ။
(၃) ဗေဒင်ဆရာရဲ့ ရှေ့ကိုရောက်ရင် တစ်နှစ်စာ၊ တစ်သက်တာအ တွက် ရှော င်ရန် ဆောင်ရန် ဟောပေးပါလို့ ပြောပါ။ ဆရာဟောသမျှဆောင်ရန် ရှောင်ရန်ကို နားထောင်ပြီးမှ မိမိ မေးလိုတာ များကို မေးပါ။ အဲဒီလိုမဟုတ်ဘဲ ဆရာဖြစ်သူက ဘာကိစ္စသိချင်ပါ သ လဲ၊ မေး ပါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တချို့ဗေဒင်ဝါသနာရှ င်ေ တွဟာ သူတို့ရဲ့ ဖြစ်ကြောင်းမှကုန်စင်ကို ကုန်ကုန်စင်စင် အားရပါးရကြီး ရင်ဖွင့်ချတတ်ကြပါလေရဲ့။
အဟင်း...သိတယ်မဟုတ်လား။
နာပြီမှတ်။
အမှန်ကတော့ ဆရာ့ဟောကွက်ကို နားထောင်ပြီးမှသာ ကိုယ်သိ လိုတဲ့ မေးခွန်းတွေကို မေးပါ။ အဲဒါမှ ဆရာ့ရဲ့ အယူအဆနဲ့ ပညာရပ်ကို သိပြီး ကိုယ့်ဘဝအတွက် အကျိုးရှိမှာဖြစ်လို့ပါ။
(၄) ---စာမေးပွဲအောင်ဖို့အတွက် ယတြာမရှိ။ ကျောင်းမှန်မှန်တက်ပြီး၊ စာမှန်မှန်ကျက်ပါ။ အရိုးသားဆုံးဖြေပါ။ ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင် ရင်ကျမယ်။ မည်သည့်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှလည်း အမှတ်တိုးပေးလို့ မရနိုင်ပါဘူး။ စာမေးပွဲအောင်အောင် လုပ်ပေးပါဆိုပြီး ဗေဒင်ဆရာဆီမှာ ယတြာချေလို့ ကတော့ အင်း . . . အောင်သွားပါလိမ့်မယ်-- ဗေဒင်ဆရာ။------
(၅) သင်တကယ်မေးသင့်တဲ့အချက် -
(က) ဘယ်တော့ စီးပွားပျက်နိုင်သလဲ၊ ဘာ့ကြောင့်လဲ။
(ခ) ဘယ်အချိန်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နိုင်မလဲ။
(ဂ) ဘယ်အချိန်မှာ အမှုအခင်းဖြစ်နိုင်မလဲ၊ ထောင်ကျနိုင်မလား။
(ဃ) ဘယ်အချိန်မှာ အိမ်ထောင်ရေးပြိုကွဲမလဲ၊ ဘာကြောင့်လဲ။
(င) ဘယ်အချိန်တွေမှာ သေကိန်းကြုံတွေ့နိုင်မလဲ၊ ပြေး လို့ လွတ်မလား။
အဲဒီအချက်တွေကို အဓိကထားပြီး မေးပါ။ အဲဒါတွေအားလုံးဟာ ကိုယ့်အတွက် အဆိုးဆုံးတွေ ဖြစ်နေတာကြောင့် ကြိုတင်သိထားရင် လွတ်ကင်းသက်သာတဲ့နည်းလမ်း ရှာဖွေနိုင်အောင် ဖြစ်ပါတယ်။
(ရိုက်စား၊ ဟောက်စား၊ ခြောက်စား ဆရာတွေနဲ့တွေ့လို့ ကြောက် တတ် ရင်တော့ တစ်မျိုးပေါ့လေ) လူလူချင်း လှည့်ဖြားလိမ်ညာခြင်းမှ ကင်းေ ဝးကြပါစေ။
.................
ဆရာဦးထွန်းရီ(မိုးကောင်း)။
LikeShow more reactions
Comment

--((---(နဝင်းစီး)ယတြာ အကြောင်း တစေ့တစောင်း---))--

Tuesday, April 12, 2016

(((-ဆရာကြီး ဦးကြာမြင့်---(သို့မဟုတ်)---မဟာဘုတ်သူရဲကောင်း--)))
  -အင်တာဗျူး-း--(ညီငြိမ်းဆွေ).....
တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သဒ္ဒါလမ်း၊ အမှတ်(၃၃)ရှေ့ကိုရောက်လို့ မော့ကြည့် လိုက်တော့ . . .
အနုပညာလက်ရာမြောက်စွာ ထုထည် ကြီးမားခိုင်ခန့်လှပတဲ့ သုံးထပ်တိုက်ကြီး၊ တိုက်အိမ် ကြီးရဲ့ အပေါ်ဆုံးထပ် နဖူးစည်းမှာ စားလုံးကြီးတွေနဲ့ အပြည့်ရေးထားတဲ့ ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း စာတန်းကြီးက ထင်းထင်းကြီး ပေါ်ပေါ်လွင်လွင် ခန့်ခန့်ငြားငြား။
မဟာဘုတ်ပညာရပ်အပေါ် ဒီလောက်ကြီး အထိ၊ ခုံမင်စွဲမက် မြတ်နိုးတတ်တဲ့ ဆရာကြီး မဟာဘုတ်ပညာရပ်ကို တဖက်ကမ်းခတ်၊ တတ်သိ ကျွမ်းကျင်ပိုင်နိုင်ပြီး ဗေဒင်မှော်ပါရဂူအဆင့်မှာ တပည့်လက်သားတို့ ဝိုင်းဝိုင်းလည်ခြံရံလို့ ပညာ မာန်မာနသာရှိပြီး ဟိတ်ဟန်မရှိ၊ ပကတိရိုးစင်း ပွင့်လင်းတယ်ဆိုတဲ့ ဆရာကြီးနဲ့ ညီငြိမ်းဆွေတို့ ဒီလိုပုံ၊ ဒီလိုအချိုး၊ ဒီလိုမျိုးနဲ့ ဆုံးဆည်းခွင့် ရခဲ့ပါတယ်။
ဪသာ် ...
ဗေဒင်အချုပ်မဟာဘုတ်နိဒါန်းရဲ့ ဖခင်ကြီး၊ ဆရာကြီးဦးကြာမြင့်ဆိုတာ...
ÄÄ    ÄÄ    ÄÄ
ကျေးဇူးသိတတ်သူဟာ စာနာစိတ်ရှိတယ်၊ စာနာစိတ်ရှိတဲ့သူဟာ သဒ္ဓါစိတ်ရှိတယ်၊ သဒ္ဓါစိတ် ရှိတဲ့သူဟာ ဒါနတရားပွားများတယ်။ ဒါနတရား ပွားများသူဟာ သီလရှိတယ်၊ သီလရှိသူဟာ ဘာဝနာ ပွားများတယ်။ ဘာဝနာပွားများသူဟာ ဟီရီဩတ္တပ္ပ အရှက်အကြောက်ရှိတယ်။ ဟီရိဩတ္တပ္ပ အရှက် အကြောက်ရှိသူဟာ လောဘနည်းတယ်။ လောဘ နည်းသူဟာ ဒေါသကို ထိန်းနိုင်တယ်။ ဒေါသကို ထိန်းသိမ်းနိုင်သူဟာ မောဟနည်းလာတယ်။ အဲ့ဒီ နည်းတဲ့အတွက်ကြောင့် လောဘ၊ ဒေါသ၊ မောဟ တရားတို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိကြလိမ့်မယ်။
အဲဒီစက်ဝိုင်းပတ်လောကီ ဝိဇ္ဇာ အသိပညာ နည်းစနစ်ဟာ ကျုပ်ကြိုက်နှစ်လက်ခံကျင့်သုံးနေတဲ့ လူ့ဘဝနေနည်းစနစ်ပဲ ဖြစ်တယ်ဗျ။
ဒီဗေဒင်သမုဒ္ဒရာကြီးထဲကို ဘယ်လိုဘယ်လို မျက်စိလည်ပြီး ရောက်လာတာလဲ ဆရာကြီး။
ဟေ။ အေး ... ဟုတ်လိုက်လေဗျာ။ ဟုတ်တယ်။ အဲ့ဒီဗေဒင်လောက၊ ဗေဒင်သမုဒ္ဒရာ ကြီးထဲကို ယောင်ဝါးဝါးနဲ့ မျက်စိလည်လမ်းမှားပြီး ရောက်လာတာမဟုတ်ဘူးဗျ။ ကျုပ်က တိုင်းရင်း ဆေးဆရာလေ၊ ဒ၊ ဘ၊ မ (တဆ၊ ၃၈၇၃)ဖြစ်တယ်။ အရှေ့အနောက်တောင်မြောက် အရပ်ရပ်ကလာတဲ့ ဆေးပညာကျမ်းစာအုပ်တွေကို မလွတ်တမ်း လေ့လာ ဖတ်မှတ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ ဗေဒင်ဆိုတာရှိတယ်။------
---------ဆေးပညာမဟာဘုတ်နဲ့ ဗေဒင်ပညာမဟာဘုတ် ဟာ ထပ်တူထပ်မျှ တစ်သားတည်းတူညီနေတယ် ဆိုတာကိုတွေ့ရတယ်။
ဗေဒင်ပညာနဲ့ ပတ်သက်လို့ ကျုပ်စပြီးတော့ ဖတ်မိခဲ့တဲ့စာအုပ်က (သဲကုန်းအပိုင်း၊ အင်းပေါ်ကြီး၊ ညိုကုန်းကျောင်းဆရာတော်ဘုရားကြီး) ပြုစုတဲ့ သုတသန္နိစယကျမ်း၊ စာမျက်နှာ ၄၃-၄၄-၄၅ အဲ့ဒီ သုံးမျက်နှာကို အခြေခံပြီး လေ့လာစမ်းသပ်ဖြစ် ခဲ့တယ်။ နောက်ပြီး နာမည်ကြီးနေတဲ့ ဆရာဒဂုန်ရဲ့ အဖေ ပုဏ္ဏားပညာရှိ ဆရာကြီးရာမရဲ့ဗေဒင် စာအုပ်။ အဲ့ဒါကိုဖတ်ပြီး လေ့လာပြီး ဘဝတစ်ဆစ်၊ ဘဝတစ်ကွေ့ အချိုးအပြောင်းကို ဘယ်လိုပုံစံနဲ့၊ ဗေဒင်သမုဒ္ဒရာကြီးကို ဘယ်စံ၊ ဘယ်ဟန်၊ ဘယ် ပေတံနဲ့ ဖြတ်ကူးမလဲဆိုတာ အားယူခဲ့မိတယ်။
လူတွေအကြောင်းကို ပိုပြီးသိချင်လာတယ်၊ အဲဒီတော့ လူတောထဲထိုးခွဲဖောက်ဝင်ပြီး လူတစ်ယောက်ချင်းစီရဲ့ ဘဝသရုပ်တွေကို အပြင် ကျကျရော၊ အတွင်းကျကျတွေကိုပါ လေ့လာ သင်ယူ ရတော့တာပေါ့ဗျာ၊ အနာကြီး ရောဂါသည်တွေ ကြားထဲ၊ အလှူခံတွေကြားထဲ၊ သင်္ချိုင်းမြေ အလုပ်သမားတွေကြားထဲ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ၊ ကားဆရာ၊ ဇိမ်ခံအိမ်တွေကြားထဲမှာ ကျုပ်ကိုယ်တိုင်ရော၊ ကျုပ်ဘဝကိုပါ ဖောက်ဖျက်ပြီး လက်တွေ့၊ လူတွေ့၊ ဘဝတွေ့၊ ဘဝမေ့၊ အတိတ်မေ့၊ အနာဂတ်မေ့၊ ပစ္စုပ္ပန်တွေ၊ အသက်၊ အရှက်မေ့ပြီး ကျင့်ကြံ ကြိုးကုပ်ခဲ့ရတာ။
ပျက်တော့မယ်ထင်ရင် ဘာသာတရားနဲ့ ဆွဲထိန်းပြီး လူ့ဘဝမှာ လူဖြစ်အောင် စီးမျှော လွင့်ပါးခဲ့ ရတာ။ လူလိုသိအောင်၊ လူလိုနေတတ်အောင်၊ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြိုးစားခဲ့ရတာ။ လူတစ်ယောက်က လူတစ်ယောက်ကိုဘာဖြစ်လို့ သတ်တာလဲ။ လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာတွေကို လူတစ်ယောက်က ဘာကြောင့် ခိုးယူခဲ့ရတာလဲ။ တရားခံအစစ်ကဘာလဲ။ ဘယ်သူလဲ။ အဲ့ဒါတွေကို သိဖို့ လူတောတိုးခဲ့ရတာ။
ဒီမှာမောင်ညီရဲ့။
ငှက်ပျောပွဲ၊ အုန်းပွဲထဲမှာ လူအကြောင်း မသိနိုင်ပါဘူးဗျ။
ဒီမှာ ထပ်ပြောဦးမယ်။
ဒီကနေ့ ကျုပ်ကိုယ်တိုင် အကြားအမြင်ရ နေတယ်ဆိုတာ ရုပ်ဝါဒလက်ခံတဲ့ ခင်ဗျားနားလည် နိုင်ပါ့မလား။ ကဲ ကျုပ်ပြောမယ်။ ခင်ဗျားဝင်လာတာ ကို ကျုပ်မြင်တယ်။ ခင်ဗျားဝတ်စားထားတာမြင်တယ်။ လွယ်အိတ်မြင်တယ်။ ဖိနပ်ကို မြင်တယ်။ ခင်ဗျားဘာနေ့သားလဲ။
ကျွန်တော်အင်္ဂါသားပါဆရာကြီး။
ဟုတ်ပြီ။ ခင်ဗျားရဲ့အသံကို ကျုပ်ကြားရပြီ။ ခင်ဗျားရဲ့ခြေသံဖွဖွကို ကျုပ်ကြားခဲ့ပြီးပြီ။ အဲဒါပဲဗျ။ အသံကြားတယ်၊ ကျုပ်ရဲ့အာရုံမှာ ကျုပ်ဖြတ်သန်း လေ့လာခဲ့တဲ့ ဘဝတွေ၊ လူတွေကို သရုပ်ခွဲခဲ့ရတာ။ ပြောခဲ့ပြီးပြီနော်။ ဘဝတစ်ခုလုံး ရင်းနှီးပြီး ရင်းပြီး ----------မြှုပ်နှံလေ့လာခဲ့ရတာ။ ဒီတော့ကျုပ်မှာ မြင်နိုင်တဲ့ အသိ၊ သတိ။ ကြားနိုင်တဲ့ အသိ၊ သတိ။ တွေ့ထိ နိုင်တဲ့ အသိ၊ သတိ။ အပူ၊ အအေး၊ အဲ့ဒါတွေကို ကျုပ်သိနေတယ်။ တကယ်တမ်း တတ်၊ သိ၊ နားလည်ဖို့ လိုတယ်။ မြင်တတ်၊ဖို့လိုတယ်။ တွေးတတ်၊ ချင့်ချိန် စဉ်းစားတတ်ဖို့ လိုတယ်။  အဲ့ဒါ ကျုပ်ရဲ့ ကိုယ်ပိုင်မှော်ပဲ။ ခေါင်းစွဲမဟုတ်ဘူး။ ပုဂ္ဂိုလ်စီး မဟုတ်ဘူး။ လက်တွေ့သက်သက်၊ ဘာအဖက်မှ မပါဘူး၊ ထပ်ပြောမယ်၊ ခေါင်းစွဲမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ မဟုတ်ဘူး။ နတ်ပွဲ၊ အုန်းပွဲ၊ ငှက်ပျောပွဲ မရှိဘူး။
ဒါပေမယ့်ံ့ဏဥွှံနှုဟိုက်ပိသက်စစ်စ်၊ တွေးတောယူဆချက်၊ အယူအဆရှိတယ်။ွှံနဥျွ့ သီအိုရီ သဘောတရား ထင်မြင်ချက်ရှိတယ်။ွှံနဥျွနြ သီအိုရမ် ကျိုးကြောင်း ဆင်ခြင်ခြင်း၊ မှန်ကန်တဲ့ ကောက်ချက်၊ အတိအလင်း သက်သေပြချက် ရှိတယ် ကိန်းဂဏန်းရှိတယ်။ တွက်နည်းရှိတယ်။ မြင်တတ်၊ ကြည့်တတ်၊ သိတတ်၊ နားလည်တတ်တဲ့ ပညာ သညာ အတွေးအခေါ်ကောင်းရှိတယ်။
ဒီမှာမောင်ညီလေးရဲ့ ။
တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပေးဆပ် ရစမြဲပဲ။ ဘာမှ အလကားမရနိုင်ဘူး။ ကျုပ်က အသက်ပါမက ဘဝတစ်ခုလုံးကို ပုံနှစ်ပြီး၊ မြှုပ်ပြီး ရယူခဲ့တာ။ အဲ့ဒါ ကျုပ်ဘဝရဲ့ ဗေဒင်အချုပ် မဟာဘုတ် နိဒါန်းပဲဗျာ။
ဆရာကြီးသင်တန်းပေးတဲ့အခါ ဗေဒင် ဟောတဲ့အခါမှာ အရက်သောက်ပြီး အလုပ်လုပ် တယ်လို့ တစ်ဆင့်စကားနဲ့ ကြားသိဖူးပါတယ်။ အဲ့ဒါ ဟုတ်ပါသလား။
အင်မတိ အင်မတန် မှန်ပါတယ်၊ ဟုတ်ပါ တယ်ဗျာ။
ကန်တော့နော် ဆရာကြီး၊ ဘာဖြစ်လို့ အဲ့ဒီအရက်ကို သောက်ပြီးဗေဒင်ဟော၊ သင်တန်းပေးခဲ့ တာပါလဲ ဆရာကြီး။
မောင်ညီရေ ကြိုက်လို့သောက်ဖြစ်ခဲ့ရတာ မဟုတ်ဘူးဗျ။ လူဘဝတိုတိုလေးမှာ အရက်ထက် ရှက်စရာ၊ ကြောက်စရာ၊ ထိတ်လန့်ရွံရှာစရာ၊ မူးစရာတွေ အများကြီးရှိသဗျ။ ကျုပ် အရက် သောက်ပြီး အလုပ်လုပ်ဖြစ်ခဲ့တယ်။ အမှားမပါခဲ့ဘူး ဆိုတာ ကျုပ်တပည့်တွေ၊ ကျုပ်ကို ယုံကြည်လို့ လာမေးကြတဲ့ ဗေဒင်မေးပရိသတ် အသိဆုံးပဲ။
၁။ ကျုပ် သူများသားမယားကို မပြစ်မှား မစော်ကားဘူး။
၂။ သူများ ဥစ္စာကို မခိုးဘူး။
၃။ မလိမ္ဘူး၊ မညာဘူး။
၄။ သူမ်ားအသက္ကို မသတ္ဘူး။
၅။ သူများရဲ့ဘဝကိုလည်း မသတ်ဘူး။
ကျုပ်တွက်ချက် ဟောပြောနေတာတွေ၊ သင်တန်းပို့ချနေတာတွေကို တချို့ဆရာ့ ဆရာကြီး များနဲ့ တပည့်တပန်းတွေက နတ်လိုလို၊ စုန်းလိုလို၊ ကဝေလိုလို၊ မှော်လိုလို၊ ခေါင်းစွဲ၊ ပုဂ္ဂိုလ်စွဲလိုလို ထင်နေကြတယ်။ သမာဓိအားကောင်းလို့လို ထင်နေကြတယ်။ ပြောနေကြတယ်။ ဒီနေ့ ဒီကမ္ဘာပေါ်မှာ ကျုပ်တစ်ယောက်တည်းရှိတယ်။ ကြာမြင့်၊ ဆရာကြာမြင့်ဆိုတာ ကျုပ် တစ်ယောက်ပဲရှိတယ်။ ကျုပ်နှစ်ယောက် မရှိဘူး။ ကျုပ်နှစ်ကိုယ်ခွဲ မရှိဘူး။ အဲ့ဒါကို သို့လော သို့လော ခေါင်းစွဲထင်၊ ယုန်ထင်၊ ကြောင်ထင် ထင်နေကြတဲ့လူတွေကိုတော့ ငါဟာ ငါပဲ ဖြစ်တယ်။ ငါ့ကျင့်စဉ်၊ ငါ့ကိုယ်ကျင့်တရား၊ ငါ့ယူဆတွေးခေါ် ချက်၊ ငါ့ပညာ၊ ငါ့သီလ ငါပဲ သိတယ်။ မင်းတို့ မယုံရင်၊ ဒီမှာ အရက်၊ ဒီမှာရေ။ အဲ့ဒါတွေဟာ လူ့ဘဝကို တကယ် မမူးနိုင်ဘူး၊ လူ့ဘဝမှာ အရက်ထက် မူးတာတွေရှိတယ်။ ငါ့ကိုယ်ငါ ယုံတယ်။ ငါ့ပညာ ငါ ယုံတယ်။ ငါ့သစ္စာ ငါပဲ သိတယ်။ ငါဟောလို့ ပြောလို့၊ သင်တန်းပို့ချလို့ ဘာမှားသွားခဲ့ဖူးသလဲဟေ့။ ငါ ခေါင်းစွဲ မဟုတ်ဘူး။ ငါ့ပုဂ္ဂိုလ်စောင့် မရှိဘူးကွဆိုပြီးသောက်ပြခဲ့ရတာ၊ သောက်ဖြစ်ခဲ့ရတာ၊ ဒီကနေ့ ဗေဒင်လောက က ဆရာတွေရော၊ တပည့်တွေရော၊ ဗေဒင်မေးတဲ့ ပရိတ်သတ်တွေရော အားလုံးအသိပဲ။
ဟုတ်တယ်လေ၊ လူကို လူလိုနားလည်ဖို့၊ စေတနာထားတတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိတတ်ဖို့၊ လူလူချင်း မယုတ်မာဖို့၊ လူလူချင်း လိမ်ညာ လှည့်ဖြားခြင်း ကင်းဖို့၊ အဲ့ဒါ အဓိက မဟုတ်လားဗျ။
ကျုပ်က တစ်နပ်စား တစ်ဘဝစံ၊ တစ်ခွက် မှောက်လုပ်ခဲ့ရင် စေတနာမေတ္တာမပါခဲ့ရင် အခုလို ခြံကြီး၊ ဝင်းကြီး၊ တိုက်ကြီး၊ ကားကြီး၊ တယ်လီဖုန်းနဲ့ ဘယ်နေနိုင်ပါ့မလဲ။ ဒီအရွယ်အထိ။ လမ်းဘေး တောင်းစားနေရမှာပေါ့။ အခုလို နေနိုင်စားနိုင်တာ ဟာ မေတ္တာ စေတနာစစ်စစ်တို့ရဲ့ ရောင်ပြန်ထင်ဟပ် မှုပဲ ဖြစ်တယ်။ ဆရာဟာ ဆရာနဲ့တူအောင် နေခဲ့ လို့ပဲဖြစ်တယ်။မြှောက်စား၊ ရိုက်စား၊ ဟောက်စား၊ ခြောက်စားတဲ့သူတွေဟာ ခဏပဲခံမယ်။ ရေရှည် တာဝေးမခံနိုင်ဘူး။ လူသေရင် နာမည်ကောင်း မကျန်နိုင်ဘူး။ ရှင်းတယ်နော်။
ဆရာကြီးရဲ့ မျိုးရိုးမိဘ၊ ဇာတိ၊ မွေး သက္ကရာဇ် သိခွင့်ပြုပါ။
အိမ်ခြေနှစ်ဆယ်လောက်ပဲရှိတဲ့ ကရင်ချောင်း ရွာလို့ခေါ်တယ်၊ တညင်ကျောက်တန်းရဲ့ ဟိုဘက်မှာ ရှိတယ်။အဖေ ဦးထွန်းဖေ၊ အမေ ဒေါ်တင်ညွန့် လယ်သမားမျိုးရိုးတွေဗျ။ ၁၂၉၅ ခု၊ ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့ ၂နာရီ၊ ၂မိနစ်၊ ၂စက္ကန့်မှာ မွေးသတဲ့ဗျ။ ကျုပ်တစ်ယောက်ပဲ ဒီလို ဗေဒင်ဆရာ ဖြစ်လာတာ။ မဟာဂန္ဓာရီခရီးစဉ်အဖြစ်နဲ့ မြောက် ဥက္ကလာပဘူတာ နောက်ကျော၊ အနန်းပင်ရွာထိပ်၊ ရွှေဥမင်ဘုရားမှာ ည၁၀နာရီကနေ မနက်၂နာရီ အထိ ညပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်း များစွာ၊ ကျင့်ကြံခဲ့ဖူးတယ်။ ရွှေတိဂုံခြေတော်ရင်းမှာ လူ့ဘဝရဲ့စရဏÓဉ်ကို ကျင့်ကြံရှာဖွေဖူးတယ်။ ပြီးတော့ ပုပ္ပား၊ ဒါတွေပြောနေတာြွကားတာ ဝါတာ မပါဘူး။ ကိုယ်လုပ်သင့်တဲ့အလုပ် လုပ်တယ်ပဲ ခံယူတယ်။
ဆရာကြီးမသေသေးခင် ဘာတွေ ဆက်လုပ်မယ်လို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။
ကျုပ်ဘဝဖြစ်ခဲ့တဲ့ ဗေဒင်အချုပ် မဟာဘုတ် နိဒါန်းကျမ်းမှာ အခန်းကြီး(၄)ခန်း ရှိတယ်။ အဲ့ဒါကို ထပ်မံဖြည့်စွက်ပြီး နောက်ပိုင်း တွေ့ရှိချက်ဖြစ်တဲ့ --လူ့ဘဝရဲ့ အဆိုးဆုံးနှင့် အကောင်းဆုံး အပိုင်း တွေကို တိုးချဲ့ရေးသား ထည့်သွင်းပြီး ထုတ်ဖို့ အစီအစဉ် ရှိတယ်။
ဒီကနေ့ လုပ်ကိုင်စားသောက်နေတဲ့ ဗေဒင်ဆရာတွေကို ဘယ်လိုမြင်ပြီး၊ ဘာပြောချင်ပါ သလဲ ဆရာကြီး။
ဟိုတုန်းက ဗေဒင်ဆရာတွေဟာသိမ်ငယ်ပြီး လူ့အောက်ကျကြတယ်။ ဒီကနေ့ ဗေဒင်ဆရာတွေ၊ လူတော်တွေ၊ လူကောင်းတွေ၊ လူတတ်တွေဟာ လူရာဝင်ကြတယ်။ လူလိုသိပါ၊ လူလူချင်းညှာတာ၊ စာနာ၊ ထောက်ထားတဲ့အသိရှိပါ။ ရောင်ပြန်ဟပ် တတ်ပါတယ်။ ကိုယ်ယုတ်မာရင် နောင်ဘဝမပြောနဲ့၊ ဒီဘဝမှာပဲ ဒုက္ခငရဲ၊ ကိုယ်စိတ်ဆင်းရဲနဲ့ ကြုံပါ လိမ့်မယ်။
ÄÄ   ÄÄ   ÄÄ
ကျွန်တော်ညီငြိမ်းဆွေ ပြောခဲ့ပါပြီ။
မဟာဘုတ်သူရဲကောင်းကြီး ဖြစ်ပါတယ်လို့။ ဒီကနေ့အထိ၊ နုပျိုလန်းဆန်းတက်ြွကတဲ့ ဆရာကြီး ဦးကြာမြင့်၊ ပြည်တွင်းဖြစ် ဆေးပေါ့လိပ်ကို ပြည်ပ လုပ် ဇက်ပိုမီးခြစ်အကောင်းစားနဲ့ မီးညှိဖွာရှိုက်လို့။ လူတန်းစား အလွှာမရွေး၊ လူကိုလူလို မြင်တတ်ပြီး လူ့ဘဝကြီးမှာ ဗေဒင်သမုဒ္ဒရာကြီးမှာ ကိုယ် ယုံကြည်ရာ မဟာဘုတ် သင်္ဘောကြီးကို ရွက်လွှင့်လို့၊ ဘဝစုံ၊ အသိစုံ၊ အကုန်သိ၊ အကုန်မြင်ဆရာကြီး ဦးကြာမြင့် ဘာဖြစ်လို့ နာမည်ကြီး အောင်မြင်ခဲ့၊ အောင်မြင်ဆဲ၊ အောင်မြင်နေတယ်ဆိုတာ မျက်မြင်၊ ကိုယ်တွေ့၊ ကြားသိ၊ တွေ့ဆုံခဲ့ရပါကြောင်း။
(ဆရာကြီးနှင့် ဆရာကြီးထံ လိုက်ပို့ ကူညီပေးသည့် ဆရာကြီး၏ လက်ရင်းတပည့်ချစ်၊ ဆရာဦးထွန်းရီ၊ မိုးကောင်းအပါအဝင်၊ စာဖတ် ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင် အစဉ် ဂါရဝဖြင့်)---
-----------------------------------------------------------ညီငြိမ်းဆွေ
ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်(၁၈၈)၊
၂၀ဝ၁ခု နိုဝင်ဘာလ(စာ-၅၀၊၅၁၊၅၃၊၅၄)--
(၁၆၊၅၊၂၀ဝ၅) တနင်္လာနေ့ည(၁၀း၄၅)နာရီတွင်-
ဆရာဦးကြာမြင့်ကွယ်လွန်သည်။...
........

Sunday, April 10, 2016

-(((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယတြာ--)။

-----------(((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယတြာ--)။
.................
( ဆရာ ဧည့်သည်) ဟူသောအသံနှင့်အတူ ဘဲလ်မည်သံကြောင့် တခါးဝကိုလှမ်းကြည့်လိုက်ရာ မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းမှ
သင်တန်းသားလူဟောင်း သင်တန်းအမှတ်စဉ်(၇)ကိုဆက်လက် သင်ကြားေ နသော သင်တန်းသားဖြစ်နေလေသည်.။
(လာမောင်ရင် ထိုင်ကွာ မရောက်တာတောင်တော်တော်ကြာေ နပါရောလား)
( ဟုတ်တယ်ဆရာ ..ဆရာမကြာခဏပြောပြောနေတဲ့ ကိစများမြောင်လူ တို့ဘောင်..ဆိုသလိုဘဲဆရာရေ့..နေ့မအားညမအားလူပင်ပန်း စိတ်ပင်ပန်းနဲ့ အပြင်လောကတ်ဝန်းကျင်ကို အဆက်အသွယ်ပြတ်နေ တာကြာပြီဆရာ. ဒီနေ့တော့ ဆရာ့ဆီရောက်အောင်သွားဦးမှဘဲဆိုပြီး ဇွတ်ထွက်လာတာဆရာ)
( ကိစထွေထွေထူးထူးရှိလို့လား)
( ကိစထွေထွေထူးထူးမရှိပါဘူးဆရာ ထုံးစံအတိုင်းမွေးလကျော်လာ လို့ ရှေ့လာမဲ့နှစ်အတွက် ရှောင်ရန် ဆောင်ရန်လေးတွေလာမေးတာပါဆရာ)
(အတော်ဘဲပေါ့ကွာ တနှစ်တာအတွက် အကာအကွယ်အနေနဲ့ ကြိုတင်လုပ်ဆောင်ထားရမဲ့ အုန်းသီးရေမျှောယတြာအကြောင်းရေးေ နတာကွ)
( ဘယ်မဂဇင်းအတွက်လည်းဆရာ)
( မ ဂ ဇင်းအတွက်မဟုတ်ပါဘူးဆရာရေးနေကြ ဓနသိဒိဂျာ နယ်အတွက်ပါ အဲဒီ အုန်းသီးရေမျှောယတြာက တနှစ်အတွက် အကာအကွယ်နဲ့ ကံမြှင့်ထားတဲ့သဘောဘဲ။ ဒီယတြာကိုနှစ်ဟောင်းမှသည်နျစ်သစ်ဆီသို့အကူး နျစ်ဆန်း(၁)ရက်နေ့မှာလုပ်ရမှာကွ။ယတြာလုပ်သူလူတယောက်အတွက် ခြေမန်းကွင်း(၁)ကွင်း လိုတယ်။ ဆံပင်+ခြေသဲ+လက်သဲကိုညှပ် စက္ကူလေးနဲ့တခုစီခွဲထုတ်ထား။ အုန်းသီးအခြွံကတ်တလုံးကို မျက်လုံး-ပါးစပ်အပေါက်လေးတွေထဲက ပါးစပ်ပေါက်ကိုအပေါက်လေးဖေါက် အဲဒီအပေါက်လေးပြန်ပိတ်ဖို့ အုန်းလက်(၃)လက်မလောက်ရှာထားရတယ်ကွနှစ်ဟောင်းရဲ့နောက်ဆုံးညမှာ ခြေမန်းကွင်းကို လည်ပင်းမှာစွပ်အိပ်ရမှာ မနက်အိပ်ရာထမှာ ခြေမန်း ကွင်းကို အောက်ဖက်ကိုချွတ်ချပြီး ကျော်ထွက်သွား သူ့ဆံပင်-လက်သည်း -ခြေသည်း-ထုပ်လေးတွေကို အဲ ဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး- ဖေါက် ထား တဲ့ အပေါက်ထဲကိုထည့် ရေထပ်ဖြည့် အုန်းသားသပ်နဲ့ရိုက်ထဲ့ပြီး စီး ဆင်းနေ တဲ့ မြစ်ချောင်းထဲကို သွားမျှောပြစ်ရမှာ )
( တယောက်ကို အုန်းသီးတလုံးစီ လုပ်ရမှာလားဆရာ)
( အုန်းသီးတလုံးမှာမိသားစု တွေပေါင်းလုပ်လို့ရပါတယ်။ အုန်းသီးထဲရေထပ်ဖြည့်ထားတာဟာ ထည့်လိုက်တဲ့ ရေအလေးချိန်နဲ့ အုန်သီးရေအောက်ထဲရောက်သွားအောင် ထည့်ပေးထားတာကွ)
( ညနေပိုင်း မှာခြေမန်းကွင်းကိုလည်ပင်းမျာစွပ်အိပ်ရတာဆိုတော့ ခလေးတွေအတွက် နဲနဲများခက်နေမလားဆရာ)
( အေး အဲဒီအချက်ကိုပြောပြဖို့မေ့နေတယ် ခြေမန်းကွင်းစွပ် ဖို့ခက်ေ နတတ်တဲ့ လူတွေနဲ့ခလေးတွေအတွက် နျစ်ဆန်း(၁)ရက်နေ့ ဘုရားစဉ်ရှေ့မှာ ဖခြမန်းကွင်းကို စွပ် ဘုရားဝတ်ပြု ခြေမန်းကွင်းကို ချွတ်ချ ကျော်ထွက်သွားခိုင်း ပြီး သူတို့ရဲ့ ဆံပင်-ခြေသည်-လက်သည်း-ထုတ်လေးတွေကို အဲဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး အုန်းသီးထဲ ထည့် လိုက်ရုံဘဲ။ )
( ခြေမန်းကွင်းဆိုတာကို ဘာမှန်းတောင် မသိတဲ့သူတွေ မြင်တောင် မမြင်ဘူးတဲ့သူတွေ ဘယ်လိုလုပ်ပြီးအုန်းသီးရေမျှောယတြာကို လုပ်နိုင် မှာလည်းဆရာ)
( အဲ ဒီ လိုလူတွေအတွက် ခြေမန်းကွင်းပြုလုပ်ပုံပြုလုပ်နည်းလေး ထည့်ရေးထားပါတယ်။အမှန်မှာတော့ နားလည်တတ်ကျွမ်းတဲ ဆရာေ တွ မေးမြန်းပြုလုပ်တာ အကောင်းဆုံးပေါ့ကွာ အခုဟာက သိပ်အ လှမ်းဝေဟနေတဲ့ သူတွေအတွက် လို့ဘဲဆိုရတော့မှာဘဲ။ ...ပထမ အပ်ချည်လုံးအဖြူတလုံးရှာ ဘယ်ညာ လက်တဆန့် (တလံ)လို့ခေါ်တာပေါ့ ။အဲဒီလို(တလံ)ဆွဲပြီးရင် အပြန်အလှန်(၉)ပင် ပြည့်အောင်ဆွဲ ။အဲဒီ
ကြိုးကို အကွာအဝေးအညီအမျှအထုံးလေးတွေ (၈)ထုံးပြည့်အောင် ထုံး ထား။ နောက်ဆုံးအစနှစ်စကိုပြန်ပေါင်းချည်လိုက်တာနဲ့ (၉)အထုံး (၉)ထုံးဖြစ် သွားတာပေါ့။ အဲဒါဆိုခြေမန်းကွင်းဖြစ်ပြီ။)
( အုန်းသီးရေမျှောယတြာ အာနိသင်ကဘာတွေ ထူးခြားေ သး လည်းဆရာ)
( အုန်းသီးရေမျှောယတြဘဟာ တနှစ်တာအေးချမ်းအောင် ကြိုတင် လုပ်ဆောင်ထားတဲ့ ဘောပါ။ တချို့ဆရာတွေက အခြေအနေ အရ မြစ်ချောင်းနဲ့မနီးရင် မိမိရဲ့ ( ဘုမိ)အရပ်မှာမြေမြုတ်ကြတယ်။ တချို့ကလည်း အလွယ်တကူ အမှိုက်ပုံမှာ စွန့်ပစ်နေကြတယ်လို့ ကြားသိနေရတယ်။ ရေထဲမြုတ်အောင်စီမံပြီး အုန်းသီးေ တွကို ရေ လုပ်သားတွေက ဆယ်ယူပြီး အုန်းသီးကိုခွဲစားကြ။ ဈေးပေါပေါနဲ့ ရောင်းစားကြ။မုန့်လုပ်စားကြတယ်ဆိုဘဲ။ အဲဒါတွေကိုကြိုသိထားတဲ့ ဆရာကြီးတွေက နှစ်ဆန်း(၁)ရက်နေ့မှ(၇)ရက်အတွင်း အုန်းသီးနဲ့ လုပ်တဲ့မုန့်ကို ရှောင်ခိုင်းတာပေါ့။ )
( ဘာဖြစ်လို့လည်းဆရာ)
( အုန်းသီးရေမျှောယတြာက ဆံပင်-ခြေသည်း-လက်သည်း-တွေထည့် ထားတာ ရယ်။ အန္တရာယ်အသွယ်သွယ်ကိုချည်နှောင် သယ်ဆောင်သွားတဲ့
နဝင်းကြိုးနဲ့ ထိတွေ့ထားလို့ဘဲ။ )။
( ဆရာကြီးဦးကြာမြင့်ဆီမှာ ပညာသင်ယူစဉ်အခါက အုန်းသီးေ ရမျှောယတြာလုပ်တာကြုံဘူးလားဆရာ)။
( ကြုံ ခဲ့ဘူးတာပေါ့ကွာ ဆရာကြီးဦးကြာမြင့်ဆီ မှာ ပညာသင်စဉ်က နှစ် ဆန်း (၁)ရက်နေ့ဆိုရင် နဝင်းထိုင်ကြာ။အုန်းသီးရေမျှောယတြာလုပ်ကြနဲ့ တနေကုန်လူပြတ်တယ်မရှိဘူး။ လူတွေများမှများဘဲ။ နှစ်ဆန်း(၁)ရက်နေ့ညနေပိုင်းဆို ယတြာလုပ်ထား တဲ့အုန်းသီးတွေ ကိုလေးဘီးကားနဲ့သယ်ပြီး အခုတောင်ဥက္က လာေ ဘ လီတံတားဆောက်ထားတဲ့ ချောင်းမှာသွးမျှောပစ်ရတယ်။)။
( ဒီလောက်တောက်ဘဲလားဆရာ )
( ဒါ့ထက်တောင်ပိုသေးလို့ဆိုရမလိုဘဲ ပေါ့ကွာ)
( သင်္ကြန်အတွင်း ဆရာဟောခန်းပိတ်ထားမှာလားဆရာ)
( ဘယ်ဟောခန်းပိတ်ပါ့မလည်း နှစ်ဆန်း(၁)ရက်နေ့မှာ ခါတိုင်းနှစ်တွေေ တာ့ (နဝင်း)လာထိုင်ကြတဲ့သူတွေ လူရင်းတွေရှိ တယ်။ နောက် တချက် က ရှေ့လာမဲ့နှစ်သစ်မှာ ကိုယ့်တပည့်သားသမီးတွေနဲ့ ဗေဒ င်မေးပ ရိတ် သတ်ကြီးကို တနှစ်တာပူပင်သောတွေငြိမ်းစေမဲ့ အုန်းသီးရေမျှောယတြာ အတွက် ခြေမန်းကွင်းပြုလုပ်ဖို့ အခက်အခဲဖြစ်နေ သူတွေ အတွက် အသင့်ပြုလုပ်ပေးထားတဲ့ ခြေမန်ကွင်းတွေပေးပြီး ကုသိုလ်ယူ။ မုဒိတာပွား ရင်း နှစ်သစ် ကိုစတင် ခြေလှမ်းပြင်ဖို့ စဉ်းစားထားတာပါ)
(ဒါဆိုရင် အဆင်သင့်လိုက်တာဆရာ ကျနော်တို့ မိသားစု လည်း နှစ် ဆန်း(၁)ရက်နေ့ ရောက်မှဘဲ သိခြင်တာလေးတွေမေးမြန်းရင်း နဝင်း လည်းထိုင် အုန်းသီးရေမျှော ယတြာပါ လုပ်ဖြစ်သွားတာပေါ့ဆရာ)။
( ခုမှဘဲသားရွှေအိုးထမ်းလာတဲ့ ကိန်း ဆိုက်တယ်ဆိုရမလို တောင်ဖြစ်နေပြီ။ တချက်ခုတ်သုံးချက်ပြတ်ဘဲဆရာ)။
( ပြောလည်းပြောတတ်ပါ့မောင်ရင်ရယ်)။
( ဒါဆိုလည်းသင်္ကြန်ကြမှာဘဲ အေးအေးဆေးဆေး မေးတော့ မယ်ဆရာ အခုတော့လမ်းထိပ်က မော်ဒန်လဘက်ရည်ဆိုင်မှာ အဟာ ရလေးဖြည့်လိုက်ကြရအောင်ဆရာ)----။
................
-ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ကှ်ျ မှန်သောသစာစကားကြောင့် ---။
LikeShow more reactions
Comment

Saturday, April 9, 2016

------(((-----စိတ်၏စေရာ----)))------

-------------------------------(((-----စိတ်၏စေရာ----)))--------------------------------------------------
-------------
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (အတိတ်ကံနီးပြီး Óဏ်ကြီးသူ နှင့် ကံကောင်းသူ တို့အတွက် ဥာဏ်သစ်သစ်လောင်းရာ။ ဓါတုနိယာမ နှင့် မဟာဘုတ် နဝင်းစီးဓါတ်ခန်း၊ အမှတ် (ခ) အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ နံနက် (၉းဝ၀)နာရီမှ ညနေ (၆းဝ၀)နာရီထိ ပိတ်ရက် မရှိ ...ဟူသော ဆိုင်ခန်းလေးအတွင်း တပည့်ဖြစ်သူ မောင် ရာဇာနှင့် ဆရာ တပည့် နှစ်ယောက် သစ်ရွက်စုံရေနွေးကြမ်းကိုသောက်ရင်း ပညာအကြော င်း ပြောဆိုနေကြစဉ်...။
]]ဝင်ခွင့်ပြုပါဆရာ}} ဟူသော အသံကြောင့် ဆရာတပည့်နှစ်ယောက် တံခါးဝကို လှမ်းကြည့်လိုက်ရင်း-------
]]လာပါဗျာ လာပါ ဝင်လာခဲ့ပါ}}
ဟု ပြန်ပြော လိုက်ရာ အသက် (၄၀)ခန့် လူရွယ်တစ်ယောက် ဝင်လာ၏။ ။
]]ဘုရားတစ်ဆူ ပူဇော် ချင်လို့ ဘုရင့်နောင်က ကျွန်တော့်အမေ ဒေါ်ပြုံးက ဆရာ့ဆီမှာ အကူအညီ သွား တောင်းဖို့ ပြောလိုက်လို့ပါဆရာ}}
]]အေး...အေး ... ထိုင်ကွာ မောင်ရင်တို့မိသားစုတွေ အဆင်ပြေကြ တယ်မဟုတ်လား}}
]]ဟုတ်ကဲ့ အဆင်ပြေပါတယ်ဆရာ}}
]]ကဲပြောဗျာ}}
]]ဘာသားနဲ့ ဘယ်လိုပုံတော်ပူဇော်ဖို့ မှာလိုက်တာလဲ}}
]]ကျွန်တော်က စနေသားဆိုလို့ သင်အူသား (၉)လက်မ တစ်ဆူနဲ့ ဝင်အူ သား (၉)လက်မတစ်ဆူ (၂)ဆူပါဆရာ}}
]]ပုံတော်က ဘယ်ပုံတော်မှာလိုက်လဲ}}
]]ဓမ္မစင်္ကြာပုံလို့ပြောတယ်ဆရာ}} ကျွန်ုပ်တော်တော်လေး စဉ်းစားရကြပ် နေမိသည်။ ဘုရင့်နောင်က သူ့အမေဒေါ်ပြုံးသည် တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ ဘာကြောင့် ဝင်အူသားနဲ့ သင်အူသားကို ဘုရားပုံထုလုပ်ဖို့ ခိုင်းတာပါလိမ့်။ သူတို့ကိုလည်း စကားဆက်မိလို့ အသားတွေရှားပါးတာရယ်။ ပုံထုလုပ်လို့မရတာရယ်၊ ရှိတတ်တဲ့ အ သားတွေ ပြောပြခဲ့ဖူးပါတယ်။ -]]ဒီအသားနှစ်ခုဟာ မောင်ရင့်အမေ ပြောတဲ့ ပုံတော် အရွယ် ထုလုပ်ဖို့ မရနိုင်သလို ဝင်အူသားက အင်မတန်ရှားပါတယ်။ တော်တန်ရုံ ပန်းပုသမားတွေ ဆီမှာမရနိုင်ဘူး။ မေမြို့က ပိတ်ချင်းမြောင်မှာ သွားရှာမှရမယ့်သဘောပဲ၊ အသားရ ပြန်တော့ လည်း အရုပ်ထုဖို့ဆိုတာ မဖြစ်နိုင်ပြန်ဘူး}}
]]ဘာဖြစ်လို့လည်းဆရာ}}
]]ဘာဖြစ်လို့လည်းဆိုတော့ မောင့်ရင့်အမေကို ဒိလိုအသားတွေနဲ့ ပတ်သက် ပြီးပြောပြခဲ့ဖူး တယ်။ ခု သူက ဒီအသားတွေမှာတယ်ဆိုလို့ ဆရာမေးကြည့်တာပါ}}
]]ဒါဖြင့်ရင် ကျွန်တော့်အမေကို ဘာပြန်ပြောလိုက်ရမလဲဆရာ}}
]]အေးကွာ ... မောင်ရင့်အမေလည်း မေ့နေပုံရတယ် သေချာပြန်ပြောပြ လိုက်ပါဦး ဝင်အူ သားက ရတယ်ထားဦး ပုံတော်ထုဖို့က မဖြစ်နိုင်ပြန်ဘူး}}
]]ဘာဖြစ်လို့လည်းဆရာ အပင်က သေးနေလို့လားဆရာ}}
]]အပင်သေးတာထက် အဲဒီဝင်အူပင်က နွယ်ယောင်အပင်မျိုးမောင်ရင် အခြားသစ်ပင်တွေ လို လုံးချောကြီးမဟုတ်ဘူး။ အသားတွေက ငှက်ပျောပင်လို အဖက်တွေထပ်ထပ်ပြီး တည်ေ ဆာ က် ထားတဲ့ သစ်မာမျိုးဆိုတော့ ပုံတော်ထုဖို့ ဆိုတာ တော်တော်လေး ခက်ခဲတ ယ်။ေ နာ က် တစ်မျိုးက သင်အူပင်ပဲ အဲဒီအပင် ကလည်း ဝါးပင်လိုမျိုးအပင်ဖြစ်နေတော့ မောင့်ရင့် အမေ မှာတဲ့ အရွယ်ဆိုတာ ပုံထု လုပ်ဖို့ မဖြစ်နိုင်ပြန်ဘူး။ သင်အူပင်ဆိုတာ သင်ဖြူးဖျာယက် တဲ့ သင် ပင်ကို ပြောတာ မောင်ရင်ရေ...}}
]]မောင့်ရင့်အမေ မှာတာ ဟုတ်ရဲ့လားမောင်ရင်ရယ်}}
]]ဟုတ်ပါတယ်ဆရာ အမေမှာလိုက်တာပါ၊ ဘာဖြစ်လို့လဲဆရာ}}
]]ဘာဖြစ်လို့လဲဆိုတော့ ပန်းပုထုတဲ့သူ ဝ ရင်သူထုတဲ့ပုံက ဝ၀လေးထွက် လာတတ်သလို + ပိန်တဲ့ ပန်းပုဆရာထုတဲ့ပုံက ပိန်ပိန်သွယ်သွယ်ပုံ ထွက်လာ တတ်လို့ပဲ}}
]]ဟုတ်ပါ့မလားဆရာ}}
]] သိပ်ဟုတ်တာပေါ့မောင်ရင်၊ လူတွေရဲ့ စိတ်နှလုံးသားတွေမှာ ထင်ဟပ်နေ တဲ့ပုံပဲ ထွက် လာတာပါကွာ၊ ဥပမာပြောရရင် နတ်ကိုယုံယုံကြည်ကြည်နဲ့ ကိုးကွယ် တဲ့သူတွေဟာ တဖြ ည်းဖြည်းနတ်ရုပ်ပေါက်လာတတ်သလို ဘီလူး(ယက္ခ)ကို ယုံယုံ ကြည်ကြည်ကိုးကွယ်လာတဲ့ သူတွေလည်း ဘီလူးရုပ်ပေါက်ပေါက်လာတာကို တွေ့ရ ပါလိမ့်မယ်။}}
]]သေချာလှချည်လားဆရာရယ်}}
]]သေချာဆို မိုးကောင်းဘုရားမှာ လက်တွေ့လေ့လာနေခဲ့တာ (၁၆)နှစ်ရှိနေ ပါပြီ ငှက်ပျော ပွဲမေးနေပြီဆိုရင် လူပုံက နတ်ရုပ်ပေါက်လာတော့မယ်ဆိုတာရယ်၊ ဒန်ပေါက်ဆက် ဖို့လာတဲ့ သူတွေရဲ့ရုပ်ဟာ တဖြေးဖြေး ဘီလူးရုပ် (ယက္ခ)ပုံပေါက် လာပြီဆိုတာကို နောက်ထပ် အြ ကား အမြင်မေးစရာမလိုအောင်ပါပဲ မောင်ရာဇာ}}
]]ဒါကြောင့် ကျွန်တော်ပြောတာပေါ့ ဆရာပြောရင် တစ်ခုခုတော့ ထူးမယ် ဆိုတာ ကျွန်တော် ကြိုသိနေတယ် ဆိုတာလေ}}
ထုခိုင်းလို့ ဒီအသားနှစ်ခုလုံး ထုခဲ့ရဖူးတယ်။ တော်တော်လေးကို အခက်အခဲ ဖြစ်ခဲ့ ရတယ် သင်အူကတော့ တွေ့တာမြန်တော့ ပြဿနာက မြန်မြန်ရှင်းသွားတယ်ကိစ္စ သိပ်မရှိလိုက်ဘူး၊ ဝင်အူမှာ ဒုက္ခတွေ့တော့တာပဲ။ ဒါ့ကြောင့် ကိုယ်ချင်းစာစိတ်နဲ့ အမြဲပြောပြနေရတာပေါ့}}
]]ဝင်အူမှာ ဘယ်လိုဒုက္ခတွေ့တာလဲ ဆရာ}}
]]ဒါက ဒီလိုမောင်ရင်ရာဇာရေ...ဝင်အူသားကိုရဖို့ ဆရာ ပိတ်ချင်းမြောင် ကို ရောက်အောင် သွားပြီး ဝယ်ခဲ့ရတာမောင်ရင်၊ နွယ်ပင်မျိုးကွ အပင်ကိုဖြတ်လိုက် ရင် အစေးတွေက သွေးေ ရာင်အတိုင်းပဲ၊ ကားပေါ်ကို နောက်ခန်းက တင်လာတာ သွေးတွေလို သွေးေ ရာင်တွေထွက် လာလို့ မိသားစုနဲ့ အခြေအတင်ပြောယူရသေး တယ်}}
]]ဝင်အူသားအတွက် အခက်အခဲဆိုတာ ဒီအခက်အခဲကို ပြောတာလား ဆရာ}}
]]ဘယ်ကလာ ဟုတ်ရမှာလည်း မောင်ရင်ရယ်၊ ဒီလောက်ဆို စာဖွဲ့စရာမှ မလိုပဲ၊ ပန်းပု ဆရာ ဆီမှာ ပုံအပ်တဲ့အခါမှာ စတွေ့တာပဲ၊ ဆရာက အသားကို မမြင်ဖူးဘူး၊ အသားတွေက အလွာလိုက် ထပ်နေတာဆိုတာလည်း မသိသေး တော့ပန်းပုဆရာနဲ့ အခြေအတင်ဖြစ်ေ တာ့ တာပေါ့}}
]]ဘာဖြစ်လို့လည်းဆရာ}}
]]ဘာဖြစ်ရတာလည်းဆိုတော့ ပန်းပုဆရာက ပုံထုဖို့ ဖြစ်နိုင်တာကို ပြောပြတယ်။ ဆရာကမသိတော့ အဖြစ်မနေ ထုခိုင်းတယ်၊ နောက်ဆုံး ပန်းပုဆရာ က သစ်အလွှာတွေ ကို ကော်နဲ့ကပ် ကြိုးနဲ့စည်းပြီး အခြောက်ခံ မဖြစ်ဖြစ်အောင် ထုပေးတော့တာပေါ့}}
]]အဲဒီ့ ဝင်အူသားနဲ့ပုံ ဆောင်ပြီးတော့ ဘာတွေထူးလာလဲဆရာ}}
--------။]]ဘာဖြစ်ရမှာလည်း မောင်ရင်ရယ် ထုံးစံအတိုင်း ငွေကုန်လူပန်းပါပဲ၊ စိတ်ပြေလက်ေ ပျာက် ဒုက္ခတွေရောက်ပါလို့ ဆရာပြောသားပဲ၊ ဒါ့ကြောင့် ဆရာ ကိုယ်တိုင် လမ်းညွှန်တဲ့ အခါမျိုးမှာ အခက်အခဲဖြစ်နိုင်မယ့်အရာတွေအားလုံးကို အတတ်နိုင်ဆုံး ရှောင်တာပေါ့။ ကိုယ်ချင်းစာစိတ်မွေးရတာပေါ့လေ။ လူတစ် ယောက် ရသင့်ရထိုက်တဲ့အရွယ်မှာ ရသင့်ရ ထိုက်တဲ့ဟာလေးတွေရအောင် လမ်းညွှန်ပေးတယ် ပြိုကွဲပျက်စီးမယ့်အချိန်တွေမှာ သက် သာေ အာင် နေတတ်ဖို့ လမ်းညွှန်ပေးတယ်။ လမ်းညွှန်သူနဲ့ လိုက်နာသူ နားလည္သေ ဘာေ ပါ က်ရင် ယတြာ ဆိုတာ မလိုပါဘူး}}
]]ပုံတော်တွေထုလုပ်ခိုင်းတာနဲ့ ပတ်သက်လို့ဆရာ ဘာတွေများ ပြောပြချင် သေးလည်း ဆရာ}}
]]ပုံတော်တွေအကြောင်းထက် ပန်းပုဆရာနဲ့ ထုလုပ်တဲ့ပုံတွေ အကြောင်း ပြောပြရဦးမ ယ်မောင်ရင်၊}}
]]မထူးခြားဘဲနဲ့တော့ ဆရာပြောမှာမဟုတ်ပါဘူး၊ ပြောပါဆရာ}}
]]ဒီလိုမောင်ရာဇာရဲ့ ပုံတော်ထုတိုင်း ဆရာမေးရတဲ့အကြောင်းက ဘုရား ပုံတော်ကို ဝ၀ပုံတော်လား၊ ပိန်ပိန်ပုံတော်လားဆိုတာကို အဓိကမေးရတယ်ကွ}}
]]ဘာဖြစ်လို့လဲဆရာ၊ ပုံတော်ပဲ ပုံတူအရွယ်တူထွက်လာမှာပဲမဟုတ်လား}}
]]ဘာဖြစ်လို့လဲဆိုတော့ ပန်းပုထုတဲ့သူ ဝ ရင်သူထုတဲ့ပုံက ဝ၀လေးထွက် လာတတ်သလို + ပိန်တဲ့ ပန်းပုဆရာထုတဲ့ပုံက ပိန်ပိန်သွယ်သွယ်ပုံ ထွက်လာ တတ်လို့ပဲ}}
]]ဟုတ်ပါ့မလားဆရာ}}
]] သိပ်ဟုတ်တာပေါ့မောင်ရင်၊ လူတွေရဲ့ စိတ်နှလုံးသားတွေမှာ ထင်ဟပ်နေ တဲ့ပုံပဲ ထွက်လာတာပါကွာ၊ ဥပမာပြောရရင် နတ်ကိုယုံယုံကြည်ကြည်နဲ့ ကိုးကွယ် တဲ့သူတွေဟာ တဖြည်းဖြည်းနတ်ရုပ်ပေါက်လာတတ်သလို ဘီလူး(ယက္ခ)ကို ယုံယုံ ကြည်ကြည်ကိုးကွယ်လာတဲ့သူတွေလည်း ဘီလူးရုပ်ပေါက်ပေါက်လာတာကို တွေ့ရ ပါလိမ့်မယ်။}}
]]သေချာလှချည်လားဆရာရယ်}}
]]သေချာဆို မိုးကောင်းဘုရားမှာ လက်တွေ့လေ့လာနေခဲ့တာ (၁၆)နှစ်ရှိနေ ပါပြီ ငှက်ပျောပွဲမေးနေပြီဆိုရင် လူပုံက နတ်ရုပ်ပေါက်လာတော့မယ်ဆိုတာရယ်၊ ဒန်ပေါက်ဆက်ဖို့လာတဲ့သူတွေရဲ့ရုပ်ဟာ တဖြေးဖြေး ဘီလူးရုပ် (ယက္ခ)ပုံပေါက် လာပြီဆိုတာကို နောက်ထပ် အကြားအမြင်မေးစရာမလိုအောင်ပါပဲ မောင်ရာဇာ}}
]]ဒါကြောင့် ကျွန်တော်ပြောတာပေါ့ ဆရာပြောရင် တစ်ခုခုတော့ ထူးမယ် ဆိုတာ ကျွန်တော် ကြိုသိနေတယ် ဆိုတာလေ}}-----------
.............