Sunday, August 21, 2016

.........(လောကဓံ(အမြင်သစ်)ဟူသည်။-(-၂-)။

................(လောကဓံ(အမြင်သစ်)ဟူသည်။-(-၂-)။
...................
.......လင်မယားရန်ဖြစ်တော့ အုန်းသီးသွားကြည့်တယ်၊ အုန်းသီးခြောက်နေလား၊ြွကက်မြှီးကျွတ် နေလား၊ ဗောင်းတော်ြွကက်ကိုက်သွားလား- စသည်စသည်ဖြင့် လွဲမှားစွာသော အယူအဆပေါင်း များစွာနဲ့ ဆုံးဖြတ်ကြပြန်ရော- လင်မယားရန်ဖြစ်တာက ဘောလုံးပွဲလောင်းလို့ -နှစ်လုံးထီထိုးလို့ မူးပြီးရမ်းလို့ - မယားငယ်နေလို့ ဖြစ်ကြတာ အုန်းသီးနဲ့ ဘယ်လိုပတ်သက်နေ လဲ--? အဲဒီလို လူတွေရဲ့ လွဲမှားတဲ့ အယူအဆ အဟောင်းတွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမ ပေးဘဲဆက်လက်မှိုင်းတိုက်ပြီးလိမ်ညာစားသောက်နေကြတဲ့လမ်းညွှန်နေတဲ့သူတွေကြောင့် လူတွေဟာ မွဲပြီးရင်းမွဲရင်းဖြစ်နေကြတာကို တွေးမိရင် ရင်နာစရာပါ။ သူတို့တွေသေသေချာချာ မတွေးလို့ပါ၊ကြုံတုံးဆုံတုံး ခေတ်-သုံး-ခေတ် အကြောင်း ပြောလိုက်အုံးမယ်၊ ခေတ်-၃-ခေတ်ရှိ တယ်၊ ဗုဒ္ဓခေတ်၊ ဝိဇ္ဇာခေတ်၊ သိပ္ပံခေတ်ရယ်လို့ ခေတ်-၃-ခေတ်ဆိုပြီး ရှိလေရဲ့၊ အဲဒီမှာ ကာလ အားဖြင့် -၅ကြိမ်မှာ
ပထမ(( ဥုံဖွခေတ်ကာလ ))- ဥုံဖွခေတ်ဆိုတာက ရောဂါတခုဖြစ်လာလို့ အဲဒီခေတ်က ဆရာကို သွားပြရင်--ဘာရောဂါဖြစ်ဖြစ် ခေါင်းလေးကိုကိုင်ပြီးပါးစပ်က- ဥုံဖွ--ဆိုတာနဲ့ အဲဒီ ရောဂါဟာ ချက်ခြင်းပျောက်သွားတော့တာပါဘဲ အဲဒီလိုကုသပျောက်ကင်းခဲ့တဲ့ခေတ်ကို (ဥုံဖွ)ခေတ် လို့ခေါ်တယ်။
(( -ရေမန်းခေတ် )) -ရေမန်းခေတ်ဆိုတာက နောက်တကြိမ် ခေါင်းကိုက်လို့ အဲဒီဆရာဆီ သွားပြပြန်ရော ဆရာလုပ်သူက မင်းရောက်လာပြန်ပြီလား -ဆိုပြီး ခေါင်းကိုင်ပြီး- ဥုံဖွ--အကြိမ် ကြိမ်ဆိုပေမဲ့ ခေါင်းကိုက်က မသက်သာဘူး ပိုဆိုးလာတယ်။ အဲဒီတော့မှ ကဲ ဒါဆို ရေတစ်ခွက် သွားခပ်ကွာ ဆိုပြီးရေကိုမန်းပြီးခေါင်းကိုရေနဲ့တောက် လိုက် တာ ခေါင်းကိုက်ချက်ခြင်းပျောက် သွားတယ်၊ အဲဒီခေတ်ကို (ရေမန်း)ခေတ်လို့ခေါ်တယ်။
နောက်တစ်ခေတ်က(( သစ်ဥသစ်ဖုတွေ ))ထုထောင်းတိုက်တဲ့ခေတ် ဆိုတာက နောက် တစ်ကြိမ် ခေါင်းကိုက်လို့ အဲဒီဆရာဆီ သွားပြပြ န်ရော ဆရာလုပ်သူက မင်းရောက်လာပြန်ပ လား- ကဲ-ကဲ၊အရင်အခေါက်က လိုရေတစ်ခွက်သွားခပ်ကွာ-ဆိုပြီးခပ်လာ တဲ့ရေ ကိုမန်းပြီးရေနဲ့ တောက်ပေ မယ့် ရောဂါက မသက်သာဘူးဖြစ်နေတ ယ်၊ေ ရာ ဂါကပိုတိုးလာတယ်။ အဲဒီတော့မှ ဆရာ က ဟိုး ငါ့အိမ်ခြံထောင့်မှာ စိုက်ထားတဲ့ ဆေးပင်ေ တွ့တယ်မဟုတ်လား၊ ပဉ္စငါးပါးပါအောင် နှုတ်လာခဲ့၊ နှုတ် ရတာလွယ်ပါ တယ်ဆိုတော့- အဲဒီဆေးပင်နှုတ်ပြီး ဆရာ့ကိုပေးလိုက်တော့ ဆရာက အဲဒီဆေးပင်ကို ထုထောင်းလိုက်တာ ခေါင်းကိုက်ရောဂါဟာ တခါ ထဲ ပျောက်ခြင်း မလှ ပျောက်သွားပြန်တယ်။ အဲဒီခေတ်ကို (((-----သစ်ဥသစ်ဖုထုထောင်းတိုက်တဲ့- -))))ခေတ်လို့ခေါ်တယ်။
နောက်တစ်ကြိမ်သွားပြတော့ ဆရာ့ထုံးစံအတိုင်းဆေးပင်ကို ထုေ ထာင်းတိုက်ပေမဲ့ ရောဂါက မသက်သာဘူး ပိုကိုက်လာတယ်ဒီတော့ -ပြောင်းလဲမှုဆိုတဲ့သဘာဝတရားကြီးကြောင့်-(( -ဆေးထိုးအပ် -))ဆို တာပေါ်လာရတယ်၊ တင်ပါးဆိုတဲ့အသားထဲကိုသံချွန်နဲ့ထိုးမှရောဂါ က ပျောက်တော့တယ်။ နောက်တစ်ကြိမ်ခေါင်းကိုက်လို့ သွားပြေ တာ့ ဆေးထိုးအပ်နဲ့ မရတော့ ဘူးဖြစ်နေတယ်။
(( ဓါးနဲ့ ခွဲစိပ် ))ချုပ် ရိုးတွေနဲ့ဆွဲချုပ်စတီးရိုးတွေထိုးထည့် မှရော ဂါ ပျောက်တော့တယ်။
ခုခေတ်အနေနဲ့ ရောဂါသွားပြလို့ကတော့ အဲဒီနည်းေ တွနဲ့ ပျောက်ဘို့မလွယ်တော့ဘူး၊ လူနာကို တွင်းတူးမြေကြီး ထဲထည့် မြေမြှုပ်ပြီး ပိုးသတ်ဆေးပါဖြန်းမှ ရတော့မယ်။ ရောဂါက မပျောက်နိုင်တော့ဘူး၊ (ဒါမှမဟုတ်) ရောဂါဖြစ်နေတဲ့လူနာကို ကမ်းပါးခပ်မြင့်မြင့်ပေါ်တင် အောက်ကနေ အမြှောက်နဲ့ထုမှရမယ်၊............ (( .. .လူပျောက်မှ ရောဂါပါပျောက်မယ့်ခေတ်ဖြစ်နေပြီ ... ))။
အဲဒီလိုပြောင်းလဲလာပြီဖြစ်တဲ့ ခေတ်ကာလကြီးထဲမှာ(( ..ဥုံဖွ..) )နောက်လိုက်နေလို့ကတော့။--?
........................................။
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

No comments:

Post a Comment