..............................((( လောကဓံ(အမြင်သစ်)ဟူသည်။(၄)။ )))
.......................
.လူတစ်ယောက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အမှုအခင်း တခုခု ဖြစ်လို့ ဗေဒင်သွား မေးလိုက်ရင် ဗေဒင်တော်တော်များများက ကွက်တိမှန်နေတာတွေ တွေ့ရလိမ့်မယ်။ ဘာဖြစ် လို့ မှန်နေရတာလဲ ဆိုတော့ ဒီကိစ္စတွေကို တွက်ချက်ဟောပြောရတဲ့ ပညာတွေဖြစ်နေ လို့ဘဲ။ ဒုက္ခတွေကိုတော့ ဟောပြောတာ မှန်နေကြပြီ ဘာကြောင့် ဒီဒုက္ခတွေ ဖြစ်ရတာလဲဆိုတဲ့ အဖြေလဲ ရှာရော---ဒီပြဿနာတွေ ဖြစ်ရတာ-
အိမ်တွင်းမဆွဲလို့ဖြစ်တာဆိုတော့ ဟုတ်လိုဟုတ်ငြား အုန်းသီးလေး သွားဆွဲလိုက်ပါတယ်။ ပထမ-၃/၄ရက်တော့ ဟုတ်သလိုလိုဘဲ။ ပြဿနာလေး က ငြိမ်သွားတယ်ထင်ရတယ်။ နောက် မဟုတ်ပြန်ဘူး။ ဒုံရင်းကဒုံရင်းဘဲ။ ပြဿနာကပြန်ပေါ်တာဘဲ။ နောက်ဆရာတစ်ယောက်ဆီကို ပြေးပြန်တယ်။ ( မင်းတို့ ဒီပြဿနာဖြစ်ရတာ အုန်းမဆွဲလို့တဲ့၊ )ကျွန်တော် အုန်းဆွဲထား တယ်ဆရာ ဆိုတော(့ မင်းတို့အုန်းသီးထားတာ မှားနေလို့။ြွကက်မြှီးက အိမ်အတွင်းလှဲ့ထားလို့ အိမ်အပြင် လှဲ့ထားလို့ ) နဲ့ြွကက်မြှီးအိမ်တွင်းအိမ်ပြင်လှဲ့လိုက်ရတာ --ထူးမလာတော့ပါဘူး။ နောက်ဆရာ---တစ်ယောက်က( မင်းတို့ ဒီပြဿနာတွေဖြစ်လာရတာ ရိုးရာမလုပ်လို့ )တဲ့၊ ကျွန်တော် အုန်းသီး ဆွဲထားပြီးပြီဆရာဆိုတော့( အဲဒါကိုပြောတာမဟုတ်ဘူးကွ၊ အဲဒါအိမ်တွင်းခေါ်တယ်၊ ရိုးရာဆိုတာ အဘမြင်းဖြူရှင်၊ နန်ကရိုင်းမယ်တော်၊ ဦးရှင်ကြီး၊ ကိုးမြို့၊ အန်းကုန်း၊ ကွမ်ယင်၊ လချမီးမယ်တော် )စသည်ဖြင့် တစ်မျိုးပြီးတစ်မျိုး လုပ်လာလိုက် ရတာ နောက်ဆရာတစ်ယောက်နဲ့တွေ့မှ( အဲဒါတွေ အားလုံးမှားနေတယ် ။ဒါကြောင့်အလွဲလွဲအ ချော်ချော်ဖြစ်နေတာ တကယ်ဖြစ်နေတာက သိုက်ကြောင့်ကွ၊ သိုက်ကြောင့် -) ဟုတ်ကဲ့ ပေါ့။ ပြင်လိုက်ရတဲ့ပွဲတွေ။ ငှက်ပျော-၂ဖီး - ၃ဖီး -၅ဖီး -၉ဖီး -၁၀၈ဖီး၊ ငှက်ပျောပွဲ - ၃ပွဲ - ၅ပွဲ - ၉ပွဲ -၁၀၈ပွဲ- စသည်စသည်တို့နဲ့လဲ ပြဿ နာ တွေ ဟာ အေးမသွားခဲ့ပါဘူး၊ နောက်ဆုံးသိုက်ချုပ်ပွဲ၊ သာသနာ ပွဲတွေ နဲ့ကုန်လာခဲ့တဲ့အချိန်၊ငွေတွေဟာဒီလိုဘာမှန်းမသိနိုင်တော့တဲ့ ရှေးခေတ် အယူအဆ ဟောင်းတွေ မစွန့်လွှတ် နိုင်ကြသေးတာေ ကြာင့် မြန်မာ လူမျိုးေ တွ အဖက်ဖက်က နိမ့်ကျနေတာပါလို့ ပြောရင် လွန်မည် မဟုတ်ဟု ထင်ပါသည်။
ဒီဒုက္ခတွေကိုသေသေချာချာမြင်အောင်၊လောကဓံ(အမြင်သစ်)အနေနဲ့ နားလည်လွယ် အောင်ပြောပြမယ်၊ဥပမာ-မန္တလေးကို တရုတ်ကြီးသွားလဲ အိုက်မယ်၊ ကုလားသွားလဲအိုက်မယ်၊ လူမိုက်သွားလဲအိုက်မယ်၊လူ လိမ္မာ သွား လဲအိုက်မှာဘဲ၊လူမျိုးဘာသာမရွေးအိုက်ကြမှာဘဲ၊ အိုက်တဲ့နေရာသွား ရင် အိုက်တဲ့ သဘောဘဲ၊(အဆိုးလောကဓံ)ဒုက္ခနယ်ဖြတ် ရင်အားလုံး ဒုက္ခဘဲ။ မတူတာက ဆိုက္ကားသမားကဆိုက္ကားဒုက္ခ၊ကားသမားကကား ဒုက္ခ၊ပွဲရုံထောင်ထားရင်ပွဲရုံဒုက္ခဘဲ။ လောကဓံ( အမြင်သစ် )အနေ နဲ့ ပြောရရင် ဒုက္ခလို့ပြောတာကအရင်ဘဝက ကံ၊ ဒုက္ခလို့ သိတာက Óဏ်၊ဒုက္ခဆိုတာကိုယ်လုပ်မှ ဖြစ်တာပေါ့။ဘယ်အသက်အရွယ်မှာဘာတွေလုပ်နေလဲ- ဘယ်သူတွေနဲ့နေလဲဆိုတာကိုသိလိုက်တာနဲ့ ဒါတွေတွေ့ ကြုံေ တာ့မယ်လို့ ကြိုပြောနိုင်တဲ့ ပညာပါ။ ဒုက္ခဖြစ်မဖြစ်ကကာယကံရှင်ရဲ့ ကြိုတင်သိထားမှု၊ခံနိုင်ရည်၊ ပြန်လည်တုံ့ပြန်မှုက အဖြေဘဲ။ နဲနဲ တုံ့ပြန်ရင် နဲနဲ ဒုက္ခရောက်မယ်၊ များများတုံ့ပြန်ရင် များများဒုက္ခတွေ့မှာဘဲ မဟုတ် လား။ ပူအိုက်တဲ့ ရာသီမှာ မန္တလေးရောက်ရင် အိုက်မှာဘဲ၊ အေးနေရင် အအေးပတ်လို့ဖြစ်မယ်။ ခဏပေါ့၊ အိုက်တာကအိုက် တာပါဘဲ။ အိုက်တာ ကို လွတ်လမ်းမရှာနဲ့ -သက်သာတဲ့နည်းဘဲရှိတယ်၊ သဘာဝကဖန်တီး ပြီးသားပါ။အိုက်ရင်အင်္ကျီပါးပါး၊ ယပ်တောင်၊ အဲယားကွန်းနဲ့ နေပေါ့၊ ပူအိုက်လို့ ရေသွားမချိုးလိုက်နဲ့သေတတ်တယ်။ ဆိုလိုတာကဒုက္ခ ကိုမှန်တယ်၊မှားတယ်၊မတရားဘူး၊ တရားတယ် ဆိုပြီး ဒေါသ၊ မာနတရားေ တွနဲ့ ရင်ဆိုင်လို့ မရဘူး၊ ဒုက္ခကို Óဏ်နဲ့ရင်ဆိုင်မှရတယ်။ တဖြည်းဖြည်း စဉ်း စားရင်ပေါ်လာမှာပါ။
------ ...............

No comments:
Post a Comment