.................လောကဓံ(အမြင်သစ်)ဟူသည်။( ၅ ).
...............
လူတစ်ယောက်ရဲ့ ကံကောင်းချိန်-၆-ကြိမ်နဲ့၊ ကံညံ့ချိန်-၆-ကြိမ်ကို ပြောပြခဲ့ပြီးပြီ။ အခုပြောပြမှာက အရင်ဘဝက ဘယ်လိုေ နထိုင်ခဲ့လဲဆိုတာကို ပြောပြပါ့မယ်။ အရင်ဘဝလို့ ဆိုတာက သိုက်က လာတာ ဘာညာ မဟုတ်ဘူးနော။ ဘယ်လိုနေထိုင်ပြောဆိုခဲ့လဲဆိုတဲ့ အကျင့်ကို ပြောတာ။ လူတချို့က ဘာပြောကြလဲဆိုရင် ကိုယ့်အကြောင်း ကိုယ်အသိဆုံးဘဲတဲ့။ ကိုယ့်အကြောင်း ကိုယ့်ထက် ဘယ်သူက ပိုသိဦး မှာလဲ၊ ဗေဒင်ဆရာက ငါ့အကြောင်း ငါ့ထက်ပိုသိဦးမှာလား၊ သူ့အကြောင်း သူသိတာ သူထင်တာ သူ့အကြောင်းနော်၊ သူ့(ဘဝ)အကြောင်းမဟုတ်ဘူး ဆရာ ခုပြောမှာက သူ့ဘဝ အကြောင်း။ ဘဝဆိုတာဘာလဲ၊ ဘဝဆိုတာဖြစ်ခြင်း/ပျက်ခြင်းကိုခေါ်တယ်။ သူသိတာက မနက်ဖြန် ဟိုသွားမယ်၊ ဒါလုပ်မယ်၊ ဒါစားမယ် ဆိုတာကို ကြိုတင်စဉ်းစားပြီးသိတာ။ ငါဒါလုပ်လိုက်ရင် ငါ့ဘဝကြီး ဘာဖြစ်သွားမလဲ ဆိုတာတော့ သူမသိနိုင်ေ တာ့ဘူး၊ အရင်ဘဝကလို့ ပြောတဲ့ စိတ်ကို နားလည်အောင်ပြောပြရ ရင် -ဥပမာ- ကိုယ့်ညီအစ်ကို၊ မောင်နှမ၊ မိဘတွေကို ပြန်စဉ်းစားလိုက်ရင် တဖြေးဖြေးပေါ်လာမှာပါ။ အဖေ၊ အမေရယ်၊ ညီအစ်ကိုမောင်နှမ-၈ယောက် ပေါင်းလိုက်တော့ - ၁၀-ယောက်၊ အတူနေတာ မနေတာ ထား၊ သေတာ မသေတာထား။ သေချာ ပြန်စဉ်းစားလိုက်ရင် တစ်ေ ယာက်နဲ့တစ်ယောက် မတူကြဘူး၊ တစ်ယောက်ကရှက်တယ်၊ တစ်ယောက်ကကြောက်တယ်၊ အငြင်းသန်တယ်၊ အအိပ်မက်တယ်၊ အစားမက်တယ်၊ ဇီဇာ ကြောင်တယ်၊ ပစိပစပ်များတယ်၊ တစ်ယောက် တစ်မျိုးပဲ၊ အဲဒါဘာတွေလဲဆိုရင် အရင်ဘဝက လုပ်ခဲ့တာတွေပါလာတာ၊ သိဖို့မလွယ်ဘူး၊ သိပြီးပြင်ဖို့မလွယ်ဘူး၊ မိမိစိတ်ကို သိလို့ပြင်နိုင်ရင် ဘဝတစ်ဝက်ငြိမ်းပြီမှတ်ပါ။
နောက်ဥပမာတစ်ခုကို နားထောင်ကြည့်လိုက်ရအောင် အလုပ်တစ်ခုခိုင်းစရာရှိလို့ အိပ်နေတဲ့ ခလေးတစ်ယောက်ကိုသွားနှိုးတယ်၊ ခလေးကထထိုင်ပြီး ပြန်အိပ်သွားတယ်။ ကိုယ်က အရေးကြီးပါတယ်ဆိုမှ ဒီကောင်လေးတော့ ဆိုပြီး နောက်တစ်ကြိမ်နှိုးပြီး ပို့ခိုင်းမယ့် ပစ္စည်း ယူပြီး ပြန်လာတော့ ခလေးက ပြန်အိပ်ပျော်နေတာ တွေ့တာနဲ့ ဒီအတိုင်း ဆိုရင်တော့ သူ့ခိုင်းဖို့ မလွယ်ပါဘူးဆိုပြီး ကိုယ်တိုင်ပဲ အဲဒီအလုပ်ကို သွားလုပ်လိုက်ပါတယ်။ ဒီခလေးလေးရဲ့ ဘဝ ရှေ့ရေးကို ဆက်မစဉ်း စားဖြစ်တော့ပါဘူး။ ရှေ့မှာ သူဘာတွေဆက်လုပ်ဦးမလဲ၊ ဒါတွေကို ဘယ် လို ပြုပြင်မလဲဆိုတာကို စဉ်းစားတဲ့လူနည်းပါတယ်။ စဉ်းစားမိတော့လဲ ဗေဒင် ယတြာနည်းနဲ့ လုပ်ဖို့ သွားစဉ်းစားကြပြန် တယ်......နောက်တစ်ယောက် ကိုယ့်တူလေးတစ်ယောက်က နယ်မှာနေတယ်၊ ကိုယ်လဲတစ်ခါမှ မတွေ့ဘူးသေးဘူး၊ ကြားနေရတဲ့ သတင်းကတော့ မကောင်းဘူး၊ သိပ်ပြောင်တာဘဲဆိုတဲ့ မကောင်း သတင်းကိုတော့ ကြားနေရပြီ၊ ငါနဲ့တွေ့မှ ကောင်းကောင်းဆုံးမ လိုက်ဦး မယ်ပေါ့၊ တွေ့ပါပြီ-( မင်းလားကွ မောင်မောင်ဆိုတာ၊ )ဟုတ်ပါတယ်၊ (မင်းတော်တော်မျက်နှာပြောင်တာပဲလို့ နာမည် တော်တော်ကြီးနေတာဘဲ၊ ဘာဖြစ်လို့ ပြောင်ရတာလဲ၊ မင်းနောက်တစ်ခါ ပြောင်တယ်ပြောသံ ကြား ရင် ငါနဲ့တွေ့မယ်)လဲ ပြောလိုက်ရော -ကျုပ်ဘာသာကျုပ်ပြောင်တာ ဘာဖြစ် လဲ လို့ပြန်ပြောပြီး ပြောင်ပြနေတော့-ကိုယ့်ကိုမခန့်လေးစားလုပ် လို့ြေ ပာေ န တာမရဘူးလား ဆိုပြီး တုတ်နဲ့ လိုက်ရိုက် တာ တူတော်မောင် က ပြော င်ပြေးတော့ ကိုယ်ကလည်း ဆက်မလိုက်နိုင်တော့... (ဪသာ် သူတို့ပြော လည်း ပြောစရာပဲ၊ တော်တော်မျက်နှာပြောင်တာပဲ၊ ငါထင် ထားတာထက်တောင် ပိုဆိုးနေ သေး တယ်).......ဆိုပြီး၊ ဒီမှာတင်ပဲ အဲဒီ ဇာတ်လမ်းကိုရပ်လိုက်ပါတယ်။ ငါ့တူလေး ရှေ့ဆက် ဘယ်လို စခန်း ဆက် သွားမလဲဆိုတာမစဉ်းစားမိကြပြန်ဘူး။..
........................။
No comments:
Post a Comment