(((--လောကဓံ(အမြင်သစ်)နှင့် အဆောင်-ယတြာဆိုတာ-။}}။)
----------
တလောလေးဆီကပါ---မတွေ့တာကြာပြီဖြစ်တဲ့တပည့် ဖြစ်သူနှင့်တွေ့ဆုံခိုက်အချိန်လေး မှာ သူသိလိုသည်များကို မေး မြန်း နေသောကြောင့် အောက်ပါအတိုင်းဆရာတပည့်နှစ်ယောက်လောကဓံ(အမြင်သစ်)ပညာအယူအဆတွေ ပြောဆိုဖြစ်ခဲ့ကြပါတယ်။
]]အဆောင်ဆိုတာ(အ)တဲ့ကောင်တွေဆောင်တာပါ။ဒါကြောင့်လူတွေပြောပြောနေသလိုပေါ့အဆောင်ဆိုတာဆောင်ရင်လေး+ရေစိမ်သောက်သေး ပေါက်+လွှင့်ပစ်ရင်အဝေးရောက်တယ်ဆိုတာလေ။ဆရာကြီးအဆောင်ယတြာတွေမယုံရင်ဘာဖြစ်လို့ရွတ်ဖတ်နေသေးလည်း ဆရာကြီး }}
(အဆောင်ယတြာတွေဆိုတာ မရှိဘူး။မဟုတ်ဘူး.လို့ပြောနေတာ မဟုတ် ဘူး။ ဘုရားရှင်လက်ထက်တွေ-ရှင်ဘုရင်လက်ထက်တွေကတော့- ဆရာ လည်း မ မှီခဲ့ တော့-ဘာမှမပြောလိုပေမဲ့-ခုလိုမောင်ရင်တို့လို-လူတွေလက် ထက်မှာတော့-နဲနဲပါးပါးပြောဖို့လိုလာပြိလေ)
]] ဘာဖြစ်လို့လိုလာတာလည်းဆရာကြီး}}
(ခေတ်တွေပြောင်းလာသလို-အသိဥာဏ်တွေ-သဘာဝတရားတွေ-လည်းပြောင်လဲလာပြိလေ-အထူးသဖြင့်ကိုယ်ကျင့်တရားလို့ ခေါ် တဲ့(သောက်ကျင့်)တွေပျက်လာတာပါဘဲ။)
]] ဆရာကြီးအနေနဲ့ အရင်ခေတ်တွေနဲ့-ဒီနေ့ခေတ်-ကွာခြားလာတဲ့-ပညာရပ်တွေအပေါ်-အမြင်လေးတွေပြောပြပါလားဆရာကြီး}}
( ဆရာ့အမြင်နဲ့လက်တွေ့ဖြစ်စဉ်ကိုပြောပြပါ့မယ်။ဆရာငယ်ငယ်က-ဆရာသမားတွေရဲ့-လမ်းညွှန်မှုနဲ့-လောကီ(ဝိဇ္ဇာ)ကျင့် စဉ်တွေ တော်ေ တ်ာလေး-ကျင့်ကြ-ံလေ့လာ-ဖြစ်ခဲ့ပါတယ်။ဂါထာမန္တာန်တွေ-ပုတီးတွေ-သက်သတ်လွတ်-မီးလွတ်-အဓိဌာန်တွေ လုပ်ခဲ့ဘူးပါတယ်။မှတ်မှတ် ရရပြောစရာကတော့-ဂါထာမန္တာန် ရွတ်ဖတ်တဲ့အကြောင်းဘဲ။-) ]] ဘာတွေ ထူးထူးခြားခြား တွေ့ခဲ့ရလို့လည်းဆရာကြီး }}
( ဒီလိုကွ ဆရာသမားတွေက ဂါထာတခုကို ရေသောက်ရင်ဖြစ်ဖြစ် အစာတခုခုစားရင်ဖြစ်ဖြစ် အဲဒီ ဂါထာကိုရွတ်ဖတ်ပြီးမှ-စားခိုင်း တယ်လေ ။နှစ်တွေကြာလာတော့ သူတို့ဆိုလိုတဲ့ အကြောင်းတွေကိုအဓိက မမြင်ဘဲ။--လက်တွေ့အမြင်တခုကို ဖြတ်ကနဲတွေ့(သိ) လိုက်ရတယ်။ ပထမတော့ ဆရာလည်း တွေဝေသွားတယ်။သူတို့ပြောတာတမျိုး စာအုပ်တွေ ရာဇ ဝင်တွေ မှတ်တမ်းတွေမှာ တမျိုး ငါတွေ့တာတမျိုးဖြစ်နေပါ လား ဆိုပြီး-ဆရာသမားတွေကို-မေးကြည့်တော့ ဘာမှပြန်မပြောကြဘဲ ပြုံးပြီး နားထောင် ခေါင်းငြိမ့်ရုံဘဲ။သူတို့မဖြေတော့ ဆရာလည်းဆက် မ မေး ဖြ စ်တော့ ပါဘူး။ ဆရာအမြင်နဲ့ဘဲ။ဆရာ ဆက်လက်ကျင့်ကြံနေထိုင် လာ လိုက်တာ ဒီနေ့ထိဘဲ။)
(ဆရာကြီးပြောလိုက်ရင်တော့ရိုးရိုးလေးနဲ့ယဉ်သကိုဆိုသလိုဖြစ်နေပြီဆရာကြီးတွေ့ခဲ့တဲ့(အမြင်သစ်)ကိုသာပြောပါတော့ဆရာကြီးရယ်}} --- --( ( ဥပမာ ရေသောက်တော့မယ်ဆိုရင် ]] ရေကိုခပ်ပြီးမကြည့်ဘဲ ဘယ်ေ တာ့မှ မသောက်နဲ့ ဦး -ရေကိုအရင် သေချာကြည့် ပြီးရင် ထိုထိုမည်သော
ဂါထာနဲ့ (--ဘယ်နှစ်ကြိမ်)ရွတ်။ပြီးမှရေကိုသောက်စေခဲ့တာ} } နှစ်ပါင်းကြာခဲ့ပေါ့ကွာ သူတို့ပြောတဲ့ကိစ္စကနဲ့တခြားစီဖြစ်နေတယ်။ ဆရာမြင်တာက-ရေကိုခပ်လို့ မသောက်ခင်သေချာကြည့်တော့-အမှိုက်/အမှုံ/အနယ်ပါ။မပါ။ရေသန့်မသန့်ဆိုတာကိုဘဲ မြင်ကြောင်းဆရာကပြန်ပြောခဲ့တယ်)။
]] ဆရာ့ ဆရာကြီတွေက သူတို့ပြောသလိုမဖြစ်တော့ မှန်တာ-မှားတာ-ကောင်းတာဆိုးတာ ဘာမှမပြောပြခဲ့ဘူးလားဆရာ }}
( အေး ဘာမှမပြောခဲ့လို့ ခုထိ ဆရာလည်းဒီအမြင်နဲ့ဘဲနေ လာလိုက်တာ လောကဓံ (အမြင်သစ်)ရယ်လို့ ဖြစ်လာတာပေါ့ )
]] တခြား ဘာတွေမြင်တာရှိသေးလည်းဆရာကြီး }}
( အမြင်သစ် ပါဆိုမှတော့ အားလုံးကို အမြင်တမျိုးအကြောင်းရင်း ကို မြင်တာတွေပေါ့။ဒါတွေကိုပြောနေရရင် စာတစောင် ပေတဖွဲ့နဲ့
ပြီးမှာမဟုတ်တော့ဘူး )။
]] အလွယ်တကူမြင်နိုင် သိနိုင်တဲ့အကြောင်းအရာလေးတခုပေါ့ ဆရာကြီး }}
( နောက်တခုက-ထမင်းစာတဲ့အခါမှာ ထမင်းဖြူ အတိုင်းဟင်းနဲ့ မရောခင်မှာ ထမင်းတွေကို လက်နဲ့ ဖွဖွလေးလေးကိုင်ပြီး ထမင်းတွေ
ကို နှံ့ အောင်လုပ်နေရင်း ဂါထာတခုကိုရွတ်ဖတ်စေပြီးမှ ထမင်းကို စားေ စခဲ့ ပြန်တယ်။ )။
]] ဘာတွေထူးခြားပြန်လည်းဆရာကြီး }}
( ဒီတခါလည်း ဆရာတွေ့တာတမျိုး သူတို့ပြောတာတမျိုး ။ စာအုပ်ေ တွ ရာဇဝင်တွေ မှတ်တမ်းတွေမှာ တမျိုး ငါတွေ့တာတမျိုးဖြစ်နေပါ လား ဆိုပြီး-ဆရာသမားတွေကို-မေးကြည့် ပြန်တော့ ဘာမှပြန်မပြောကြဘဲ တခါကလိုဘဲ ပြုံးပြီးနားထောင် ခေါင်းငြိမ့်ရုံဘဲလေ။နှစ်ပါင်းကြာခဲ့ပေါ့ကွာ သူတို့ပြောတဲ့ကိစ္စနဲ့ ဆရာမြင်တာကတခြားဖြစ်နေကြောင်းပြောပြတာပေါ့။)
]] ဒီတော့ ဆရာ့ ဆရာကြီးတွေက ဘာပြန်ပြောလည်းဆရာ }}
( ဒါဖြင့်လည်းပြောကွာ ပြီးမှ ငါတို့ပြောမယ်ဆိုလို့ ဆရာက--ထမင်းတွေကို လက်လေးနဲ့ ဖွဖွလေးကိုင်ပြီး ဂါထာရွတ်ဖတ်တာကြာတဲ့
အခါ ထမင်းထဲမှာ-စပါးလုံး/ အမှိုက်/အမှုံ-ကျောက်ခဲ-သဲ-သလဲတွေပါ မပါတော့ သိလာတယ်-လို့ပြောတော့ ငါ့ဆရာသမားတွေ တိုးတိုးပြောပြီး
ရယ်လိုက်ကြကြတာ မျက်ရည်တောင်ကြတယ်မောင်ရင် )။
]] ခုလက်ရှိ အချိန်မှာ လောကဓံ(ဗေဒင်)ပညာကိုဆရာ့ကြီး အမြင်နဲ့ ကွာခြားပုံးလေးပြောပြပါလားဆရာကြီး }}
( အဓိကအနေနဲ့ ပြောရရင် ဗေဒင်တွေက စနေဂြိုလ်/ရာဟြု၈ိုလ်တွေ-အိမ်တောင်လှည့် မြောက်လှည့်တွေဟောတယ်။ဘာပင်ရှိနေလို့ ညာ ပင်ကြီး ရှိနေလို့ တောင်မို့ကြီးရှိနေလို့ အိမ်နံပါတ်-ကားနံပါတ်တွေကို ကြည့်ပြီးအခက်အခဲတွေဖြစ်နေရကြောင်းကိုဟောပြောကြတယ်။လှေဦးတိုက်-လှည်းဦးတိုက် အိမ်တွင်း-ရိုးရာ-သိုက်-ပဌာန်းဆက်တွေနဲ့ ဆက်သွယ်ေ ဟြာေ ပာကြတယ်။)
] ဒီနေ့ ဗေဒင်လောကမှာ ဒီလိုဘဲ ဟောနေကြတာဘဲဆရာကြီးရယ် }}
( အေး အဲဒီမှ စလွဲနေတာပေါ့။ ဆရာနဲ့လွဲနေတာ(အမြင်မတူတာ) ကိုပြောတာနော-သူတို့တွေ ပညာတွေ မဟုတ်ဘူး။မမှန်ဘူး။ပြောနေတာ မဟုတ်ဘူး။အမြင်မတူတာကိုအဓိကပြောခြင်တာ။ ဗေဒင်လာမေးတာ လူေ တွ သူတို့တွေက လူကိုဒါရိုက်မဟောဘဲ လူကိုကျော်လွန်ပြီး ပတ် ဝန်း ကျင် က-ပစ္စည်းတွေကိုအဓိကဟောပြောနေကြတယ်။ ဆရာက လူကိုဗဟိုပြုေ ဟာပြောလမ်းညွှန်နေတာလေ။အဲဒါလွဲနေတာပြောတာပေါ့)
]] ဒါဖြင် ဆရာကြီ့းရယ် ဆရာကြီး လူကိုဗဟိုပြု ဟောတယ် ဆိုတဲ့ ဥပမာ တခုလောက်ပြောပြပါဦး}}
( ပထမဦးဆုံးမွေးရာပါ(သောက်ကျင့်)-+-မိဘ အုပ်ထိမ်းသူတွေ လက်အောက်မှာနေလာခဲ့တဲ့(သောက်ကျင့်)-+-လက်ရှိအသက်အရွယ်မှာ ပိုင်ဆိုင်ထားတဲ့-( အလုပ်-အိမ်ထောင်-သားသမီး-)ဆိုတဲ့ (သံယောဇဉ်- )တွေကို သွားပေါင်းလိုက်တဲ့(မရှိ တောင့်တ/ရှိကြောင့်ကြ-စိတ်-)ကိုဟော
ပြောလမ်းညွှန်တာပါ။)
]] ဒါဖြင့်ရင် လုပ်ငန်းအကျိုး-ပေး-မပေး-မေးရင် ဆရာကြီး ဘယ်လိုဟောပါသလဲ }}
( ဆရာ့အနေနဲ့ ဘယ်လုပ်ငန်း အကျိုးပေးတယ်။အကျိုးမပေးဘူးဆိုတာ သီးသန့်-မဟောပါဘူး။ကာယကံရှင် လုပ်ခြင်တဲ့အလုပ်-ခေတ်နဲ့ ကိုက်ညီမှု-ရှိမရှိဘဲ။ပြောပါတယ်။အဓိက လောကဓံကဖြစ်မယ်လို့ညွှန်ကြားချိန်မှာ လုပ်ခိုင်းပြီးလောကဓံကပြိုကွဲပျက်စီးနိုင်မဲ့အချိန်မှာ ထိမ်းသိမ်းခြင်း-ကို ဘဲ လမ်း ညွှန်ပါတယ် )။- ]] ဒါဆိုရင် အိမ်ထောင်ရေးအကြောင်း မေးရင် ဆရာကြီး ဘယ်လိုဟောပါသလဲ }}
( အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ အိမ်ထောင်ကျနိုင် ပါဦးမလား -ဘယ်တော့အိမ်ထောင်ကြမလည်း--ဘယ်လိုအိမ်ထောင် ဘက်နဲ့ ညားမလဲ--ဆိုတာမျိုးတွေကိုဖြေဆိုလမ်းညွှန်တာမဟုတ်ပါဘူး)
]] ဆရာကြီးအနေနဲ့ အိမ်ထောင်ဘက်ရွေးတာကို ဘယ်လို ကူညီ လမ်းညွှန်ပါသလဲ။--}}
( အဓိက အိမ်ထောင်ပြုတော့မဲ့ သူနှစ်ဦး-ရဲ့ မွေးရာပါ(သောက်ကျင့်) +(မိဘ အုပ်ထိမ်းသူတွေလက်အောက်မှာနေခဲ့တဲ့အခြေအနေ-) အတူပေါင်းသင်းနေထိုင်ကြတဲ့အခါ-တွေကြုံမဲ့ လူမှုရေး-စီးပွားရေး-ကျန်းမာရေး-အိမ်ထောင်ရေးကိစ္စတွေမှာ လောကဓံကဖြစ်မယ် လို့ ညွှန်ကြားချိန်မှာ လုပ်ယူထားဖို့ ကြိုတင် လမ်းညွှန်ပြီး။--လောကဓံကပြိုကွဲ ပျက်စီး နိုင်မဲ့အချိန်မှာ ထိမ်းသိမ်းခြင်း-ကိုဘဲလမ်းညွှန်ပါတယ် )။
]] ဆရာကြီးအနေနဲ့ ဘာလုပ်လုပ်လောကဓံနဲ့ကင်းလွတ်ပြီး လမ်းညွှန်တာမျိုးမရှိတော့ဘူးလား }}
( ဘဝနေနည်းမေးရင်တော့-၃၈ဖြာမ၈င်္လာတရားရယ် လောကဓံနဲ့ မဂ္ဂင်နဲ့မလွတ်သလောက်ပါဘဲ။ဘာဖြစ်လို့လည်းဆို့တော့ ဗုဒ္ဓဘုရားရှင်
ရဲ့ ဘဝနေနည်းလမ်းညွှန်ချက်တွေဖြစ်နေတဲ့ အပြင် လက်တွေ့လည်း အ သုံးတဲ့နေလို့ပါ)
]] ယတြာအနေနဲ့ အရုပ်လေးတွေ ထုပြီးဆောင်ကြတာဘာအမှအကျိုး မရှိဘူးလို့ဆိုလိုတာလားဆရာ }}
( ဆရာပြောခြင်တာက-ဆောင်လို့ အကျိုးရှိ/မရှိကိုပြောလိုတာမ ဟုတ်ဘူး။ ဘယ်ကနေဘယ်လို ဖြစ်လာတာလည်း-ဘာကြောင့်လည်း ဆိုတာဘဲ။ဒါကလည်း ဆရာ့အမြင်ပြောတာနော )။
(-ဘယ်လိုဘဲဖြစ်ဖြစ်ပြောပါဆရာကြီးရယ်။ကျနောတို့လည်းစဉ်းစားလို့ရသလိုအဆောင်ဝါသနာပါတဲ့သူတွေလည်း ဗဟုသုတရတာပေါ့ }} (မောင်ရင်နားလည်းအောင်ပြောရရင်ဆရာ-ယုံတွေ-မွေးသေး တယ် ။တသားပြီးတသားပေါက်လာလိုက်တာယုံပေါင်းရာကျော်သွားတယ်။) ]] ယုံပေါင်း ရာကျော် ဆိုတော့ ဒီလောက်အများကြီး ဆရာကြီး ဘယ်လိုထားလည်း }}
( ယုံပေါင်း ရာကျော်ဆိုတာ တခါတည်းမွေးပြီးအကုန်ရှိနေတာ မဟုတ်ဘူး။ မွေးလာလိုက် အရွယ်ရောက်လာလိုက်ရောင်းပစ် တာေ တွ-မွေးဖို့ပေးတာတွေ ကြောင့် ဆရာ့ဆီမှာ (၁၀ )ကောင်ဆို တာ အများ ဆုံးပါ။ အဲဒီမှာ စတွေ့တာဘဲ။ တချို့ ခလေးလေးတွေ ကယုံလေးတွေ တနေ့တခါ မဖြစ်မနေလာကြည့်ကြ တယ်။လာမကြည့်ရရင် ငိုလို့ဆိုပြီးမိ ဘတွေက ယုံကြည့်ဖို့လာလာပို့ကြတော့ ဈေးဆိုင်ဆိုတော့ လူတွေပို များလာတာပေါ့။ယုံရှိမှန်းသိလို့လာကြည့်ကြတဲ့သူတွေရယ်။တခါမှမမြင်ဘူးသေးလို့ လာကြည့်တဲ့သူတွေရယ်။မောင်၇င်စဉ်းစားကြည့်လေ ။နေ့စဉ်ေ န့ တိုင်းပြောတာနောနောက်ဆုံး မိဘတွေက ခလေးေ တွ ကို ဈေးဝယ်ခိုင်း ရင်တောင် ]]ယုံလေးတွေရှိတဲ့ ဆိုင်နော}}လို့ပြောပြီးခိုင်းသံကြားနေရသလို ယုံလေးတွေရှိတဲ့ဆိုင်ဆိုတာနဲ့ ခလေးတွေကသူသွားမယ်။ငါသွားမယ်ဖြစ်ကု န်ရော ဘာဖြစ်လို့လည်းဆိုတော့ ယုံလေးတွေကြည့်ရမယ်။ယုံစာဖြစ်တဲ့ ကန် စွန်းရွက်/ဂေါ်ဖီ-မုံလာဥနီစတဲ့ယုံစာလေးတွေဝယ် ပြိး ကြွေးရမယ်လေ။ သူတို့လုပ်ခြင်ရာလုပ်ရတော့ပျော်ကြတာပေါ့။ )
]] တခြား တိရစ္ဆာန်တွေ မွေးဘူးလားဆရာကြီး }}
( မွေးဘူးတာပေါ့ ဒါက ယုံတင်ပြောတာနော။ဆရာတိ ရစ္ဆာန်ေ တာ်ေ တ်ာများများမွေးဖူးတယ်။ ကြက်တူရွေးဆိုလည်းလူတော်တော်များ များ သေ ဘာကြကြတာဘဲ။ ရွှေဂဲ ရေ ရွှေဂဲရေ နဲ့ ငရုတ်သီးြေ့ကွးရတာအမော ဘဲ။ -မြောက်-မွေးထားရင် ဘာပြောကောင်းမလည်းမောင်ရင် ခလေးတွေ ဟာ မြော က်ကိုစလိုက်နောက်လိုက်နဲ့ မြောက်ဆိုတဲ့သတ္တဝါက တလည်း လူလုပ်ပြတာအကုန်လိုက်လုပ်တဲ့ သတ္တဝါမဟုတ်လား။အဲဒီလို-တိရစ္ဆာ န်ေ လးတွေမွေးထားတဲ့ ဆိုင်ကိုလူတွေလာမှန်းသိတော့နောက်တဆိုင်ကလည်း သူ့ဆိုင်ထက်ပိုလူလာခြင်အောင် သူတို့ထက်ကောင်းတဲ့ တိရစ္ဆာန် ကိုေ မွးကြ ရင်းတ ဖြည်းဖြည်းခေတ်တွေပြောင်းလာတော့ အသက်မရှိတဲ့-အေ ကာင်လေးတွေပုံတွေဆောင်ထားကြရင်း ခုခေတ်လိုမိမိတို့ ပိုက်ဆံအိပ် ထဲ ဈေးဆိုင်တွေဆိုရင် ပိုက်ဆံထည့်တဲ့သေတ္တာတွေ စားပွဲကောင် တာေ တွပေါ်မှာတင်ထားတဲ့အခြေအနေဖြစ်လာပုံရပါတယ်။)
]] ဒါဖြင့်ဆရာကြီးအနေနဲ့ ဗေဒင်လာမေးသူတွေကို ဘာအဆောင် ယတြာ မှမပေးဘူးလားဆရာ }}
( ဗေဒင်လာမေးသူတိုင်းကိုတော့ ယတြာမပေးပါဘူး ။ဗေဒင်မေး သူကိုယ်တိုင်က ယတြာစမေးရင်တော့ ပေးတတ်ပါတယ်။ အဟာရလှူရတဲ့ ယတြာနဲ့ ဘုရားမှာပန်းဆီမီးရေချမ်းတော့လှူတဲ့ယတြာတော့ပေးပါတယ်။)
]] ဆရာကြီးကို မေးရဦးမယ်။ ဘုရားဝတ်ပြုဖို့ ပရိတ်ပဌာန်းရွတ် ဖတ် ပူဇော်ဖို့ ဝိပသနာတရားအားထုတ်ဖို့ ပုတီးစိတ်တာတို့ ဘာဖြစ်လို့
အဲဒီ လို ယတြာမျိုးတွေ မပေးတာလည်းဆရာကြီး )။
( ဆရာသင်ထားတဲ့ ပညာထဲမှာ ယတြာထက်အရေးပါတဲ့ လုပ်ရပ်ကိုတွေ့ထားလို့ကွ။ လူမျိုး-ဘာသာကသတ်သတ်-ပညာကပညာကွ-သွားမရောလိုက်နဲ့ရှုပ်သွားမယ်။ ပြီးတော့ ဆရာက ဘာသာရေးသင် တန်ြး ပပြီး နိဗ္ဗာန်သွားဖို့လမ်းညွှန်နေတာမဟုတ်သေးဘူး။ ဘဝမှာလက်တွေ့ကြကြ နေထိုင်ဖို့ လမ်းညွှန်တဲ့ပညာပါ။မောင်ရင်စဉ်း စားကြည့်လေ-ခုလိုခေတ်ပျက်ကြီးထဲမှာ-ဘာသာရေးလုပ်နေလို့-ယတြာဒီပံ-မဟာဒီပံတွေတွေထွန်းနေလို့အင်းစမတွေဆောင်ရုံနဲ့စီးပွားဖြစ်လာမှာလား-ကွဲနေတဲ့ လင်မယားပြန်ပေါင်းဖြစ်မှာလား။/ဖရောင်းတိုင်(၉)တိုင်ထွန်ပြီး လဘက်(၉)ပုံပုံနေရုံနဲ့ အရောင်းအ ဝယ်တွေကောင်းးလာမှာလား-အိမ်က ထွက်သွားတဲ့သူပြန်လာမှာလား။ယတြာဆိုတာ အတုလုပ်တာပါ။စိတ်ပိုင်း ဆိုင်ရာကုစားမှုတခုပါ။ဘဝအတွက်အပိုင်း အစလေးတခုပါ။ဘာသာရေး လုပ်လုပ်-မလုပ်လုပ်။ဖရောင်း(၉) တိုင် လဘက်(၉)ပုံပုံပုံ-မပုံပုံ-ကံစွန်ေ အာင်-ကန်စွန်းရွက်တွေထိုးထိုးမထိုးထိုး။ကံတက်အောင်ဆိုပြီး-ကတက် သားတွေဆောင်။-နေ့ချင်းတက်-ညချင်းတက်တွေလုပ်လုပ်မလုပ် လု ပ်- +လောကဓံကတော့-လူမျိုး-ဘာသာမခွဲခြားဘဲ-သူ့အလုပ်သူလုပ်နေမှာ ဘဲ။သူ့လမ်းစဉ်ကလွဲလို့ ဘယ်နည်းနဲ့မှလောကဓံကိုကျော်ဖြတ်လို့ မရဘူး ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ဆရာယတြာနဲ့ပတ်သက်လို့ ဦးစားမေ ပး တော့ပါဘူး။ ဒါတွေကိုရှေ့တန်းတင်နေသမျှ-စိတ်ဓါတ်ရေးရာ-အသိဥာဏ်တွေဟာ ဘယ်တော့မှ တိုးတက်လာ မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဆရာ့အနေနဲ့ သူ့ကံနဲ့သူလာတာတွေကိုလမ်းညွှန်ရုံက လွဲလို့သူတို့ဘဝ ပြောင်းလဲသွားအောင်လုပ်မပေးနိုင်ပါဘူး။ပြုပြင်လို့ရရုံဘဲ ဆိုတာ ဆရာသိလိုက်ပြီလေ။ဒါ့ကြောင့် လက်ရှိဘဝစိတ်ဓါတ်ရေးရာ-အသိဥာဏ်တွေကို ပျက်စီးအောင်-ဘာသာရေးအရ သံသရာထိ ပါသွားနိုင်တဲ့ မှိုင်းတိုက်တဲ့အလုပ်ကိုသိတဲ့အချိန်ကစပြီးမလုပ်တော့ဘူးမောင် ရင်။့  ဆရာ့ဆရာကြီးပြောတဲ့စကား တခွန်းသိပ်သဘောကြ တယ်။)
]] ဘာများလည်း ဆရာကြီးရယ် }} ]] တကယ်တော့ ယတြာဆိုတာ ကိုယ်ကျင့်တရားနားလည်လိုက်နာ နိုင်ရင်ပြီးနေပါပြီ။ယတြာဆိုတာမလိုပါဘူး။ရှင်းရှင်းပြောရရင် (သောက်ကျင့်)ကောင်းသူတွေ အဖို့ယတြာဆိုတာမလိုပါဘူး။}})တဲ့ဗျား......။

No comments:
Post a Comment