.(((-ကျွန်ုပ် နှစ်သက်မိသော ဆောင်းပါးများ...)))..
......................
-မြတ်စွာဘုရားကို စပျက်သီးမလှူနဲ့။...ပျက်စီးတတ်တယ်။
-ဖရဲသီးမလှူနဲ့-ဖရိုဖရဲဖြစ်တတ်တယ်။
-မာလကာသီးမလှူနဲ့ မာလကာ(သေဆုံး)သွားတတ်တယ်။
-လိမ်မော်သီးမကပ်နဲ့ အလိမ်ခံရလိမ့်မယ်။
-ပန်းသီးမလှူနဲ့ ကိုယ်စိတ်ပန်းတတ်တယ်။
-နှင်းဆီပန်းမလှူရ။ဆူးပါတဲ့နှင်းဆီပန်းကိုလှူရင် အနှောက်အယှက်တွေ့တတ်တယ်။
-ကြာပန်းလှူရင် ကြန့်ကြာတတ်တယ်လို့ ယူဆပြီး တချို့မလှူကြဘူး။
.....( အဓိပ္ပါယ်မရှိတဲ့ အယူအဆတွေပါ။)။
-စကားလုံးရဲ့အသံထွက်အတိုင်းသာ ဖြစ်ရစတမ်းဆိုရင် လူတိုင်း] ]မင်း}}ဖြစ်ကုန်တော့မှာပေါ့။
ဘာလို့လည်းဆိုတော့ လူတိုင်း]]ထမင်း}}
နေ့တိုင်းစားေ နကြ တာ ဘဲမဟုတ်လား။-ဘယ်သူမှ]]ထ}}ပြီး]]မင်း}}မဖြစ်ပါဘူး။
မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီပါလာတဲ့ ပုဂ္ဂိုလ်တွေဘဲ။]]မင်း}}ဖြစ်ကြတာပါ။
-.....ဒီတော့စကားလုံးတွေရဲ့အသံထွက်တွေအပေါ်မှာကောင်းကျိုးဆိုးပစ် ဆုံးဖြတ်တာဝါသနာပါတယ်၊
ဝါသနာကိုမစွန့်နိုင်ဘူးဆိုရင်လဲ အဆိုးမြင်ဝါဒအနေနဲ့မကောက်ဘဲ၊ အကောင်းမြင်ဝါဒဘက်ကိုကောက်လိုက်ရင်ကောင်းမှာပါဘဲ။
-ဖရဲသီးလှူရင် ဖရိုဖရဲမဖြစ်တော့ဘူး။စပျက်သီးလှူရင် စကတည်းကပျစ်ပျစ်နှစ်နှစ်လေးဆိုပြီး..စသည် စသည်ဖြင့်..။
-.....ဒါပေမဲ့ ရွှေတပြုံကြီးရအောင် ရွှေဖရုံသီးလှူတယ်ဆိုပြီး ဘုရားပေါ်ရွှေဖရုံသီးအလုံးလိုက် လချီတင်ထားတာကို ။...
-ကံစွမ်းအောင် ကန်စွန်းရွက် လှူတယ်ဆိုပြီး ကန်စွန်းရွက်အစိမ်းလိုက်တွေကို ဘုရားရှေ့ ရက်ရှည်တင်ထားတာမျိုး ။...
-နေ့ချင်း ညချင်းကြီးပွားအောင်ဆိုပြီး နေ့မှာချင်းတတက် ညမှာချင်းတတက် လှူတာမျိုးလုံးမသင့်တော်ပါဘူး။..
.လှူချင်သပဆိုရင် ရွှေဖရုံသီးချက်ပြီးကပ် ။ကန်စွန်းရွက်ကျော်ပြီးလှူမယ်ဆိုရင် ဆွမ်းလှူခြင်းအကျိုး ရရှိလိမ့်မည်မဟုတ်ပါလော။
( ဆရာတော်အရှင်စန္ဒာဓိက) ။
.နောက်တခုဖတ်လိုက်ရတာကတော့
(-အလုပ် လုပ်စရာမလိုဘဲသူဌေးဖြစ်နည်းကို မြန်မာနိုင်ငံမှ စတင်တီထွင်လိုက်ပါပြီ။ )
.........................
.သင့်အနေနဲ့ တနေကုန်ထိုင်ပြီး ဖေ့စ်ဘုတ်သုံးတာအောက်ပါပုံများကို တနေကုန် (-ူ-like..--share--)-သာလုပ်နေပါ-ရက်-လ-အနည်းငယ်အတွင်း (ဘာအလုပ်မှ မလုပ်ဘဲ)ပိုက်ဆံများဒလဟောဝင်လာပါလိမ့်မည်။
ပိုက်ဆံထည့်ရန် သေတ္တာ-ပိုက်ဆံအိတ်များကိုသာအဆင်သင့်ပြင်ထားပါလေ။ ဤမျှသူဌေးဖြစ်ရန်လွယ်ကူသောနည်းကိုမယုံကြည်သော မလုပ်သော သူများသည် ရူးကြောင်ကြောင်သူများသာဖြစ်ပေလိမ့်မည်။လုပ်သောသူများသည် တွေးခေါ်ဆင်ခြင်နိုင်စွမ်း အလွန်မြင့်မားသူများ သာဖြစ်ပေလိမ့်မည်။
ဒို့မြန်မာတွေ ဧကန်ချမ်းသာတော့မှာမလွဲ ဧကန်ပါ။(-like-)ကြကုန်လော-(-ူshare-)ကြကုန်လော့။အချောင်ကြီးပွားလိုသောမြန်မာ များနိုးထကြကုန်လော့။
ချွင်းချက်။ ။သင့်အနေဖြင့်(--ူlike-%--share)လုပ်ပြီး လအနည်းငယ်အတွင်းချမ်းသာလာခြင်းမရှိပါက ထိုပုံများကိုစတင်တီထွင်ဖြန့်ချီသူမျာအား သွားပြီး-ဆဲ-ပါလေ။ကျွန်ုပ်မှာမူ-တဆင့်ဖြန့်ချီဝေငှ ပေးသူဖြစ်၍ ကျွန်ုပ်၍ တာဝန်မရှိပါ။ ..ငိ ငိ ။
ဒါမျိုးတွေ-ရေးရဲ-သူများနှင့် သူတို့ရေးတာကို (-like-)-(-share-) လိုက်သူများ၏-(--------------)တို့သည်။
...................//................
No comments:
Post a Comment