-အင်တာဗျူး-း--(ညီငြိမ်းဆွေ).....
တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သဒ္ဒါလမ်း၊ အမှတ်(၃၃)ရှေ့ကိုရောက်လို့ မော့ကြည့် လိုက်တော့ . . .
အနုပညာလက်ရာမြောက်စွာ ထုထည် ကြီးမားခိုင်ခန့်လှပတဲ့ သုံးထပ်တိုက်ကြီး၊ တိုက်အိမ် ကြီးရဲ့ အပေါ်ဆုံးထပ် နဖူးစည်းမှာ စားလုံးကြီးတွေနဲ့ အပြည့်ရေးထားတဲ့ ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း စာတန်းကြီးက ထင်းထင်းကြီး ပေါ်ပေါ်လွင်လွင် ခန့်ခန့်ငြားငြား။
မဟာဘုတ်ပညာရပ်အပေါ် ဒီလောက်ကြီး အထိ၊ ခုံမင်စွဲမက် မြတ်နိုးတတ်တဲ့ ဆရာကြီး မဟာဘုတ်ပညာရပ်ကို တဖက်ကမ်းခတ်၊ တတ်သိ ကျွမ်းကျင်ပိုင်နိုင်ပြီး ဗေဒင်မှော်ပါရဂူအဆင့်မှာ တပည့်လက်သားတို့ ဝိုင်းဝိုင်းလည်ခြံရံလို့ ပညာ မာန်မာနသာရှိပြီး ဟိတ်ဟန်မရှိ၊ ပကတိရိုးစင်း ပွင့်လင်းတယ်ဆိုတဲ့ ဆရာကြီးနဲ့ ညီငြိမ်းဆွေတို့ ဒီလိုပုံ၊ ဒီလိုအချိုး၊ ဒီလိုမျိုးနဲ့ ဆုံးဆည်းခွင့် ရခဲ့ပါတယ်။
ဪသာ် ...
ဗေဒင်အချုပ်မဟာဘုတ်နိဒါန်းရဲ့ ဖခင်ကြီး၊ ဆရာကြီးဦးကြာမြင့်ဆိုတာ...
ÄÄ ÄÄ ÄÄ
ကျေးဇူးသိတတ်သူဟာ စာနာစိတ်ရှိတယ်၊ စာနာစိတ်ရှိတဲ့သူဟာ သဒ္ဓါစိတ်ရှိတယ်၊ သဒ္ဓါစိတ် ရှိတဲ့သူဟာ ဒါနတရားပွားများတယ်။ ဒါနတရား ပွားများသူဟာ သီလရှိတယ်၊ သီလရှိသူဟာ ဘာဝနာ ပွားများတယ်။ ဘာဝနာပွားများသူဟာ ဟီရီဩတ္တပ္ပ အရှက်အကြောက်ရှိတယ်။ ဟီရိဩတ္တပ္ပ အရှက် အကြောက်ရှိသူဟာ လောဘနည်းတယ်။ လောဘ နည်းသူဟာ ဒေါသကို ထိန်းနိုင်တယ်။ ဒေါသကို ထိန်းသိမ်းနိုင်သူဟာ မောဟနည်းလာတယ်။ အဲ့ဒီ နည်းတဲ့အတွက်ကြောင့် လောဘ၊ ဒေါသ၊ မောဟ တရားတို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိကြလိမ့်မယ်။
အဲဒီစက်ဝိုင်းပတ်လောကီ ဝိဇ္ဇာ အသိပညာ နည်းစနစ်ဟာ ကျုပ်ကြိုက်နှစ်လက်ခံကျင့်သုံးနေတဲ့ လူ့ဘဝနေနည်းစနစ်ပဲ ဖြစ်တယ်ဗျ။
ဒီဗေဒင်သမုဒ္ဒရာကြီးထဲကို ဘယ်လိုဘယ်လို မျက်စိလည်ပြီး ရောက်လာတာလဲ ဆရာကြီး။
ဟေ။ အေး ... ဟုတ်လိုက်လေဗျာ။ ဟုတ်တယ်။ အဲ့ဒီဗေဒင်လောက၊ ဗေဒင်သမုဒ္ဒရာ ကြီးထဲကို ယောင်ဝါးဝါးနဲ့ မျက်စိလည်လမ်းမှားပြီး ရောက်လာတာမဟုတ်ဘူးဗျ။ ကျုပ်က တိုင်းရင်း ဆေးဆရာလေ၊ ဒ၊ ဘ၊ မ (တဆ၊ ၃၈၇၃)ဖြစ်တယ်။ အရှေ့အနောက်တောင်မြောက် အရပ်ရပ်ကလာတဲ့ ဆေးပညာကျမ်းစာအုပ်တွေကို မလွတ်တမ်း လေ့လာ ဖတ်မှတ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ ဗေဒင်ဆိုတာရှိတယ်။------
---------ဆေးပညာမဟာဘုတ်နဲ့ ဗေဒင်ပညာမဟာဘုတ် ဟာ ထပ်တူထပ်မျှ တစ်သားတည်းတူညီနေတယ် ဆိုတာကိုတွေ့ရတယ်။
ဗေဒင်ပညာနဲ့ ပတ်သက်လို့ ကျုပ်စပြီးတော့ ဖတ်မိခဲ့တဲ့စာအုပ်က (သဲကုန်းအပိုင်း၊ အင်းပေါ်ကြီး၊ ညိုကုန်းကျောင်းဆရာတော်ဘုရားကြီး) ပြုစုတဲ့ သုတသန္နိစယကျမ်း၊ စာမျက်နှာ ၄၃-၄၄-၄၅ အဲ့ဒီ သုံးမျက်နှာကို အခြေခံပြီး လေ့လာစမ်းသပ်ဖြစ် ခဲ့တယ်။ နောက်ပြီး နာမည်ကြီးနေတဲ့ ဆရာဒဂုန်ရဲ့ အဖေ ပုဏ္ဏားပညာရှိ ဆရာကြီးရာမရဲ့ဗေဒင် စာအုပ်။ အဲ့ဒါကိုဖတ်ပြီး လေ့လာပြီး ဘဝတစ်ဆစ်၊ ဘဝတစ်ကွေ့ အချိုးအပြောင်းကို ဘယ်လိုပုံစံနဲ့၊ ဗေဒင်သမုဒ္ဒရာကြီးကို ဘယ်စံ၊ ဘယ်ဟန်၊ ဘယ် ပေတံနဲ့ ဖြတ်ကူးမလဲဆိုတာ အားယူခဲ့မိတယ်။
လူတွေအကြောင်းကို ပိုပြီးသိချင်လာတယ်၊ အဲဒီတော့ လူတောထဲထိုးခွဲဖောက်ဝင်ပြီး လူတစ်ယောက်ချင်းစီရဲ့ ဘဝသရုပ်တွေကို အပြင် ကျကျရော၊ အတွင်းကျကျတွေကိုပါ လေ့လာ သင်ယူ ရတော့တာပေါ့ဗျာ၊ အနာကြီး ရောဂါသည်တွေ ကြားထဲ၊ အလှူခံတွေကြားထဲ၊ သင်္ချိုင်းမြေ အလုပ်သမားတွေကြားထဲ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ၊ ကားဆရာ၊ ဇိမ်ခံအိမ်တွေကြားထဲမှာ ကျုပ်ကိုယ်တိုင်ရော၊ ကျုပ်ဘဝကိုပါ ဖောက်ဖျက်ပြီး လက်တွေ့၊ လူတွေ့၊ ဘဝတွေ့၊ ဘဝမေ့၊ အတိတ်မေ့၊ အနာဂတ်မေ့၊ ပစ္စုပ္ပန်တွေ၊ အသက်၊ အရှက်မေ့ပြီး ကျင့်ကြံ ကြိုးကုပ်ခဲ့ရတာ။
ပျက်တော့မယ်ထင်ရင် ဘာသာတရားနဲ့ ဆွဲထိန်းပြီး လူ့ဘဝမှာ လူဖြစ်အောင် စီးမျှော လွင့်ပါးခဲ့ ရတာ။ လူလိုသိအောင်၊ လူလိုနေတတ်အောင်၊ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြိုးစားခဲ့ရတာ။ လူတစ်ယောက်က လူတစ်ယောက်ကိုဘာဖြစ်လို့ သတ်တာလဲ။ လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာတွေကို လူတစ်ယောက်က ဘာကြောင့် ခိုးယူခဲ့ရတာလဲ။ တရားခံအစစ်ကဘာလဲ။ ဘယ်သူလဲ။ အဲ့ဒါတွေကို သိဖို့ လူတောတိုးခဲ့ရတာ။
ဒီမှာမောင်ညီရဲ့။
ငှက်ပျောပွဲ၊ အုန်းပွဲထဲမှာ လူအကြောင်း မသိနိုင်ပါဘူးဗျ။
ဒီမှာ ထပ်ပြောဦးမယ်။
ဒီကနေ့ ကျုပ်ကိုယ်တိုင် အကြားအမြင်ရ နေတယ်ဆိုတာ ရုပ်ဝါဒလက်ခံတဲ့ ခင်ဗျားနားလည် နိုင်ပါ့မလား။ ကဲ ကျုပ်ပြောမယ်။ ခင်ဗျားဝင်လာတာ ကို ကျုပ်မြင်တယ်။ ခင်ဗျားဝတ်စားထားတာမြင်တယ်။ လွယ်အိတ်မြင်တယ်။ ဖိနပ်ကို မြင်တယ်။ ခင်ဗျားဘာနေ့သားလဲ။
လ ကျွန်တော်အင်္ဂါသားပါဆရာကြီး။
အ ဟုတ်ပြီ။ ခင်ဗျားရဲ့အသံကို ကျုပ်ကြားရပြီ။ ခင်ဗျားရဲ့ခြေသံဖွဖွကို ကျုပ်ကြားခဲ့ပြီးပြီ။ အဲဒါပဲဗျ။ အသံကြားတယ်၊ ကျုပ်ရဲ့အာရုံမှာ ကျုပ်ဖြတ်သန်း လေ့လာခဲ့တဲ့ ဘဝတွေ၊ လူတွေကို သရုပ်ခွဲခဲ့ရတာ။ ပြောခဲ့ပြီးပြီနော်။ ဘဝတစ်ခုလုံး ရင်းနှီးပြီး ရင်းပြီး ----------မြှုပ်နှံလေ့လာခဲ့ရတာ။ ဒီတော့ကျုပ်မှာ မြင်နိုင်တဲ့ အသိ၊ သတိ။ ကြားနိုင်တဲ့ အသိ၊ သတိ။ တွေ့ထိ နိုင်တဲ့ အသိ၊ သတိ။ အပူ၊ အအေး၊ အဲ့ဒါတွေကို ကျုပ်သိနေတယ်။ တကယ်တမ်း တတ်၊ သိ၊ နားလည်ဖို့ လိုတယ်။ မြင်တတ်၊ဖို့လိုတယ်။ တွေးတတ်၊ ချင့်ချိန် စဉ်းစားတတ်ဖို့ လိုတယ်။ အဲ့ဒါ ကျုပ်ရဲ့ ကိုယ်ပိုင်မှော်ပဲ။ ခေါင်းစွဲမဟုတ်ဘူး။ ပုဂ္ဂိုလ်စီး မဟုတ်ဘူး။ လက်တွေ့သက်သက်၊ ဘာအဖက်မှ မပါဘူး၊ ထပ်ပြောမယ်၊ ခေါင်းစွဲမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ မဟုတ်ဘူး။ နတ်ပွဲ၊ အုန်းပွဲ၊ ငှက်ပျောပွဲ မရှိဘူး။
ဒါပေမယ့်ံ့ဏဥွှံနှုဟိုက်ပိသက်စစ်စ်၊ တွေးတောယူဆချက်၊ အယူအဆရှိတယ်။ွှံနဥျွ့ သီအိုရီ သဘောတရား ထင်မြင်ချက်ရှိတယ်။ွှံနဥျွနြ သီအိုရမ် ကျိုးကြောင်း ဆင်ခြင်ခြင်း၊ မှန်ကန်တဲ့ ကောက်ချက်၊ အတိအလင်း သက်သေပြချက် ရှိတယ် ကိန်းဂဏန်းရှိတယ်။ တွက်နည်းရှိတယ်။ မြင်တတ်၊ ကြည့်တတ်၊ သိတတ်၊ နားလည်တတ်တဲ့ ပညာ သညာ အတွေးအခေါ်ကောင်းရှိတယ်။
ဒီမှာမောင်ညီလေးရဲ့ ။
တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပေးဆပ် ရစမြဲပဲ။ ဘာမှ အလကားမရနိုင်ဘူး။ ကျုပ်က အသက်ပါမက ဘဝတစ်ခုလုံးကို ပုံနှစ်ပြီး၊ မြှုပ်ပြီး ရယူခဲ့တာ။ အဲ့ဒါ ကျုပ်ဘဝရဲ့ ဗေဒင်အချုပ် မဟာဘုတ် နိဒါန်းပဲဗျာ။
လ ဆရာကြီးသင်တန်းပေးတဲ့အခါ ဗေဒင် ဟောတဲ့အခါမှာ အရက်သောက်ပြီး အလုပ်လုပ် တယ်လို့ တစ်ဆင့်စကားနဲ့ ကြားသိဖူးပါတယ်။ အဲ့ဒါ ဟုတ်ပါသလား။
အ အင်မတိ အင်မတန် မှန်ပါတယ်၊ ဟုတ်ပါ တယ်ဗျာ။
လ ကန်တော့နော် ဆရာကြီး၊ ဘာဖြစ်လို့ အဲ့ဒီအရက်ကို သောက်ပြီးဗေဒင်ဟော၊ သင်တန်းပေးခဲ့ တာပါလဲ ဆရာကြီး။
အ မောင်ညီရေ ကြိုက်လို့သောက်ဖြစ်ခဲ့ရတာ မဟုတ်ဘူးဗျ။ လူဘဝတိုတိုလေးမှာ အရက်ထက် ရှက်စရာ၊ ကြောက်စရာ၊ ထိတ်လန့်ရွံရှာစရာ၊ မူးစရာတွေ အများကြီးရှိသဗျ။ ကျုပ် အရက် သောက်ပြီး အလုပ်လုပ်ဖြစ်ခဲ့တယ်။ အမှားမပါခဲ့ဘူး ဆိုတာ ကျုပ်တပည့်တွေ၊ ကျုပ်ကို ယုံကြည်လို့ လာမေးကြတဲ့ ဗေဒင်မေးပရိသတ် အသိဆုံးပဲ။
၁။ ကျုပ် သူများသားမယားကို မပြစ်မှား မစော်ကားဘူး။
၂။ သူများ ဥစ္စာကို မခိုးဘူး။
၃။ မလိမ္ဘူး၊ မညာဘူး။
၄။ သူမ်ားအသက္ကို မသတ္ဘူး။
၅။ သူများရဲ့ဘဝကိုလည်း မသတ်ဘူး။
ကျုပ်တွက်ချက် ဟောပြောနေတာတွေ၊ သင်တန်းပို့ချနေတာတွေကို တချို့ဆရာ့ ဆရာကြီး များနဲ့ တပည့်တပန်းတွေက နတ်လိုလို၊ စုန်းလိုလို၊ ကဝေလိုလို၊ မှော်လိုလို၊ ခေါင်းစွဲ၊ ပုဂ္ဂိုလ်စွဲလိုလို ထင်နေကြတယ်။ သမာဓိအားကောင်းလို့လို ထင်နေကြတယ်။ ပြောနေကြတယ်။ ဒီနေ့ ဒီကမ္ဘာပေါ်မှာ ကျုပ်တစ်ယောက်တည်းရှိတယ်။ ကြာမြင့်၊ ဆရာကြာမြင့်ဆိုတာ ကျုပ် တစ်ယောက်ပဲရှိတယ်။ ကျုပ်နှစ်ယောက် မရှိဘူး။ ကျုပ်နှစ်ကိုယ်ခွဲ မရှိဘူး။ အဲ့ဒါကို သို့လော သို့လော ခေါင်းစွဲထင်၊ ယုန်ထင်၊ ကြောင်ထင် ထင်နေကြတဲ့လူတွေကိုတော့ ငါဟာ ငါပဲ ဖြစ်တယ်။ ငါ့ကျင့်စဉ်၊ ငါ့ကိုယ်ကျင့်တရား၊ ငါ့ယူဆတွေးခေါ် ချက်၊ ငါ့ပညာ၊ ငါ့သီလ ငါပဲ သိတယ်။ မင်းတို့ မယုံရင်၊ ဒီမှာ အရက်၊ ဒီမှာရေ။ အဲ့ဒါတွေဟာ လူ့ဘဝကို တကယ် မမူးနိုင်ဘူး၊ လူ့ဘဝမှာ အရက်ထက် မူးတာတွေရှိတယ်။ ငါ့ကိုယ်ငါ ယုံတယ်။ ငါ့ပညာ ငါ ယုံတယ်။ ငါ့သစ္စာ ငါပဲ သိတယ်။ ငါဟောလို့ ပြောလို့၊ သင်တန်းပို့ချလို့ ဘာမှားသွားခဲ့ဖူးသလဲဟေ့။ ငါ ခေါင်းစွဲ မဟုတ်ဘူး။ ငါ့ပုဂ္ဂိုလ်စောင့် မရှိဘူးကွဆိုပြီးသောက်ပြခဲ့ရတာ၊ သောက်ဖြစ်ခဲ့ရတာ၊ ဒီကနေ့ ဗေဒင်လောက က ဆရာတွေရော၊ တပည့်တွေရော၊ ဗေဒင်မေးတဲ့ ပရိတ်သတ်တွေရော အားလုံးအသိပဲ။
ဟုတ်တယ်လေ၊ လူကို လူလိုနားလည်ဖို့၊ စေတနာထားတတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိတတ်ဖို့၊ လူလူချင်း မယုတ်မာဖို့၊ လူလူချင်း လိမ်ညာ လှည့်ဖြားခြင်း ကင်းဖို့၊ အဲ့ဒါ အဓိက မဟုတ်လားဗျ။
ကျုပ်က တစ်နပ်စား တစ်ဘဝစံ၊ တစ်ခွက် မှောက်လုပ်ခဲ့ရင် စေတနာမေတ္တာမပါခဲ့ရင် အခုလို ခြံကြီး၊ ဝင်းကြီး၊ တိုက်ကြီး၊ ကားကြီး၊ တယ်လီဖုန်းနဲ့ ဘယ်နေနိုင်ပါ့မလဲ။ ဒီအရွယ်အထိ။ လမ်းဘေး တောင်းစားနေရမှာပေါ့။ အခုလို နေနိုင်စားနိုင်တာ ဟာ မေတ္တာ စေတနာစစ်စစ်တို့ရဲ့ ရောင်ပြန်ထင်ဟပ် မှုပဲ ဖြစ်တယ်။ ဆရာဟာ ဆရာနဲ့တူအောင် နေခဲ့ လို့ပဲဖြစ်တယ်။မြှောက်စား၊ ရိုက်စား၊ ဟောက်စား၊ ခြောက်စားတဲ့သူတွေဟာ ခဏပဲခံမယ်။ ရေရှည် တာဝေးမခံနိုင်ဘူး။ လူသေရင် နာမည်ကောင်း မကျန်နိုင်ဘူး။ ရှင်းတယ်နော်။
လ ဆရာကြီးရဲ့ မျိုးရိုးမိဘ၊ ဇာတိ၊ မွေး သက္ကရာဇ် သိခွင့်ပြုပါ။
အ အိမ်ခြေနှစ်ဆယ်လောက်ပဲရှိတဲ့ ကရင်ချောင်း ရွာလို့ခေါ်တယ်၊ တညင်ကျောက်တန်းရဲ့ ဟိုဘက်မှာ ရှိတယ်။အဖေ ဦးထွန်းဖေ၊ အမေ ဒေါ်တင်ညွန့် လယ်သမားမျိုးရိုးတွေဗျ။ ၁၂၉၅ ခု၊ ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့ ၂နာရီ၊ ၂မိနစ်၊ ၂စက္ကန့်မှာ မွေးသတဲ့ဗျ။ ကျုပ်တစ်ယောက်ပဲ ဒီလို ဗေဒင်ဆရာ ဖြစ်လာတာ။ မဟာဂန္ဓာရီခရီးစဉ်အဖြစ်နဲ့ မြောက် ဥက္ကလာပဘူတာ နောက်ကျော၊ အနန်းပင်ရွာထိပ်၊ ရွှေဥမင်ဘုရားမှာ ည၁၀နာရီကနေ မနက်၂နာရီ အထိ ညပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်း များစွာ၊ ကျင့်ကြံခဲ့ဖူးတယ်။ ရွှေတိဂုံခြေတော်ရင်းမှာ လူ့ဘဝရဲ့စရဏÓဉ်ကို ကျင့်ကြံရှာဖွေဖူးတယ်။ ပြီးတော့ ပုပ္ပား၊ ဒါတွေပြောနေတာြွကားတာ ဝါတာ မပါဘူး။ ကိုယ်လုပ်သင့်တဲ့အလုပ် လုပ်တယ်ပဲ ခံယူတယ်။
လ ဆရာကြီးမသေသေးခင် ဘာတွေ ဆက်လုပ်မယ်လို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။
အ ကျုပ်ဘဝဖြစ်ခဲ့တဲ့ ဗေဒင်အချုပ် မဟာဘုတ် နိဒါန်းကျမ်းမှာ အခန်းကြီး(၄)ခန်း ရှိတယ်။ အဲ့ဒါကို ထပ်မံဖြည့်စွက်ပြီး နောက်ပိုင်း တွေ့ရှိချက်ဖြစ်တဲ့ --လူ့ဘဝရဲ့ အဆိုးဆုံးနှင့် အကောင်းဆုံး အပိုင်း တွေကို တိုးချဲ့ရေးသား ထည့်သွင်းပြီး ထုတ်ဖို့ အစီအစဉ် ရှိတယ်။
လ ဒီကနေ့ လုပ်ကိုင်စားသောက်နေတဲ့ ဗေဒင်ဆရာတွေကို ဘယ်လိုမြင်ပြီး၊ ဘာပြောချင်ပါ သလဲ ဆရာကြီး။
အ ဟိုတုန်းက ဗေဒင်ဆရာတွေဟာသိမ်ငယ်ပြီး လူ့အောက်ကျကြတယ်။ ဒီကနေ့ ဗေဒင်ဆရာတွေ၊ လူတော်တွေ၊ လူကောင်းတွေ၊ လူတတ်တွေဟာ လူရာဝင်ကြတယ်။ လူလိုသိပါ၊ လူလူချင်းညှာတာ၊ စာနာ၊ ထောက်ထားတဲ့အသိရှိပါ။ ရောင်ပြန်ဟပ် တတ်ပါတယ်။ ကိုယ်ယုတ်မာရင် နောင်ဘဝမပြောနဲ့၊ ဒီဘဝမှာပဲ ဒုက္ခငရဲ၊ ကိုယ်စိတ်ဆင်းရဲနဲ့ ကြုံပါ လိမ့်မယ်။
ÄÄ ÄÄ ÄÄ
ကျွန်တော်ညီငြိမ်းဆွေ ပြောခဲ့ပါပြီ။
မဟာဘုတ်သူရဲကောင်းကြီး ဖြစ်ပါတယ်လို့။ ဒီကနေ့အထိ၊ နုပျိုလန်းဆန်းတက်ြွကတဲ့ ဆရာကြီး ဦးကြာမြင့်၊ ပြည်တွင်းဖြစ် ဆေးပေါ့လိပ်ကို ပြည်ပ လုပ် ဇက်ပိုမီးခြစ်အကောင်းစားနဲ့ မီးညှိဖွာရှိုက်လို့။ လူတန်းစား အလွှာမရွေး၊ လူကိုလူလို မြင်တတ်ပြီး လူ့ဘဝကြီးမှာ ဗေဒင်သမုဒ္ဒရာကြီးမှာ ကိုယ် ယုံကြည်ရာ မဟာဘုတ် သင်္ဘောကြီးကို ရွက်လွှင့်လို့၊ ဘဝစုံ၊ အသိစုံ၊ အကုန်သိ၊ အကုန်မြင်ဆရာကြီး ဦးကြာမြင့် ဘာဖြစ်လို့ နာမည်ကြီး အောင်မြင်ခဲ့၊ အောင်မြင်ဆဲ၊ အောင်မြင်နေတယ်ဆိုတာ မျက်မြင်၊ ကိုယ်တွေ့၊ ကြားသိ၊ တွေ့ဆုံခဲ့ရပါကြောင်း။
(ဆရာကြီးနှင့် ဆရာကြီးထံ လိုက်ပို့ ကူညီပေးသည့် ဆရာကြီး၏ လက်ရင်းတပည့်ချစ်၊ ဆရာဦးထွန်းရီ၊ မိုးကောင်းအပါအဝင်၊ စာဖတ် ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင် အစဉ် ဂါရဝဖြင့်)---
-----------------------------------------------------------ညီငြိမ်းဆွေ
ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်(၁၈၈)၊
၂၀ဝ၁ခု နိုဝင်ဘာလ(စာ-၅၀၊၅၁၊၅၃၊၅၄)--
(၁၆၊၅၊၂၀ဝ၅) တနင်္လာနေ့ည(၁၀း၄၅)နာရီတွင်-
ဆရာဦးကြာမြင့်ကွယ်လွန်သည်။...
........
No comments:
Post a Comment