Saturday, April 23, 2016

-(((---ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊ ) --------------ဖွင့်ဟဝန်ခံဖြောင့်ချက်များ---)))

--(((---ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊ ) --------------ဖွင့်ဟဝန်ခံဖြောင့်ချက်များ---)))-------
...............
ဇောတိသဝေဒမဂ္ဂဇင်း - အမှတ်-(၁၇၁)၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆရာဦးထွန်းရီ(မိုးကောင်း)
ကျွန်တော့်အသက် ငယ်ပေမယ့် ကျွန်တော်ဟောပြော လုပ်ကိုင်စားသောက်ခဲ့တဲ့ နှစ်တွေက မနည်းလှတော့ပါဘူး။
လုပ်ကိုင်တယ်ဆိုတာက ကျွန်တော့ရဲ့ မျိုးရိုးဗီဇ့ဗေဒင်ဟောပြောခြင်းဖြစ်ပြီး၊ စားသောက် တယ်ဆိုတာက ကျွန်တော့မျိုးနွယ်စုရဲ့ အမာခံရပ်တည်နေနိုင်သည့် အင်အားကြောင့်ပါ။ ကျွန်တော် ကိုယ်တိုင်က ဒီပညာရပ်အပေါ်သုတေသနလုပ် ရင်း ဗေဒ င်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရသူဆိုတော့ ရင်ဘတ်နာနာ ဘဝနာနာနဲ့ဘဲ ဒီစာစုကို ရေးဖြစ်ခဲ့ရတာပါ။ လူဘဝတိုတိုလေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာ ကိုယ်တိုင်ကြုံ၊ ဆုံ၊တွေ့၊ သိ၊ မြင်ဖူးပါမှ၊ သိကြရ တဲ့အဖြစ်ပါဗျာ။ ဪသာ်... ဘုရားမတင် နတ်မဝင် လူတွင်ပန်း ဆယ် မျိုးထဲမှာ မပါတဲ့ ဗေဒင်ပညာ။
ဒါပေမယ့် မြန်မာ့ နန်းသုံးတော်ဝင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ထဲ မှာ တော်ရုံတန်ရုံ ပညာရှိက လက်ကမြင်းကြောထပြီး ထည့်သွင်းဖော်ပြခဲ့ တာတော့ မဟုတ်ဘူးဗျ။ ဟိုး...ဘာသာတရားတွေ မပေါ်ပေါက်ခင်က တည်း က တည်ရှိခဲ့တဲ့ ပညာရပ်ဆိုတာ လူတကာသိနေလို့ အကျယ်မချဲ့လိုပါ ဘူးလေ။
ဆရာ့ဆရာကြီးများလို ကျမ်းပြုမဟုတ်ခဲ့ပေမယ့် ကျွန်တော် ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြမ်းနဲ့ ယှဉ်ပြီး ကျွန်တော့်ရင်ကို ဖွင့်ပြပါ့မယ်။
ဗေဒင်များများမေးကြပါ။ (ယုံကြည်ကြဖို့မဟုတ်ဘူးနော်၊ ဗဟုသုတအနေနဲ့ ကိုယ့်အကြောင်းကို ကြိုတင်သိထားဖို့ပါ။ ကံကောင်းချိန်မှာ သူများတွေထက် ပိုပြီး လုပ်ကိုင်နိုင်စွမ်း ရှိရမယ်။ ကံဆိုးချိန်မှာ သူများတွေထက် ဒုက္ခ သုက္ခတွေကို ခုခံကာကွယ်နိုင်ကြ ဖို့ဘဲဖြစ်ပါတယ်။)
ဆိုလိုတာက ဗေဒင်ကို မယုံကြည်လို့ပဲဖြစ်ဖြစ် အကြောင်း ကိစ္စမရှိသေးလို့ပဲဖြစ်ဖြစ် မမေးဖြစ်ဘဲ နေလာခဲ့ပြီးမှ အိမ်ထောင်ပြု မလို့၊ နိုင်ငံခြားသွားမလို့၊ လုပ်ငန်းကြီးတွေ ရင်းနှီး မြှုပ်နှံတည်ထောင်မလို့ (ဒါမှမဟုတ်)လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ဒုက္ခတွေကြုံ လာမှ ဗေဒ င်မေးတော့မယ်ဆိုရင် မိမိစပြီးမေးမြန်းမိတဲ့ဆရာဟာ ပညာရှင်အစစ်မ ဟုတ် ဘဲ ရိုက်စား၊ မြှောက်စား၊ ပင့်စား၊ ဟောက်စား၊ ဆရာဖြစ်နေခဲ့လျှင် အဲ့ဒီဆရာကို အားကိုးမိခါမှ ဘဝတစ်ခုလုံး ပျက်ရကိန်းကြုံတွေ့ရတာမျိုး ဆိုပါတော့။
ခက်တာက အထူးကုဆရာဝန်ကြီးနှင့် ခွဲစိတ်ကုသချင်ကာမှ လူနာ၊ လူနာရှင်ခမြာ ခွဲစိတ်ခန်းမဝင်ခင် လက်မှတ်ထိုးပေးခဲ့ကြရသေးတာ။ ဒါဟာ အသက်ကို လုတာနော်၊ ကျွန်တော်တို့ ဗေဒင်ဆရာတွေက ဘဝကို ကုစားရ တာပါဗျာ။အဲဒီတော့ မှားမယ်၊ မှန်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး စာချုပ်ချုပ် လက်မှတ်ထိုးကြမလဲ။ ဒီတော့ မေတ္တာ၊ စေတနာ၊ ပညာနဲ့ ကိုယ်ချင်းစာ စိတ် မရှိတဲ့ ဆရာနဲ့သာ တွေ့လျှင် ကိုယ်ဖြစ်ကိုယ်ခံပဲ
ဒါကြောင့် ဗေဒင်များများမေးမှ အတွေ့အကြုံများများရမယ်။ ဗေဒင်မေး အတွေ့အကြုံ ---များများရမှ ပညာနဲ့ ပညာရှင်တွေအကြောင်းကို သိရမယ်။ ဥပမာ၊ လက္ခဏာ၊ နက္ခတ္တဗေဒင်၊ ဆန်းဗေဒင်၊ မဟာဘုတ်၊ အစရှိတဲ့ ဗေဒင် ပညာ ရပ်တွေဟာ သူ့အယူအဆ၊ သူ့ရှုထောင့်နဲ့သူ မှန်နေကြတာပါပဲ။ အဲ့ဒီလို မှန်ကန်ကြလို့လဲ ဒီကနေ့ထိ ရပ်တည်နေနိုင်ကြတာဖြစ်တယ်။ ပညာရပ် တစ်မျိုးကို နှစ်ကြိမ်၊ သုံးကြိမ်မေးပါ။ သေချာမှတ်တမ်းပြုစုပြီး လက်တွေ့ အနီးကပ်ဆုံး မှန်ကန်အောင် ဟောနိုင်တဲ့ ဆရာနဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပါက ဖြစ်ချိန်မှာ စီးပွားပိုဖြစ်ပြီး ပျက်ချိန်မှာ ဆုံးရှုံးမှုသက်သာ ပါလိမ့်မည်။ ပညာရပ်တိုင်းဟာ အသုံးပြုသူ ဆရာအပေါ်မှာလည်း မူတည်ေ နပါတယ်။ ဒါကြောင့် ပညာစစ်၊ ပညာမှန်၊ ဆရာစစ်၊ ဆရာမှန်နဲ့ တွေ့ နို င်စေဖို့ ဗေဒင်များများ မေးခိုင်းခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ဗေဒင်မေးတော့ မယ်ဆိုရင် -
(၁) မိမိမေးချင်တဲ့ အကြောင်းအရာများကို ကြိုတင်ပြီးရေးယူသွားပါ။
မိမိမေးမြန်းမိတဲ့ဆရာက အပြောကောင်းလို့ဖြစ်စေ ကိုယ်နှင့် အယူအဆမတူလို့ဖြစ်စေ မိမိက မေ့နေလို့ မမေးဖြစ်ခဲ့ရင် နောင် တစ်ချိန် သတိရမှ ထပ်ပြီးသွားပြန်မေးနေလို့ကတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင် ပန်းဖြစ်ရလိမ့်မယ်။ ဒါကြောင့် မေးခွန်းတွေကို ကြိုရေးသွားပြီး သိချင်တာေ တွကို တထိုင်တည်း စိတ်တိုင်းကြမေးကြပါ။
(၂) Óဏ်ပူဇော်ခအရင်မေးပါ။ ဥာဏ်ပူဇော်ခဈေးနှုန်း ဘယ်၍ဘယ်မျှ ရေး ထားသလဲ အရင်ရှာပါ။
ဥာဏ်ပူဇော်ခဈေးနှုန်းရေးထားတာ မတွေ့ရင် ဈေးနှုန်းမေးပြီး မှ ဗေဒင်မေးပါ။ တော်နေကြာ ရိုက်စားဆရာနဲ့တွေ့နေမှ ရှက်ကြောက် အားနာပြီး တောင်းသမျှပေးနေရမှာစိုးလို့ပါ။ ငွေအပိုပါသွားသူတွက် အရေး မကြီးပေမယ့် ငွေအပိုပါသွားသူမဟုတ်ရင် ဒုက္ခရောက်နေလို့ ဗေဒင်လာမေး မိပါတယ်။ အရှက်ပါထပ်ကွဲနေရပါဦးမယ်။ ဒါ့ကြောင့် ဥာဏ်ပူဇော်ခ ဘယ်ေ လာ က် ယူတယ်ဆိုတာ။ အရင်မေးပါ။
(၃) ဗေဒင်ဆရာရဲ့ ရှေ့ကိုရောက်ရင် တစ်နှစ်စာ၊ တစ်သက်တာအ တွက် ရှော င်ရန် ဆောင်ရန် ဟောပေးပါလို့ ပြောပါ။ ဆရာဟောသမျှဆောင်ရန် ရှောင်ရန်ကို နားထောင်ပြီးမှ မိမိ မေးလိုတာ များကို မေးပါ။ အဲဒီလိုမဟုတ်ဘဲ ဆရာဖြစ်သူက ဘာကိစ္စသိချင်ပါ သ လဲ၊ မေး ပါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တချို့ဗေဒင်ဝါသနာရှ င်ေ တွဟာ သူတို့ရဲ့ ဖြစ်ကြောင်းမှကုန်စင်ကို ကုန်ကုန်စင်စင် အားရပါးရကြီး ရင်ဖွင့်ချတတ်ကြပါလေရဲ့။
အဟင်း...သိတယ်မဟုတ်လား။
နာပြီမှတ်။
အမှန်ကတော့ ဆရာ့ဟောကွက်ကို နားထောင်ပြီးမှသာ ကိုယ်သိ လိုတဲ့ မေးခွန်းတွေကို မေးပါ။ အဲဒါမှ ဆရာ့ရဲ့ အယူအဆနဲ့ ပညာရပ်ကို သိပြီး ကိုယ့်ဘဝအတွက် အကျိုးရှိမှာဖြစ်လို့ပါ။
(၄) ---စာမေးပွဲအောင်ဖို့အတွက် ယတြာမရှိ။ ကျောင်းမှန်မှန်တက်ပြီး၊ စာမှန်မှန်ကျက်ပါ။ အရိုးသားဆုံးဖြေပါ။ ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင် ရင်ကျမယ်။ မည်သည့်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှလည်း အမှတ်တိုးပေးလို့ မရနိုင်ပါဘူး။ စာမေးပွဲအောင်အောင် လုပ်ပေးပါဆိုပြီး ဗေဒင်ဆရာဆီမှာ ယတြာချေလို့ ကတော့ အင်း . . . အောင်သွားပါလိမ့်မယ်-- ဗေဒင်ဆရာ။------
(၅) သင်တကယ်မေးသင့်တဲ့အချက် -
(က) ဘယ်တော့ စီးပွားပျက်နိုင်သလဲ၊ ဘာ့ကြောင့်လဲ။
(ခ) ဘယ်အချိန်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နိုင်မလဲ။
(ဂ) ဘယ်အချိန်မှာ အမှုအခင်းဖြစ်နိုင်မလဲ၊ ထောင်ကျနိုင်မလား။
(ဃ) ဘယ်အချိန်မှာ အိမ်ထောင်ရေးပြိုကွဲမလဲ၊ ဘာကြောင့်လဲ။
(င) ဘယ်အချိန်တွေမှာ သေကိန်းကြုံတွေ့နိုင်မလဲ၊ ပြေး လို့ လွတ်မလား။
အဲဒီအချက်တွေကို အဓိကထားပြီး မေးပါ။ အဲဒါတွေအားလုံးဟာ ကိုယ့်အတွက် အဆိုးဆုံးတွေ ဖြစ်နေတာကြောင့် ကြိုတင်သိထားရင် လွတ်ကင်းသက်သာတဲ့နည်းလမ်း ရှာဖွေနိုင်အောင် ဖြစ်ပါတယ်။
(ရိုက်စား၊ ဟောက်စား၊ ခြောက်စား ဆရာတွေနဲ့တွေ့လို့ ကြောက် တတ် ရင်တော့ တစ်မျိုးပေါ့လေ) လူလူချင်း လှည့်ဖြားလိမ်ညာခြင်းမှ ကင်းေ ဝးကြပါစေ။
.................
ဆရာဦးထွန်းရီ(မိုးကောင်း)။
LikeShow more reactions
Comment

No comments:

Post a Comment