Friday, September 30, 2016

......((((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၃)။..))))) ...................


............((((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၃)။..)))))
...................

...........ကျွန်ုပ်ဟောပြောလမ်းညွှန်လာခဲ့သည့် ကာလအတွင်း ပျော် လို့ ဗေဒင် လာမေးတဲ့လူ တော်တော်လေးနည်းပါတယ်။ ဘယ်အချိန်တွေမှာ ဗေဒင်အများဆုံး မေးလေ့မေးထရှိကြသလဲ--? .......(၁) ဆုံးဖြတ်ချက်ခက်ခဲတဲ့အခါမျိုးမှာလာကြ တာများပါတယ်။ဥပမာ -အိမ်ပြောင်းမယ်၊ လုပ်ပြောင်းမယ်၊ နိုင်ငံခြားသွားမယ်၊အိမ်ထောင်ပြုမယ်၊ တခုခုရောင်း မယ်ဝယ်မယ်-အဲဒီလို ဆုံးဖြတ်ချက် ခက်ခဲတဲ့အခါမျိုးနဲ့၊ ..........(၂)နောက်တစ်ချက်ကလုပ်ချင်တာ တွေရှောက်လုပ်ပြီး ဒုက္ခဖြစ် မှရောက်လာကြတာများပါတယ်။ရောက်လာရင်လဲ ဘာမှေ ထွ ထွေ ထူးထူးစဉ်းစားမနေနဲ့၊ သူတို့ရောက်လာတာကသူတို့လိုက် လုပ်လို့မရ တဲ့ကိစ္စကိုရ အောင် လုပ်ပေး နိုင်မယ့်ဆရာလိုက်ရှာနေကြတာပါ။ နောက် တချက်ကသူတို့လုပ်ချင်တာ တွေရှောက် လုပ်ပြီးမှသူတို့တွေရဲ့ဒုက္ခတွေ က လွတ် ကင်းအောင် လုပ်ပေးနိုင်မလား ဆိုးပြီး (((----ကယ်မပေး မယ့် ဆရာ...))))လိုက်ရှာနေကြတာပါ။ (((---လိုက်အလိမ်ခံနေကြတာ...)))ဆို ပါတော့။(ကိုယ်စိုက်တဲ့ ငှက်ပျောပင် ငှက်ပျောသီးပဲ သီးမှာပေါ့- ဆိုလိုတာ သဘော ပေါက်တယ်နော)လူတစ်ယောက်ရဲ့ဘဝကိုကံက ချုပ်ထားပြီး သားဆိုတာကို မသိကြတာပါဘဲ။ ကံဆိုတာဘာလဲ-? ကံဆိုတာအ လုပ် ကိုခေါ်တာပါ လို့ပဲအများနားလည်အောင်ပြောရတော့မှာဘဲ။ လော က ဓံ(အမြင်သစ်) မူမှာကံကိုနှစ်မျိုးခွဲထား ပါတယ်။ ယခင်ဘဝက မိမိပြုလုပ် ခဲ့တဲ့ ကံရယ်၊ ယခုလက်ရှိ ဘဝပစ္စုပ္ပန်မှာမိမိပြုလုပ်ခဲ့တဲ့ကံ။ပြု လုပ်နေေ သာကံ၊နောင် ပြုလုပ်ဦးမယ့်ကံရယ်လို့ ဆိုထားပါတယ်။
လူဘဝသည်(၈)နှစ်လျှင်တစ်ကြိမ်ပြောင်းလဲနေပါသည်။ ထို(-၈-)နှစ်တွင်(-၄-)နှစ်သည် ကံကောင်းနေပြီး၊ ကျန(်-၄-)နှစ်သည် ကံညံ့နေသည်ဟု သတ်မှတ်ဟောပြောလမ်းညွှန်နေပါတယ်။ (-၄-)နှစ်ကံကောင်းနေသည် ဆိုသည်မှာ ယခင်ဘဝက မိမိပြုလုပ်ခဲ့တဲ့ ကံဖြစ်ပြီး ကံကောင်းနေ သည်ဟု ပြောတာက အရင်ဘဝက ကံ။ ကံကောင်းနေတယ်လို့ သိသွားတာက Óဏ်။ ရအောင်လုပ်ယူ ရမှာက လက်ဘဝရဲ့ကံဖြစ်ပါတယ်။ (((....ပေါ်တာကအရင်ဘဝကံ+ သိတာကÓဏ်+ ရအောင်လုပ်ယူ ရမှာက ယခုဘဝကံ....)))။ လို့ဆိုလိုတာပါ။ ကိုယ်လုပ်ရင်ရမယ်။ မလုပ်ရင်ထင်သ လောက်မရဘူး။
ကံ ညံ့ချိန်-၄-နှစ်ဆိုသည်မှာ ယခင်ဘဝက မိမိပြုလုပ်ခဲ့သော ကံကိုဆိုလိုသည်။ ကံ မကောင်းဘူးလို့ သိတာကÓဏ်၊ ဒုက္ခဆိုတာပေါ်ရုံပေါ်နေတာပါ ကိုယ်မလုပ်ရင်မဖြစ်ပါဘူး။ (ပေါ်လာတဲ့ ဒုက္ခဆိုတာအရင်ဘဝကံ+ကံမကောင်းဘူးလို့သိတာကÓဏ်+ဒုက္ခဆိုတာကိုယ်လုပ်မှ ဖြစ်တာပါ)။(ကဲတွေးတောစဉ်းစားပေတော့မိတ်ဆွေ)-(၈)နှစ်မှာ(၄)နှစ်ကံကောင်းတယ် ဆိုပေမယ့်.တကယ်ကံကောင်းတာက-(၂)-နှစ်ပဲရှိပါတယ်။ ပထမ-(၂-)နှစ်သည် အကြောင်း+ ဒုတိယ-(၂ )-နှစ် သည်အကျိုးဖြစ်သည်။
............................................. ။

Thursday, September 29, 2016

......(((...စည်း..၂.)))............

...............


.........................................(((...စည်း..၂.))).......................
..............................................
( ဒီတပါတ် ဘာအကြောင်းကို ဦးတည်ပြီးရေးထားတာလည်းဆရာ)
ကျွန်ုပ်၏ ဘဝနေနည်းများကိုဟောပြောလမ်းညွှန်ရာ...ရန်ကင်းမြို့နယ် မိုးကောင်းဘုရားအရှေ့မုခ်။အမှတ်(ခ)၊(ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီး)ဓါတ်ခန်း အတွင်း ဟောစာတန်းများရေးနေစဉ်...
တပည့်ဖြစ်သူမောင်ရာဇာ၏ အမေးကြောင့် ရေးပြီးသားဆောင်းပါး ကို အောက်ပါအတိုင်းပြော့ပြလိုက်ရပေသည်။
((( တနေ့က ဆရာရေးခဲ့တဲ့ လောကဓံ(အမြင်သစ်)ဟူသည်။အမှတ် (၈)ဆိုတဲ့ ဆောင်းပါးကိုဖတ်ပြီးလူငယ် ဗေဒင်ဆရာတယောက်က သူ့ထင်မြင်ချက်တွေဝင်ရေးလာလို့ ဆရာ့ပညာ ဆရာ့အယူအဆ ဆရာ့ခံယူချက်တွေကို သူနားလည်အောင်ပြန်ရေးပြထားတာပါ။ )))။
( သူကဆရာရေးထားတာကို ဘာတွေ ဘယ်လိုဝေဖန်ရေး လာလို့ လည်းဆရာ )
((( ဆရာ့ဆောင်းပါး လောကဓံ(အမြင်သစ် )ဟူသည်။အမှတ်(၈)ကို ဖတ်ပြီးဘာသာရေးကိစ္စတွေရော -မဂ်ဥာဏ်-ဖိုဥာဏ်တွေရော-ကိုင်ရိုတွေ-ဆရာစန္ဒြရ-ကောဏ္ဌည-နိဗ္ဗာန်တွေ-ပရိတ်ကြီး(၁၁)သုတ်တွေ-ဂါထာ-မန္တာ န်တွေ -ဘိုးမင်းခေါင်ကို ဗေဒင်ဆရာတွေပြားပြား ဝပ်ကိုးကွယ်နေ တာေ တြေ ရာ-ဘယ်နေ့သေမယ်-ဘယ်နေ့ထီပေါက်မယ်-ဘယ်နေ့အိမ်ထောင် ကျနိုင်မလည်းပြောနိုင်ပါရဲ့လား))) ဆိုပြီး..စတဲ့စတဲ့ နှစ်ပေါင်းသောင်းခြောက်ထောင်က စကားလုံးတွေနဲ့ ချည်ပြီးတုတ်ပြီးဖြစ်မယ်ထင်ပြီး-ရေးထားလိုက်တာ ဆရာ့မူတွေနဲ့ သူရေးထားတာတွေနဲ့ ဘယ်လိုမှမပတ်သက်ဘူးဖြစ်နေ တယ်။............... ((( ဆရာ့ဆောင်းပါးတွေတောင်သေချာဖတ်ဘူးပုံမရပါဘူး။ ဆရာ့လမ်း စဉ်က-သီလ-သမာဓိ-ပညာဘဲ။ ဘိုးမင်းခေါင်တွေ-သူရသာတီတွေ-ဆရာ့တို့လမ်းစဉ်မှာမရှိဘူး။-ဗေဒင်နဲ့ ဘိုးမင်းခေါင် ဘယ်လိုပတ်သက်လို့ ဘယ်ဗေဒင်ဆရာတွေ ပြားပြားဝပ် ကိုးကွယ်နေတာလည်းတော့ ဆရာ လည်း မသိဘူး။ ဒါ့ကြောင့် ဆရာ့တပည့်တွေနဲ့ ဆရာ့စာဖတ်ပရိတ် သတ်တွေ မြင်ရင်ရယ်စရာဖြစ်နေမယ်ဆိုတာ သူသာသိလိုက်ရင်....)))
( ကျန်တာ ဘာတွေများ ထူးခြားချက် ရှိသေးလည်းဆရာ )
((( ရှိပါသော်ကောလား မောင်ရာဇာရယ်..ထူးခြားအားကြီးလို့ လုပ်ကြံထားတဲ့ လန်ကြုတ်ဇာတ်လမ်းလို့တောင်ထင်နေကြဦးမယ်)))
( ဆိုလှချည်လားဆရာရယ် )
( ဆိုရတဲ့ အကြောင်းကို မောင်ရာဇာကိုယ်တိုင်ဖတ်ကြည့်လိုက်ရင် သိလာမှာပါ။သူထင်ထားတာက ဆရာရေးတဲ့ လောကဓံ(အမြင်သစ်) ဟူသည်ဆောင်းပါးကို ခုမှရေးပြီးတင်တယ်ထင်နေပုံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်တရက် လောကဓံ(အမြင်သစ်)အမှတ်(၉) ရေးတင်လိုက် တော့ အမှတ်(၈)မှာသူရေးလိုက်တဲ့စာကြောင့် ဆရာအ ချိုးပြောင်းပြီး ရေးတယ်ထင်ပြီး..။
(((Aill right-.)-ဒီ လိုရေးမှအမှန်ပေါ့။))) လို့ထပ်ရေးလာ တယ်။ တကယ်တော့ ဆရာအခုတင်ပေးနေတဲ့ ဆောင်းပါးက ( ၂၅-၅- ၂၀၁၄) ရက်စွဲနဲ့ (ဓနသိဒ္ဓိ)စာစောင်မှာရးတင်ထားတဲ့ ဆောင်းပါး တွေကိုပြန် တင်ပေးတာမသိလို့ ဝင်ရေးတာဖြစ်မှာပါ။
နောက်တခု ထူးခြားတယ်ဆိုတာက -(((-ကျနော့အသက်-၂၉-နှစ်-စနေသား-(၅)ြွကင်း-ခုဆို(မရဏ)သက်ရောက်ပေါ့)))-နာမည်ကလည်း လက်ဆန်းပညာအရတိုင်ခြေမှာ ...ငွေနံကလည်း အဆိုးဆုံး(မရဏ )ဂြိုလ်ကပ်နေတာပါ။((( ဒါပေမဲ့ ဘာမှမဖြစ်ဘူး )))။နှစ်တိုင်း ထက်တောင်ေ ငွဝင်နေသေးတယ်။...တောင်သူဆိုတော့ စပါးတွေလည်း တဧက-၁၀ဝ-နိး ပါး ထွက်တယ်။...ကျန်းမာရေး ဒေါင်ဒေါင်မည်။
...လူမှုရေးမှာလည်း ဘယ်သွားသွား မျက်နှာမငယ်ခဲ့ရဘူး။...ဆိုဘဲ။ )))
( သူရေးတာ မဟုတ်လို့လားဆရာ) 
((( အေး ဆရာ့ဆောင်းပါးကိုဖတ်ပြီး ဆရာ့လမ်းစဉ်-ဆရာ့မေတ္တာ-ဆရာ့စေတနာ-ကိုယ်ကျင့်တရားကိုမသိဘဲ သူထင်တာ တွေမရေးခင် ထိတော့ ဟုတ်မှာပေါ့။ ဆရာ့ကို သူလိုဆရာထင်ပြီး ဆရာ့((( စည်း ))) ကိုကျော်ပြီးဝင်ရေးလိုက်တဲ့အချိန်ကစပြီးပျက်ပြယ်သွား ပြီဆိုတာ သူမသိမှာ မဟုတ်ဘူး။ )))
( ဘာဖြစ်လို့လည်းဆရာ )
((( ဘာဖြစ်လို့လည်းဆိုတော့ (၂၅-၁၀-၂၀၁၄)နေ့ကဖြစ်ခဲ့ တဲ့ဖြစ်စဉ်လေးကိုပြန်ကြည့်လိုက်ရအောင် ...အဲဒီအချိန်တုံးကလည်း ချာတိတ်တယောက် သူထင်ရာမြင်ရာတွေရေးလာလို့ ဆရာ ကပြ န်မေးလိုက်တယ်။(( ဘယ်မိဘကမွေးတာလည်း/ ဘယ်ဆရာ လက် ထွက်လည်း/ ဘယ်ပတ်ဝန်းကျင်မှာခုနေ နေတာလည်း))လို့ ဆရာ လည်းရေးလိုက်ရော ..(...မင်းတို့ဗေဒင်ဆရာတွေ ငါ့မိဘကိုမထိနဲ့ကွ ။ငါ့မိဘတွေကိုဘာ ထင်နေလို့လည်း။ မင်းတို့ဗေဒင်ဆရာတွေ ဒီလောက်တော်နေရင် ငါ့ကိုဟောစမ်းကွာ..)) ဆိုပြီးသူ့မွေးသက်ကရာဇ် တင်ပေးလာတယ်။...(အသက်-(၂၁-)နှစ်-( ၅ )ြွကင်း (စနေသား -) ဖြ စ်နေတယ်။
ခု (၉)လပိုင်း-(၂၀၁၆)မှ ဆရာ့ဆောင်းပါးကိုဝင်ရေးလာတဲ့သူနဲ့ ...နေ့သား..အြွကင်း..အကုန်တူနေတယ်။ အသက်က (၂၁)နဲ့(၂၉) နှစ် (၈) နှစ်ကွာနေပေမဲ့ -ရောက်နေတဲ့ သက်ခတ်ခွင်က (တနင်္ဂနွေ /ပသာံ) အတူတူဖြစ်နေတာတွေ့ရလိမ့်မယ်။)))
( ဒီတော့ ဆရာ ဘာကို ပြောပြခြင်တာလည်းဆရာ)
((( သာမာန် ဗေဒင်ဆရာတွေမသိနိုင်တဲ့ (စိတ်)မွေးရာပါ (သောက်ကျင့်) အလုပ် လုပ်နေပုံကိုပြောပြခြင်တာပါ။ ဆရာ့အေ န နဲ့ ထွေထွေထူး ထူးပြောပြစရာတောင်မလိုတော့ပါဘူး။ အဲဒီတုံးက ဆရာရေးခဲ့တဲ့ ဆောင်းပါးလေးကို ကိုသာပြန်ဖတ်ကြည့်လိုက်ေ ပေ တာ့ မောင်ရာဇာရေ.
..........................................။

Tuesday, September 27, 2016

...(((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၂)။.. )))))

...........................

.........
.....(((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၂)။.. )))))
.....................
လူဆိုသည်နှင့် လောကဓံသည် မိမိမွေးဖွားလာ သည်မှ သေ ဆုံးချိန်အထိ မိမိနှင့် ထပ်ချပ် မကွာ လိုက်ပါလာသည်ကို လူသား အများစုသည် သိရှိထားပုံမပေါ်။ လူသားအားလုံး၏ ။ကျန်းမာရေးနှင့် လိုအပ်ချက်များဖြစ်သော အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည့် လိုအပ်ချက် များသည် သူ့သဘောသူဆောင်၍ ဖြစ်ချိန်တန်ဖြစ်၍၊ ပျက်ချိန်တန်လျှင်ပျက်မည်မှာမှန်၏။ လူဖြစ် လာမှတော့ လောကဓံဆိုတာ ဘာကြောက်စရာလိုလို့လဲ သူ့ဟာသူ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန် ပျက်မှာပေါ့ ဘာဗေဒင်မေးစရာလိုလဲကွာ ဗေဒင်မေးပိုက်ဆံတောင်ကုန်သေးတယ်ဟု လူအများစု သည် ထိုသို့ပြောဆိုကြကုန်၏။ လောကဓံပညာ၏ အနှစ် မသိကြသူများအား (သနားစရာ ကောင်းလေစွာ)ဟူ၍ပင် ဆိုလိုက်ပါရစေ၊ ....................ကျွန်ုပ် အသုံးပြုဟောပြောလမ်းညွှန်နေသော လောကဓံ (အမြင်သစ်)ပညာရပ်သည်ကား- ဖြစ်ချိန်ကဘယ်အချိန်လဲ-? ........ဘာကြောင့်ဖြစ်မှာလဲ? .......တကယ် ဖြစ်လာအောင် ဘယ်လိုနေထိုင်လုပ် ကိုင်မလဲ-?....... ပျက်ချိန်ကဘယ်အချိန်လဲ? .......ဘာကြောင့်ပျက် မှာလဲ? မပြိုကွဲမပျက်စီးအောင် ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲ?...... ဆိုတာကို ကြိုတင်ဟောပြော လမ်းညွှန်နိုင်သောပညာဖြစ်ပြီး(((( ကယ်မခြင်းဝါဒ))))မဟုတ်ကြောင်း-မသိရှာသေးတဲ့အတွက် (သနား စရာကောင်းတယ်လို့)ပြောရတာပါ။
ကျွန်ုပ်ဟောပြောနေသော လောကဓံပညာရပ်သည်ကား - ဘာလေးမွေးမလဲ-?။.... ဘယ်လို ဇာတာမျိုးလဲ?။ ......ပညာတတ်ကြီးဖြစ်မယ့်ဇာတာလား?။ .....သူဌေးသြွူကယ်ဖြစ်မယ့်ဇာတာလား?။..... ဘယ်လိုလုပ်ငန်းတွေ အကျိုးပေးမလဲ?။ .....သားသမီးအကျိုးပေး/မပေး?။..... အိုဇာတာကောင်း မကောင်း?။...... သာသနာပြုရမလား?။ အသက်ဘယ်လောက်ရှည်မလဲ?။ .... စသည့်မေးခွန်းတွေကို ဖြေကြားေ ဟာပြောလမ်းညွှန်တဲ့ ပညာမျိုးမဟုတ်ပဲ။ ....(၁) လူတစ်ယောက်ရဲ့( တသက်တာ ကံကောင်းချိန်၊ -၆-ကြိမ်နှင့်)တသက်တာလိုက်နာရမည့်အချက်။(ကံညံ့ချိန်-၆-ကြိမ်)။....(၂)-၄-နှစ်လျှင်တစ်ကြိမ် ကြိုတင်ပြင်ဆင်လိုက်နာရမည့် အချက်များ။.......... (၃) -၂-နှစ်တာအတွင်း ကြိုတင်သိမြင်လိုက်နာရမည့် အချက်များ။........... (၄) -၁-နှစ်တာ အတွက် ကြိုတင်သိမြင်ပြီးလိုက်နာရ မည့်အချက်များ။ဟူ၍ (၄)မျိုး ကြိုတင်ဟောပြောလမိးပျနညအနမပး ယခုမိမိရောက်ရှိေ နသောေ လာကဓံတွင် မည်သို့မည်ပုံနေ ထိုင်လုပ်ကိုင်ရ မည်ဟောပြောလမ်း ညွှန်ေ သာပညာဖြစ်သည်။ ((( ဘာသာရေး အသုံးအနှုန်းနှင့် ဗေဒင်အသုံးအနှု န်း ဝေါဟာ ရများကိုဦးစားပေးမပြောတော့))))-နေ့စဉ်ေ တွ့မြင်နေကြ ၊ ပြောဆိုနေကြအရပ်သုံးစကားလုံးတွေကိုသာ ပြောဆိုလမ်းညွှန်နေ ခြင်းဖြစ်သော ကြောင့် ပထမဦးဆုံးအနေနဲ့ရောက်လာသူ တော်တော်များများ ကျွန်ုပ်၏ ဆိုလိုရင်းကို ရုတ်တရက်နား မလည်ကြခြင်း ဖြစ်တန်ရာသည်။
.................။

Sunday, September 25, 2016

......(((...စည်း..၁.)))

..................................(((...စည်း..၁.)))
.................................................
ကျွန်ုပ်၏ ဘဝနေနည်းများကိုဟောပြော လမ်းညွှန်ရာ...ရန်ကင်းမြို့နယ် မိုးကောင်းဘုရားအရှေ့မုခ်။အမှတ်(ခ)၊(ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီး)ဓါတ်ခန်း အတွင်း ဟောပြောမှုနောက်ကွယ်မှ ပညာရပ်၏ထူးခြားမှု များကို ပြန်လည်စဉ်းစားနေစဉ်...
(ဆရာ တနေ့က ကျနေ့ကိုပြောတဲ့ (စည်း) ဆိုတဲ့ ဆောင်းပါးတင်ပြီးသွားပြီ လားဆရာ)
တပည့်ဖြစ်သူမောင်ရာဇာ၏ အမေးကြောင့် ရေးပြီးသားဆောင်းပါးကိုေ အာက်ပါအ တိုင်းပြော့ပြလိုက်ရပေသည်။
((( ဒီလိုမောင်ရာဇာရဲ့ ဒီလိုဆောင်းပါးမျိုး ( ၈-၈-၂၀၁၅ )ခုလောက်က တခါရေးဘူးတယ်။ဗေဒင်အချုပ်မဟာဘုတ်(နဝင်းစီး)ပညာ ရှင်များအသင်း ဂရုထဲစရောက်ခါစကပေါ့ )))။
( ဘာအကြောင်းကိုဦးတည်ပြီး ရေးဖြစ်တာလည်းဆိုတာ ပြောပြီးရင် (စည်း)အကြောင်းကိုဆက်ပြောပါဦးဆရာ)
((( ဟုတ်သားဘဲ(စည်း)ဆိုတာ ဆရာကိုယ်ပိုင်ခံယူထားတဲ့ (စည်း)ကိုပြော တာပါ။အင်တာနက်ပေါ်မှာ ဆိုဒ်ပေါင်းစုံလိုက်လေ့လာတယ် ဖတ်တယ်၊ မှတ်တယ်။အထူးသဖြင့် ဗေဒင် ဂရုတွေကိုပေါ့။ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ဂရုတွေမှာ ဘယ်တော့မှ ဝင်ရောက်ပြောဆိုဝေဖန်တာ မလုပ်ဘူး။ ကိုယ့်ဂရုရောက်မှ ကိုယ့်အယူအဆတွေကိုရေးတယ်။သူများ ထိခိုက်တာေ တွ မထိခိုက်တာတွေတွက်နေလို့မဖြစ်ဘူး။လူတဦးတ ယောက်ရဲ့နာမည်/ အသင်းအဖွဲ့အစည်းအမည်မါသ၍ရေးခွင့်ရှိပါတယ်။အဲဒီလိုမျိုး ဆရာ့တို့ ဂရုထဲလာဝင်ရေးရင်လည်း သီးခံလေ့မရှိဘူး။အရှုပ်တွေကိုစုထား လိုက် တယ်။ ခုလိုရေးသင့်တဲ့အချိန်ပြန်ရေးလိုက်တာဘဲ)))
( အရင်က တခြားသူတွေက ဘာတွေရေးလာလို့ ဆရာက ဘယ်လိုပြ န်ရေး လိုက်တာလည်းဆရာ)
((( ဆရာဒီ(ဂရု)ထဲမရောက်ခင်က ဗေဒင်ဆရာတချို့-ဂိုဏ်းဆရာတချို့-ဘာသာရေးသမားတွေဟာ ဆရာတို့ပညာညီအကိုတွေေ ရးထားတဲ့ အ မေးအဖြေတွေကို သူတို့ရှုဒေါင့်အမျိုးမျိုးကအမြင်တွေနဲ့ ဝိုင်းရေး လိုက်ကြတာ မြင်ရက်စရာမရှိဘူး။ဒါနဲ့ ဆရာလည်းသူတို့ဆောင်း ပါးတွေကို သေသေချောချာအကြိမ်ကြိမ်အခါခါ ဖတ်ပြီး (၁၅-၁၂-၂၀၁၄) ရက်နေ့မှာ ((( မပြောမပြီး မတီးမမည် )))ဆိုပြီးပြန်ရေးလိုက်တဲ့ အချိန် ကစပြီး ဘယ်သူမှ ဝင်ရောက်ရေးသားခြင်းမရှိကြတော့ ဘူး။. ..ဒါနောက်တကြိမ်ပေါ်လာတာဘဲ...နောက်ပေါက်ဆရာလက်သစ်လေးထင်ပါတယ်။ ဆရာလောကီပညာတွေကို လေ့လာလိုက်စားလာတာ အသက် (၂၀)က ထဲက အခု အသက်(၆၀)နားကပ်နေပါပြီ။ ခုဝင်ရေးတဲ့သူက အ သက် (၂၉)နှစ်ဆိုတော့ အဖေနဲ့ သားအရွယ်လေးဘဲရှိပါသေး တယ်။. ..တကယ်ဆိုရင် ကိုယ်ဝေဖန်ရေးသားမဲ့သူဟာ ဘယ်လိုင်းက ဘယ်လို ဆရာမျိုးလည်းဆိုတာလောက်တော့ လေ့လာပြိးမှ ရေးသင့်တာပေါ့။..ခုတော့မြင်လို့မှမတော်ဆိုသလို.......။
......( ၈-၈-၂၀၁၅)ရန်ကုန်မြို့ နေ့စွဲနဲ့ တင်ခဲ့တဲ့ ဆောင်းပါးကို ဖတ်ကြည့် လိုက်ပါဦး မောင်ရာဇာ.....
......................(((((...မပြောမပြီး မတီးမမည်...)))))..................
.....မင်္ဂလာပါ(ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)နဝင်းစီးပညာရှင် ပညာ ညီအကိုတို့ ကျနော် ဒီဂရုထဲက ဆောင်းပါးအဟောင်းတွေကိုပြန်လေ့ လာနေပါတယ်။ ဝင်ရောက်နှောက်ယှက်သလိုဖြစ်နေတာတွေ စုဆောင်းနေပါတယ်။မူမတူ အယူဝါဒမတူသူတွေကို ပြန် လည်ရှင်ြး ပဖို့ပါ။လောကဓံ(အမြင်သစ်)မူနဲ့ ထိတ်တိုက် ရင် ဆိုင်ခဲ့ရတဲ့ (တခြား ပညာရှင်တချို့/ဆရာကြီးဆိုသူတွေ လောကဓံအဆိုးခွင်တွေမှာ ကျရှုံးသွား တာ တွေကိုတင်ပြ သွားမှာပါ။ ((( လောကဓံ အကောင်းအဆိုးကို လော ကဓံပညာနဲ့ ရင်ဆိုင်ဖြတ်သန်းခြင်းသည်သာလျှင် သဘာဝအကျဆုံး ဆို တာ ကို ဘုရား လက်ထက်/ဘုရင်လက်ထက်ဇာတာတွေမပါ။ ယနေ့ခေတ်ကြီးထဲက -နေ့-၇-နေ့+အလွှာပေါင်းစုံ+အသက်အ ရွယ်ေ ပါင်း စုံကလူသားတွေရဲ့ ဖြစ်စဉ်တွေကို လက်တွေ့စုဆောင်းထားတဲ့ မှတ် တမ်းတွေပါ။ကိုယ်တိုင်တွေ့ခဲ့သမျှတော့ ကျမ်းတွေနဲ့ သူတို့ဆရာတွေ ရဲ့ လောင်းရိပ်အောက်က ထွက်မလာနိုင်သေးတဲ့ သူတွေဘဲများ ပါတ ယ်။လူမျိုးမရွေး/ဘာသာမရွေး မတွေ့ခြင်လို့မရတဲ့ (လောကဓံ)ကို မတွေ့ ဘဲနေလို့ရတယ်ထင်နေသူတွေ လောကဓံကိုကျော်ဖြတ်ရာမှာ လောကဓံနည်းထက် ကောင်းတာရှိနေတယ်လို့ ထင်နေကြတဲ့သူတွေကို ကျနော်ေ တွ့ ရှိ ထားတဲ့ လောကဓံ(အမြင်သစ်)မူနဲ့ ရှင်းပြဖို့ပါဘဲ။
ကျနော် ဗုဒ္ဓကိုအကြွင်းမဲ့ ယုံကြည်မိတာက ကျနော့ဘဝနဲ့ လောက ဓံဖြစ် စဉ်တွေကြောင့်ပါ။ နောက်တခုက ဆရာကြီးဦးကြာမြင့်နဲ့ ပညာစဉ် ဆက် ဆရာတွေရဲ့ပညာကို အကုန်အစဉ်မရနိုင်ခဲ့ပေမဲ့ (ဓါတုနိယာမ)ဆိုတဲ့ (ပိုင်ဆိုင်မှုပေါ်မှာ)မှီပြီးဖြစ်ပေါ်လာတဲ့ (စိတ်)။ အဲဒီစိတ်မှာ ဖြစ်ပေါ် လာတဲ့ (ရုပ်)ကိုမြင်အောင် ဘဝနဲ့ရင်းပြီးယူလိုက်နှိုင်ပါပြီ။မကြာခင် တင်ပေးဖို့ စီစဉ်နေပါပြီ။ ((( တခြားသော ပညာရှင်တွေကို ကြိုတင်စဉ်းစား ကြဖို့ အသိပေးပါရစေ။မိမိတို့ပညာကိုမိမိတို့ထိမ်းသိမ်းကြပါ။)))။((( ဒီဂရုထဲကို ဝင်ရောက်မနှောက်ယှက်ကြဖို့ပါဘဲ)))။...
.....ကျွန်ုပ် သိလိုက်ရတာတော့ လောကီလမ်းကြောင်းပေါ်မှာ လောကကို ရင်ဆိုင်ဖြတ်သန်းတာ သင်တို့ပညာတွေက လောကဓံပညာထက် ပိုကော င်းနေတယ်လို့ ထင်နေကြတာလား။တကယ်လို့သာ သင်တို့ထင်နေသလို သင်တို့ပညာတွေက လောကဓံပညာထက်သာလွန်ကောင်းမွန်နေတာ မှန်ရင် ((( လေးသင်္ချေနဲ့ကမ္တာတသိန်း ကျင့်ကြံကျိုးစားရှာဖွေခဲ့တဲ့ (-ဗုဒ္ဓ-)ဘု ရား ရှင်က သင်တို့ပညာတွေကို သင်ယူလေ့လာပြီး လောကဓံကိုဖြတ် သ န်းကြ ဖို့ လမ်းညွှန်ခဲ့မှာပါဘဲ။ )))။....။
...........လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ။. ( ၈-၈-၂၀၁၅ ).ဗေဒင် အချုပ် မဟာဘုတ်(နိဒါန်း)နဝင်စီး ပညာရှင်များအသင်း...........။

Thursday, September 22, 2016

...((( ..လောကဓံ(အမြင်သစ်).ဟူသည်။-(၁၁)။...)

........................((( ..လောကဓံ(အမြင်သစ်).ဟူသည်။-(၁၁)။...)))


.....................
လောကဓံပညာသည် ကျွန်ုပ်တို့မြန်မာ့ရေမြေ၊ မြန်မာပြည်သား(ဗုဒ္ဓဘာသာ)တို့နှင့် ပို၍ကိုက်ညီသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘုရားရှင်၏ နှုတ်ခပါဒ်တော်မှ ဟောကြားတော်မူခဲ့သော တရားတော်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ သို့သော် ဖြစ်ခြင်းပျက်ခြင်း ဆိုသည့် လောကဓံပညာသည် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတွေ အ တွက်သာမဟုတ်ပဲ လူမျိုး/ ဘာသာမရွေး လူသားအားလုံးအတွက် လက်ရှိပစ္စုပ္ပန်ဘဝမှာ အဆင်ပြေစွာ နေထိုင်ဖို့ နည်းလမ်း များကို ညွှန်ကြားပေးသော ပညာဖြစ်သောကြောင့်ဖြစ်သည်။ .........ဤလောကဓံပညာကို ကျွန်ုပ်သည် ဆရာကြီးဦးကြာမြင့်နှင့် ဆရာကြီး၏သားဖြစ်သူ ဆရာလေးကိုကျော်ကျော်ခိုင်တို့ထံမှ ကိုယ်တိုင် သင်ယူခဲ့ရခြင်းဖြစ်ပါသည်။ လောကဓံအကြောင်းကို ရှေးယခင်ကနဦးကထဲက ဆရာများစွာတို့ သည်လည်း တွက်ချက်ဟောပြောခဲ့ကြသည် ကို တွေ့ ရှိခဲ့ရ၏။ ခိုင်မာမှုမရှိသောကြောင့် မှေးမှိန် ပျောက်ကွယ်ခဲ့ရလေသည်။ ယခုအခါ ဆရာကြီးဦးကြာမြင့်သည် လောကဓံပညာရပ်ကို မဟာဘုတ် ပညာနှင့် ပေါင်းစပ်၍ လောကဓံပညာရပ်ကို သက်သေသာဓကများစွာဖြင့် ခိုင်မာစွာတည်ဆောက်၍ ဟောပြောသင်ကြားပြသခဲ့သဖြင့်((( လောကဓံမဟာဘုတ် )))ဟူ၍ တပည့်ပေါင်းမြောက်များ စွာ. မွေးထုတ်ပေးခဲ့ပြီးဖြ စ်လေ သည်။ ကျွန်ုပ်သည်လည်း ထိုတပည့်များစွာထဲမှ တပည့်တစ်ဦး ပင် ဖြစ်ပါ သည်။..
...........................ကျွန်ုပ်သင်ယူခဲ့ရသည်ကား
မူလမဟာဘုတ်(ဘာဖွားလဲ)ဟူသော မဟာဘုတ်မှ - အြွကင်းဥာဉ်စရိုက်ကို ဦးစားပေးထား သော............ (အြွကင်းမဟာဘုတ်)။
မူလအင်္ဂဝိဇ္ဇာပညာမှ............ - အင်္ဂဝိဇ္ဇာဟောကွက် အယူအဆ နှင့် ဓါတ်ဆင်ဓါတ်ရိုက်မူသစ်။
မူလမဟာဘုတ်မှ ..............- လောကဓံမဟာဘုတ်။
မူလယတြာမှ - ....................မဂ္ဂင်(၈)ပါးယတြာချေပညာ။
မူလနဝင်းပညာမှ ...............- မဟာဘုတ်နဝင်းစီးပညာ(မူသစ်)
စသည့်ပညာရပ်များကို လေ့လာသင်ယူခဲ့ရပါသည်။ ........ထိုထိုသော ပညာရပ်များစွာထဲမှ ကျွန်ုပ်လက်တွေ့ ဟောပြောလမ်းညွှန်နေေ သာေ လာကဓံမဟာဘုတ်(အမြင်သစ်)ကိုတင်ပြသွားမှာ ဖြစ်ပါတယ်။ အားနည်း ချက် တစုံတရာရှိခဲ့ပါမူ ဆရာကြီးဦးကြာမြင့်နှင့်သင်ဆရာ မြင်ဆရာ ကြားဆရာတို့နှင့် မသက်ဆိုင်ပဲ ကျွန်ုပ်၏ အတွေးအခေါ်အယူအဆများ သာ ဖြစ်သောကြောင့် ကျွန်ုပ်တာဝန်များသာ ဖြစ်ပါကြောင်း ကြိုတင်ဝန်ခံ အသိပေးအပ်ပါသည်။
၁၉၉၆-ခုနှစ်မှ ယနေ့အချိန်အထိ (((.....လောကဓံဆရာဦးထွန်းရီ၊ ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီးဓါတ်ခန်း...))) အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဟူသော အမည်ဖြင့် ဟေြာေ ပာလမ်းညွှန်ရင်း(မူရင်းမူမှန်ဆန်းကျမ်း ကျမ်းပြုပညာရှင်၊ ပုဂ္ဂလပညတ်သင် တန်း၊ နိယာမဆရာကြီး ရန်ကုန်ကျော်ရင်)ထံမှပုဂ္ဂလပညတ်နှင့် နိယာမေ ဆး ပ ညာကို သင်ယူပြီး ((((... ဓါတု နိယာမ ဆေးကုဌာန... )) )ဟူသော အမည်နှင့် (((... ၂၁- ၁၀ - ၁၉၉၇/အင်္ဂါ... )) )နေ့၌ ဆေးကု သခဲ့ပါသည်။ (၁)နှစ်ခန့် ကြာသောအခါ ဆေးကုသမှုကို ရပ်ဆိုင်းကာ လောကဓံပညာနှ င့်နိယာမဆေးပညာ ပေါင်းစပ်ကာ -လူသားတွေ၏ ဘဝဖြစ်ခြင်း/ပျက်ခြ င်းသေ ဘာနှင့် (၇)နေ့သားသမီးများ၏ ဖေါက်ပြန်ခြင်းဓါတ်သဘောနှ င့်နိယာမသဘောတရားတို့ ပေါင်းစပ်ကာ - အတွေးသစ်၊ အမြင်သစ် တို့ဖြ င့်ေ ဟာပြောလမ်းညွှန်နေသောပညာဖြစ်သောကြောင့် (((...ကမ္ဘာ့ဗေဒ င်ေ လာ က၌မ ရှိသေး သောပညာ..... ))) ဟူ၍ပင် သက္ကရာဇ်-၂၀ဝ၀-မှစ၍ စာေ စာင်၊ မဂ္ဂဇင်းများ၌ ကြေငြာကြီးဟော ပြောခဲ့ခြင်းဖြစ် သည်။
((((((...... ကမ္ဘာပေါ်မှာမရှိသေးဟု အဘယ်ကြောင့် ကြေငြာရသလဲဆို တာ လေ့လာကြည့်လိုက်ရအောင်-......)))))//
..........

Monday, September 19, 2016

(((((...လောကဓံ(အမြင်သစ်).ဟူသည်။-(၁၀)။..)))))

...................................

...................................................(((((...လောကဓံ(အမြင်သစ်).ဟူသည်။-(၁၀)။..)))))
.....................
ဘဝမှာ-၄နှစ်-တကြိမ် ပြောင်းလဲခြင်းဟာ ဘယ်လောက် ကွာခြား သလဲဆိုရင်၊ မန္တလေးနဲ့ မေမြို့၊ အပူအအေးကွာသလောက် ကွာပါတယ်။ အဖြူနဲ့အမဲ ဆန့်ကျင်ဘက်ဖြစ်နေသလောက် ကွာပါတယ်။ မိုးနဲ့နွေလိုပါ ဘဲ။ မန္တလေးကအိုက်တော့ အင်္ကျီပါးပါး၊ ယပ်တောင်၊ အဲယားကွန်းနဲ့ နေရ တဲ့သဘောပါ၊ ပူတာကို လွတ်အောင်လုပ်လို့မရတော့၊ သက်သာတဲ့နည်း ပဲရှိပါတယ်။
မေမြို့ကအေးတယ်၊ မေမြို့ကိုရောက်ရင်အားလုံးအေးမှာပဲ၊ အေးတော့ သက်သာအောင် ဘာလုပ်ရမလဲ၊ အနွေးထည်၊ တိုက်ပုံအင်္ကျီဝတ်၊ အရက်ေ သာက်၊ မီးလှုံပေါ့။ မန္တလေးကိုအိုက်တယ်၊ အဲဒါမသိဘဲနေမလား၊ သိပေမယ့် မန္တလေးကိုမေမြို့ထင်ပြီး ဒီလောက်အိုက်နေတဲ့ နွေရာသီမှာ အနွေထည်ဝတ်ပြီး၊ အရက်သောက်၊ မီးလှုံရင် ဘာဖြစ်သွားမလဲ? မန္တလေးကို တရုတ်ကြီးသွားလဲ အိုက်မယ်၊ ကုလားလေးသွားလဲအိုက်မှာပဲ၊ မိန်းမသွားသွား၊ ယောကျာ်းသွားသွား၊ တရားသမား သွားသွား၊ ဓါးပြပဲ သွားသွား၊ ဘယ်သူပဲသွားသွားအိုက်မှာပဲ၊ ဆိုလိုတာက လောကဓံက သတ်မှတ် ထားတဲ့ ဒုက္ခနယ်ကို ဖြတ်ရင်မည်သူမဆို ဒုက္ခနဲ့ ရင်ဆိုင် ရတော့မှာ ကြိမ်းသေပါ။ မတူတာက ပိုင်ဆိုင်မှု၊ အသက်အရွယ်ပဲ၊ ဆိုက္ကားနင်းရင် ဆိုက္ကားဒုက္ခ၊ ကားမောင်းရင်ကားဒုက္ခပဲ၊ နိုင်ငံခြား ရော က်နေရင်နိုင်ငံခြားဒုက္ခ၊ ရိပ်သာရောက်နေရင် ရိပ်သာဒုက္ခဘဲ၊ ဖြစ်တာမ ဟုတ်သေး ဘူးနော်၊ ဒုက္ခကပေါ်နေတာ၊ အဲဒါကိုဒုက္ခလို့ သင်တို့ မသိနိုင်ကြတာပဲ။ ဒုက္ခမှန်းသမိလို့ ဒုက္ခကို သွားကြည့်ရင် ဒုက္ခပဲေ တွ့ မှာပေါ့။ ဒုက္ခကပြုံးပြတာကို မသိလို့ ပြန်ပြုံးပြလိုက်ရင် ဒုက္ခကပြန်ပြုံးပြ မှာပဲ၊ ဒုက္ခကလက်ကမ်းပေးတာကို ဒုက္ခမှန်းမသိလို့ လက်ကမ်းပေး လိုက်ရင် ဒုက္ခနဲ့ ငြိသွားမှာပေါ့။ ဒုက္ခက ခါးလာဖက်တာကို ဒုက္ခမှန်းမ သိလို့ ဒုက္ခခါးသွားဖက်ရင် ဒုက္ခပဲဖြစ်မှာပေါ့။ ဒီလောက် ဥပမာတွေနဲ့ ဆိုရင် လောကဓံ(အမြင်သစ်)ရဲ့ သဘောတရားကို နည်းနည်းတော့ ရိပ်စားမိလောက်ပြီ ထင်ပါတယ်။
ယနေ့ခေတ်မှာဒုက္ခသည် ကမ္ဘာပတ်ရောက်လာတာလေးတစ်ခု ဥပမာပြောပြရင် ပိုပြီး သဘောပေါက်လာမှာပါ။ -၂၀ဝ၇-ပတ်ဝန်းကျ င်လောက်က ရန်ကုန်မြို့ပေါ်၊ မြို့တွင်းမှာဖြစ်ပေါ် ခဲ့တဲ့ ကမ္ဘာသိကိစ္စ တစ်ခုပါ။ (ဒေါ်အောင်ဆန်းစုကြည်--)ကို အကျယ်ချုပ်ချုပ်ထားတဲ့ အချိန်မှာ -(ယက်တော)ဆိုတဲ့ဒုက္ခကောင်ကြီးသည်၊အမေရိကတိုက်မှအာရှတိုက်သို့ကူးလာ၏။ မြန်မာပြည်နယ်စပ်မှာလာရပ်၍မြန်မာပြည်ထဲသို့ဝင်ရောက်လာ၏။ရန်ကုန်ရှိ-(ဒေါ်-အောင်ဆန်း စုကြည်-)နေအိမ်ရှေ့သို့သွား၏။ အစောင့် အရှောက်ပေါင်းများစွာ ရှိနေသည့်ကြားမှ ရေထဲမှကူးပြီး ရောက်အောင် လာ၏။ ဒုက္ခသည်ကား ကမ္တာပတ်ပြီး ရေကူး၍ေ၇ာက် လာ၏၊ ဒုက္ခက လာချင်ပြီ ဆိုလျှင် ဤသို့တည်း။
ဟုတ်ပြီ ဒုက္ခကတော့ ရောက်လာပြီ၊ ဘာတွေဆက်ဖြစ်ကြသလဲ။
ဘာမှမဖြစ်ပါဘူး၊ ဒုက္ခဘဲဆိုတာကို သိလို့ ဒုက္ခကိုမတုံ့ပြန် လိုက်မိ လို့ ဒုက္ခကလွတ်မြောက် လာကြောင်းကို ပြောချင်တာပါ။ (ယက်တော)-ကြီးပြန်ထွက်သွားတဲ့အခါ၊ ရှင်အဲဒီရှေ့ကအစောင့် တွေကို ရသမျှသတ် သွား၊ ရှိတဲ့လက်နက်ပေးခဲ့။ ကျန်တဲ့အစောင့်တွေကျမတာဝန်ယူတယ်လို့၊ ဒုက္ခကိုမတုံ့ပြန်လိုက်တော့။ ဘာမှမဖြစ်တော့ဘူးပေါ့။ ........တကယ်လို့ လက်နက်ယူထားလိုက်ရင် ......လက်နက်ပုဒ်မ၊ လူသတ်ရင်လူသတ်မှုပဲ၊ ဘာမှမတုံ့ပြန်လိုက်တော့ ဘာမှမဖြစ်ဘူးဆိုတာပါဘဲ။ ကဲဒီအကြောင်း အရာလေးကို တွေးမိရင်-(((--- ဒုက္ခဆိုတာ ----လာခြင်ပြီဆိုလျှင်-ကမ္ဘာပတ်၍ရေကူးပြီးရောက်လာ-))) တဲ့-အကြောင်းအဖြစ်အပျက်လေးပါ။..(အဖြေကားမိမိပြန်လည် တုံ့ပြန်မှုကပင်-အဖြေဖြစ်ပေသည်။)။
................

Thursday, September 15, 2016

.((((---.လောကဓံ(အမြင်သစ်).ဟူသည်။-(၉)။--))))---/

..........................((((---.လောကဓံ(အမြင်သစ်).ဟူသည်။-(၉)။--))))---/
......................................................................


.....................
လောကဓံ(အမြင်သစ်)၏ ကံကောင်းခြင်း/ကံဆိုးခြင်းဟူသည်
မိမိအသက်အရွယ်အရ မိမိရပ်တည်ရာ ပတ်ဝန်းကျင်၌ မိမိလို အပ်သည်များကို လုပ်ကိုင် ခွင့်ရ၍ လုပ်တိုင်းဖြစ်နေသည့် အချိန်ကို((( ကံကောင်းနေသည်)))ဟု လောကဓံ(အမြင်သစ်)က ဆိုပါတယ်။ ကံဆိုးတယ်ဆိုတာ ကိုယ့်အသက်အရွယ်အရ ကိုယ်ရပ်တည်ရာ ပတ်ဝန်းကျင်၌ မိမိ လုပ်ချင်သည့်အရာကို လုပ်ကိုင်ခွင့်မရပဲ၊ မိမိလုပ်လိုက်သည့်အလုပ် လွဲချော်၍ လုပ်တိုင်း မဖြစ်သည့် ကာလကို (((ကံမကောင်းဘူး)))ဟုဆိုပါတယ်။
ကံကောင်းသည်ဆိုသည်မှာ အရင်ဘဝကံ ကိုဆိုလိုသည်၊ ကံကောင်းသည်ကို ကံကောင်း နေတယ်လို့ သိတာကÓဏ်၊ ကံကောင်းနေသည့်အသက်အပိုင်းအခြားများတွင် ရအောင်လုပ်ယူ ရမည်မှာလက်ရှိဘဝ၏ကံဖြစ်သည်။(((ဒုက္ခဆိုသည်မှာဖြစ်တာမဟုတ်ပဲ၊ပေါ်လာခြင်းဖြစ်သည်။)))ပေါ်လာသည်ကိုဒုက္ခဟုမသိနိုင်ခြင်းပင်။ဒုက္ခဟုကြိုတင်သိနိုင်ခြင်း၊ဒုက္ခနှင့်ရင်ဆိုင်တွေ့ချိန် သင် မည်မျှခံနိုင်ရည်ရှိသလဲ၊ မည်သို့ တုံ့ပြန်မည်နည်း၊သင်တုံ့ပြန်မှုအနည်းအများသည်အဖြေဖြစ်သည်။
ကျွန်ုပ်နှင့်စတွေ့သည့် မိတ်သစ်တော်တော်များများသည် ကျွန်ုပ်ကြို တင်ဟောပြော လမ်းညွှန်သည်များကို ယုံကြည်မှုမရှိဘဲ၊ မင်းတို့ဆရာဗေ ဒင်သွားမေးတာ ဘာတွေရှောက်ပြောနေမှန်း မသိဘူး၊(((...လူဘဲလုပ် ရင်ဖြစ် တာပေါ့၊ကံဆိုတာအလုပ် ပဲဘာဖြစ်လို့မဖြစ်ရမှာလဲတဲ့....)))ဲ့။ ကျွန်ုပ်က လည်း ပြ န်ပြော လိုက်ပါတယ်၊ နောင်-၄နှစ် အတွင်းပြန်မလာ နဲ့ ပြန် လာရင်-၁၀ဆ ပေးရမယ်လို့။(((... ဟုတ်ကဲ့ အဖြေကပြုတ်ပါ တယ်။)...)) ကျွန်တော်ပြောလို့မဟုတ်ဘူးနော်၊ မလုပ်နဲ့ဆိုတာကို သွားလုပ်လို့ ဒုက္ခ ဖြစ်တာပါ။
နောက်တစ်မျိုးက မောင်ရင်ငါ့ဘက်ကတော့ ပြောပြီးပြီ၊ ယုံတာ/မယုံတာ မောင်ရင့်ကိစ္စ၊ ဆရာပြောတာမယုံလို့ သွားလုပ်ကြတာ သူများတွေတော့ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ၊ မောင် ရင့်အ လှည့်ဖြစ်နေဦးမယ်ဆိုတော့၊ (((...သွားစမ်းပါ၊ သူများတွေ ဒုက္ခဖြစ်တိုင်း ကိုယ်ဖြစ်ရမှာလား၊ လူချင်းတူပေမယ့် အသက်ရှူခြင်းကွာပါတယ်၊ ရအောင်လုပ်ပြမယ်တဲ့...)))။ (((... ဟုတ်ကဲ့။ အဖြေက သူလဲ ပြုတ် ပါတယ်။...)))။
သူတို့တတွေဘာဖြစ်လို့ လုပ်တိုင်းပြုတ်နေကြတာလဲ။ လူတွေမှာ ဘာမှလုပ်လို့ မရတဲ့ အချိန်ဆိုတာ ရှိတာကို မသိသေးလို့ပါ။ ကိုယ်တိုင်မကြုံဘူးသေးလို့ပါ။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန် တန်ပျက်မှာကို ဘယ်အချိန်မှာပျက်မှာလဲ၊ ဘာကြောင့်ပျက်မှာလဲ၊ မပျက်အောင် ဘယ်လိုနေ
ထို င်.လုပ်ကိုင်ရမလဲဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ (((...ပျက်ချိန် မသိလို့ သွားလုပ်လို့ ပျက်ရ တာပါ။ ...)))လူ့ဘဝရဲ့ဖြစ်ပျ က်ခြင်းဟာ၊ သစ်ပင်တစ်ပင်ရဲ့ သစ်ပင်စိုက်၊ သီးမှည့်၊ အသီးတုံး၊ အရွက်ြွေကတဲ့ သဘောပါ။ သစ်ပင်ရဲ့သဘာဝက မိုးတွင်းကာလ သစ်ပင်စိုက်ရတဲ့ ရာသီမှာ သစ်ပင်စိုက်၊ နွေရာသီမှာ မျိုးစေ့ချိန်၊ နွေ မှာသစ်ပင်မစိုက်နဲ့ နွေမှာသစ်ပင်စိုက်ရင် ရှင်ချင်မှ ရှင်မှာ၊ အပင်ရှင်ရင်လဲ မိုးတွင်းသစ်ပင်လို အပင်သန်ချင်မှသန်မှာ၊ ဆိုလိုတာက လုပ်ရတာနဲ့ ရတာနဲ့ မကာမိလို့ဘဲ။.......
....................

Sunday, September 11, 2016

...........(လောကဓံ(အမြင်သစ်)-ဟူသည်။.(၈)

.............(လောကဓံ(အမြင်သစ်)-ဟူသည်။.(၈)


.........
နောက်တစ်ချက်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ လက်ရှိပစ္စုပ္ပန်ဘဝကို ဘာနဲ့တည်ဆောက် နေကြလဲ။ ဘဝတည်ဆောက်မှု-၄-မျိုး။ ၄-စားတွေ့ ရတယ်။ 
၁။ ဘုရားတည်၊ ကျောင်းဆောက်၊ လှူဒါန်းမှုကို ဘဝလို့ ရှေ့တန်းတင်ထားတဲ့လူတစ်စု။
၂။ ရိပ်သာမှာ အနှစ်-၃၀-၄၀ နေပြီး ဘဝကိုတည်ဆောက်နေကြသူတစ်စု။
၃။ ငှက်ပျောပွဲ၊ အုန်းပွဲတွေလှူဒါန်းပြီး ဘဝကိုတည်ဆောက်နေကြသူတွေကတစ်စု။
၎။ တစ်နေ့တစ်နေ့ ပုတီးအပတ်ရေထောင်သောင်းစိပ်၊ ပရိတ်၊ပဌာန်း၊ဂါထာ၊ မန်တန်တွေ ထောင်သောင်း ရွတ်ပြီး ဘဝတည်ဆောက်နေသူတစ်စု။
(အဲဒီ-၄-မျိုး)မကောင်းဘူး၊ လုပ်စရာမလိုဘူးလို့ပြောနေ တာလဲမဟုတ်ဘူး၊ ကောင်းပါ တယ်။ဘာကောင်းတာလဲ၊ကိုယ်ယုံကြည်ရာ ဘာသာအရကောင်းတဲ့အလုပ်တွေဘဲ။စိတ် တည်ငြိမ်မယ်၊ အကုသိုလ် နည်းမယ်၊ ကျန်းမာရေးအထောက်အကူ ဖြစ်စေမယ်၊ အတွေးအခေါ် အယူ အဆပြောင်းလာမယ်၊နူးညံ့သိမ်မွေ့လာမယ်။ဒါလက်တွေ့ ဘယ်သူမှ မငြင်းနိုင်တဲ့ ကိစ္စဘဲ။
ဒါတွေမကောင်းဘူး၊ ငါ့ဟာကောင်းတယ်လို့ ပုတ်ခတ်စော် ကား တာမျိုးမဟုတ်ဘဲ၊ နှိုင်းယှဉ် ခြင်းတစ်ခုအနေနဲ့မြင်ပေးဖို့လိုပါမယ်။ ဥပမာ- လူတစ်ယောက် အရပ်ပုတယ်၊ ရှည်တယ်ဆိုတာကို အရပ်ပုသူနဲ့ အရပ် ရှည်သူနှစ်ဦးယှဉ်ကြည့်မှ သိရတဲ့သဘောပါ။ ဘယ်သူကပိုဝတယ်/မဝဘူး ဆိုတာ လူနှစ်ယောက်ယှဉ်ကြည့်မှ ဘယ်သူကပိုဝတယ်၊ မဝဘူးဆိုတာ သိအောင် နှိုင်းယှဉ်ကြည့်တဲ့ သဘောပါ၊ အရပ်ရှည်တာကောင်းတယ်၊ အရပ်ပုတ်ာကောင်းတယ်ဆိုတဲ့အကြောင်းမပါ၊ ရှည်ခြင်း၊ ပုခြင်း၊ ဝခြင်း၊ ပိန်ခြင်းကိုသာဆိုလိုသည်၊ ကောင်း-မကောင်း မပါသလိုပဲ၊ တခြားပညာ ရပ်တွေ ကောင်း/မကောင်း၊ ငါ့ပညာကောင်း/မကောင်း မပါ။ မတူကြွဲ ပားခြားနားမှုကိုသာ တင်ပြခြင်း ဖြစ်သည်။
ဘုရား-၁၀ဆူ-တည်ထားပြီး၊ ကျောင်း-၁၀ကျောင်း-ဆောက်လုပ် လှူဒါန်းထားသော ကုသိုလ်ကောင်းမှုသည် ယခုလက်ရှိ သင်နှင့် သင့်မိသားစု၏ လူမှုရေး၊ ကျန်းမာရေး၊ အမှုအခင်း ကိစ္စများ၊ ကြုံတွေ့ နိုင်သည်ကို ကြိုတင်ပြောပြနိုင်မည်လား၊ ကာကွယ်တဲ့နည်းလမ်း ရှိပါသလား။ ရိပ်သာမှာ အနှစ်-၃၀-နေပြီး တရားမှတ်နေတဲ့သူသည်လည်း ယခုကဲ့သို့ မိမိ မိသားစုအရေးကို ကြိုတင်ပြောပြ ပြင်ဆင်ရင်ဆိုင်ဖို့ နည်းရှိပါသလား။ တစ်နေ့ကို ပုတီးအပတ်ရေ ထောင်နဲ့ သောင်းနဲ့ စိပ်နေတဲ့သူတွေကော ယခုကဲ့သို့ မိမိတို့ဘဝကို ကြိုတင်သိမြင်ကာ ကွယ်နိုင်တဲ့ နည်းရှိပါသလား။ ငှက်ပျောပွဲတွေနဲ့ အဘတွေအားကိုးနေ လို့ကော ယခုကဲ့သို့ ကိုယ့်ဘဝတွေကို ကြိုတင်သိမြင်နိုင် ကာကွယ်နိုင် ပါမည်လား။((( ဒီကောင်းမှုက ကောင်းတာတမျိုး ))) ယခုကျွန်ုပ်ပြောပြနေသည့် လောကဓံ(အမြင်သစ်)သည် ဘုရားဟော ပင်ဖြစ် သည်။ ပစ္စုပ္ပန်၌ ((( ကိုယ်နဲ့ကိုယ့်မိသားစုဘယ်သူဘာ လုပ်ေ တာ့မည်။ဘာလုပ်မိရင်ဘာဖြစ်တော့မည် လုပ်ရင်ဖြစ်မည်။မလုပ်ရင်မဖြစ် ဘူးဆိုတာ ကို ကြိုတင် သိမြင်နိုင်သောပညာဖြစ်ပါသည်။ )))အလွန်အသုံး တည့်နေ သည်ကို တွေ့မြင်ရသောကြောင့် ယခုကဲ့သို့ရေးသားပြောဆိုနေ ရခြင်းဖြစ်သည်ကို နားလည်ပေးစေ လိုပါသည်။

Wednesday, September 7, 2016

..............(((လောကဓံ(အမြင်သစ်)..ဟူသည်။--(၇)-..

...............(((လောကဓံ(အမြင်သစ်)..ဟူသည်။--(၇)-..
...................................................
.............................သူတို့တွေဘာကြောင့် သင့်အကြောင်းကို သင့်ထက်ပိုသိနေကြတာလဲ။
သူတို့တတွေဟာ သင့်မကောင်းကြောင်းကို သီးသန့်လေ့လာမှတ် သားနေလို့ပါဘဲ။ သင့်အနေအထိုင် အလုပ်အကိုင် မှန်မှန်ကန် ကန်နေ ထိုင်လို့ ပတ်ဝန်းကျင်က. ဒီကောင်လေး သိပ်တော်တာဘဲလို့ ချီးမွမ်းတာနဲ့ ဒီကောင်အလကားကောင်ပါလို့ မှတ်ပြီးသားဖြစ်နေပါလိမ့်မယ်။ သင်အလုပ်အကိုင် အနေအထိုင် တစ်ချက်တစ်ချက်ကလေး မှားသွားတာနဲ့ မှတ်ထားတဲ့ အချက်အလက်တွေက နည်းတာမဟုတ်ဘူး၊ ခုလောက်ဆိုရင်ေ မာင်ရင့် အကြောင်း သူတို့ မှတ်ထားတာနည်းမှာမဟုတ် ဘူး၊ အဲ ဒီတော့ မောင်ရင်ရဲ့ အယုံကြည်ရဆုံး လူတစ်ယောက်ကို .သူတို့အုပ်စုထဲလွှတ်လိုက်၊ မောင်ရင့်မကောင်းကြောင်းတွေကို အစသွားေ ဖ်ါပေးလိုက်၊(((- ကျွန်တော်နဲ့ တစ်သက်တာမိတ်ဆွေအဖြစ်လက်တွဲ သွား ဖို့ စိတ် ကူးထားတာ ခုတော့ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်၊ အလ ကား လူပါဗျာ))) လို့ မောင်ရင့်သူငယ်ချင်းက တစ်ခွန်းဘဲပြောလိုက် ဟိုက ၁၀-ခွန်းေ လာက်ြေ ပာပြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မောင်ရင့်မကောင်းကြောင်းတွေဘဲ မှတ်ထားကြလို့ ပါဘဲ။ ကိုယ်သိချင်တာတွေ သိပြီဆိုမှ မောင်ရင်လဲ သေချာနားေ ထာင်ပြီးေ ရာ၊ ဒီကောင်တွေ တကယ်ပြောတာလားဆိုပြီး လုံချည်ခါးတောင်းမြောင်ေ အာ င်ကြိုက် ပြီး နပန်း သွားသတ် လိုက်တာ လက်ဦးရင်ရဲစခန်း၊ နောက် ကျရင်ဆေးရုံပဲ။
အမှန်တကယ်ဖြစ်သင့်တာက သူတို့ပြောတာတွေကို သေချာနားထောင်ပြီး သူတို့တွေ မကောင်း ဘူးပြောတဲ့ အချက်တွေပြင်လိုက်ရင်ကောင်းမသွားဘူးလား၊ ခုတော့ လူတွေက ဒီလို မတွေးဘူး၊ ကိုယ့်မကောင်းကြောင်းပြောတာနဲ့ မှန်တာမှားတာမစဉ်းစားတော့ဘူး၊((( မင်းဘာဖြစ်လို့ ငါ့အကြောင်းေ တွမဟုတ်ဘဲ လျောက်ပြောနေတာလဲလို့ )))သွားပြောတော့၊ ဟိုက ဘာပြန်ပြော လိုက်လဲဆိုတော့ (((ဟုတ်လို့ပြောတာပေါ့ကွ၊ ဒီမှာသက်ေ သတွေ၊ ဒီထက်သေချာရဦးမလား)) ဆိုပြီး ဓါတ်ပုံတွေ၊ စာတွေထုတ်ပြ ပါလေရော၊ ဒီတော့ လက်ပူးလက်ကြပ် သက်သေသက်ကာ ယနဲ့ြေ ပာတော့ ငြင်းမရနိုင်တော့ဘူးဖြစ်ရော။ ဒီတော့ဘာပြန်ပြောခဲ့မလဲ (((-ဟုတ်တော့ရော မင်းနဲ့ ဘာဆိုင်လဲတဲ့၊ ))-ဟုတ်ကဲ့ အဖြေကဒါပါဘဲ။ ကိုယ့်အကြောင်း မကောင်းပြောတော့ မဟုတ်ပဲ မပြောနဲ့တဲံ၊ ဟုတ်လို့ ပြောတာပေါ့ဆိုတော့၊ ဟုတ်တော့မင်းနဲ့ဘာဆိုင်လဲတဲ့။ ဒီလူတွေ တိုးတက် ဖို့ဆိုတာ တော်တော်စဉ်းစားယူရတယ်။
မိမိပြုမူလုပ်ကိုင်နေထိုင်ခဲ့တဲ့သမိုင်းဆိုတာရှိတယ်။ကိုယ့်အသုဘချတဲ့အချိန်မှာ ဒီသမိုင်းဟာအပေါ်ဆုံးလို့ဆိုရမလားဘဲ၊ဒါကလည်းအမြင်အတို င်ြးေ ပာကြတာဖြစ်လို့-တဝက်ဘဲမှန်မှာပါ။.........ဥပမာ-(((..အသက်-၁၀-နှစ် ကလေးတစ်ယောက်သေသွားလို့ နာရေးသွား လိုက် ပို့တော့ လူတွေ ဘာပြောနေကြလဲ၊ ဒီကောင်လေး သေတာ မှ ကောင်းေ သးတယ် ၊ ကျောင်း လဲမနေ၊ မိဘလဲကူဖေါ်လောင်ဖက်မရ အလကား သက် သက် မိဘတွေ ကိုဒုက္ခပေးနေတာ မြန်မြန်သေသွား တော့လဲ အေး တာေ ပါ့၊ သူရှိတာရပ်ကွက်တောင်နာသေး တယ်တဲ့))) ။((( နောက်ခလေးတစ်ယောက် အသုဘသွားလိုက်ပို့တယ်၊လူတွေ ဘာပြောနေကြသလဲ၊ဒီကောင်လေးသေသွားတာနှမျောဖို့ သိပ်ကောင်း တာပဲ၊ စာကလဲတော်တယ်၊ လိမ်လဲလိမ်မာ၊ မိဘတွေအပေါ်လဲသိ တတ်လို က်တာ လွန်ရောတဲ့။မိဘတွေတော့ရင်ကျိုးမှာဘဲ။)))သမိုင်းဆိုတာ အဲဒါ ဘဲ၊ကိုယ်ပြုခဲ့တဲ့ကံတွေဟာ ကိုယ့်နောက်ကိုလိုက်နေတယ်ဆိုတာကို သိထားလိုက်နာဖို့လိုတယ်။
.....................................။
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

Saturday, September 3, 2016

........(((. လောကဓံ(အမြင်သစ်)))..ဟူသည်။--(၆)-

...............................(((. လောကဓံ(အမြင်သစ်)))..ဟူသည်။--(၆)-
.................................
နောက်တစ်ခုက ကိုယ့်ရှေ့မှာ ခလေး-၃-ယောက်၊ ၊ ကိုယ်က မုန့်တစ်ခုစီပေးလိုက်တယ်၊ပထမခလေးတစ်ယောက်ကသူ့ကိုယ်တာလဲရရောသူ့ဘောင်းဘီ အိတ်ထဲထည့်ပြီးပြေးရော၊နောက်တစ်ယောက် ကသူ့ ကိုယ်တာလဲရရောပလုပ်ပလောင်းနဲ့ ပါးစပ်ထဲထိုးသွင်းပြီးစားနေလိုက် တာ နင်ပြီးမျက် လုံးတောင်ပြူးထွက်လာတယ်၊နောက်ဆုံး တစ်ယောက် ကတော့သူ့ကိုယ်တာရတာတောင်မှတော်တော်နဲ့မစားသေးဘဲ၊တောင်ကြည့် မြောက်ကြည့်နဲ့ကိုယ့်ကိုယ်တာကိုစားတာပဲကြောက်ကြောက်ရွံ့ရွံ့နဲ့တစ်ယောက်တစ်မျိုးနဲ့ ဘယ်လိုတွေလဲမသိဘူးလို့ တွေးပြီး အဲဒီဇာတ် လမ်းေ လး ကလဲဒီမှာတင်ဘဲ ပြီးပြတ်သွားပါတယ်။ ဒီခလေးတွေရဲ့ ဘဝေ ရှ့ရေး ကို- ကိုယ့်အလုပ်မဟုတ်တော့-မစဉ်းစားမိကြပြန်ဘူး၊ အဲဒီလို ကိုယ့်မျက်ေ စ့နဲ့ကိုယ်တိုင်မြင်တွေ့နေတာတောင်ဘာမှန်းမသိကြတဲ့လူတွေကိုယ့်ကိုယ်ကိုမြင်နိုင်တဲ့ ဥာဏ်မရှိတဲ့လူတွေအတွက်ငါဘယ်လိုလူစားလဲဆိုတာ သူ သိနိုင်ပါ့မလား။မသိနိုင်သလို သိအောင်ပြောပြီး ပြင်ခိုင်းလဲဆင်ခြေ တက် မယ်၊ ဇွတ်ငြင်းမယ်၊အဲဒါသိလို့ပြင်နိုင်ရင် ဘဝတစ်ဝက်ငြိမ်းတယ်ဆိုတာ မသိရှာကြဘူး။ ဒီလောက်ဥပမာတွေပြောပြနေရင် စိတ်ကိုတွေးလို့ ရလော က်ပြီထင်ပါတယ်။အဲဒီစိတ်ကို(သောက်ကျင့်)လို့ခေါ်တယ်။ ကိုယ်မွေးထဲက သေဆုံး သည်အထိ၊ သူကတော့ ကိုယ်နဲ့မကွာနေပါတယ် ဆိုတာ သိထားဘို့လိုတယ်။ ကိုယ်မြေကြီးထဲ ရောက်မှဘဲ သူကလဲခွာ ထွက် သွားမှာပါဘဲ။မိမိအသက်တစ်နှစ်ကြီးလာလေ၊ပိုင်ဆိုင်မှုများလာလေ၊ အဲဒီစိတ်က ပိုဆိုးလာလေဘဲ။လက်ရှိ ပစ္စုပ္ပန်ဘဝမှမြေကြီးထဲရောက်မှ သူက လက်ရှိခန္ဓာကိုယ်ကြီးနဲ့ ..ခွဲခွာသွားမှာဆိုတော့။လက်ရှိဘဝ ခန္ဓာကို ယ်နဲ့ ဒီစိတ်ကလေးကို အဆင်ပြေအောင်နေစေ တဲ့နည်းဘဲ။
နွားလှည်းနဲ့နွားတပ်ထားသလိုပါဘဲ၊ နွားနဲ့လှည်းတပ်ဆင်ပြီးသွားရင် တောင်ပေါ်ပဲတက်တက်၊ တောင်အောက်ပဲဆင်းဆင်း၊ လှည်းဘီးနဲ့ နွာြးေ ခေ ထာက်ထိတဲ့ထုံးစံမရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လှည်းကိုယ် ထ ည်ေ ဒါက်တန်နဲ့ နွားလည်ပင်းတပ်ထားတဲ့ တံပိုးတုံးအံဝင်ခွင်ကျ ပြုလုပ် ထားလို့ဘဲ၊ ဘယ်အချိန်မှာတက်ကြိတ်ဖြစ်မလဲ၊ လှည်းတံပိုးကျိုးပြီး ပြစ် လဲတဲ့နေ့ လှည်းကတော့ နွားကို ဝင်ကြိတ်လိုက်မှာဘဲ၊ ဆိုလိုတာကတော့ ငါတစ်နေ့ ဒီလိုကြုံလာရင် ငါဒီလိုရှောင်နေ လိုက်မယ်ဆိုရင်ပြီးတာဘဲ၊ ကြုံလာတာမသိဘူး၊ မသိတော့ ကြုံတဲ့အတိုင်းလုပ်လိုက်တယ်၊ ဒုက္ခ ဖြစ်ရော။ တစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့ရမယ့် ပြဿနာမတူတဲ့ အတွက် ပြန်လည်တုံ့ပြန်မှု ကလည်း မတူနိုင်ပြန်ဘူး။.......
ဒီတော့ ငါဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲ၊ သေချာစဉ်းစားမယ်၊ နီးနီးစပ်စပ်တွေးလို့ ရအောင် ပြောပြချင်ပါတယ်၊ ဒါပေမဲ့ သင်ဇွတ်ငြင်း ပါလိမ့်မယ်။ (သို့မဟုတ်) ဆင်ခြေအမျိုးမျိုး တက်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများဟာ ကိုယ့်မကော င်းကြော င်း ပြောတာကို နားမထောင်ချင်ကြလို့ပါဘဲ၊ အမေမွေးထဲက ဒီအတိုင်းနေ လာတာပဲ၊ ငါဘာဖြစ် နေလို့လဲ ဆိုတဲ့ စကားလုံးကိုသုံးပြီး ပြန် လည်ပြော ဆိုတတ်ကြပါတယ်။ သင့်အကြောင်းတကယ် သိချင်ရင် ကိုယ့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ သွားမမေးနဲ့ သူတို့ကသင့်အကြောင်း မကောင်း တာကို အမှန်အတိုင်းပြောမှာမဟုတ်ဘူး၊ အမှန်အတိုင်း ပြောရလောက်ေ အာင် သင့်အကြောင်း သူတို့ ရေရေရာရာမသိကြဘူး၊ သိပေမယ့် ကိုယ့်လူ ဆိုပြီး လျော့ပေါ့တွေးနေကြလို့ ပါပဲ။ တကယ်သင့်အကြောင်း သိတဲ့လူ တစ်စု ရှိတယ်၊ အဲဒီအထဲမှာ သင့်အသိတွေပါသလို လုံးဝ သင်မသိတဲ့ လူတွေ လဲပါနေလိမ့်မယ်။..
.....................။.ဲ့

Friday, September 2, 2016

(((((----အမှတ်တရ....)))))။

.................................................(((((----အမှတ်တရ....)))))။..................
................................

(((((----အမှတ်တရ....)))))။

Thursday, September 1, 2016