Sunday, May 15, 2016

-------ယတြာကြောင့်လား / ကံကြောင့်လား--)။...........

((-------ယတြာကြောင့်လား / ကံကြောင့်လား--)။.............................. ...........
]]ဆရာကြီး ဘာမှာမလည်း}} တပည့်ဖြစ်သူနှင့် (-----) ဘုရားဝင်း အတွင်း လဘက်ရည်ဆိုင်ထိုင်ကြစဉ်က တပည့်ဖြစ်သူမှ မေးလိုက်ခြ င်းဖြစ်သည်။
]]ရှယ်ချိုဆိမ့်နဲ့ ပဲပလာတာတပွဲမှာလိုက်ပါကွာ}} တပည့်ဖြစ်သူနှင့် စားသောက်နေစဉ် . . .
]]ဒါ မင်းဘာအချိုးချိုးတာလဲ}} ဟူသော စကားသံကြောင့် အသံ လာရာဆီသို့ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်း စားပွဲတစ်ခုတွင် လူနှစ်ယောက် အချေအတင် ပြောနေကြခြင်းဖြစ်သည်။
တပည့်ဖြစ်သူမှ မသိဟန်ဆောင်နေရန် အချက်ပြသဖြင့် အသာငြိမ်နေ လိုက်ရသည်။
]]ဘာကိုပြောတာလည်းဆရာ}}
]]ဘာကို ပြောရမှာလည်း ငါလွှတ်လိုက်တဲ့ ဖောက်သည်ကို ဈေးပို ယူလိုက်တာလေ}}
]]ဒါကကျနော်တို့အပိုင်း ဆရာတို့အပိုင်းက ပုံထုဖို့ လမ်းညွှန်ယုံဘဲ}}---- ]]ဒီလိုဘယ်ဟုတ်မလည်းကွာ . . မင်းကိုယုံလို့ ငါ့ဖောက်သည်ကို လွှတ်လိုက် တာဘဲ}}
]]ဆရာလုပ်သက်နုသေးလို့ပါ၊ တကယ်ဆိုရင် ကျနော်တို့နဲ့ ဆရာတို့က လုပ်ငန်းခြင်း ဆက်စပ်နေတာပါ။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိဖို့တော့ လိုမယ်ဆရာ။ ဒီဘုရားမှာ ဆရာစဉ်ဆက် ကျနော်တို့နဲ့ လုပ်စားနေကြတာပါ}}
ဒီစကားအသုံးအနှုန်းအရဆိုရင် ဗေဒင်ဆရာနဲ့ ပန်းပုဆရာဖြစ်ပုံရ သဖြင့် အသာနားစွန့်နေလိုက်သည်။
]]ဟိုတလောကလည်း ဝင်အူသားမှာလိုက်တာ တခြားအသားနဲ့ ထုပေး လိုက်တယ်}}
]]ဆရာကတော့ ပြောလေနားမလည်လေ ဖြစ်နေပါပြီ။ ဆရာက ခုမှ ဗေဒင်ဆရာလုပ်ခါစဆိုတော့ ဒီလောကအကြောင်း ဘာမှနားမလ ည်သေးလို့ပါ။ နောင်ကို ဆရာမှတ်ထားရမှာက ဆရာအလုပ်က လိုအပ် တာပြောလိုက်ရုံဘဲ၊ ကျန်တာက ကျနော်တို့ အပိုင်းဆရာရဲ့ . . .}}
]]ဒါတော့ ဘယ်ကောင်းမလဲ၊ ကိုယ့်ကိုယုံကြည်လို့ လာအပ်တဲ့ဟာကို မှန်မှန်ကန်ကန်လေးတော့ လုပ်ပေးသင့်တာပေါ့}}
]]နေပါဦး ဆရာ၊ ကျနော်ဆရာမှာလိုက်တဲ့ အသားအစစ်နဲ့ လုပ်ပေး လိုက်လို့လည်း ဘာဖြစ်လာမှာမို့လို့လည်း}} အခြေအနေကြည့်ရတာ ပွဲကြမ်း မည့်သဘောဖြစ်နေသည်။----]]ဟေ့ကောင် မင်းပညာကို မစော်ကားနဲ့နော်}}
]]ကျနော့်အကြောင်းလည်း စုံစမ်းကြည့်ပါဦးဆရာ။ မွေးကထဲက ပန်းပု ဆိုင်ထဲမှာ မွေးလာတာပါ။ ဆရာကခုမှ ဗေဒင် လောကထဲ စဝင်လာကာစဘဲ ရှိပါသေးတယ်။}}
]]နှစ်ကြာတာတွေ မကြာတာတွေ ပြောမနေပါနဲ့ဗျာ။ ခင်ဗျား အဲဒီလို စိတ်ဓါတ်မျိုးရှိနေရင် ကျုပ်တခြားမှာ ပြောင်းအပ်တော့မှာနော်}}
]]ဒါကတော့ ဆရာ့သဘောဘဲလေ။ စိတ်ဆိုးစရာမှ မဟုတ်ဘဲ၊ ဆရာ အဆင်ပြေသလိုလုပ်ပါ။ ခုခေတ်ဒီလောက ဒီပတ်ဝန်းကျင်မှာ ကျနော်ဟာ အသက်သာဆုံးနဲ့ အဆင်အပြေဆုံးဆိုတာ သိတဲ့တနေ့ ဆရာကျနော့် ဆီ ပြန် လာ မှာပါ}}
ပန်းပုဆရာစကားလည်းဆုံးရော ဗေဒင်ဆရာ ဝုန်းကနဲ ကောက်ထ ကာ ဒေါသတကြီးဖြင့် ထွက်သွားလေတော့သည်။
]]မင်္ဂလာပါဆရာ}} ဟူသော စကားသံနှင့်အတူ တပည့်ဖြစ်သူကို လက်ပြ နှုတ်ဆက်ရင်း ပန်းပုဆရာ ကျွန်ုပ်တို့ စားပွဲဝိုင်းသို့ ရောက်ရှိ လာေ လတော့သည်။
]]ဘာတွေဖြစ်နေတာလည်း ကိုပန်းပုရဲ့}}
]]ဆရာတို့လည်း ကြားမယ်ထင်ပါတယ်။ ဗေဒင်ဆရာ လက်သစ်လေး တစ်ယောက်ပါ။ ခုမှ ဗေဒင်လောကထဲ စဝင်လာတာဆိုတော့ ဗေဒင်ဆရာနဲ့ ပန်းပုဆရာတို့ရဲ့ ဆက်ဆံမှုသဘောကို နားမလည်သေးတော့ နားလည်မှုလွဲ ----နေတာပါ}}
]]ဘယ်လိုနားလည်မှုလွဲတာလည်းဗျ။ သူပြောသလို သူမှာတဲ့အသား စစ် တော့ကော ဘာဖြစ်မှာမို့လို့ဆိုတဲ့ စကားကိုသူတော်တော် ခံပြင်းသွားပုံ ရတယ်ဗျ}}
]]ဟုတ်တယ်ဆရာ . . ဗေဒင်ဆရာတော်တော်များများကတော့ သူတို့ အယူ အဆနဲ့ သူတို့အထင်တော့ ဟုတ်နေကြတာပေါ့}}
]]ဘာကိုဆိုလိုတာလည်းကို ပန်းပုရဲ့ရှင်းစမ်းပါဦး}}
]]အဲဒီအသားစစ်မစစ်ဆိုတဲ့ အကြောင်းလေးပါဆရာ}}
]]ဘယ်လို အသားစစ်မစစ်ပြောတာလည်းဗျ}}
]]ကျနော်တို့က မိဘတွေရဲ့ လက်ငုတ်လက်ရင်းလုပ်ငန်းဖြစ်နေ တာရယ်၊ ကျနော်ကိုယ်တိုင်ကလည်း ဝါသနာပါတာရယ် ကြောင့် ဒီပန်းပု လုပ်ငန်းကို လုပ်နေတာပါ။ ဆရာပေါင်းစုံ ပညာပေါင်းစုံနဲ့ နေ့စဉ်တွေ့မြင်ေ နရတာရယ်၊ ကျနော်ကိုယ်တိုင် ကလည်း ဗေဒင်ပညာကို နားလည်သင့် သလောက် နားလည်သိကျွမ်းထားတာရယ်ကြောင့် (ယတြာ) အကြော င်းပြောတဲ့ ဆရာတွေနဲ့ မကြာခဏ ခုလို အခြေအတင်ဖြစ်ရတယ်}}
]]ဘာဖြစ်လို့ အခြေအတင်ဖြစ်ရတာလည်းဗျ}}
]]အခု ဆရာတို့ ကြားလိုက်သလိုဘဲလေ၊ အသားစစ်မစစ်ဘဲ မေးတော့ တာဘဲ၊ ကျနော်တို့လည်း အတတ်နိုင်ဆုံး တတ်နိုင်သမျှ အသားကိုစစ်တာေ တွဘဲ လုပ်ပေးတာပါဘဲ။ ဒါပေမဲ့ တခါတလေမှာ ဗေဒင်ဆရာနောက် တိုးေ ခါ် ရမလား၊-- နောက်ပေါက်ဘဲ ခေါ်ရမလား မသိပါဘူး။ စာအုပ်ထဲပါတဲ့ ရန်ကုန်မှာမရှိနိုင်၊ မရနိုင်တဲ့ အသားတွေကို စာအုပ်ထဲကအတိုင်း လာမှာေ ရာ။ သူတို့ကိုယ်တိုင်ကလဲ အဲဒီအသားကိုမမြင်ဘူး။ မသိဘူး။ ဖြစ်နေ တတ် တယ်}}
]]ဘယ်လိုအသားမျိုးတွေလည်း ကိုပန်းပုရဲ့}}
]]ဥပမာဆရာရယ်၊ သစ်အယ်ဝင်အူ + သီးသား + သင်အူသားဆိုတာ မျိုးတွေပေါ့}}
]]ဒီအသားတွေက ဘာဖြစ်လို့လည်းဗျ}}
]]ဒီအသားတွေက ရှာတာကတမျိုး။ တချို့အသားတွေက အရုပ်ထုလို့ မရတဲ့အသားတွေဆရာ}}
]]ဗဟုသုတိအနေနဲ့ပြောပါဦး ကိုပန်းပု၊ ဘယ်လိုရှားပါးပြီး ဘယ်လိုထုရ ခက်တာလည်း}}
]]ဝင်အူသားကို ဗေဒင်ဆရာတော်တော်များများ မမြင်ဘူးကြ ဘူး ဖြစ်နေ တယ်။ ဝင်အူပင်ဟာ နွယ်ပင်မျိုးဗျ။ အသားက တခြား သစ်တွေလို မဟုတ် ဘူး။ ငှက်ပျောပင်လိုမျိုး အထပ်ထပ်တွေနဲ့ တည်ေ ဆာက်ထားတာ ဆိုတော့ အသားမာပေမဲ့ အရုပ်ထုရတာ တော်ေ တာ် လက်ဝင်တယ်}}
]]နောက်တမျိုးက သင်အူပင်။ သင်အူပင်က ကျွန်တော်တို့ ခင်းအိ ပ်နေတဲ့ ဖျာရက်တဲ့အပင်။ အပင်ကြီးရင် ဝါးပင်လိုမျိုး ဖြစ်တာဆိုတော့ သင်အူသားကို မမြင်ဘူးတဲ့ ဗေဒင်ဆရာက အရုပ်ထုခိုင်းလိုက်တယ်။ ကဲ . . ဘယ်လိုလုပ်ကြ ----မလဲ}}
]]ခင်ဗျားတို့ဘက်ကကြည့်တော့လည်း ဟုတ်နေတာပဲ}}
]]ကျနော်တွေ့ဖူးတဲ့ ဖြစ်စဉ်တချို့ဆိုရင် . . ဗေဒင်ဆရာပြောတဲ့အပင် ကို ရန်ကုန်တမြို့လုံး လိုက်ရှာလိုက်တာ လနဲ့ ချီပြီးကြာသွားတယ်။ မရဘူး ဖြစ်နေတော့ ကျနော်ကသနားတာနဲ့ ကျနော့်မှာရှိတဲ့အသားကို ထုပေးလိုက်တာ သူတို့လုပ်ငန်း အဆင်ပြေတဲ့အကြောင်း၊ ကျေးဇူး တင်တဲ့အကြောင်း အားရဝမ်း သာနဲ့လာပြောပြ တယ်။ အသားကသူ တို့ပြောတဲ့အသား မဟုတ်ဘူးနော်}}
]]နောက်တစ်ခုက သူတို့ပြောတဲ့ ရှားရှားပါးပါးအသားကို မရရအောင် ရှာပေးလိုက်တာဘဲ။ သူတို့လုပ်ငန်း မအောင်မြင်ကြောင်း သိလိုက်ရတယ်။ အဲဒီမှာ ကျနော် စဉ်းစားပြီ . . နှစ်တွေအတွေ့အကြုံများလာတော့မှ အေ ဆာင် ယတြာနဲ့ ပတ်သက်လာရင် သိပ်စိတ်မဝင်စားတော့ ဘူး။ ဗေဒင် ဆရာကတော့ ဒါတွေသိပုံ မရဘူး။ သူပေးလိုက်တဲ့ အဆောင်ယတြာကြောင့် ဘာတွေ ထူးခြား လည်း ဖြစ်မဖြစ်။ ဟုတ်မဟုတ် သူမသိနိုင်ပေမဲ့ ကျနော်တို့ ပန်းပုဆရာတွေ ကတော့ မသိချင်လည်း သိနေရတာဘဲလေ}}
]]ခင်ဗျားဆိုလိုတာက}}
]]အဆောင်ယတြာမလုပ်ဘဲ သူတို့ကိစ္စတွေအောင်မြင်သွားကြသလို အဆောင်ယတြာတွေ သိန်းချီအကုန်ခံပြီး မအောင်မြင် မဖြစ်မြောက်တာတွေ တွေ့လာရတာကိုပြောတာပါဆရာ}}
]]ဒါဖြင့် ကိုပန်းပု ယတြာကို ဘယ်လိုမြင်လည်းဗျ}}
]]ကျနော် ပန်းပုထုလာတဲ့သက်တမ်းတလျှောက်မှာ ဗေဒင်ဆရာတွေနဲ့ အဆင်မပြေဘူးဆိုတာ မရှိသလောက်ပါဘဲ။ အခုလိုဆရာပါးမဝသေးတဲ့ ဆရာ ပေါက်စလေးတွေနဲ့တော့ အဖုအထစ်လေးတွေရှိတာပေါ့ ဆရာရယ်}}
]]ကျနော်လည်း ဗေဒင်နည်းနည်းပါးပါးတော့ တီးမိခေါက်မိသိထား ပါတယ်။ ယတြာလုပ်တိုင်းဖြစ်နေရင် ခင်ဗျားတို့ ဗေဒင်ဆရာတွေ အရင်ဆုံး အဆင်ပြေနေ ကြမှာပေါ့။ ကျနော် ဒီမှာ ပန်းပုထုလာတာ ကျနော်အသက် (၅၀) ကျော်နေပြီဆရာ။ ကျနော့်အသိမိတ်ဆွေဗေဒင်ဆရာတွေထဲမှာ လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေးကျန်းမာရေးကအစပြေ လည် တာ သိပ်မတွေရဘူးဖြစ်နေတယ်ယတြာတွေ လုပ်တိုင်းဖြ စ်နေရင် ခင်ဗျား တို့အရင် လုပ်ယူ ကြပါလားလို့ မေးတော့ ကျနော့်ကို စိတ်ဆိုးကြတယ်}}
]]ခင်ဗျားလည်း မခေသူထဲမှာပါနေပြီဘဲ လျော့တွက်လို့မရသူဘဲဗျ}}
]]အတွေ့အကြုံလို့ပဲ ပြောရမှာပဲဆရာ။ လက်တွေ့ကျကျ ကျနော်လည်း လေ့လာပါတယ်။ ခုန ကျနော်ပြောသလို နေ့စဉ်တွေ့ လာရတော့ လူ့ဘဝမှာ (ကံ)က အရေးကြီးဆုံးဆိုတာကို မြင်လာ သိလာရတော့တာပါဘဲဆရာ။ ဆရာတို့ ပြောနေကြ စကားငှာြးေ ပာရ ရင်လူဆိုတာဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ပျရတယ်ဆိုတာလိုပေါ့ဗျာ}} ---]]ဒါကြောင့် ကျနော်ယတြာနဲ့ ပတ်သက်ရင်စိတ်မဝင်စားတော့ ဘူးလို့ ပြောတာပေါ့ဆရာ}}
]]အေးဗျာ . . ဒီနေ့ခင်ဗျားနဲ့တွေ့လိုက်ရတာ တော်တော် အကျိုးရှိ တယ် ပြောရမယ်ဗျ။ လူ့ဘဝမှာ မိမိကံက အရေးကြီးဆုံးဆိုတာ ခင်ဗျားလို လူတော်တော် များများ သိထားကြမယ်ဆိုကြရင်ဖြင့် . . }}.......................... ......

No comments:

Post a Comment