(((----အဆိုး လောကဓံနှင့် အိမ်မရှိခွေးမွေး-)))--(၃)
......................................................
( ကဲမောင်သိန်းဌေးရေ အဆိုးလောကဓံနဲ့ အိမ်မရှိခွေးမွေး အကြောင်းအမှတ်စဉ်(၃)အနေနဲ့ ဆက်ရေးထားတာလေး ဖတ်ကြည့်ပါဦး)
က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာ ဘုတ်နဝင်းစီး ) ဓါတ်ခန်းအတွင်း မောင်သိန်းဌေး အားရေးပြီးသားဆောင်းပါးအား ဖတ်ကြည့်ရန်ပြောပြလိုက်ခြင်းဖြစ်သည်။
( အမှတ်စဉ်(၃)ထိတောင်ရေးနေတယ်ဆိုတော့ ဘာတွေများထူးနေလို့လည်းဆရာ)
.....ဒီတခါတော့ဖြစ်စဉ်လေးတွေကိုမှတ်တမ်းတင်ထားတဲ့ဓါတ်ပုံလေးတွေပါလာတော့ပိုကောင်းလာတာပေါ့...
( ပွင့်လင်းမြင်သာတဲ့ခေတ်(မီဒီယာ)ခေတ်မှာ ဒီလိုသက်သေခိုင်ခိုင်လုံလုံနဲ့မှ အဆင်ပြေမှာဆိုတော့ ဆရာပြောသလိုပိုကောင်းတာပေါ့ ဆရာ )
.....ဆရာတနေ့ကပြောခဲ့သလိုဘဲ။ဒီဆောင်းပါးဖတ်နေချိန်မှာဘယ်သူဘယ်ဝါရယ်လို့လူကိုသွားမကြည့်လိုက်နဲ့ အဆိုးလောကဓံလာတာကိုဘဲ။မြင်အောင်ဖတ်ဖို့လိုတယ်။ ခု ဆရာကိုယ်တိုင်ပတ်ဝန်းကျင်မှာ ခွေးတွေနဲ့ ဆရာတွေ့နေရတဲ့ဖြစ်စဉ်ကိုကြည့်လေ..
ခွေးတွေ ကြောင့် အရောင်းအဝယ်ပြု လုပ်နေသည့် ဘုရားကျောင်းဆောင်တွေ အိမ်တွင်းစဉ်တွေ အတွင်း ထဲ ဝင်အိပ်ပြီး ။သစ်သားတန်းများ အားကိုက်ဖြတ်ဖျက်ဆီးနေလို့ ။ရေနှင့်ပက်ပြီး မောင်းထုတ်လို့ ခွေးတွေ ထွက်ပြေးတော့စဉ်တွေ ပြိုကြ ကြိုးပဲ့ပျက်စီးကုန်တကြိမ်တခါမဟုတ်လဲ နေ့စဉ်နှင့်အမျှ လဲမောင်ရင် လူမှုရေးအရ သီးခံခွင့်လွှတ်နေရတာဘဲ။ခွေးများ မောင်းထုတ်လျှင် မကျေမနပ်ဖြစ်ကာစောင်းမြောင်းပြောဆိုတာခံရ သေးတယ်။ ညပိုင်း ဆိုင်ပိတ်၍ ပြန်သွားချိန် ညဘက်တွင် ခွေးတွေ ဘုရားဆောင်းတန်းပေါ်ထက် ဈေးခုံတန်းတွေ အပေါ် ခွေးတွေ တက်အိပ်ကြပြီး မနက်ဆိုင်ခန်းဖွင့်ချိန်မှ ပြန်ဆင်းသွားကြတာကွ။အခင်းတွေ အကာများ(ဗီနို င်း)ကိုနေ့စဉ်ကိုက်ဖြတ် ဆော့ကစားထားသောကြောင့် ယနေ့ဆိုလျှင် မည်သည့် အခင်းအကာမှမရှိတော့ပါ။ထပ်မံ မထားရဲ တော့ဘူး။ ဟိုနေရာသေးပန်း-ဒီနေရာချေးပါနဲ့ ပိုင်ရှင်မဲ့နေရာအတိုင်းထင်တိုင်းကြဲနေကြတာ မောင်ရင်တွက်ကြည့်လေ။ဘယ်လိုလူသီး ခံနိုင်မလည်း။နေ့ခင်းပိုင်းတွင်ခွေးများသူတို့နဲ့အတူဆိုင်ခန်းမှာလာနေကြပြန်တယ်။တခါတလေနေ့ခင်းပိုင်း ဆောင်းတန်းလမ်းမပေါ်မှာ အိပ်နေကြသေး တယ်။ခုဆိုရင်ခွေးစာကို သူတို့အခန်းရှေ့မှာကြွေးတဲ့အဆင့်ရောက်လာပြီ။....ဒါတောင်မှ မောင်ရင့်ကိုသူတို့ ကြောင်တွေမွေးတုံးကဖြစ်စဉ်တွေမပြောပြရသေးလို့ ....
( သူတို့ ကြောင်မွေးသေးတယ် ဟုတ်လားဆရာ)
.....မွေးတာပေါ့ကွာ ကြောင်တွေမွေးတုံးကလည်းခုလိုဘဲ စိတ်သောကရောက်ရတာဘဲ ။ကြောင်တွေအစာကြွေးတဲ့ကိစ္စ။ညညကြောင်းတွေ ဆရာတို့အခန်းတွေထဲဝင် သေးတွေလျောက်ပေါက် ပစ္စည်းတွေပေါ်ခုံတက်ခုန်ဆင်းနဲ့ ကြွက်တွေလိုက်နဲ့ ကြောင်းသေးနံ့ကလည်းနံသေးပစ္စည်းတွေ လည်းပျက်စီးနဲ့ ဆောင်းတန်းအမိုးကျောက်ပြာတွေကြည့်လေ မောင်ရင့်အမြင်ဘဲ။ကြောင်တွေခုန်ချလို့ အကုန်ပေါက်ပြဲနေတာ။ကြွဲပဲနေတာတွေ နဲတာမှမဟုတ်ဘဲ။လာရောက်ပြုပြင်ခြင်းမရှိတဲ့အပြင် ဘုရားရင်ပြင်ပေါ်မှာ လာရောက်စွန့်ပစ်ထားတဲ့ကြောင်းတွေကို နာမည်ကောင်းယူပြီး ပြုစုစောင်ရှောက် ကြွေး မွေးနေကြလေရဲ့ ။ မိမိလုပ်တဲ့အလုပ်ပေါ်မှာ တာဝန်ရှိမှု။တာဝန်သိမှု။တာဝန်ယူမှုတော့ရှိရမှာပေါ့။အဲဒီလို စီးမဲ့ကမ်းမဲ့ လူတွေကြားမှာ တော်တော်လေး သီးခံနေရတယ်.ဒါကြောင့် အဆိုးလောကဓံနဲ့ အိမ်မရှိခွေးမွေးလို့ခေါင်းစဉ်တပ်ထားရတာပေါ့ ...
( ဆရာပြောသလိုဆိုရင် ကိုယ်တိုင်ခွေးအကိုက်ခံရတဲ့နေ့မှ ဒီပြသနာရှင်းမဲ့သဘောဖြစ်နေပြီပေါ့ ။ကိုယ့်ဘက်ကမှန်နေတာဘဲ ဘာကြောက်နေ စရာလိုလည်း ပြောသင့်တာပြော ပြောမရရင် တာဝန်ရှိတဲ့ဘုရားဂေါပကကိုတိုင်လိုက်ပေါ့ဆရာရယ်)။
.....ဒီဂေါပကအနေနဲ့ တိုင်တောနေလို့ ထူးလာမှာမဟုတ်တဲ့အကြောင်း မောင်ရင့်ကိုပြောပြပြီးပြီလေ။ဆရာကိုယ်တိုင်ကလည်း ဒီလိုခွေးမောင်းတဲ့အလုပ်ထက် ကျားဖမ်းခြင်လို့စောင့်နေတဲ့သဘောပါ....
( ဒီခေတ်ကြီးထဲမှာ တိရစ္ဆာန် ချစ်သူများဆိုပြီး ခွေးချစ်သူများအဖွဲ့ /ကြောင်ချစ်သူများအဖွဲ့ ဆိုပြီးအဖွဲ့တွေပိုများလာတာတွေ့ရတယ်ဆရာ)
.....တခြားတိုင်းပြည်တွေနဲ့ ယှဉ်ပြောရရင် ရှက်ပြီးလဲသေဖို့ဘဲရှိတယ်။သူများတိုင်းပြည် တခြားနိုင်ငံတွေမှာ စီးနဲ့ကမ်းနဲ့ တသက်လုံးနေ လာကြတာ ဒီမှာက ခုမှလူကြားကောင်းအောင်ပြောပြီးကိုယ်လုပ်ခြင်ရာ လုပ်ဖို့ တခြားနိုင်ငံကိုဥပမာနဲ့ယှဉ်ပြောနေလို့မရဘူးကွ။သူတို့လို အတိအကျ လိုက်နာ နိုင်ရင်တော့လုပ်ပေါ့။ အခုဖြစ်စဉ်ဘဲကြည့်လေ။ ကိုယ့်အိမ်ကိုယ့်ရာမဟုတ်ဘဲ အများပိုင်မြေအပြင် ဘုရားဆောင်းတန်းမှာစီးမ ရှိကမ်းမ ရှိလုပ်နေတာလက်တွေ့ဘဲလေ။ ခွေးကိုက်ခံရတဲ့သူမနဲတော့ဘူး။ကျနော်တို့ခွေးကိုက်တာပါလို့ တခါမှရင်ဆိုင်ဝန်ခံပြောဆိုအကူအညီပေးတာ တခါမှမတွေ့ဘူး။ခွေးကိုက်ပြီဆိုတဲ့အသံကြားတာနဲ့ ရှောင်နေလိုက်တော့တာဘဲ။(ကျနောတို့ခွေးမဟုတ်ဘူး။ကျနော်တို့နဲ့မဆိုင်ဘူး) လို့ပြော လွှတ်လိုက်တာ ဘဲတွေ့တယ်။ .....
( ကျနော်လည်းခွေးမွေးတဲ့သူ တော်တော်များများ တွေ့ဘူးပါတယ်။သူတို့ခွေးကို ရိုက်လိုက်မောင်းလိုက်လုပ်တဲ့သူတွေကို ပြောလေ့ပြောထရှိတဲ့ စကားတခွန်းရှိတယ်ဆရာ တော်တော်ခံပြင်းစရာကောင်းတဲ့စကားဆရာရေ့ )
.....ဘာများလည်းပြောပါဦးမောင်ရင် ရဲ့.....
( ခွေးဘဲကွာ လူလိုနားမလည်လို့ ခွေးဖြစ်နေတာ ခွေးနဲ့ဖက်နေတော့ မင်းတို့တွေဟာ ဟိုစကားပုံလိုဖြစ်နေပြီတဲ့--...... (...ခွေးကိုရန်မူ...ရိုက်တဲ့သူ။ရိုက်သူလည်းခွေး..ခွေးလည်းခွေး..).တဲ့ဆရာ။ဒါလူကိုယ် ခွေးနဲ့နှိုင်း လိုက်တဲ့စကားဘဲဆရာ)။
.....ဪ.. မောင်ရင်ရယ်...သူတို့ပြောသလိုဆိုရင်....ဆရာကလည်းပြန်ပြောပြလိုက်ခြင်ပါတယ်။ခွေးကိုစီးမဲ့ကမ်းမဲ့မွေပြီးခုလိုပြော တဲ့သူတွေအတွက်ပါ။(((-- ခွေးကိုမွေးသူ...မထိမ်းသိမ်းမူ။ မွေးသူလည်းခွေး ...ခွေးလည်းခွေး.))).) ဟုတ်တယ်လေ လူဖြစ်ပြီးခွေးစိတ်ပေါက်နေလို့ ဒီလိုပြောဆိုနေထိုင်နေတာပေါ့။......
(ဆရာကတော့ ပြောမဲ့ပြောတော့လည်း)။
.......................................... .............. ...... ...........မဆုံးနိုင်လေသော((( အဆိုးလောကဓံများ )))ံ...လာပါဦးမည်။

No comments:
Post a Comment