................(((( လောကဓံ(အမြင်သစ်)နှင့် )))
. (((-အမှတ်မှားနေခဲ့ကြသော--စနေဂြိုလ်နှင့်စနေသားသမီး--)))-(၃)-။....... ...... . ..........
((( ဆရာတို့လောကဓံ(၈)ပါးမှာ နိန္ဒာ ဆိုးချက်တွေကို ဆရာလေ့လာကြည့်တော့ ကြိုသိခွင်မရှိတဲ့သူနဲ့မလိုက်နာမိသူတွေအတွက်တော့-အမှန်တကယ်ကြောက်စရာကောင်းတာတွေကိုတွေ့လာရတယ်။)))
( ဆရာဆိုလိုတာက ဒီအဆိုးတွေကိုကြိုသိထားရင်သက်သာနိုင်မယ်လို့ ပြောတာလားဆရာ)
((( ဟုတ်တယ်မောင်ရာဇာ ဒီအဆိုးတွေကိုကြိုသိထားရင်သက်သာနိုင်မယ်လို့ ဆိုပေမဲ့ သိတာနဲ့လိုက်နာတာကတခြားစီဘဲလေ။မလိုက်နာရင်ဘာထူးမှာလည်း ။ဒါကြောင့်လည်း(မရဏနိန္ဒာအသက်ပါ )တို့(၇)နေ့သားသမီးဘဝတသက်တာလမ်းညွှန်စာအုပ်ထဲကစနေသားသမီး တွေအတွက် မွေးရာမှသေသည်အထိအသက်တွေဖေါ်ပြထားတဲ့လောကဓံ(စက်ဝိုင်း)မှာ(ဗိုလ်ချုပ်အောင်းဆန်း-ရုတ်ရှင်မင်းသားဒွေး-အဆိုတော် စိုင်းထီးဆိုင်-တေးရေးဆရာမောင်သစ်မင်း)စတဲ့ စနေသားသမီးတွေအကြောင်းရေးထာပေါ့။ဒါကစနေသားသမီးတွေအတွက်ဘဲဖေါ်ပြထား တဲ့အ ကြောင်းပြောတာနော။(၇)နေ့သားသမီးအကြောင်း(စနေ/နိန္ဒာ)အရောက်မှာ သေခြင်းနှစ်မျိုးထဲက ဘဝသေသွားသူတွေ လူတွေသေဆုံးကုန်တာတွေ ပြောရေးပြရရင် ကျမ်းတစောင်ပေ တဖွဲ့ဖြစ်သွား နိုင်တယ်)))။
( ဆရာပြောသလိုဆိုရင် (၇)နေ့သားသမီးတွေ (စနေ/နိန္ဒာ)ရောက်ရင် သေဘို့ကြုံမှာဘဲလားဆရာ )
((( ဟုတ်တယ်မောင်၇ာဇာရေ...(၇)နေ့သားသမီးတွေ (စနေ/နိန္ဒာ)ရောက်ရင် သေဘို့ကြုံမှာပါဘဲ။ကြုံမယ်ပြောတာနော .ဘာဖြစ် မယ်ဆိုတာ မပါသေးဘူး။သေခြင်း(၂)မျိုးတော့တွေ့မှာဘဲ။...လူတကယ်သေဆုံးခြင်းနဲ့ ဘဝသေသွားတာမျိုးပေါ့ )))။
( ဆရာ့လောကဓံ(အမြင်သစ်)မူနဲ့ပြောရင်အိမ်နံပါတ်/ကားနံပါတ်/သစ်ပင်တွေ/ကုန်းကမူတွေ/ လှေဦးတိုက်လှည်းဦးတိုက်/ အိမ်တွင်း ရိုးရာ/သိုက်ဆက်/ ပဌာန်းဆက်တွေ/အဘတွေနဲ့မဆိုင်ဘူးဆိုရင် ဘာတွေကို ဘာကြောင့်တွေ့မှာလည်းဆိုတာလေးပြောပြပါလားဆရာ)
((( ဒီနေ့မောင်ရာဇာမေးတဲ့မေးခွန်းလေးတွေ တော်တော်လေးအကျိုးရှိတယ်။ဆရာ့လောကဓံ(အမြင်သစ်)မူနဲ့ပြောရင် အိမ်နံပါတ်/ ကားနံပါတ်/သစ်ပင်တွေ/ကုန်းကမူတွေ/ လှေဦးတိုက်လှည်းဦးတိုက်/ အိမ်တွင်း ရိုးရာ/သိုက်ဆက်/ ပဌာန်းဆက်တွေ/ အဘတွေနဲ့မဆိုင်ဘူး။မောင်ရင် လက်ရှိပိုင်ဆိုင်ထားပိုင်ဆိုင်မှုတွေအပေါ်မှာဖြစ်ပေါ်ခံစားနေတဲ့ စိတ်ကြောင့် ဖြစ်နေတာကိုပြောပြရတာပါ။)))
( ဆရာကတော့ ခေါင်းစားအောင်လုပ်နေပြန်ပါပြီ သာမန်လူတွေနားလည်းနိုင်လောက်တဲ့စကားလုံးတွေနဲ့ပြောပါလားဆရာ)
((( မောင်ရာဇာရယ် ဆရာပြောတဲ့အကြောင်းအရာတွေထဲမှာ ဗေဒင်အယူအဆ-ဘာသာရေးအယူအဆ-ဘာသာစကားအယူအဆ တွေဘာမှမပါဘဲ။ မိသားစုစကားပြောသလိုမျိုးပြောနေတာဘဲမဟုတ်လား။ဒီထက်ရှင်းအောင်ဆရာဘယ်လိုပြောပြသင့်သလည်းဆိုတာ လည်းအ ကြံလေး ဘာလေးပေးပါဦး)))
( ဒီလိုဆိုလိုတာမဟုတ်ပါဘူးဆရာ ။နားထောင်နေတဲ့သူ ပိုရှင်းအောင် နားလည်းလွယ်အောင် ပြောပြဖို့ပြောတာပါ)
((( ဆရာ့ဆောင်းပါးတွေ ပြန်ရှာဖတ်ပြီးလေ့လာဖို့ဘဲ အကြံပေးရတော့မှာဘဲ။နောက်တခု-အနီးစပ်ဆုံးပြောရရင် မန္တလေးမြို့အပူချိန်ဟာ
လူတဦးစီပေါ်မှာ အပူချိန်ပြောင်းလဲမသွားသလို မေမြို့ရဲ့ အေးလှတဲ့ အအေးဒဏ်ကလည်း လူမျိုး ဘာသာ ဆင်းရဲချမ်းသာ ပညာတတ်ခြင်း-မတတ်ခြင်း အာဏာရှိခြင်း မရှိခြင်း ယောင်္ကျား မိန်းမ ခလေးလူကြီး နာမည်ကောင်းတယ် မကောင်းဘူး ဘုရားတည် ကျောင်းဆောက်နေတဲ့သူလား ခိုးဆိုးလုယက်နေတဲ့သူလား လူကောင်းလား လူဆိုးလား ဘာမှရွေးနေတာမဟုတ်ဘူး။သူ့အလုပ်သူလုပ်နေသလို လောကဓံတရားကလည်း- လူမျိုး ဘာသာ ဆင်းရဲချမ်းသာ ပညာတတ်ခြင်း-မတတ်ခြင်း အာဏာရှိခြင်း မရှိခြင်း ယောင်္ကျား မိန်းမ ခလေးလူကြီး နာမည်ကောင်းတယ် မကောင်းဘူး ဘုရားတည် ကျောင်းဆောက်နေတဲ့သူလား ခိုးဆိုးလုယက်နေတဲ့သူလား လူကောင်းလား လူဆိုးလား ဘာမှရွေးနေ တာမဟုတ်ဘူး(((---။တွေ့ကိုတွေ့မှာဘဲ။ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကာယကံရှင်ရဲ့ သိခြင်းနဲ့လိုက်နာခြင်းသာဖြစ်တယ်။ ...))) ..ဖြစ်ချိန်သိပြီးရအောင်လုပ်မှရမယ်။ဘာမှမလုပ်ဘဲကံကောင်းနေတယ်ဆိုလို့(((-ဘုရားကယ် နတ်မလာ-)))မှာမဟုတ်ဘူး။ကိုယ်လုပ်မှကိုယ်ရမှာ။.ပြိုကွဲပျက်စီးနိုင်တဲ့အချိန်ကြိုသိအောင်ကျိုးစား-တတ်သိနားလည်သူတွေကိုမေး ကိုယ်တိုင်ထိမ်းသိမ်းလိုက်နာမှရမယ်။ ..ပျက်ချိန်မှာလုပ်ခြင်ရာတွေလျောက်လုပ်ပြီး ပြသာနာဖြစ်မှ သိုက်ပွဲ ဓါတ်ပွဲ နတ်ပွဲတွေပြင် စည်းမဲ့ကမ်းမဲ့ ခွေးတွေအ စာ ရှောက်ကြွေး သက်သတ်လွတ်တွေစား အဓိဌာန်တွေဝင် ရတနာဒီပံ မဟာဒီပံတွေထွန်း လက်ဖက်တွေပုံ ဖရောင်းတိုင်တွေထွန်းပြီး ဗေဒင် ယတြာတွေနဲ့လိုက်လုပ်နေ လို့ ကတော့...စနေသားမဟုတ်တဲ့ ..စနေဂြိုလ်ဆိုတဲ့ .အဆိုးလောကဓံ (နိန္ဒာ)က.........။

No comments:
Post a Comment