........................((( ..လောကဓံ(အမြင်သစ်).ဟူသည်။-(၁၁)။...)))
.....................
လောကဓံပညာသည် ကျွန်ုပ်တို့မြန်မာ့ရေမြေ၊ မြန်မာပြည်သား(ဗုဒ္ဓဘာသာ)တို့နှင့် ပို၍ကိုက်ညီသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘုရားရှင်၏ နှုတ်ခပါဒ်တော်မှ ဟောကြားတော်မူခဲ့သော တရားတော်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ သို့သော် ဖြစ်ခြင်းပျက်ခြင်း ဆိုသည့် လောကဓံပညာသည် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတွေ အ တွက်သာမဟုတ်ပဲ လူမျိုး/ ဘာသာမရွေး လူသားအားလုံးအတွက် လက်ရှိပစ္စုပ္ပန်ဘဝမှာ အဆင်ပြေစွာ နေထိုင်ဖို့ နည်းလမ်း များကို ညွှန်ကြားပေးသော ပညာဖြစ်သောကြောင့်ဖြစ်သည်။ .........ဤလောကဓံပညာကို ကျွန်ုပ်သည် ဆရာကြီးဦးကြာမြင့်နှင့် ဆရာကြီး၏သားဖြစ်သူ ဆရာလေးကိုကျော်ကျော်ခိုင်တို့ထံမှ ကိုယ်တိုင် သင်ယူခဲ့ရခြင်းဖြစ်ပါသည်။ လောကဓံအကြောင်းကို ရှေးယခင်ကနဦးကထဲက ဆရာများစွာတို့ သည်လည်း တွက်ချက်ဟောပြောခဲ့ကြသည် ကို တွေ့ ရှိခဲ့ရ၏။ ခိုင်မာမှုမရှိသောကြောင့် မှေးမှိန် ပျောက်ကွယ်ခဲ့ရလေသည်။ ယခုအခါ ဆရာကြီးဦးကြာမြင့်သည် လောကဓံပညာရပ်ကို မဟာဘုတ် ပညာနှင့် ပေါင်းစပ်၍ လောကဓံပညာရပ်ကို သက်သေသာဓကများစွာဖြင့် ခိုင်မာစွာတည်ဆောက်၍ ဟောပြောသင်ကြားပြသခဲ့သဖြင့်((( လောကဓံမဟာဘုတ် )))ဟူ၍ တပည့်ပေါင်းမြောက်များ စွာ. မွေးထုတ်ပေးခဲ့ပြီးဖြ စ်လေ သည်။ ကျွန်ုပ်သည်လည်း ထိုတပည့်များစွာထဲမှ တပည့်တစ်ဦး ပင် ဖြစ်ပါ သည်။..
...........................ကျွန်ုပ်သင်ယူခဲ့ရသည်ကား
မူလမဟာဘုတ်(ဘာဖွားလဲ)ဟူသော မဟာဘုတ်မှ - အြွကင်းဥာဉ်စရိုက်ကို ဦးစားပေးထား သော............ (အြွကင်းမဟာဘုတ်)။
မူလအင်္ဂဝိဇ္ဇာပညာမှ............ - အင်္ဂဝိဇ္ဇာဟောကွက် အယူအဆ နှင့် ဓါတ်ဆင်ဓါတ်ရိုက်မူသစ်။
မူလမဟာဘုတ်မှ ..............- လောကဓံမဟာဘုတ်။
မူလယတြာမှ - ....................မဂ္ဂင်(၈)ပါးယတြာချေပညာ။
မူလနဝင်းပညာမှ ...............- မဟာဘုတ်နဝင်းစီးပညာ(မူသစ်)
စသည့်ပညာရပ်များကို လေ့လာသင်ယူခဲ့ရပါသည်။ ........ထိုထိုသော ပညာရပ်များစွာထဲမှ ကျွန်ုပ်လက်တွေ့ ဟောပြောလမ်းညွှန်နေေ သာေ လာကဓံမဟာဘုတ်(အမြင်သစ်)ကိုတင်ပြသွားမှာ ဖြစ်ပါတယ်။ အားနည်း ချက် တစုံတရာရှိခဲ့ပါမူ ဆရာကြီးဦးကြာမြင့်နှင့်သင်ဆရာ မြင်ဆရာ ကြားဆရာတို့နှင့် မသက်ဆိုင်ပဲ ကျွန်ုပ်၏ အတွေးအခေါ်အယူအဆများ သာ ဖြစ်သောကြောင့် ကျွန်ုပ်တာဝန်များသာ ဖြစ်ပါကြောင်း ကြိုတင်ဝန်ခံ အသိပေးအပ်ပါသည်။
၁၉၉၆-ခုနှစ်မှ ယနေ့အချိန်အထိ (((.....လောကဓံဆရာဦးထွန်းရီ၊ ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီးဓါတ်ခန်း...))) အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဟူသော အမည်ဖြင့် ဟေြာေ ပာလမ်းညွှန်ရင်း(မူရင်းမူမှန်ဆန်းကျမ်း ကျမ်းပြုပညာရှင်၊ ပုဂ္ဂလပညတ်သင် တန်း၊ နိယာမဆရာကြီး ရန်ကုန်ကျော်ရင်)ထံမှပုဂ္ဂလပညတ်နှင့် နိယာမေ ဆး ပ ညာကို သင်ယူပြီး ((((... ဓါတု နိယာမ ဆေးကုဌာန... )) )ဟူသော အမည်နှင့် (((... ၂၁- ၁၀ - ၁၉၉၇/အင်္ဂါ... )) )နေ့၌ ဆေးကု သခဲ့ပါသည်။ (၁)နှစ်ခန့် ကြာသောအခါ ဆေးကုသမှုကို ရပ်ဆိုင်းကာ လောကဓံပညာနှ င့်နိယာမဆေးပညာ ပေါင်းစပ်ကာ -လူသားတွေ၏ ဘဝဖြစ်ခြင်း/ပျက်ခြ င်းသေ ဘာနှင့် (၇)နေ့သားသမီးများ၏ ဖေါက်ပြန်ခြင်းဓါတ်သဘောနှ င့်နိယာမသဘောတရားတို့ ပေါင်းစပ်ကာ - အတွေးသစ်၊ အမြင်သစ် တို့ဖြ င့်ေ ဟာပြောလမ်းညွှန်နေသောပညာဖြစ်သောကြောင့် (((...ကမ္ဘာ့ဗေဒ င်ေ လာ က၌မ ရှိသေး သောပညာ..... ))) ဟူ၍ပင် သက္ကရာဇ်-၂၀ဝ၀-မှစ၍ စာေ စာင်၊ မဂ္ဂဇင်းများ၌ ကြေငြာကြီးဟော ပြောခဲ့ခြင်းဖြစ် သည်။
((((((...... ကမ္ဘာပေါ်မှာမရှိသေးဟု အဘယ်ကြောင့် ကြေငြာရသလဲဆို တာ လေ့လာကြည့်လိုက်ရအောင်-......)))))//
..........

No comments:
Post a Comment