Friday, September 30, 2016

......((((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၃)။..))))) ...................


............((((( .လောကဓံ(အမြင်သစ်).ဟူသည်။-(၁၃)။..)))))
...................

...........ကျွန်ုပ်ဟောပြောလမ်းညွှန်လာခဲ့သည့် ကာလအတွင်း ပျော် လို့ ဗေဒင် လာမေးတဲ့လူ တော်တော်လေးနည်းပါတယ်။ ဘယ်အချိန်တွေမှာ ဗေဒင်အများဆုံး မေးလေ့မေးထရှိကြသလဲ--? .......(၁) ဆုံးဖြတ်ချက်ခက်ခဲတဲ့အခါမျိုးမှာလာကြ တာများပါတယ်။ဥပမာ -အိမ်ပြောင်းမယ်၊ လုပ်ပြောင်းမယ်၊ နိုင်ငံခြားသွားမယ်၊အိမ်ထောင်ပြုမယ်၊ တခုခုရောင်း မယ်ဝယ်မယ်-အဲဒီလို ဆုံးဖြတ်ချက် ခက်ခဲတဲ့အခါမျိုးနဲ့၊ ..........(၂)နောက်တစ်ချက်ကလုပ်ချင်တာ တွေရှောက်လုပ်ပြီး ဒုက္ခဖြစ် မှရောက်လာကြတာများပါတယ်။ရောက်လာရင်လဲ ဘာမှေ ထွ ထွေ ထူးထူးစဉ်းစားမနေနဲ့၊ သူတို့ရောက်လာတာကသူတို့လိုက် လုပ်လို့မရ တဲ့ကိစ္စကိုရ အောင် လုပ်ပေး နိုင်မယ့်ဆရာလိုက်ရှာနေကြတာပါ။ နောက် တချက်ကသူတို့လုပ်ချင်တာ တွေရှောက် လုပ်ပြီးမှသူတို့တွေရဲ့ဒုက္ခတွေ က လွတ် ကင်းအောင် လုပ်ပေးနိုင်မလား ဆိုးပြီး (((----ကယ်မပေး မယ့် ဆရာ...))))လိုက်ရှာနေကြတာပါ။ (((---လိုက်အလိမ်ခံနေကြတာ...)))ဆို ပါတော့။(ကိုယ်စိုက်တဲ့ ငှက်ပျောပင် ငှက်ပျောသီးပဲ သီးမှာပေါ့- ဆိုလိုတာ သဘော ပေါက်တယ်နော)လူတစ်ယောက်ရဲ့ဘဝကိုကံက ချုပ်ထားပြီး သားဆိုတာကို မသိကြတာပါဘဲ။ ကံဆိုတာဘာလဲ-? ကံဆိုတာအ လုပ် ကိုခေါ်တာပါ လို့ပဲအများနားလည်အောင်ပြောရတော့မှာဘဲ။ လော က ဓံ(အမြင်သစ်) မူမှာကံကိုနှစ်မျိုးခွဲထား ပါတယ်။ ယခင်ဘဝက မိမိပြုလုပ် ခဲ့တဲ့ ကံရယ်၊ ယခုလက်ရှိ ဘဝပစ္စုပ္ပန်မှာမိမိပြုလုပ်ခဲ့တဲ့ကံ။ပြု လုပ်နေေ သာကံ၊နောင် ပြုလုပ်ဦးမယ့်ကံရယ်လို့ ဆိုထားပါတယ်။
လူဘဝသည်(၈)နှစ်လျှင်တစ်ကြိမ်ပြောင်းလဲနေပါသည်။ ထို(-၈-)နှစ်တွင်(-၄-)နှစ်သည် ကံကောင်းနေပြီး၊ ကျန(်-၄-)နှစ်သည် ကံညံ့နေသည်ဟု သတ်မှတ်ဟောပြောလမ်းညွှန်နေပါတယ်။ (-၄-)နှစ်ကံကောင်းနေသည် ဆိုသည်မှာ ယခင်ဘဝက မိမိပြုလုပ်ခဲ့တဲ့ ကံဖြစ်ပြီး ကံကောင်းနေ သည်ဟု ပြောတာက အရင်ဘဝက ကံ။ ကံကောင်းနေတယ်လို့ သိသွားတာက Óဏ်။ ရအောင်လုပ်ယူ ရမှာက လက်ဘဝရဲ့ကံဖြစ်ပါတယ်။ (((....ပေါ်တာကအရင်ဘဝကံ+ သိတာကÓဏ်+ ရအောင်လုပ်ယူ ရမှာက ယခုဘဝကံ....)))။ လို့ဆိုလိုတာပါ။ ကိုယ်လုပ်ရင်ရမယ်။ မလုပ်ရင်ထင်သ လောက်မရဘူး။
ကံ ညံ့ချိန်-၄-နှစ်ဆိုသည်မှာ ယခင်ဘဝက မိမိပြုလုပ်ခဲ့သော ကံကိုဆိုလိုသည်။ ကံ မကောင်းဘူးလို့ သိတာကÓဏ်၊ ဒုက္ခဆိုတာပေါ်ရုံပေါ်နေတာပါ ကိုယ်မလုပ်ရင်မဖြစ်ပါဘူး။ (ပေါ်လာတဲ့ ဒုက္ခဆိုတာအရင်ဘဝကံ+ကံမကောင်းဘူးလို့သိတာကÓဏ်+ဒုက္ခဆိုတာကိုယ်လုပ်မှ ဖြစ်တာပါ)။(ကဲတွေးတောစဉ်းစားပေတော့မိတ်ဆွေ)-(၈)နှစ်မှာ(၄)နှစ်ကံကောင်းတယ် ဆိုပေမယ့်.တကယ်ကံကောင်းတာက-(၂)-နှစ်ပဲရှိပါတယ်။ ပထမ-(၂-)နှစ်သည် အကြောင်း+ ဒုတိယ-(၂ )-နှစ် သည်အကျိုးဖြစ်သည်။
............................................. ။

No comments:

Post a Comment