Saturday, May 21, 2016

((-ယနေ့ခေတ်မှာ-ပညာကိုဆရာစားချန်၍ သေရွာယူသွားရခြင်း အကြောင်း-)))။ ....


Utun Yee to ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း) နဝင်းစီးပညာအသင်း
13 hrsYangon
(((-ယနေ့ခေတ်မှာ-ပညာကိုဆရာစားချန်၍ သေရွာယူသွားရခြင်း အကြောင်း-)))။ ...................
...............................
-]] အလုပ်တွေများနေလားဆရာ}}
ဟူသော မောင်နေလင်းအသံကြောင့်။က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း၌ တပည့်ဖြစ်သူမောင်သိန်းဌေးနှင့် ပညာအကြောင်းတွေကိုပြောဆိုနေ ရာမှ အတူဆရာ တပည့်နှစ်ယော က်ပြိုင် တူကြည့်လိုက်မိသည်။
]]အလုပ်များတယ်လို့မဟုတ်ပေမဲ့ မောင်သိန်းဌေးနဲ့ -ပညာကို ဆရာ စားချန်တာတို့ ပညာကိုသေရွာယူမသွားကြဖို့}]ဆိုတဲ့စကားလုံးတွေ အကြောင်းပြောနေကြတာဆိုတော့ အလုပ်လုပ်နေတယ်ဆိုရမှာပေါ့ )
( အတော်ဘဲဆရာရေ ပညာကို ]ဆရာစားချန်တယ်-ဆရာစားချန်တယ်} နဲ့ ကြားဘူးနေတာ ခုမှဘဲ ဘာကြောင့်ဆရာစားချန်ကြတယ်ဆိုတာ သိရတော့မယ်)
(ဒိလိုမောင်နေလင်းရဲ့ -ပညာကို ဆရာစားချန်တာတို့ ပညာကိုသေရွာ ယူမသွားကြဖို့}]ဆိုတဲ့စကားလုံးတွေ အကြောင်းပြောနေကြတာဆိုေ ပမဲ့ ရှေ့ခေတ်ကအကြောင်းတွေထက် ဒီနေ့ခေတ်ဆရာတို့ခေတ်မှာဖြ စ်ပေါ်ေ နတဲ့ အကြောင်းတွေကိုပြောနေကြတာပါ။)
( ဘယ်ခေတ်ကဖြစ်ဖြစ် သိထားလို့ တော့ အကျိုးမယုတ်နှို်င်ပါဘူးဆရာ)
(ဆရာလည်းကိုယ်တွေ့မကြုံသေးခင်က အဲဒီစကားလုံးအသုံးအနှုံးကိုယ်သေ ဘာ မတွေ့ဘူးဖြစ်နေတယ်။ဆရာဖြစ်ပြီး ပညာကိုအကုန်သင်ကြား မပေးဘဲ ဆရာစားချန်ရတာနဲ့ သေရွာယူသွားရတာနဲ့ တော်တော်တကိုယ်ကောင်းဆန်တာဘဲ။လို့ထင်ခဲ့မိတယ်)
(ဆရာထင်တာ မဟုတ်လို့လားဆရာ)
(မဟုတ်ဘူးမောင်နေလင်းရေ မဟုတ်ဘူး။လုပ်သင့်တယ်ထင် လို့လုပ်သွား တာကွ)
(ကဲပါဆရာရယ် ဆရာ့အမြင်တွေကိုသာပြောပြလိုက်ပါဆရာ)ငြိမ်ပြီး နားထောင်နေရာမှ တပည့်ဖြစ်သူမောင်သိန်းဌေးပြောလိုက်သော အသံကြောင့် ...(အဓိကကတော-သစ္စာ့မရှိ-ကတိမတည် လို့ဘဲ)
(ဘယ်ကိစ္စကို ကတိမတည်သစ္စာ့ မရှိဘူးလို့ပြောတာလည်းဆရာ)
(အရင်ခေတ်ကတော့-သူ့ခေတ်နဲ့သူ-ရှိခဲ့မှာပေါ့လေ။ခုဆရာတို့ခေတ် အနေနဲ့ပြောရရင်တော့ ဗေဒင်ဟောနေတဲ့ဆရာတချို့ နဲ့ ဗေဒင် စာအုပ်ထုတ်လုပ်ရောင်းစားနေကြတဲ့ ဆ၇ာတချို့ တချို့ဆိုပေ မဲ့ ခေတ် အခြေအနေအရအများစုလို့ပြောရမှာဘဲ။
(၁) ဘယ်ဆရာဆီမှာမှ-တပည့်မခံယူဘူးဘဲ စာအုပ်ဖတ်ပြီး-ဗေဒင်စာအုပ် ထုတ် လုပ်ရောင်းစားနေတဲ့သူတွေ)
(သူတို့စာအုပ်ထုတ်နိုင်လို့ သူတို့ထုတ်တာဘဲဆရာရယ်ကျေးဇူးတောင် တင်ရဦးမှာ မဟုတ်ဘူးလား)
(ရုတ်တရက်ကြည်မယ်ဆိုရင်တော့မောင်ရင်ပြောတာမှန်သလိုလိုဘဲ။ဒါပေမဲ့ သေသေချာချာတွေးကြည့်ရင် သိပ်ရင်နာဖို့ကောင်းတယ်)
(ဘာဖြစ်လို့ ရင်နာလောက်ရအောင်ဖြစ်ရတာလည်းဆရာ)
(ဒီလိုမောင်ရင်ရဲ့ မူရင်းပညာရှင်အမည်ကို ကျမ်းအကိုးအကားအနေ နဲ့ေ တာင် ထည့်မထားဘူး။ဒါကခိုးယူသုံးစွဲတဲ့သဘောဘဲ။အဆိုး ဆုံးက တော့ -သူတို့ဆရာကြီးမူပါလို့ဗြောင်ရေးသားနေကြတာပါဘဲ)
(အနီးစပ်ဆုံးဖြစ်ရပ်လေးတွေပြောပြပါလားဆရာ)
(အနီးစပ်ဆုံး ပြောပြရရင်-ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းနှင့်ပတ်သက် ဆရာ့ဆရာတွေ ဘာတွေမှာကြားခဲ့ကြသလဲ။................................... ..............
(၁) ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ဆရာကြီးဦးကြာမြင့်
(၂) ဆရာကြီးဦးလင်းအောင် (ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင်)
(၃) ဆရာပရမ (အေးချမ်းသူတို့စံပျော်ရာ)
(၄) လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ........................................ ..... .....
(၁) ဆရာကြီးဦးကြာမြင့် ဗေဒင်အချုပ်မဟာဘုတ်အဖွင့် (စာ-၈)
(၁/၁၁/၂၀ဝ၁) ၁၃၆၃ ခုနှစ်၊ သီးတင်းကျွတ်လပြည့်၊ ကြာသပတေးနေ့ ညနေ(၃)နာရီ၊ နှစ်စဉ် ဆရာကြီးအား ပူဇော်ကတော့ ပွဲပြုလုပ်သည့် အခါသမယ တပည့် ပရိတ်သတ်ဘေးကို ပိသာလေးနှင့် တိုက်ရိုက်ပစ် ထည့်လိုက်သော မိန်ကြားချက်က ]]ဟေ့ - မှတ်ထားကွ မင်းတို့ နဝင်းစီး ပညာကိုင်ပြီး လုပ်စားနေတဲ့ ဆရာတွေ နာမည်ကြီးပြီး ငွေဝင်လာပြီဆို ရင် မြန်မြန်သေတော့မယ်}}လို့ မှတ်ထားလိုက်ပါတဲ့။ (ဒါမှမဟုတ်လည်း ယောင်လည်လည်နှင့် မငတ်ရုံ ဘဝတစ်လျှောက်လုံး လိမ့်နေရမယ်တဲ့။ အဲဒါ ဘာကြောင့်လဲဆိုတဲ့ အချက်ကိုလည်း ပြောထားမယ် ။ မှတ် ထားအုံးတဲ့။((((((---- ဗေဒင်ဟောတာက မဟာဘုတ် သက္ခတ်၊ ယတြာလုပ်ပေးတာက နဝင်းစီးပွဲ။ ဆိုင်းဘုတ်တင်ပြီး ကြော်ငြာထားတာက နက္ခတ်ဗေဒင်။ ဝေဒလက္ခဏာ၊ ခရစ္စတီးနားမူတီးတဲ့ ---။ပညာကိုလည်း တပည့်ခံပြီးမသင်ယူချင်။ စာအုပ်တွေဝယ်ဖတ်။ ပညာကိုခိုးယူ။ မူရင်းဆရာ ကိုလည်းမဖော်ပြ။ မူရင်းပညာကိုလည်း ဖုံးကွယ်ထားပြီး လုပ်စားနေသမျှ ဘုန်းကြီးရင်လည်းသက်မရှည်၊ အသက်ရှည်ရင်လည်း ဘယ်တော့မှ ဘုန်းကံ မကြီး ဘူးလို့သာ မှတ်ထား လိုက်ပါတဲ့။ )))))))---(ဆရာကြီးကြာမြင့်)
ဆရာ့စေတနာနှင့်ဆရာ့ဒေါသကို ကျွန်ုပ်ရိတ်စားမိလိုက်ပါသည်။ ယနေ့ထိ ဝန်မခံဘဲ ဆရာကြီး ဦးကြာမြင့်၏ ပညာကိုမှီပြီး ကိုယ်ပိုင်ပုံစံထွင်၍ ဆော င်းပါး အမျိုးမျိုးကို ရေလဲနှင့် ရေးနေကြသူများ နဝင်းစီးပွဲကို ကိုယ်ပိုင်ပွဲမျိုး လုပ်စားနေကြသူများ၊ ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့၊ စာတစ်အုပ်ဖြစ်ြေ မာက်စေရန် အတွက် ဆရာကြီးစာအုပ်နှင့်ဆရာကြီး၏ တပည့် ဆရာဦးလ င်းအောင်စာအုပ်များမှ အမြှီးနှုတ်ခေါင်းဖြုတ် ယူပြီး လံကြုတ်လုပ်ထား သ ည့် ဗေဒင်ကျမ်းများ၊ လက်ညှိုးထိုးပြနိုင်ပါသည်။-- (ဆရာကြီး ဦးလင်းအောင် ). .. ...... ........
ဗေဒင်အချုပ် မဟာဘုတ်နိဒါန်းကို ကိုင်တွယ်နေကြသူတွေ ဘာကြောင့် မအောင်မြင်ကြသလဲဆိုရင်?
(၁) အင်းအိုင်ခလဲ့ဆေးဝါးမန္တန်၊ အပူးအခွါကိုလက်ခံမိခြင်း၊ အဲဒါကြောင့်လဲပညာမှာ အနှောက်အယှက်ဖြစ်နေကြတယ်။---
.(၂) အကြားအမြင်ပညာခန်းကို အမတိအမတန်အားကိုးပြီးတော့ မင်းတို့အိပ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါတယ်။ လက်ရှိလုပ်ငန်းက ဘာတွေလုပ်နေတာဖြစ်တယ်။ အဲဒီလို ဒိုးကနဲ ဒေါက်ကနဲ ဗြိုးကနဲ ဗြန်းကနဲပေါ့။ အကြားအမြင်ဟောကွက်ကို အားကိုးကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ် အကြားအမြင်ဟောကွက် ပြောကွက်တွေကို သမားဂုဏ်ပြအနေနဲ့ ဟောပြော နေကြတဲ့အတွက် အဲဒီမှာ ရာနှုန်းပြည့်စွမ်းအားတွေ လျော့နေကြတယ်။ လက်တွေ့ တွေ့ပါလိမ့်မယ်။ ဒါဒုတိယအချက်။
(၃) တတိယအချက်ကကိုယ်သင်ယူသွားတဲ့ ပညာနှင့် အခြားအခြားသော ပညာတွေနဲ့ရောယှက်ပြီး သုံးနေကြတော့ တက်လမ်းတွေ ရပ်နေတာေ တွ့ရမယ်။ ဒီပညာခန်းမှာ ကြောက်စရာ အကောင်းဆုံးအချက်က အကြား အမြင်ပညာခန်းပဲ။ သမားဂုဏ်ပြခေါ်တယ်။ အာမခံချက် မရှိဘူး။ နောက် တချက် ဓါတ်ရိုက်ဓါတ်ဆင် တက်လမ်းပိတ်သွားပြန်ရော။ ဓါတ်ရိုက် ဓါတ် ဆင်ကို နေရာတကာမသုံးနဲ့ သုံးသင့်တဲ့နေရာသုံးပါ။ ဆရာနှင့် ဗေဒင်ဆွေးနွေးသူ အပြန်အလှန် ညီညွတ်မှ လုပ်လို့ရတယ်။ အဲဒါသဘောမပေါက်ဘူး။ စွတ်စွတ်လုပ်နေကြတယ်။ ပစ္စည်းပျောက် ကြည့်ေ ဟာ။ အန္တရာယ်ရှိတယ်။ ဒါကြောင့်ဗေဒင်ဆရာဟာ သဘာဝတရားကို လက်လွတ်လို့ မရဘူးဆိုတာ မမေ့ကြပါနှင့်။---- (ဆရာကြီးဦးကြာမြင့်)..... ..............
(၄) မာန်မရှိ ဥာဏ်ရှိကြမည်ဆိုလျှင် ဆရာပရတ်မတ်(မြန်မာ့ရိုးရာ ဗေဒင်လက်စွဲကျမ်း)(စာ-၂၀ဝ) လက်လှမ်း မှီသလောက် ဟိုးရှေးရှေးတုန်းမှ ယခုခေတ် ယနေ့အချိန်အထိ မြန်မာ့ ရိုးရာ ဗေဒင်ပညာကို လေ့လာကြည့်ကြမည်ဆိုလျှင်--
(၁) မဟာဘုတ်ပညာ၊
ဆရာကြီးဦးကြာမြင့်က မဟာဘုတ်ပညာနှင့် ပတ်သက် မဖော်ထုတ်နိုင်ေ သးသော အချိန်အထိအောက်တန်း(၃)လုံးမ ကောင်း၊ အထက်တန်း (၄)လုံးကောင်း၏ဟူသော အလွန် ကျဉ်းမြောင်းသည့် အဟောမှလွဲ၍ ထူးထူးခြားခြား အကျယ်တဝင့် ဟောကွက်များမရှိပါ။ ဆရာကြီးဦးကြာမြင့်သည် ပုန်းအောင်းနေသော မဟာဘုတ်ပညာ၏ တကယ့်အဆီအနှစ်များကို တွေ့လိုက်သည့်အခါ မဟာဘုတ်ပညာသည် အလွန်ကျယ်ပြန့်သော အယူအဆများဖြင့် ပြည့်စုံလာပေသည်။ လူသား တို့၏ မှားယွင်းလုပ်ကိုင်နေမိသော ဥာဉ်စရိုက် အဆိုးများကို ဘဝခရီးြေ ဖာင့်မတ် အထောက်အကူ ပြုနိုင်စေရန်နှင့် တရားဓမ္မ အားထုတ်ရာ၌လည်း အထောက်အပံ့ ပြုစေနိုင်ရန် မဟာဘုတ်ပညာဖြင့် ထောက်ပြနိုင်ခဲ့ပေသည်။ လူဆိုသည်မှာ မိမိအမှားဥာဉ်စရိုက်ကို မမြင်။ သူတစ်ပါး၏ အမှားကို မြင် တတ်ေ သာသဘောသဘာဝ ရှိကြပေသည်။ လူတစ်ယောက်သည် မိမိဥာဉ်ဆိုး၊ စရိုက်ဆိုးများ၊ မှားတတ်သည်များကို သိနားလည်ပြီး ပြုပြင်မည်။ သူတစ်ပါးနှင့် ပတ်သက်လည်း သူ့မှာ ဒီဥာဉ်အဆိုးတွေ ရှိနေတာဘဲဟု သိရှိနားလည်ပြီး သည်းခံခွင့်လွှတ် နေထိုင်ကြမည်ဆိုလျှင် မည်မျှ အေးချမ်း သာယာပါ မည်နည်း။ ထို့ကြောင့် မဟာဘုတ်ပညာသည် လူတိုင်းလေ့ လာအ ပ်သော ပညာရပ်တစ်ခုဖြစ်လာပေမည်။ ဗေဒင်ပညာရှင်တစ်ဦးသည် မိမိအတွက်သော်လည်းကောင်း သိထားအပ်သည့်အပြင် မိမိထံသို့ ဇာတာလာစစ်ဆေးသူ အားလည်း ညွှန်ပြဆုံးမခြင်းဖြင့် အကျိုးရှိနိုင်သည်။
(၂) အင်္ဂဝိဇ္ဇာ
ဆရာတော် ခင်ကြီးဖျော် လက်ထက်တွင် အင်္ဂဝိဇ္ဇာပညာရပ်သည် ဘုန်းမီးနေလ တောက်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ဥာဏ်ကြီး ရှင်တို့၏ ကျက်စားရာ ပညာဖြစ် တတ်ကျွမ်းသူ လွန်စွာနည်းပါးလှေ ပ သည်။ ဗေဒင်ပညာပါရမီရှိသော ဥာဏ်ကြီးရှင် ဆရာကြီးဦးကြာမြင့်သည် လွန်စွာ ခက်ခဲလှသော အင်္ဂဝိဇာပညာရပ်၏ လျှို့ဝှက်ချက်များ ကို တွေ့ရှိ ခဲ့ပြန်ပါသည်။
(က) နေ့သားတစ်ယောက်၏ မွေးနေ့မွေးနံတိုင်အရ မှားတတ်သော အကျင့်ဥာဉ်စရိုက် အဆိုးများ ရှောင်ကျဉ်ရန် အဖိုးတန်ပညာရပ် ကို တွေ့ ရှိခြင်း။
(ခ) ရောက်လာသော အချိန်နာရီကိုကြည့် နာမည်၊ မွေးသက္ကရာဇ်မလို အင်္ဂဝိဇ္ဇာအခါတိုင်အရ ရိပ်ဖမ်း၊ သံဖမ်း၊ ဖဝါးခြေရာကောက်၊ ကြားန မိတ်၊ မြင်နမိတ်တို့ဖြင့် ဖြစ်ဆဲကိစ္စ ပြသနာများကိုဆုံးဖြတ်ဟောပြောနိုင်ခြင်း၊
(ဂ) နေ့တိုင်၊ အခါတိုင်ကို အတိတ်တိုင်၊ မစ္စုပ္ပန်တိုင်ဟုယူပြီး နမိတ်ဖမ်း အတိ တ် ပစ္စုပ္ပန်ဟောခြင်း၊ ပစ္စည်းပျောက်၊ လူပျောက်ဟောခြင်း၊
(ဃ) မွေးသက္ကရာဇ်မလို ရောက်လာသည့် အချိန်အခါမလို ဘာနေ့သားလဲေ မးပြီးေ မွးနံတိုင်တွင် နမိတ်များကိုယူ၍ပစ္စုပ္ပန်ဖြစ်ရပ်မှန်ကို ဟောပြော ခင်း။
(င) မွေးသက္ကရာဇ်မလို၊ မွေးနံတိုင်မထူ၊ နေ့တိုင်မပါ အခါတိုင်မယူ ရောက် လာ သူ၏ ပြောဆို နေထိုင်မှုကို ကြည့်၍ ပတ်ဝန်းကျင် ကြားနမိတ်၊ မြင်နမိ တ်နှ င့်ေ ပါင်း စပ်၍ ပစ္စုပ္ပန်ကိုဟောခြင်း။......................................... ..........
(၃) ---((((((-----ဝိဇ္ဇာဓရနယ နဝင်းစီးယတြာ---)))))။
(၁) မူလမဟာဘုတ်နှင့်မွေးနံတိုင်ညှိပြီး အပိုင်နဝင်းတွဲ ရွေးထုတ်လျှက် အထက်ဆောင်ပန်း အောက်နင်းကြမ်း၊ မတွန့်စေရမူဖြင့် လိုအပ်သော အညွန့်၊ အခက်များ၊ အပ်ချည်၊ မန်းကွင်း များအသုံးပြု (နဝင်းစီး)ဓါတ် ယတြာကို တီထွင်အောင်မြင်ခြင်း၊ (((((--၄င်းဝိဇ္ဇာဓရ နယ နဝင်းေ ဆး ပညာကို ၂၀ဝ၁ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် တိုင်းရင်း ဆေးဆရာများ -သင်တန်းအမှတ်စဉ် (၁) ရန်ကုန် ဝိဇ္ဇာဓရနယ နဝင်းဆေးပညာကို ဆရာကြီး ဦးကြာမြင့် ကိုယ်တိုင်သွားရောက် သင်ကြားပေးခဲ့ပြီးဖြစ်သည်။-)))))။
...................................
ဂြိုလ်၏သက်ရောက်ပညာနှင့်လောကဓံ----
ရှေးကျမ်းအချို့တွင် လောကဓံရှစ်ပါးနှင့်ဟောပြောမှုကို သက်ခတ်ထဲ ထည့်သွင်းစမ်းသပ်ထား သည်ကို တွေ့ရသည်။ ပီပြင်လှသည်တော့မဟုတ်။ ဆရာကြီးဦးကြာမြင့်သည် ရှေးဆရာကြီးများ စမ်းတဝါးဝါး ဖြ စ်နေခဲ့ သည့် လောကဓံရှစ်ပါးကို သက်ခတ်ရှစ်ခွင်မှာ သူ့နေရာနှင့်သူ၊ အံဝ င်ေ အာင် ထည့်သွင်းနိုင်ခဲ့သည်။ ဆရာကြီးဦးကြာမြင့်၏ လောကဓံရှစ်ပါး သတ်ခတ်ဗေဒင်သည် လွန်စွာကျယ်ပြန့် နက်နဲသော အတွေးအခေါ် အယူအဆ အဟောများဖြစ်ပါသည်။ မှန်ကန်မှု အပြည့်ရှိပါသည်။ ကျွန်ုပ်အနေနှင့် ပညာကောင်းတစ်ခုကို လူသားတို့အတွက် အကျိုးရှိအောင် အသုံးပြုနိုင်မည့် လူများလက်ထဲသို့သာ ရောက်စေချင်သည်။ တပည့်ခံရ မှာကြောင့် ဒီဆရာရဲ့ ပညာကိုပြောရမှာရှက်။ သူရှာဖွေထားတဲ့ ပညာလို လိုနှင့်ဟန်ဆောင်၊ နောက်ပြီး ဗေဒင်လာကြည့်သည့် အားကိုးတစ်ကြီး လူတွေအပေါ် မတော်မတရား လောဘများဖြင့် အသပြာကို ရိတ်လှီး အကြံ အ ဖန် ဗေဒင်ဓါးမြတိုက်သည့် ဆရာဆိုးတွေလက်ထဲ ကျွန်ုပ်ရှာဖွေထားသော ပညာရပ်များ ရောက်ရှိသွားမည်ကို စိုးရိမ်စိတ်များ ရှိသော်လည်း မတတ်နို င်။ (ဆရာကြီးပရမတ်)။။။........................................... ........... .........................
ကိုယ်ထင်ရာ ကိုယ်မြင်ရာ လုပ်ချင်တာတွေ လုပ်ပြီးဒုက္ခဖြစ်မှ ကိုယ်တိုင်ပြုပြ င်ပြောင်းလဲဖို့ မစဉ်းစား မကြိုးစားကြပဲ ယတြာကိုအားကိုးနေသူများသည် ဆရာတစ်ဦးနှင့်မဖြစ်လျှင် နောက်တစ်ဦး ပညာတစ်ရပ်မဖြစ်လျှင် နော က်ပညာ တစ်ရပ်ကို မျှော်မှန်းနေတတ်ကြပါသည်။ လူမျိုးများသည်ကား - ဘုရားရှင်လက်ထက်က သားသေကို ဆေးကုလိုသဖြင့် လူမသေဘူးသေး သည့် အိမ်မှ မုန်ညင်းစေ့ ခုနှစ်စေ့ ရှာခဲ့ပါ ဆိုသည်ကို တကယ်လိုက်ရှာနေေ သာ အမျိုးသမီးထက် မိုက်မဲရာကျပြီး မြေကြီးပျောက်မှာ ကြောက်ပြီး တစ်ည(၃)ကြိမ် မြေကြီးဆင်းစမ်းသော မျောက်မျိုး၊ မိုးပြိုမှာကြောက်ြ ပီးြေ ခနှ စ်ချောင်း ထောင်အိပ်သော တစ်တီတူငှက်မျိုး၊ မြေကြီးကုန် မှာ ကြောက်ြ ပီြးေ မကြီးစားပြီး မြေကြီးပြန်ထုတ်သော တီကောင်းမျိုးကဲ့သို့ --(ဆရာကြီးဦးလင်းအောင်)----------.... .............................. ................... ............
-....................-တပည့်တို့
၎။ ]ဗေဒင်ဆရာတစ်ယောက်ဟာ ကိန်းဂဏန်းတွေ အားကိုးနေသမျှ အမှန်ကိုတွေ့မှာ မဟုတ်သေးဘူး။ ပတ်ဝန်းကျင်သဘာဝတရားနဲ့ အတွေ့အကြုံ ပေါင်းစပ်နိုင်မှ အားကိုးထိုက်တဲ့ ဆရာဖြစ်ပြီဟူ မှတ်ပါ၊ ဗေ ဒင်နှင့် ပတ်သက်၍ ကိုယ်ပိုင်ဥာဏ်အတွေ့အကြုံမရှိသေးဘဲ ကျမ်းအားကိုးေ နရင် မိမိကြောင့် လူတွေ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထော င်ေ ရးတွေ ပြိုကွဲ၊ ပျက်စီးကုန်မှာပေါ့၊ လောကအကျိုး၊ သံသရာအကျိုး ကို မျှော်ေ တွး ဗေဒင်ဆရာတို့ သတိပြုသင့်သည်။ ]]မည်သည့်ဗေဒင်ဆရာမျိုးမဆို}} မည်မျှပင်တော်၊ တတ်နေပါစေ၊ မည်မျှ ထင်ပေါ်ကြော်ကြားနေသည်ဖြစ်စေ မိမိအကြောင်းကိုမျှ ပိုင်ပိုင်နိုင်နိုင်မသိသေးသမျှ ဆရာ အညံ့စားထဲမှာပင်ရှိေ သး သည် ဟုမှတ်ရမည်။
ပညာရပ်တစ်ခုကို တပည့်မခံ၊ ဆရာမတင်လိုဘဲ အားလုံးငါတတ်သည်ဟူေ သာ ဆရာများအတွက် ကျွန်ုပ်တို့၏ ဗေဒင်စည်းကမ်း၊ နည်းလမ်းများကို မသိနိုင်သေးသမျှ (သို့မဟုတ်) ဆန့်ကျင်ဘက်ပြုနေသမျှ ကာလပတ်လုံး၊ (ဥာဏ်၊ ဝိရိယ၊ လုံ့လ၊ အရင်းအနှီး၊ စိုက်ထုတ် လုပ်ကိုင်နေ ကြသော်လည်း) ဥစ္စာ၊ စည်းပွား၊ ဂုဏ်၊ ရာထူး၊ စည်းစိမ်၊ အိုးအိမ်၊ ချစ်ခင်အပ်သော၊ သား၊ သမီး၊ လင်၊ ဇနီး၊ မိဘများနှင့် သေကွဲ၊ ရှင်ကွဲ၊ ကွဲပြီး၊ ဆင်းရဲ၊ မွဲတေခြင်းဘဝ သို့ ခပ်မြန်မြန် ကူးရောက်သွားတတ်ပါသည်။ (ဆရာကြီးဦးလင်းအောင်)။.. ......................
ဤနေရာမှနေ၍ စာရှုသူအား အထူးသတိပေးလိုပါသည်။ အင်္ဂဝိဇ္ဇာအတတ်ပညာနှင့် မဟာဘုတ် ဗေဒင်ပညာရပ်များသည် ကျွန်ုပ်၏ ဆရာကြီး(ဦးကြာမြင့်) ထံမှ သန့်သန့်ရှင်း ရှင်း သင်ယူတတ်မြောက်ခဲ့ပြီး ယခုကျွန်ုပ်ထံမှ တစ်ဆင့် သင့်ထံသို့ ကူးရောက်ခဲ့ပြီဖြစ် ပါသည်။ အကယ် ဤအတတ်ပညာကို သင်အသုံးမပြု၊ လက်ခံခြင်းမရှိပါက၊ မည်သို့မျှ အကြောင်းမဟုတ် သော်လည်း မိမိဘဝအတွက် ဤအတတ်ပညာကို မှီး၍ သွယ်ဝိုက် အသုံးချဆောင်ရွက်ခဲ့မည် ဆိုပါက မူလဆရာကြီးသည် (ဆရာကြီးဦးကြာမြင့်)ဖြစ်ကြောင်းနှ င့် ဒုတိယဆရာသည်၊ ယခုစာရေးသူ --(ဦးလင်းအောင်) ဖြစ်ကြောင်း စိတ်တွင်းမှ ဝန်ခံက တိပြုရန် လိုပါသည်။ စာကိုဖတ်သည့်အချိန် ကာလကစပြီး သင်ဆရာ၊ မြင်ဆရာအပေါ်၊ ဖုံး၊ ကွယ် မိမိကိုယ်တိုင် တတ်သိထားကြောင်း မူလကတည်းက တတ်သိထားခဲ့ကြော င်း၊ ဖေါ်ြ ပပြီး၊ သံတူကြောင်းကွဲပြုသူ့ပညာငါ့ပညာ ဟုဆိုခဲ့ေ သာ် နဝင်း တိုင် ပညာ၏ နဝင်းအား သက်ရောက်မှုများက သင်နှင့် တကွ သင့်ပတ်ဝ န်းကျင် စိတ်တူသဘောတူအားလုံး အပေါ် ခိုက်(၃)ချက်ကျေ ရာက်ပြီး ဘုန်းကြီး အသက်မရှည် သက်ရှည် ဘုန်းမကြီး၊ ဖြစ်ရမည်ဖြစ်ကြောင်း၊ သတိေ ပးအပ်ပါသည်။ (ဆရာကြီးဦးလင်းအောင်)။............................... ......
ယခုကျွန်ုပ်၏ စာမူကိုဖတ်ရှုနေသူသင်သည်လည်း .... ကျွန်ုပ်တွေ့ရှိဖော်ထုတ်အသုံးပြု နေသော (၇)နေ့သားသမီးအားလုံးအတွက် တစ်သက်တာ ထိရောက်လွယ်ကူစွာ ကြည့်ရှုနိုင်သော လောကဓံစက်ဝိုင်းနှင့် အတွေးအခေါ် အယူအဆအ သုံးအနှုံး (အမြင်သစ်)များကို အသုံးပြုခဲ့မည်ဆို ပါ က၊
သင်၏ လောကဓံ(အမြင်သစ်)ဆရာသည်။-
--စသည်ဖြင့်-ဘဝနဲ့အချိန်ကိုအမျိုးမျိုးရင်းပြီး ကိုယ်တိုင်ရှာဖွေ တွေ့ရှိထားတဲ့ ဆရာ့ဆရြာ ကီးေ တွ ကတော့မခံရပ်နိုင်လို့အ သိပေးသွားခဲ့ပြီ ဆိုတာ မော င် ရင်တို့သိထားေ စခြင် တာပါ}})။
(ဆရာခုလိုအကိုးအကားနဲ့ပြောပြမှဘဲ-ဗေဒင်လောကမှာ-ဒီလိုသစ္စာမဲ့မှုတွေ ရှိေ န တယ်ဆိုတာသိလိုက်ရတယ်-စိတ်မကောင်းစရာဘဲဆရာ)
]] နောက်ဆုံးအနေနဲ့ပြောရရင်တော့----ပညာကိုတပည့်ခံသင်ယူခြင်းမပြုဘဲ စာအုပ် ဖတ်ပြီး မိမိကိုယ်ပိုင်ပညာဖြစ်သရောင်ရောင်နဲ့သစ္စာမဲ့စွာ-အသုံးပြုေ နကြခြင်း။
-ပညာရဲ့တပိုင်းတစကိုမိမိတို့ပညာရပ်ထဲကိုရောစပ်ပြီးမိမိတို့ပညာဖြစ်သရောင်ရောင်နဲ့အသုံးပြုနေကြခြင်း။
-မိမိတို့ဆရာမူပိုင်ပါလို့မဟုတ်မှန်းသိရဲ့နဲ့ ဗြောင်ကျကျလုပ်ကိုင်စားသောက်နေကြခြင်းစတဲ့ပညာရှင်အမည်ခံ(သစ္စာမဲ့)သူတွေကြောင့်-................................................... ...............
-(((((----ပညာကို ဆရာစားချန်၍ သေရွာယူသွားရခြင်း အကြောင်း-ဖြစ်ပါတယ်။--)) )))) )- -----လို့ဘဲပြောလိုက်ခြင်တော့တယ်)။
Like
Comment

No comments:

Post a Comment