Friday, August 19, 2016

.(((------လောကဓံ(အမြင်သစ်)ဟူသည်။.(၁)။-------)))..

...........................(((------လောကဓံ(အမြင်သစ်)ဟူသည်။.(၁)။-------)))..
လက်ရှိယနေ့ခေတ်။ မြန်မာပြည်မှာ လူတော်တော်များများဟာ မိမိနေထိုင်ရာ အရပ်ဒေသ၏ ဓလေ့ထုံးတမ်းပေါ် အမှီပြုပြီး အိမ်တွင်းအုန်း၊ ရိုးရာ။ သိုက်ဆက်၊ ပဋ္ဌာန်းဆက်၊ သာသနာပွဲ စသည်ဖြင့် မိမိတို့အိမ်ပေါ် မှာ တဆောင်တယောင် တခမ်းတနားပြုလုပ်ထားကြ ကုန်၏။ ဗေဒင် လာေ မးသူ-၁၀ဦးမှာ-၈ဦး-၉ဦးလောက်ကတော့ အဲဒီ-၅-မျိုးထဲမှာ တစ်မျိုးမဟုတ် တစ်မျိုးတော့ ငြိနေကြသေးတာဘဲ၊ ဆရာကမေးမိတယ်- အဲဒီ-၅-မျိုးသော လုပ်ရပ်ေ တွဟာ မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဝါဒမှာပါလို့လား-?၊ ဒါမှမဟုတ် လက်ရှိရပ်တည်နေတဲ့ ခေတ်ကာလအရ သိပ္ပံနည်းကျ လိုအ ပ်နေလို့လား၊ ဆိုတော့ ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဝါဒမှာလဲမပါ၊ ရပ်တည် နေတဲ့ ခေတ်အရလည်း လိုအပ်သည်ဟူ၍ပြဋ္ဌာန်းချက်မရှိ၊ ဘာဖြစ်လို့ ဆက်လက်လုပ်ဆောင် နေကြသလဲဆိုတော့လဲ အဖြေက အမျိုးမျိုးပါဘဲ ဘာမှရေရေရာရာမရှိ ဖြစ်နေတယ်။ ဆိုလိုတာက မိမိတို့ ယုံကြည်လက်ခံထားတာက လမ်းညွှန်ခြင်းဆိုတဲ့ ဗုဒ္ဓဝါဒ၊ ရပ်တည်ေ နထိုင်ရတာက လက်တွေ့ဝါဒဖြစ်တဲ့ သိပ္ပံခေတ်၊ သူတို့တွေမျှော် လင့်နေကြတာက အလကားချောင်ရမလားဆိုတဲ့ စိတ်နဲ့(ကယ်မခြင်း ဝါဒ)ဆိုတဲ့ ဝိဇ္ဇာလမ်းစဉ်ဖြစ်နေတော့ မွဲနေကြတာနဲ့တောင် နဲသေးတယ် ဆိုရ မှာဘဲ။ ယနေ့ လူများစုဟာ - ဘဝတစ်ခုတည်ဆောက်ရာမှာ အနာတခြား ဆေးတခြား ဖြစ်နေတယ်။ ဘာနဲ့တူနေလဲဆိုတော့ ခလုပ် တိုက်လို့ ခြေမကွဲတာ ကွဲသွားတဲ့ ခြေမ ဆေးမထည့်ဘဲ ဘာမှမဆိုင်တဲ့ မျက်လုံးဆေးသွားထည့်သလို အနာအခြားဆေးတခြားဖြစ်နေ ကြတယ်။
တွေးကြည့်လေ့ကမ္ဘာပေါ်မှာ အုန်းသီးကြောက်တာ ဗမာလူမျိုးဘဲရှိ တယ်၊ အုန်းပင်ပေါ်က အုန်းသီးမကြောက်ဘူး၊ဈေးဆိုင်ပေါ်က အုန်းသီးလ ည်း မကြောက်သေးဘူး။ အဲအုန်းသီးလေးဈေး ကဝယ်လို့(သို့မဟုတ်) အုန်းပင်ပေါ်ကခူးပြီး ကိုယ့်အိမ်ရောက်လာလို့အုန်းသီး လေးရေ ဆေး နံ့သာဖြူလေးပက်ဖြန်းပြီးအိမ်ခေါင်းရင်းပိုင်း ဒေါင့်တနေရာမှာအုန်းသီးလေး ချိတ်ဆွဲပြီး ရင်အဲဒီအုန်းသီးလေးကိုကြောက်သွားရော။ဒီတော့ ဆရာကမေး တယ်မနက်ကကိုယ်ဝယ်လာ တဲ့အုန်းသီးအခုဘာဖြစ်လို့ကြောက် သွားရ တာလဲ အုန်းသီးထဲမှာ(ဗုံး)ပါလာလို့လား ဆိုတော့---?
စဉ်းစားရမှာက အုန်းသီးဆွဲတဲ့အယူအဆကို ဘယ်ခေတ် ဘယ်ကာ လဘယ်လူမျိုးစုတွေ ဆွဲခဲ့ကြတာလဲ အဲဒီလူမျိုးစုတွေထဲမှာ မိမိတို့ မိသားစု ပါနေလား၊ ပါနေရင်အုန်းသီးဆက်ဆွဲရင် ဘာဖြစ်မလဲ/မဆွဲရင်ကော ဘာဖြစ် မလဲ။ နောက်တစ်ချက်က အုန်းသီးထဲမှာ ဘယ်သူတွေ နေကြ သလဲ၊ ဘယ်နှစ်ယောက်နေပြီး၊ ဘယ်လိုနေကြသလဲ--? အိမ်-၁၀-အိမ်မှာ တစ်အိမ် လောက်တော့ အုန်းသီးဆွဲထားကြတာဘဲ၊ အဲဒီလောက်အိမ်တွေ များနေတော့ ကိုယ့်အိမ်က အုန်းသီးဆီ နတ်က----ဘယ်နေ့တွေမှာ ဘယ် လို လာနေမှာလဲ။ နေကောနေကြသေးရဲ့လား၊ ပြီးတော့နောက်တစ်ချက် က အုန်းသီးထဲမှာနေတယ်ဆိုတဲ့ မနှဲလေး ခုထိအပျိုမဖြစ်သေးဘူးလား၊ သူ့ဦးလေးအရင်းခေါက်ခေါက် ပန်းပဲမောင်တင့်တယ်ကနေ နှစ်တွေကြာ လာတော့ အသက်ကြီးပြီး အိမ်တွင်းအဖေကြီး ဖြစ်နေပြီ တူမအရင်းခေါက်ေ ခါက် မနှဲလေးက ဘာဖြစ်လို့ အသက်ကြီးပြီး အပျိုမဖြစ်သေးတာလဲ ဆိုတာ နဲနဲလောက်တော့ စဉ်းစားသင့်ပါတယ်။ -- ။-...................................... .... .........
။((( ယနေ့ ဗုဒ္ဓဘာသာအမည်ခံ( တချို့ )သည်။ အရက်သ မားေ လာင်းကစားနှင့် ကြာကူလီ နတ်များကို ယုံကြည် ကိုယ်းကွယ်-အားကိုး နေကြလေ၏။-----((((( -မှားလေစွ-))))။
..................
ဗေဒင်ဆရာဆိုသူ( တချို့ကလည်း )ဗုဒ္ဓဘာသာမှသွေဖီစေသော အတွေးအခေါ်-အယူအဆ မှားများကိုပြုပြင်မပေးဘဲ-----မှားယွင်းသော လုပ်ရပ်များ ဖြင့်- ထိုထိုသောလူများကြားသို့- မြောက်ထိုး ပင့်ကော် လုပ်ပြီး မရှက်မကြောက်-ဝင်ရောက် လုပ်ကိုင်-စားသောက်နေကြ၏-။
((((( ဝမ်းနည်းဖွယ်ကောင်းလေစွ )))--
...............။

.(((------လောကဓံ(အမြင်သစ်)ဟူသည်။.(၁)။-------)))...................... ................................ ...........

No comments:

Post a Comment