Tuesday, August 9, 2016

...(--မေးနေကြပြန်ပြီဆရာ--)

...............................(--မေးနေကြပြန်ပြီဆရာ--)
................
ကျွန်ုပ်၏-ဘဝနေနည်းများကို ဟောပြောလမ်းညွှန်ရာ-ရန်ကင်းမြို့ နယ်၊ မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။ ( ဓါတုနိယာမနှင့်မဟာ ဘုတ် နဝင်းစီး )ဓါတ်ခန်းအတွင်း၌ ဆရာတပည့်နှစ်ယောက်ထဲရှိနေစဉ်-တပည့်ဖြစ်သူမောင်ရာဇာ မှ---
]] ဆရာ ဆရာကဗေဒင်လာမေးတဲ့သူတွေကို ရတနာ-သုံး-ပါးမှတပါး ဘာမှမကိုးကွယ်သင့်ကြောင်းပြောဟောနေပေမဲ့ ဆရာ့ဘုရား ခန်းထဲက-ဘိုးတော်-ရုတ်ထုကြီးနှစ်ခုကို ခန့်ခန့်ညားညားနဲ့ထားထားတာတွေ့ လို့မေးတဲ့သူတွေကဆရာ့ကို အားနာလို့မမေးပေမဲ့ ကျနော့်ကို မေးေ နကြပြန်ပြီ ဆရာ။}}ဟုရုတ်တရက်မေပါလေတော့သည်။
( ဘာတွေများမေးနေလို့လည်းမောင်ရင် )
]] မောင်ရင်တို့ဆရာက သူများတွေကို ရတနာသုံးပါကလွဲရင် သာဘာမကိုး ကွယ်နဲ့ ညာမကိုးကွယ်နဲ့ပြောနေတာ-သူ့ဓါတ်ခန်းထဲမှာကတော့ ဘိုး ဘိုးေ အာင်နဲ့ ဘိုးမင်းခေါင် ပုံကြီးတွေ ဟီးနေတာဘဲ။အဲဒါလေးတ ချက်ေ လာက်တော့ မောင်ရင့်ဆရာကို ဘဝင်မကျဖြစ်တယ်ကွ }လို့ပြောကြေ မးကြ တယ်ဆရာ}}
( အေးကွ သူတို့မေးလည်းမေးစရာဘဲ ငါကလည်း အဲဒါမေးပါေ စတော့ ရယ်လို့ တမင်မြင်အောင်ထား ထားတာကွ မောင်ရင်ပြော သလို အားနာပြီးမမေးကြတာနဲ့သူပါတယ်။ )။
]] နောက်တခါမေးရင်ကျနော် ဘယ်လိုပြန် ပြောပြလိုက်ရမလည်းဆရာ }}
( မောင်ရင်တို့ကို ငါပြောထားသလိုဘဲပြောပြလိုက်ပေါ့ကွ။ကွေ့ ဝိုက်ပြောနေစရာမလိုပါဘူး။ )
]] ဘယ်လိုပြောရမှာလည်းဆရာ လိုအပ်တာလေးတွေမပါ သွား အောင် ထပ်ပြေပါဦးဆရာ နှစ်ထပ်ရှိတော့မှတ်မိတာပေါ့ဆိုသလိုပေါ့။}}
( ဪသာ် ထွေထွေထူးထူး မဟုတ်ကြောင်းဆရာ အရင်(ဝိဇ္ဇာ) လမ်းစဉ်လိုက်စဉ်က-ပုံတွေ သေသေသပ်သပ်လေးဖြစ်လို့ နှမြောလို့ထား ထားတာရယ်။ခုလိုဗေဒင်မေးတဲ့သူတွေမေးအောင်လို့တမင်ထားတာဖြစ်ကြောင်း ပြောပြလိုက်ပေါ့ကွ )။
]] တမင်ဘာဖြစ်လို့ထားတာလည်းဆိုတာက ထပ်လာဦမယ်ဆရာ တခါထ ည်းပြောခဲ့ပါဦးဆရာ }}
( တချို့ဗေဒင်မေးသူတွေက ဆရာ့အနေနဲ့ အယူအဆမတူလို့ အိမ်တွင်းတွေရိုးရာတွေ-သိုက်ဆက် ပဌာန်းဆက်တွေ အဘ-ဘိုးတော် မယ်တော်တွေ ကို တဖက်စောင်းနင်းပြောနေတာထင်တာတွေကြောင့် ဆရာကိုယ်တိုင် ဝိဇ္ဇာလမ်းစဉ်ကို(၁၀)နှစ်လောက် လေ့လာလိုက်တာ ထင်သလိုဖြစ်မလာတာရယ်။ခေတ်နဲ့ သိပ်မကိုက်ညီတာတွေကြောင့် ဆက်မလေ့လာ တာဖြစ်တဲ့အကြောင်းသိအောင်လို့ပါ။ )။
]] နောက်တခုက ဆရာဆီဗေဒင်လာမေးတဲ့သူတွေကိုတခါမှ ဂါထာမန္တာ န်တွေ-ပုတီး-တွေ။အဓိဌာန်တွေ။အကြောင်းဘာဖြစ်လို့ လမ်းမညွှန် တာ လည်း။ဘာဖြစ်လို့ အကြံဥာဏ်မပေးတာလည်း။ဆိုတာလည်း မေးကြပြန်တယ်ဆရာ }}
( ဒါကလည်း ရှင်းပါတယ်။ငါက ဘဝနေနည်းလမ်းညွှန်တာလေ။ သူတို့(ကံ)ကိုဖေါ်ပြတယ်။ရယူဖြတ်သန်းနိုင်ဖို့ အကြံ(-ဥာဏ်-)ပေး တယ် ကွာ။အဲဒီတော့ သူတို့ပြောတာတွေနဲ့ ငါ့ပညာနဲ့ မဆိုင်ပြန်ဘူးလေ။ )။
]] ဆရာရယ် ဒါတွေက ဘဝကြီးပွားချမ်းသာဖို့ နည်းလမ်းတွေမဟုတ် လားဆရာ }}
( ဘယ်ကလာဟုတ်ရမှာလည်း မောင်ရင်ရဲ့ ဒါကမိမိယုံကြည်ရာဘာသာရဲ့ ကောင်းတဲ့အလေ့အထတခုပါ။ဒါပေမဲ့ ကြီးပွားချမ်းသာ စေတဲ့အရာသာဆိုရင်မောင်ရင်တို့တတွေအားလုံးချမ်းသာကုန်မှာပေါ့။ ခရယဇ်ယန်/မွစ္စလင်တွေလည်း ချမ်းနေတာဘဲ။ ဒါကြောင့်ဘာသာ သည်။ဘဝတခုရဲ့ အထောက်အပံ့မျှဘဲဖြစ်လိမ့်မယ်။တို့ ဗုဒ္ဓဘာသာရဲ့ အားသာချက်က-ထူးခြားတဲ့ နူးညံ့သိပ်မွေ့ခြင်းနဲ့ အရာရာ ကိုအကြောင်း အကျိုးနဲ့မလွတ်ကြောင်းကိုလမ်းညွှန်ပြနိုင်တာဘဲ )။
]] နောက်တခုက ဆရာ ထုတ်ဝေပြီးခဲ့တဲ့ စာအုပ်တွေရယ် ခုရေးနေ တဲ့ ဆောင်းပါးတွေမှာလည်း ဘဝကိုဘာသာရေးနဲ့ဆက်စပ်တာတွေ ဂါထာမန္တာန်တွေ+ ပုတီးတွေ+ပရိတ်+ပဌာန်း+အကြောင်းတွေရေး တာမတွေ့တာကိုလည်းမေးကြတာဘဲဆရာ }}
( ဒါကလည်း ရှင်းပါတယ်။ငါကဘာကိုမှအားမကိုးဘူး။မိမိဘာသာရဲ့ ဆိုဆုံးမမှု( ကံ )ကိုယုံတယ်။အထိုက်အလျောက် ( ဥာဏ် ) လေးရှိတယ် ။ဒါကြောင့် ဗေဒင်လာမေးသူတွေကိုလည်း မိမိဘဝမှာတွေ့ရမဲ့(-ကံ- )ကြို တင် သိမြင်ပြီးဘဝတသက်တာရင်ဆိုင်ဖြတ်သန်း ဖို့လမ်းညွှန် တာ ဆိုေ တာ့ သူတို့တွေလည်းငါလိုဘဲ အတတ်နိုင်ဆုံး ဥပါဒ်ဒါန်ကင်းအောင်ပြောေ နရတာပေါ့။)။
]] ဆရာပြောတာတွေ သူတို့တွေ သူသစ်တွေ ဆိုတော့-တခါရောက်ပြီး စနားထောင်ရုံနဲ့ နားလည်ပါ့မလားဆရာ }}
( ဒါကတော့ သူတို့အပေါ်မူတည်တာပေါ့။ဆရာခေါင်းစဉ်တတ် ထား သလိုပေါ့ကွာ။(((-အတိတ်ကံနီးရင်သူတို့တွေ ကြံဖန်ပြီးရောက်လာ ကြပါ လိမ့်မယ်။ အေးယခုဘဝဥာဏ်မကြီးရင်တော့လည်း ပါသွားမှာမဟုတ်ဘူး )))ဒါက -သူတို့အကြောင်းဘဲလေ။သိအောင်ပြောပြရမှာက ကိုယ့်အကြော င်း လေ။ )။
]] နောက်ဆုံးအနေနဲ့ ဆရာ့ပညာအကြောင်း လူတွေနားလည်အောင် ဘာတွေပြောခြင်သေးလည်းဆရာ }}
( ဆရာပြောခြင်တာကတော့ ဆရာ့အတွေ့အကြုံအရ လူမျိုးမရွေး+ဘာသာမရွေး+လူတန်းစားမရွေး+မိမိတို့ လူမှုရေး+ စီးပွားေ ရး+ ကျန်းမာရေး+အိမ်ထောင်ရေး အောင်မြင်မဲ့အချိန်ဆိုတာ ရှိတယ် ။ဒါကိုသိအောင်လုပ်-ရအောင်ယူနိုင်ဖို့ နဲ့ ဒါတွေဟာပြိုကွဲပျက်စီးမဲ့အချိန် ဆိုတာရှိတယ်။ကြိုသိထားပြီးလွတ်ကင်းသက်သာအောင်ဖြတ်သန်းတဲ့နည်းကအရေးအကြီးဆုံး မဟုတ်ဘူးလား။ဆရာတွေ့ထား တဲ့ လောကဓံ( အမြင်သစ်) မူအရပြောရရင် ဖြစ်ခြင်း/ပျက်ခြင်းဆိုတဲ့ အကောင်းလောကဓံ နဲ့-အဆိုးလောကဓံကို မတွေ့ခြင်လို့မရဘူး။ဘာသာပြောင်း လည်း တွေ့ ရမှာဖြစ်သလို နိုင်ငံပြောင်းလည်း တွေ့ရမှာဘဲ။တွေ့ရုံတွေ့မှာနော ။ ကောင်းတာရောဆိုးတာရော ကိုယ်လုပ်မှဖြစ် မှာပါ။ ဒါကြောင့် ဆရာ့ အနေနဲ့ နှစ်ပေါင်း(၁၀ဝ)ကျော်ကဘုရင်လက်ထက်က ပေပရပိုဒ်တွေ ကျောက်စာတွေ ဇာတာတွေနဲ့ နှစ်ပေါင်း(၂၀ဝ၀) ကျော် ဘုရားလက်ထက် ကေ ပ ပရပိုဒ်တွေ ကျောက်စာတွေ ဇာတာတွေ အကြောင်းတွေမ ပြော/မဟော ဘူး။စာအုပ်+ကျမ်း အကိုးအကားတွေနဲ့ ညှိနှိုင်းငြင်းခုန်နေတာမဟုတ်ဘဲ ဒီနေ့ ခေတ်ထဲက လူတွေအကြောင်းကိုလက်တွေ့ နှိုင်းယှဉ်ပြောပြတာဖြစ် တဲ့အတွက်-ဆရာ့စာ အုပ်တွေ ဆောင်းပါးတွေ ဖတ်လို့ နားမလည်နိုင်သူေ တွ/ မယုံကြည်သူတွေကို လူမျိုးမရွေး ဘာသာမရွေး ကြိုဆိုလျက်ရှိပါကြော င်းပြောရင်း။-----။
..................
ငါသိသလိုသိကြပါစေဟုငါ၏မှာဖြစ်၏ဤမှန်သောသစ္စာစကားကြောင့် -
လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ
မှတ်ချက်များ
Yarzar Yarzar
မှတ်ချက်ပေးပါ...

No comments:

Post a Comment