...............(((-- လောကဓံ(အမြင်သစ်)နှင့် (ကိုးကွယ်မှု အယူအဆများ)--)))...... ......................... ........... ............
က}ျွန်ုပ်၏-လူမျိုးမရွေးဘာသာမရွေး ခေတ်နဲ့အညီ နေထိုင် လုပ်ကိုင်တတ်ရန်ဟောပြောလမ်းညွှန်ရာရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊ အရှေ့မုခ်၊အမှတ်(ခ)။(ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး)ဓါတ်ခန်းအတွင်းရေးပြီးသားဆောင်းပါးများအားအပြီးသတ်အချောရေးရန် ပြန်လည်းဖတ်ကြည့်နေစဉ် ...
( အမ ရေ ဒီပန်းအိုး လေး(၃)အိုးလောက်လိုခြင်လို့ ဘယ်လောက် ကျလည်း တွက်ထားလိုက်နော်- ဆရာကိုမေးစရာလေးတွေ ရှိလို့ ပြီး မှယူမယ်နော်) ဆိုသောစကားသံကြောင့် ဖတ်လက်စ စာကိုရပ်လိုက်ပြီး ဝင်လာမည့်ဧည့်သည်ကို ကြည့်လိုက်ရာ.သံလျင် ကျောက်တန်းမှ ကား လုပ်ငန်းလုပ်ကိုင်နေသူ သူဌေးပေါက်စ မောင်ဇော် နဲ့ သူ့အမျိုးသမီးဖြ စ်နေလေသည်။
(-ဆရာရေ့ ကျနော့် အမျိုးသမီးပါခေါ်လာတယ်ဆရာ သူ့ကိုနဲနဲပါး ပါးလေး ပြောပေးပါဦးဆရာ)
.....ဘာတွေဖြစ်လာလို့ ဘာတွေပြောပြပေးရမှာတုံးကွ အကြောင်းအ ကျိုးလေး လည်းပြောပါဦး......
( ဘုရားပန်းအိုး အသစ်လဲတင်ဖို့ အကြောင်းပေါ့ဆရာ )
.....ဘုရားပန်းအိုး အသစ် တင်တာဘာဖြစ်လို့လည်း ပန်းအိုး အကြိုက်ခြင်း မတူကြလို့လား......
( အကြိုက်ခြင်း မတူလို့ မဟုတ်ဘူးဆရာ ပန်းအိုးကို စုံ}ထားမယ် မ}ထားမယ် နဲ့ ဘာမဟုတ်တာလေးနဲ့ အခြေအတင်ဖြစ်လာလို့ ပန်းအိုး လည်းဝယ်ရင်း ဆရာ့ဆီလည်း ဒီအကြောင်းလေးတွေပြောရအောင် လာခဲ့ တာဘဲဆရာ)
ကျွန်ုပ် ဘဝနေနည်းများဟောပြောလမ်းညွှန်နေမှု တလျောက်မှာ ခုလို ဘာမဟုတ်သည့် ယဲုံကြည်မှုအတွေးအခေါ်အယူအဆလေးတွေကြောင့် မိသားစုတွေ ကတောက်ကဆအခြေအတင်ဖြစ်နေကြတာတွေကိုဘဲ အများဆုံး တွေ့နေရလေသည်။ခုလည်း လာပြန်ပြီ ဘုရားပန်းအိုး စုံ/မ ကိစ္စ။
.....ကဲ ပြောစမ်းပါဦး သူဌေးကတော်ရဲ့ ဘုရားပန်းအိုးကိစ္စ နဲ့ ဘယ်လိုဖြစ် လာကြတာလည်း .....
( ဆရာ့တပည့်ပေါ့ ဘုရားပန်းအိုးတင်လာတာ ကျမတို့ မိဘတွေ လက်ထက်ကတည်းက (၃)အိုးတင်လာတာ ခုပန်းအိုးအသစ်လဲမယ်ဆိုလို့ ပန်းအိုးလည်း ဝယ်မယ်လုပ်ရော ပန်းအိုး (၂)လုံးဘဲ တင်မယ်ဖြစ်ရော အဲဒါဘဲဆရာရေ.အဲဒါဘဲ ဆရာ့တပည့်ကိုပြောပေးပါဦး)
.....ကဲ မောင်ဇော် ပြောပါဦးမောင်ရင်က ဘာဖြစ်လို့ သူပြောတဲ့ ပန်းအိုး(၃)လုံးကိစ္စကို သဘောမတူဘဲ ပန်းအိုး(၂)လုံးတင် မယ်ဖြစ် ရတာတုံး....
( ဒီလိုပါ ဆရာ ခုကျနော်တို့ ပြောင်းတဲ့အိမ်မှာ ဘုရားစဉ်က နဲနဲ ကျဉ်းတယ်ဆရာ ပန်းအိုး(၃)အိုးဆိုရင်လူ မြင်မကောင်းအောင် ကျပ်
ညပ်နေ တယ်၊ဒါကြောင့် ပါဆရာ အဲဒါကိုသူက မဟုတ်ဘူး (၃)လုံးမှ (၃)လုံးဘဲ။ဘုရားပန်းအိုးဆိုတာ]စုံ မထားကောင်းဘူး။]မ ထားရတယ် ။ရတနာ(၃)ပါးဆိုတော့(၃)အိုးထားတာပေါ့ } ဆိုပြီး အခြေအ တင်ဖြစ်ေ နကြတာဆရာ)
.....မောင်ဖော်ပြောတာလည်း သဘာဝ ကြသားဘဲ သမီးကဘာဖြစ် လို့ မောင်ဇော်ပြောတာကို သဘောမတူရတာလည်း သဘော မတူရတဲ့ အ ကြောင်းလေးပြောပါဦး.....
( သမီးတို့ မိဘ တွေလက်ထက်ကထဲက ဘုရားပန်းအိုး(၃)အိုး ထားလာလို့ပါဆရာဘာရယ်လို့မဟုတ်ပါဘူး။)
.....ဘာရယ်လို့သာမဟုတ်ပါဘူးပြောတယ် ခုကိစ္စ ဆရာ့ဆီတောင်ရောက် လာပြိ မဟုတ်လား၊ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကနေ ကြာ ရ င် အကြိမ်ရေများလာရင် အိမ်ထောင်ရေး မှာ အဖုအထစ်လေးေ တွဖြစ်ြ ပီးေ ပါက် ကွဲလာနိုင်တယ်။ဆရာပြောမဲ့အကြောင်းအရာတွေကိုတော့ မော င်ဇော်ကတော့ မျက်စေ့ နားယဉ်နေပြီဆိုတော့ သမီး သေချာနားေ ထာင် ပြီး စဉ်းစားပေါ့...
.....သမီး အရင်အိမ်က ဘုရားစဉ်မှာ ပန်းအိုး(၃)အိုးထားတာကတော့ ထားပါတော့ မိဘတွေလက်ထက်ကထဲက လုပ်ခဲ့ လို့ ။ဘုရားမီးက ဘာအရောင် ထွန်းပြီးပူဇော်ထားလည်း......
( အရင်အိမ်တုံးက ဘုရားမီးက အနီရောင်ပါ ဆရာ)
.....အဲ ဒီ ဘုရားမီးအနီရောင်က မိဘတွေ ပူဇော်ခိုင်းလို့လား ဘုရားကြိုက် တဲ့ အရောင်လား.....
( မိဘတွေ ပူဇော်ခိုင်းတဲ့အရောင်မဟုတ်သလို ဘုရားကြိုက်တဲ့အေ ရာင် လည်းမဟုတ်ပါဘူး သမီး ကြိုက်တဲ့အရောင်ပါ။)
.....ဘုရားပန်းလှူတော့ရော ဘုရားကြိုက်တဲ့ပန်းလား.မိဘတွေ လှူခိုင်းလို့ လှူတဲ့ပန်းလား.....
( ဒါလည်း သမီးကြိုက်တဲ့ပန်းပါ ဆရာ)
.....ဒါဆို သမီး စဉ်းစား မိလောက်ရောပေါ့ .....
( ဘာကိုပြောတာလည်းဆရာ သမီးသဘောမပေါက်ဘူးဖြစ်နေ တယ်ဆရာ)
.....ဆိုလိုတာက ပြုလုပ်တဲ့မိမိ စိတ်ချမ်းသာဖို့ဘဲမဟုတ်လား...ပန်းအိုးဘ ယ်နှ စ်အိုးထားထား...ဘုရားမီးဘာရောင်တွေထွန်းထွန်း...
ဘုရားပန်း ဘာ ပန်းတွေ တင်တင် ဘုရားအကြိုက်မဟုတ်ဘဲ လှူတဲ့သူရဲ့ အကြိုက်မဟုတ်လား.....
( ဒါဖြင့် ဘုရားပန်း ဘယ်ပန်းမတင်ကောင်းဘူး။ဘယ်သစ်သီး ဆိုရင် မလှူကောင်းဘူး။ဘယ်မုံ့ မျိုးဘုရားမလှူကောင်းဘူး ဆိုတာတွေ မဟုတ် ဘူးလားဆရာ)
.....ခုဘဲ ဆရာပြောပြီးပါပကော လှူတဲ့သူရဲ့ စိတ်စေတနာ ပေါ်မူတည်ပါ တယ်လို့ လူ့သဘာဝအတိုင်းလှူသင့်တာကိုလှူတာဘာအပြစ်မှ မဖြစ် ပါဘူး။ဆိုလိုတာ စားသောက် သုံးဆောင်လို့ရတဲ့ အရာအားလုံး ဘုရားကို လှူလို့ ရပါတယ်။ဘုရားကို ဟိုဟာ မလှူကောင်းဘူး။ဒီဟာမလှူကောင်းဘူး ဆိုတဲ့သူတွေ ဘဝကသနားစရာဘဲ ဘုရားကို စေတနာရှိလို့လှူနိုင် လို့လှူ တာ ပိတ်ပင်တယ်ဆိုတော့စဉ်းစားရမှာကသူတို့ (ပြိတ္ကာ)ဖြစ်မှန်းမ သိ- ဖြ စ်ေ နပြီ ။ ဆရာလည်း ကြားနေရပါတယ်.ကျောက်ဆင်းတု မကိုးကွယ်ေ ကာင်းဘူးခိုက်တတ်တယ်ဆိုတော့ တို့ဘုရားကဘယ်အဆင့်ရောက်သွား လည်းစဉ်းစားကြည့်စမ်း။ဘုရားကို မလှူကောင်းတဲ့ ပစ္စည်းတွေ-ဘုရားမ လှူရ မဲ့ပန်းတွေ-ဘုရားမလှူသင့်တဲ့ သစ်သီးတွေ ဆိုပြီး စာရွက်လေးတွေနဲ့ ဂိုဏ်းဘုန်းကြီးတွေ တချို့ ပညတ်ရောင်ရောင် ဓါတ်ရောင်ရောင်-နတ်ရော င်ေ ရာင်ဆရာတွေ ဖြန့်ဝေနေတာတွေ့ပါတယ်။တခြားနည်းလမ်းနဲ့ လုပ် စား လည်းရပါတယ်။ဘာသာရေးကို ဝင်ခုတုံးလုပ်တာတော့ပြော ဖို့လို လာလို့ပြောတာပါ။.....
( ဆရာ့အနေနဲ့ ဘုရားပန်းအိုး ဘယ်နှစ်အိုးထားရမလည်းဆို တာ ပြောပါဆရာ ဆရာပြောတဲ့ အတိုင်းဘဲ ထားပါ့မယ် ဒါဆိုရင်ကျမ တို့ နှစ်ယောက်လည်း သူ့ဘက်ကိုယ့်ဘက်ဖြစ်မနေတော့ ဘူးပေါ့ ဆရာရယ်)
.....ဆရာအမြဲလမ်းညွှန်တာကတော့ ဘုရားစဉ်အကြီးအသေးမူတည်ပြီးလ မ်းညွှန်ပေးတာပါ။လုပ်တာမလုပ်တာကတော့ သူတို့အပိုင်းပါ။တ ကယ်ေ တာ့ ဘုရားပန်းအိုးဟာ(နှစ်)အိုးထားတာအကောင်းဆုံးပါဘဲ ။စုံ]ကောင်း တယ် မ ]ကောင်းတယ် ဆိုပြီး ဗေဒင်နည်းအရပြောနေတာ မဟုတ် ဘူး နော်။ဘုရားပန်းအိုးနှစ်အိုးကို ဘယ်/ညာ တအိုးစီထားတော့အေ လး ချိန် မျှသလို အလယ်ကဘုရားပုံတော်ကိုလည်း ထင်ထင်ရှားရှားဖူးေ တွ့လို့ရမှာဖြစ်လို့ပါ။ပန်းအိုးတအိုးထဲဆိုရင်ဘယ်မှာ ထား မလဲ။ တ ဖက်မှာထားရင်လည်းတဖက်မှာလွတ်နေတော့ကြည့်မကောင်းပြန်ဘူး။အလယ်မှာထား ပြန်တော့လည်း ပန်းအိုးက ဘုရားကိုကွယ်နေပြန်ရော။ ပန်းအိုး သုံအိုးဆိုတော့လည်း ဘေးနှစ်ဘက်တအိုးစီနဲ့ အလယ်မှာ တအိုး ထားပြန်ရင်လည်း အလယ်ကပန်းအိုးက ဘုရားကိုကွယ်နေပြန်ရော။ တက်မှာ တအိုး နောက်တဖက်မှာနှစ်အိုးထားပြန်တော့လည်း အလေးချိန် မညီမျှသ လိုကြည့်ရတာ လည်းအဆင်မပြေပြန်ဘူး။ဒါ့ကြောင့် အားလုံးအ ဆင်ပြေမယ်ထင်တဲ့ ပန်းအိုးနှစ်လုံးကို ဘုရားမှာလှူဖို့အကြံပေးတာပါ။.....
( ဆရာခုလို သဘာဝကျကျ ရှင်းပြလိုက်တော့လည်း ပိုအဆင်ပြေ သွားတာပေါ့ဆရာရယ် )
.....ကြုံတုံးနောက်တခုပြောလိုက်ရဦးမယ်။ဘုရားစဉ်ပေါ်မှာ ယတြာ မလုပ် ဖို့ဘဲ။ မိသားစုများတဲ့အိမ်တွေမှာ ပိုသတိထားရမယ်......
( ကိုယ့်အိမ်မှာ ကိုယ့်အတွက် ကိုယ် ယတြာလုပ်တာဘဲ မိသားစုနဲ့ ဘယ်လိုပတ်သက်နေလို့လည်းဆရာ )
.....ကိုယ့်အတွက် ကိုယ် ယတြာလုပ်တာတော့ဟုတ်ပါပြီ ဘယ်ယတြာမျိုး ကိုဘဲလုပ်လုပ်ဘုရားစဉ်ကကျဉ်းနေလို့တချို့မိသားစုထဲကမယုံတဲ့သူ(မကြိုက်တဲ့ သူ )ရှိနေလို့စတဲ့အကြောင်းေ့ကြာင်းတွေကြောင့်လည်းပြဿ နာဖြစ်နိုင်သလို။မိသားစုတွေရှိနေတဲ့အိမ်မှာကိုယ်ယတြာလုပ်ပြီးမှ တခြား သူ တဦး တယောက် တခုခုဖြစ်တာနဲ့ တိုက်ဆိုင်နေလို့ ကိုယ်လုပ်တဲ့ ယတြာ ကြာင့် ဖြစ်တာပါဆိုပြီး မိသားစုပြဿနာ ရှင်းခဲ့ရတာဆရာ့ သက်တန်း မှာ မနဲတော့ဘူး။ ပေါ့စေလိုလို့ ကြောင်းရုပ်ထိုးကာမှ ဆေးအတွက်လေး ဆိုတာမျိုးဖြစ်နေ တာတွေများနေလို့ကြိုပြောပြထားတာပါ......
( ဟုတ်ကဲ့ အခုလိုစိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက် ကျေး ဇူးတင်ပါတယ် ဆရာ)
......တကယ်ကျေးဇူးတင်ရမှာက ဆရာ့ကိုမဟုတ်ဘူး ညည်းအမျိုးသား သူဌေးလေးမောင်ဇော် ကိုသာကျေးဇူးတင်ပေတော့ .....
( ဆရာကလည်း ရှင်းပြတာကဆရာဘဲ သူ့ကို ဘာလို့ ကျေးဇူး တင်ရမှာလည်း တင်ခြင်းတင် ဆရာ့ကိုဘဲကျေးဇူးတင်ရမှာပေါ့)
......ဆရာ ဘယ်လောက် တော် နေနေ ဘယ်လောက်တတ် နေနေ ဆရာ့ဆီရောက်အောင် လမ်းညွှန်တဲ့သူ မရှိရင် ဘယ်လိုသိနိုင်မလည်း ဒါကြောင့် ညည်းကိုဆရာ့ဆီ ရောက်အောင်ခေါ်လာ ခဲ့တဲ့ သူ့ကိုကျေးဇူး တင်ရမှာလို့ပြောတာပေါ့.....
( ဆရာပြောတာလည်း ဟုတ်နေပြန်တာဘဲ။ နှစ်ယောက်လုံး ကို ကျေးဇူး တင်ပါတယ်လို့ဘဲပြောရတော့မှာပေါ့ ဆရာ)။ဟုရယ်ရယ်ေ မာမောဖြင့်ဘုရားပန်းအိုး(၂)အိုးဝယ်ဖို့ထွက် သွားကြ တဲ့ သူတို့နှစ်ဦးရဲ့ နားလည်မှုအပြုံးတွေကိုကြည့်ရင်း.......
-........

No comments:
Post a Comment