Thursday, September 15, 2016

.((((---.လောကဓံ(အမြင်သစ်).ဟူသည်။-(၉)။--))))---/

..........................((((---.လောကဓံ(အမြင်သစ်).ဟူသည်။-(၉)။--))))---/
......................................................................


.....................
လောကဓံ(အမြင်သစ်)၏ ကံကောင်းခြင်း/ကံဆိုးခြင်းဟူသည်
မိမိအသက်အရွယ်အရ မိမိရပ်တည်ရာ ပတ်ဝန်းကျင်၌ မိမိလို အပ်သည်များကို လုပ်ကိုင် ခွင့်ရ၍ လုပ်တိုင်းဖြစ်နေသည့် အချိန်ကို((( ကံကောင်းနေသည်)))ဟု လောကဓံ(အမြင်သစ်)က ဆိုပါတယ်။ ကံဆိုးတယ်ဆိုတာ ကိုယ့်အသက်အရွယ်အရ ကိုယ်ရပ်တည်ရာ ပတ်ဝန်းကျင်၌ မိမိ လုပ်ချင်သည့်အရာကို လုပ်ကိုင်ခွင့်မရပဲ၊ မိမိလုပ်လိုက်သည့်အလုပ် လွဲချော်၍ လုပ်တိုင်း မဖြစ်သည့် ကာလကို (((ကံမကောင်းဘူး)))ဟုဆိုပါတယ်။
ကံကောင်းသည်ဆိုသည်မှာ အရင်ဘဝကံ ကိုဆိုလိုသည်၊ ကံကောင်းသည်ကို ကံကောင်း နေတယ်လို့ သိတာကÓဏ်၊ ကံကောင်းနေသည့်အသက်အပိုင်းအခြားများတွင် ရအောင်လုပ်ယူ ရမည်မှာလက်ရှိဘဝ၏ကံဖြစ်သည်။(((ဒုက္ခဆိုသည်မှာဖြစ်တာမဟုတ်ပဲ၊ပေါ်လာခြင်းဖြစ်သည်။)))ပေါ်လာသည်ကိုဒုက္ခဟုမသိနိုင်ခြင်းပင်။ဒုက္ခဟုကြိုတင်သိနိုင်ခြင်း၊ဒုက္ခနှင့်ရင်ဆိုင်တွေ့ချိန် သင် မည်မျှခံနိုင်ရည်ရှိသလဲ၊ မည်သို့ တုံ့ပြန်မည်နည်း၊သင်တုံ့ပြန်မှုအနည်းအများသည်အဖြေဖြစ်သည်။
ကျွန်ုပ်နှင့်စတွေ့သည့် မိတ်သစ်တော်တော်များများသည် ကျွန်ုပ်ကြို တင်ဟောပြော လမ်းညွှန်သည်များကို ယုံကြည်မှုမရှိဘဲ၊ မင်းတို့ဆရာဗေ ဒင်သွားမေးတာ ဘာတွေရှောက်ပြောနေမှန်း မသိဘူး၊(((...လူဘဲလုပ် ရင်ဖြစ် တာပေါ့၊ကံဆိုတာအလုပ် ပဲဘာဖြစ်လို့မဖြစ်ရမှာလဲတဲ့....)))ဲ့။ ကျွန်ုပ်က လည်း ပြ န်ပြော လိုက်ပါတယ်၊ နောင်-၄နှစ် အတွင်းပြန်မလာ နဲ့ ပြန် လာရင်-၁၀ဆ ပေးရမယ်လို့။(((... ဟုတ်ကဲ့ အဖြေကပြုတ်ပါ တယ်။)...)) ကျွန်တော်ပြောလို့မဟုတ်ဘူးနော်၊ မလုပ်နဲ့ဆိုတာကို သွားလုပ်လို့ ဒုက္ခ ဖြစ်တာပါ။
နောက်တစ်မျိုးက မောင်ရင်ငါ့ဘက်ကတော့ ပြောပြီးပြီ၊ ယုံတာ/မယုံတာ မောင်ရင့်ကိစ္စ၊ ဆရာပြောတာမယုံလို့ သွားလုပ်ကြတာ သူများတွေတော့ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ၊ မောင် ရင့်အ လှည့်ဖြစ်နေဦးမယ်ဆိုတော့၊ (((...သွားစမ်းပါ၊ သူများတွေ ဒုက္ခဖြစ်တိုင်း ကိုယ်ဖြစ်ရမှာလား၊ လူချင်းတူပေမယ့် အသက်ရှူခြင်းကွာပါတယ်၊ ရအောင်လုပ်ပြမယ်တဲ့...)))။ (((... ဟုတ်ကဲ့။ အဖြေက သူလဲ ပြုတ် ပါတယ်။...)))။
သူတို့တတွေဘာဖြစ်လို့ လုပ်တိုင်းပြုတ်နေကြတာလဲ။ လူတွေမှာ ဘာမှလုပ်လို့ မရတဲ့ အချိန်ဆိုတာ ရှိတာကို မသိသေးလို့ပါ။ ကိုယ်တိုင်မကြုံဘူးသေးလို့ပါ။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန် တန်ပျက်မှာကို ဘယ်အချိန်မှာပျက်မှာလဲ၊ ဘာကြောင့်ပျက်မှာလဲ၊ မပျက်အောင် ဘယ်လိုနေ
ထို င်.လုပ်ကိုင်ရမလဲဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ (((...ပျက်ချိန် မသိလို့ သွားလုပ်လို့ ပျက်ရ တာပါ။ ...)))လူ့ဘဝရဲ့ဖြစ်ပျ က်ခြင်းဟာ၊ သစ်ပင်တစ်ပင်ရဲ့ သစ်ပင်စိုက်၊ သီးမှည့်၊ အသီးတုံး၊ အရွက်ြွေကတဲ့ သဘောပါ။ သစ်ပင်ရဲ့သဘာဝက မိုးတွင်းကာလ သစ်ပင်စိုက်ရတဲ့ ရာသီမှာ သစ်ပင်စိုက်၊ နွေရာသီမှာ မျိုးစေ့ချိန်၊ နွေ မှာသစ်ပင်မစိုက်နဲ့ နွေမှာသစ်ပင်စိုက်ရင် ရှင်ချင်မှ ရှင်မှာ၊ အပင်ရှင်ရင်လဲ မိုးတွင်းသစ်ပင်လို အပင်သန်ချင်မှသန်မှာ၊ ဆိုလိုတာက လုပ်ရတာနဲ့ ရတာနဲ့ မကာမိလို့ဘဲ။.......
....................

No comments:

Post a Comment