Tuesday, January 10, 2017

(((((-----လောကဓံ(အမြင်သစ်).ဟူသည်။--)))))-(၃၄)။.

(((((-----လောကဓံ(အမြင်သစ်).ဟူသည်။--)))))-(၃၄)။.
.(((---စနေသမီးများနှင့် လောကဓံကြိုတင်လမ်းညွှန်မှု--)))
စနေသားသမီးတစ်ယောက်ဟာ လိုအပ်ချက် (၄) မျိုးဖြစ်တဲ့- ၁- အလုပ်၊ ၂- အိမ်ထောင်၊ ၃- နေဖို့၊ ၄- စီးဖို့ အဲဒီလေးမျိုးကို (၈) နှစ်လျှင်တစ်ကြိမ် တွေ့နေရမှာဖြစ်ပါတယ်။ ...........စနေသားသမီးများ ကံကောင်းနေသည်ဟူသော ပထမ-၄-နှစ်ဖြစ်သည့် အသက်(၁၉-၂၀/၂၁-၂၂)နှစ်များသည် ကျောင်းတက်သည့် အရွယ်ဖြစ်သောကြောင့် မိမိ၏လိုအပ်ချက် -၄-မျိုးကို ဒါတွေ ဒီလိုရှိတယ် ဆိုတာ သိအောင်....(တွေ့ပေးချိန်....)ဖြစ်သည်။ မိမိမြင်အောင်ကြည့်တတ်ဖို့ လိုပေသည်။ လုပ်ခွင့် ပေးသော်လည်း ရခွင့်မပေးသေးချေ၊ ................ကံကောင်းနေသည်ဟူသော ဒုတိယ-၄-နှစ် ဖြစ်သည့် အသက်(၂၇-၂၈/၂၉-၃၀)နှစ်များသည် မိမိ၏လိုအပ်ချက် -၄-မျိုးကို လုပ်ခွင့်ပေးသော အချိန် ဖြစ်သည်ကို ကြိုတင်သိမြင်(......လုပ်ကိုင်.....)ထားရမည်ဖြစ်သည်။ ..........ကံကောင်း နေသည်ဟူသော တတိယ- ၄-နှစ်သည် အသက်(၃၅-၃၆/၃၇-၃၈)နှစ်များသည် မိမိလိုအပ်ချက် - ၄-မျိုးကို ပုံမှန်ပိုင်ဆိုင်ခွင့် ပေးချိန်ဖြစ်သောကြောင့် (.....ပုံမှန်.....)ဟု ခေါင်းစီးတပ် ပေးထားခြင်းဖြစ်ပါသည်။............... (၄)ကြိမ်မြောက် ကံကောင်းနေသည်ဟူသော အသက်(၄၃-၄၄/၄၅-၄၆)နှစ်များသည် မိမိလိုအပ်ချက်များကို စိတ်တိုင်းကျ ဖြစ်ရန်ကြုံတွေ့နေရချိန် ဖြစ်သောကြောင့် (......စိတ်တိုင်းကျ......)ကာလဟု သတ်မှတ် ထားပါသည်။...............ကံကောင်းချိန်-၅-ကြိမ်မြောက်ဖြစ်သာ အသက်(၅၁-၅၂/၅၃-၅၄)နှစ်များသည် မိမိလိုအပ်ချက်များကို စီမံခန့်ခွဲခွင့်ပေးထားချိန် ဖြစ်နေသည်ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအသက် အပိုင်းအခြားကို (....စီမံခန့်ခွဲချိန်)............ဟု သတ်မှတ်ခေါ်ဝေါ်ထားပါသည်။ ..........................ကံကောင်းနေသည်ဟူသော အသက် (၅၉-၆၀/၆၁-၆၂) နှစ်များသည် မိမိတစ်သက်တာ ရှာဖွေ ထားသမျှကို စည်းစိမ်ခံရမည့် အချိန်ဖြစ်ပေသည်။ ထို့ကြောင့် ထိုအသက်အပိုင်းအခြားကို.......... (စည်းစိမ်ခံ)..........ဟု အမည်ပေးထားပါသည်။....................... နောက်ပိုင်းကျန်ရှိ နေသေးသော အသက်အပိုင်း အခြားများသည် ယခုဘဝမှာကံဆိုသော အလုပ်နှင့် မိမိ မသက်ဆိုင်သလောက် ဖြစ်နေပြီဖြစ်ပေ သည်။ ကျန်းမာရေး၊ မှတ်Óဏ်၊ အသက်နဲ့ ခန္ဓာကိုယ် အတူတူ ရှိနေပါသေးလား အသက်နဲ့ခန္ဓာ တည်ရှိနေဦးမယ် မိမိကိုယ်တိုင်လည်း လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်နေသေးတယ် ဆိုရင်တော့ လောကဓံကလဲ လုပ်နိုင်သမျှပေးနေဦးမှာပါဘဲ။ ............အဲဒီ အပိုင်းတွေကို အနည်းငယ် ပြန်ရှင်း ကြတာ ပေါ့။ (.....လူဘဝကို ကံကချုပ်ကိုင်ထားတယ်......)ဆိုတာ ပထမပိုင်းမှာ ပြောပြခဲ့ပြီးသားပါ။ အခုပြောခဲ့တဲ့ အသက်အပိုင်းအခြားတွေက ပုံသေလားလို့မေးရင် ဟုတ်ကဲ့ စနေသားသမီးတွေအတွက် (.......ပုံသေပါဘဲ)...........လို့ ယျေဘူယျအနေနဲ့ ပြောရမှာပါ။ .............ဘာဖြစ်လို့လဲဆိုတော့ ကျန်ဟောကွက် များသည် ကာယကံရှင်၏ အသက်အရွယ် ပိုင်ဆိုင်မှုတွေကို ကြည့်၍ ဟောပြောရသောကြောင့် ဖြစ်ပါသည်။ (၁) မိမိနေထိုင်ရာ၊ (၂) မိမိ၏ အလုပ်အကိုင်၊ (၃) မိမိဘယ်သူတွေနဲ့နေ နေလဲ။ ........အဲဒီ-၃-ချက်နဲ့ဟောကွက်က(လောကဓံ(အမြင်သစ်)ံပညာရဲ့ ထူးခြားတဲ့ဟောကွက်ဘဲ)။......... အဲဒီ-၃-ချက်ကို ကြည့်လိုက် တာနဲ့ မိမိနေထိုင်ရာနေရာ၊ မိမိ လုပ်ကိုင်နေတဲ့ အလုပ်၊ မိမိနဲ့အတူနေတဲ့လူတွေ ဘာတွေဖြစ်ဖို့ကြုံမယ်၊ (ကြုံမယ်ပြောတာနော၊ ဖြစ်မယ်မပါသေးဘူး) ကောင်းတယ်ဆိုရင်လဲ ကောင်းတယ် ဆိုတာတွေရရှိအောင် လုပ်ကိုင်နေထိုင် နည်းများ(သို့မဟုတ်) မိမိနေထိုင်ရာနေရာ၊ မိမိ လုပ်ကိုင် နေသောလုပ်ငန်း၊ မိမိနဲ့အတူနေသူများ ဘာတွေဖြစ်ဖို့ကြုံမယ်၊ ဆိုးကြိုးတွေက လွတ်ကင်း သက်သာအောင် ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ စသည့် နေထိုင်ရန်နည်းစနစ်တွေကို ဦးစားပေး ဟောပြောရသော ပညာရပ်ဖြစ်သည်။.... .............. ............ ...........။

No comments:

Post a Comment