...............................(((. လောကဓံ(အမြင်သစ်)))..ဟူသည်။--(၆)-
.................................
နောက်တစ်ခုက ကိုယ့်ရှေ့မှာ ခလေး-၃-ယောက်၊ ၊ ကိုယ်က မုန့်တစ်ခုစီပေးလိုက်တယ်၊ပထမခလေးတစ်ယောက်ကသူ့ကိုယ်တာလဲရရောသူ့ဘောင်းဘီ အိတ်ထဲထည့်ပြီးပြေးရော၊နောက်တစ်ယောက် ကသူ့ ကိုယ်တာလဲရရောပလုပ်ပလောင်းနဲ့ ပါးစပ်ထဲထိုးသွင်းပြီးစားနေလိုက် တာ နင်ပြီးမျက် လုံးတောင်ပြူးထွက်လာတယ်၊နောက်ဆုံး တစ်ယောက် ကတော့သူ့ကိုယ်တာရတာတောင်မှတော်တော်နဲ့မစားသေးဘဲ၊တောင်ကြည့် မြောက်ကြည့်နဲ့ကိုယ့်ကိုယ်တာကိုစားတာပဲကြောက်ကြောက်ရွံ့ရွံ့နဲ့တစ်ယောက်တစ်မျိုးနဲ့ ဘယ်လိုတွေလဲမသိဘူးလို့ တွေးပြီး အဲဒီဇာတ် လမ်းေ လး ကလဲဒီမှာတင်ဘဲ ပြီးပြတ်သွားပါတယ်။ ဒီခလေးတွေရဲ့ ဘဝေ ရှ့ရေး ကို- ကိုယ့်အလုပ်မဟုတ်တော့-မစဉ်းစားမိကြပြန်ဘူး၊ အဲဒီလို ကိုယ့်မျက်ေ စ့နဲ့ကိုယ်တိုင်မြင်တွေ့နေတာတောင်ဘာမှန်းမသိကြတဲ့လူတွေကိုယ့်ကိုယ်ကိုမြင်နိုင်တဲ့ ဥာဏ်မရှိတဲ့လူတွေအတွက်ငါဘယ်လိုလူစားလဲဆိုတာ သူ သိနိုင်ပါ့မလား။မသိနိုင်သလို သိအောင်ပြောပြီး ပြင်ခိုင်းလဲဆင်ခြေ တက် မယ်၊ ဇွတ်ငြင်းမယ်၊အဲဒါသိလို့ပြင်နိုင်ရင် ဘဝတစ်ဝက်ငြိမ်းတယ်ဆိုတာ မသိရှာကြဘူး။ ဒီလောက်ဥပမာတွေပြောပြနေရင် စိတ်ကိုတွေးလို့ ရလော က်ပြီထင်ပါတယ်။အဲဒီစိတ်ကို(သောက်ကျင့်)လို့ခေါ်တယ်။ ကိုယ်မွေးထဲက သေဆုံး သည်အထိ၊ သူကတော့ ကိုယ်နဲ့မကွာနေပါတယ် ဆိုတာ သိထားဘို့လိုတယ်။ ကိုယ်မြေကြီးထဲ ရောက်မှဘဲ သူကလဲခွာ ထွက် သွားမှာပါဘဲ။မိမိအသက်တစ်နှစ်ကြီးလာလေ၊ပိုင်ဆိုင်မှုများလာလေ၊ အဲဒီစိတ်က ပိုဆိုးလာလေဘဲ။လက်ရှိ ပစ္စုပ္ပန်ဘဝမှမြေကြီးထဲရောက်မှ သူက လက်ရှိခန္ဓာကိုယ်ကြီးနဲ့ ..ခွဲခွာသွားမှာဆိုတော့။လက်ရှိဘဝ ခန္ဓာကို ယ်နဲ့ ဒီစိတ်ကလေးကို အဆင်ပြေအောင်နေစေ တဲ့နည်းဘဲ။
နွားလှည်းနဲ့နွားတပ်ထားသလိုပါဘဲ၊ နွားနဲ့လှည်းတပ်ဆင်ပြီးသွားရင် တောင်ပေါ်ပဲတက်တက်၊ တောင်အောက်ပဲဆင်းဆင်း၊ လှည်းဘီးနဲ့ နွာြးေ ခေ ထာက်ထိတဲ့ထုံးစံမရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လှည်းကိုယ် ထ ည်ေ ဒါက်တန်နဲ့ နွားလည်ပင်းတပ်ထားတဲ့ တံပိုးတုံးအံဝင်ခွင်ကျ ပြုလုပ် ထားလို့ဘဲ၊ ဘယ်အချိန်မှာတက်ကြိတ်ဖြစ်မလဲ၊ လှည်းတံပိုးကျိုးပြီး ပြစ် လဲတဲ့နေ့ လှည်းကတော့ နွားကို ဝင်ကြိတ်လိုက်မှာဘဲ၊ ဆိုလိုတာကတော့ ငါတစ်နေ့ ဒီလိုကြုံလာရင် ငါဒီလိုရှောင်နေ လိုက်မယ်ဆိုရင်ပြီးတာဘဲ၊ ကြုံလာတာမသိဘူး၊ မသိတော့ ကြုံတဲ့အတိုင်းလုပ်လိုက်တယ်၊ ဒုက္ခ ဖြစ်ရော။ တစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့ရမယ့် ပြဿနာမတူတဲ့ အတွက် ပြန်လည်တုံ့ပြန်မှု ကလည်း မတူနိုင်ပြန်ဘူး။.......
ဒီတော့ ငါဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲ၊ သေချာစဉ်းစားမယ်၊ နီးနီးစပ်စပ်တွေးလို့ ရအောင် ပြောပြချင်ပါတယ်၊ ဒါပေမဲ့ သင်ဇွတ်ငြင်း ပါလိမ့်မယ်။ (သို့မဟုတ်) ဆင်ခြေအမျိုးမျိုး တက်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများဟာ ကိုယ့်မကော င်းကြော င်း ပြောတာကို နားမထောင်ချင်ကြလို့ပါဘဲ၊ အမေမွေးထဲက ဒီအတိုင်းနေ လာတာပဲ၊ ငါဘာဖြစ် နေလို့လဲ ဆိုတဲ့ စကားလုံးကိုသုံးပြီး ပြန် လည်ပြော ဆိုတတ်ကြပါတယ်။ သင့်အကြောင်းတကယ် သိချင်ရင် ကိုယ့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ သွားမမေးနဲ့ သူတို့ကသင့်အကြောင်း မကောင်း တာကို အမှန်အတိုင်းပြောမှာမဟုတ်ဘူး၊ အမှန်အတိုင်း ပြောရလောက်ေ အာင် သင့်အကြောင်း သူတို့ ရေရေရာရာမသိကြဘူး၊ သိပေမယ့် ကိုယ့်လူ ဆိုပြီး လျော့ပေါ့တွေးနေကြလို့ ပါပဲ။ တကယ်သင့်အကြောင်း သိတဲ့လူ တစ်စု ရှိတယ်၊ အဲဒီအထဲမှာ သင့်အသိတွေပါသလို လုံးဝ သင်မသိတဲ့ လူတွေ လဲပါနေလိမ့်မယ်။..
.....................။.ဲ့

No comments:
Post a Comment