Monday, September 19, 2016

(((((...လောကဓံ(အမြင်သစ်).ဟူသည်။-(၁၀)။..)))))

...................................

...................................................(((((...လောကဓံ(အမြင်သစ်).ဟူသည်။-(၁၀)။..)))))
.....................
ဘဝမှာ-၄နှစ်-တကြိမ် ပြောင်းလဲခြင်းဟာ ဘယ်လောက် ကွာခြား သလဲဆိုရင်၊ မန္တလေးနဲ့ မေမြို့၊ အပူအအေးကွာသလောက် ကွာပါတယ်။ အဖြူနဲ့အမဲ ဆန့်ကျင်ဘက်ဖြစ်နေသလောက် ကွာပါတယ်။ မိုးနဲ့နွေလိုပါ ဘဲ။ မန္တလေးကအိုက်တော့ အင်္ကျီပါးပါး၊ ယပ်တောင်၊ အဲယားကွန်းနဲ့ နေရ တဲ့သဘောပါ၊ ပူတာကို လွတ်အောင်လုပ်လို့မရတော့၊ သက်သာတဲ့နည်း ပဲရှိပါတယ်။
မေမြို့ကအေးတယ်၊ မေမြို့ကိုရောက်ရင်အားလုံးအေးမှာပဲ၊ အေးတော့ သက်သာအောင် ဘာလုပ်ရမလဲ၊ အနွေးထည်၊ တိုက်ပုံအင်္ကျီဝတ်၊ အရက်ေ သာက်၊ မီးလှုံပေါ့။ မန္တလေးကိုအိုက်တယ်၊ အဲဒါမသိဘဲနေမလား၊ သိပေမယ့် မန္တလေးကိုမေမြို့ထင်ပြီး ဒီလောက်အိုက်နေတဲ့ နွေရာသီမှာ အနွေထည်ဝတ်ပြီး၊ အရက်သောက်၊ မီးလှုံရင် ဘာဖြစ်သွားမလဲ? မန္တလေးကို တရုတ်ကြီးသွားလဲ အိုက်မယ်၊ ကုလားလေးသွားလဲအိုက်မှာပဲ၊ မိန်းမသွားသွား၊ ယောကျာ်းသွားသွား၊ တရားသမား သွားသွား၊ ဓါးပြပဲ သွားသွား၊ ဘယ်သူပဲသွားသွားအိုက်မှာပဲ၊ ဆိုလိုတာက လောကဓံက သတ်မှတ် ထားတဲ့ ဒုက္ခနယ်ကို ဖြတ်ရင်မည်သူမဆို ဒုက္ခနဲ့ ရင်ဆိုင် ရတော့မှာ ကြိမ်းသေပါ။ မတူတာက ပိုင်ဆိုင်မှု၊ အသက်အရွယ်ပဲ၊ ဆိုက္ကားနင်းရင် ဆိုက္ကားဒုက္ခ၊ ကားမောင်းရင်ကားဒုက္ခပဲ၊ နိုင်ငံခြား ရော က်နေရင်နိုင်ငံခြားဒုက္ခ၊ ရိပ်သာရောက်နေရင် ရိပ်သာဒုက္ခဘဲ၊ ဖြစ်တာမ ဟုတ်သေး ဘူးနော်၊ ဒုက္ခကပေါ်နေတာ၊ အဲဒါကိုဒုက္ခလို့ သင်တို့ မသိနိုင်ကြတာပဲ။ ဒုက္ခမှန်းသမိလို့ ဒုက္ခကို သွားကြည့်ရင် ဒုက္ခပဲေ တွ့ မှာပေါ့။ ဒုက္ခကပြုံးပြတာကို မသိလို့ ပြန်ပြုံးပြလိုက်ရင် ဒုက္ခကပြန်ပြုံးပြ မှာပဲ၊ ဒုက္ခကလက်ကမ်းပေးတာကို ဒုက္ခမှန်းမသိလို့ လက်ကမ်းပေး လိုက်ရင် ဒုက္ခနဲ့ ငြိသွားမှာပေါ့။ ဒုက္ခက ခါးလာဖက်တာကို ဒုက္ခမှန်းမ သိလို့ ဒုက္ခခါးသွားဖက်ရင် ဒုက္ခပဲဖြစ်မှာပေါ့။ ဒီလောက် ဥပမာတွေနဲ့ ဆိုရင် လောကဓံ(အမြင်သစ်)ရဲ့ သဘောတရားကို နည်းနည်းတော့ ရိပ်စားမိလောက်ပြီ ထင်ပါတယ်။
ယနေ့ခေတ်မှာဒုက္ခသည် ကမ္ဘာပတ်ရောက်လာတာလေးတစ်ခု ဥပမာပြောပြရင် ပိုပြီး သဘောပေါက်လာမှာပါ။ -၂၀ဝ၇-ပတ်ဝန်းကျ င်လောက်က ရန်ကုန်မြို့ပေါ်၊ မြို့တွင်းမှာဖြစ်ပေါ် ခဲ့တဲ့ ကမ္ဘာသိကိစ္စ တစ်ခုပါ။ (ဒေါ်အောင်ဆန်းစုကြည်--)ကို အကျယ်ချုပ်ချုပ်ထားတဲ့ အချိန်မှာ -(ယက်တော)ဆိုတဲ့ဒုက္ခကောင်ကြီးသည်၊အမေရိကတိုက်မှအာရှတိုက်သို့ကူးလာ၏။ မြန်မာပြည်နယ်စပ်မှာလာရပ်၍မြန်မာပြည်ထဲသို့ဝင်ရောက်လာ၏။ရန်ကုန်ရှိ-(ဒေါ်-အောင်ဆန်း စုကြည်-)နေအိမ်ရှေ့သို့သွား၏။ အစောင့် အရှောက်ပေါင်းများစွာ ရှိနေသည့်ကြားမှ ရေထဲမှကူးပြီး ရောက်အောင် လာ၏။ ဒုက္ခသည်ကား ကမ္တာပတ်ပြီး ရေကူး၍ေ၇ာက် လာ၏၊ ဒုက္ခက လာချင်ပြီ ဆိုလျှင် ဤသို့တည်း။
ဟုတ်ပြီ ဒုက္ခကတော့ ရောက်လာပြီ၊ ဘာတွေဆက်ဖြစ်ကြသလဲ။
ဘာမှမဖြစ်ပါဘူး၊ ဒုက္ခဘဲဆိုတာကို သိလို့ ဒုက္ခကိုမတုံ့ပြန် လိုက်မိ လို့ ဒုက္ခကလွတ်မြောက် လာကြောင်းကို ပြောချင်တာပါ။ (ယက်တော)-ကြီးပြန်ထွက်သွားတဲ့အခါ၊ ရှင်အဲဒီရှေ့ကအစောင့် တွေကို ရသမျှသတ် သွား၊ ရှိတဲ့လက်နက်ပေးခဲ့။ ကျန်တဲ့အစောင့်တွေကျမတာဝန်ယူတယ်လို့၊ ဒုက္ခကိုမတုံ့ပြန်လိုက်တော့။ ဘာမှမဖြစ်တော့ဘူးပေါ့။ ........တကယ်လို့ လက်နက်ယူထားလိုက်ရင် ......လက်နက်ပုဒ်မ၊ လူသတ်ရင်လူသတ်မှုပဲ၊ ဘာမှမတုံ့ပြန်လိုက်တော့ ဘာမှမဖြစ်ဘူးဆိုတာပါဘဲ။ ကဲဒီအကြောင်း အရာလေးကို တွေးမိရင်-(((--- ဒုက္ခဆိုတာ ----လာခြင်ပြီဆိုလျှင်-ကမ္ဘာပတ်၍ရေကူးပြီးရောက်လာ-))) တဲ့-အကြောင်းအဖြစ်အပျက်လေးပါ။..(အဖြေကားမိမိပြန်လည် တုံ့ပြန်မှုကပင်-အဖြေဖြစ်ပေသည်။)။
................

No comments:

Post a Comment