lawkadan

Wednesday, October 12, 2016

....(((..ကျ မ အဖေ ဂေါက်ရိုက်နေတယ်နှင့် ..)))

..................(((..ကျ မ အဖေ ဂေါက်ရိုက်နေတယ်နှင့် ..)))
................ (( ရေများရေနိုင်..မီးများမီးနိုင်..သဘောတရားများ..))
...........................
ရန်ကင်းမြို့နယ် မိုးကောင်းဘုရားအရှေ့မုခ်။အမှတ်(ခ)ကျွန်ုပ်၏ ဘဝနေနည်းများကိုဟောပြော လမ်းညွှန်ရာ၊(ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီး)ဓါတ်ခန်း အတွင်း တပည့်ဖြစ်သူမောင်ရာဇာ၏ အမေးကြောင့် ကျွန်ုပ်တွေ့ကြုံခဲ့ရသည့် လောကဓံ(၈)ပါးနှင့်လူသားတို့(ရေများရေနိုင်မီးများမီးနိုင် သဘောတရားများကို) တွေ့ကြုံ ရင်ဆိုင်နေရပုံများကို အောက် ပါအ တိုင်း ပြော့ပြလိုက်ရပေသည်။
((( ဒီလိုမောင်ရာဇာရဲ့ သင်္ကြန်မတိုင်ခင် တနေ့ညပိုင်း ဆရာဆိုင် သိမ်း ချိန် အပြင်မှာ ဧည့်သည်တယောက်အရေးကြီးလို့ ဗေဒင် မေးလို့ ရသေးလားဆိုပြီး ဝင်ရောက်လာတယ်။ ထုံးစံအတိုင်းကာယကံရှင် အကြောင်းပြောဆိုလမ်းညွှန်ပြီး မိသားစု (၅)ယောက်လုံးရဲ့ ကံတွေနဲ့ ချိန်ကြည့်လိုက်တော့ (၄)ယောက်က-ကံ-ညံ့နေတာကြောင့် ((( ရေများေ ရနိုင် မီးများမီးနိုင်))) သဘောအရ ဖခင်ဖြစ်သူ-ကံ-အညံ့ဆုံးဖြစ်နေ အသက် ကလည်းအကြီးဆုံးဖြစ်နေလို့ မိသား စုတွေထဲမှာအခုအခြေအနေအရ ဖခင်ကိုကျန်းမာရေးဂရုစိုက်ဖို့ပြောလိုက်တော့ (.. ကျမအဖေက-ကျန်းကျန်း မာမာ အကောင်းကြီးပါဆရာအမြဲ တန်း(ဂေါက်)ရိုက်နေတာကျန်း မာရေး လည်းလိုက်စားတယ်ဆရာ ကျမအမေက မှာချူချာနေသေးတယ်။ အဖေတော့ ဘာမှမဖြစ်နိုင်ပါဘူး။ဖြစ်ခြင်းဖြစ်ရင်အမေဘဲဖြစ်နိုင် ပါတယ် ဆရာ...)လို့ပြန်ပြောတော့ဆရာကပြန်ပြောပြလိုက်တယ်။(.. ဘာဖြစ် မယ်ြေ ပာ တာမဟုတ်ပါဘူး။ဖြစ်တတ်တယ်အနေအ ထိုင်ဆင်ခြင်ဖို့ ပြော တာပါ)ဆိုတော့ဘာမှမပြောတော့ဘဲ။ပြန်သွားတယ်။ဆရာ့အ တွေ့အကြုံအရပြောရရင် ((( မိသားစုကံတွေအရ)အခြေအနေသိပ်မကောင်းဘူး ဆိုတာ သိထားလိုက်ပြီ။)))
နောက်တလလောက်အကြာမှာ ညနေပိုင်းဆိုင်သိမ်းချိန်ဘဲ. အဲဒီ အမျိုးသမီး ပြန်လာတယ် ( ကျမကိုမှတ်မိလားဆရာ သင်္ကြန်မတိုင်ခင်က ခုလိုညပိုင်းလာမေးခဲ့တာလေ)ထူးထူးခြားခြားဦးထုတ်လေးဆောင်းထားတော့ရုတ်တရက်မမှတ်မိဘူးဖြစ်နေလို့ဘယ်သူဖြစ်နိုင်မလည်း လို့စဉ်း စား နေ တုံး( သင်္ကြန်မတိုင်ခင်က ခုလိုညပိုင်း လာမေးခဲ့တဲ့သူလေ မမှတ်မိဘူးလားဆရာ)
((( ဪသာ် မှတ်မိပြီ မှတ်မိပြီ ပြောပါဦး ဘာတွေများထူးလာ လို့လည်း )))
( အဲဒီထုံးက ဆရာပြောလိုက်သလို ဘဲ ဆရာ ကျမအဖေ ရုတ်တရက် ဆုံးသွားတယ်ဆရာ)
((( စိတ်မကောင်းစရာဘဲ ဆက်ပြောပါဦး ဘယ်လိုကနေ ဘယ်လိုဖြစ် သွားရတာတုံး )))
( ဒီလိုဆရာရေ...အဲဒီညက ဆရာ့ဆီကဗေဒင်မေးပြီးအပြန် အိမ်ရော က်တော့ သမီးက ဆရာပြောပြတာတွေစိတ်ဝင်စားစရာကောင်းပြီး စဉ်း စား ဖို့ ကောင်းကြောင်း ဆရာပြောသလို ကျမလည်းမှတ်မိသမျှပြန်ပြောပြ တာပေါ့ ဆရာ။အဖေ့ကျန်းမာရေးဂရုစိုက်ဖို့မှာလိုက် ကြောင်ြးေ ပာပြေ တာ့။နင့်ကို ယတြာဖိုး ဘယ်လောက်တောင်းလိုက်လဲလို့ ဝိုင်းမေးကြ တယ်ဆရာ။ သမီးကပြန်ပြောပြတယ်။... ဆရာက ဘယ်သူဘာဖြစ်မယ်။ ဘာတွေ ရ မယ်ပြောတာမဟုတ်ဘူး။မိသားစု-ကံ-တွေကို မေးပြီး ဘယ်သူကံကောင်းနေတယ်။ဘယ်လိုနေ ဘယ်လိုလုပ်ယူဖို့ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်ကြောင်း။ မလုပ်ဘဲကိုယ်ထင်သလိုရမှာမဟုတ်ကြောင်းနဲ့ ဘယ်သူတော့ -ကံ-ညံ့နေတယ်။ဘယ်လိုနေ ဘယ်လိုလုပ်ကိုင်နေထိုင်ဖို့ လမ်းညွှန်တာပါ။ ခုဟာက မိသားစုမှာ ကံညံ့သူတွေများနေလို့ (ရေများေ ရနိုင် မီးများမီးနိုင်)ဆိုတဲ့သဘောမျိုးပြောပြတာပါ။ ယတြာတွေနဲ့ ခြော က်မြောက်လိမ်စားတာ မဟုတ်ပါဘူးဆိုတော့ ..ညည်းအဖေအကောင်း ကြီးဘဲ။ ဘာမှဖြစ်စရာမရှိပါဘူး။စောင့်ကြည့်ကြတာပေါ့။လို့ ဝိုင်းပြောကြ တယ်ဆရာ)
((( ကဲဆက်ပြောပါဦး ဘာတွေဆက်ဖြစ်ကုန်ကြတာလည်း)))
( တိုတိုနဲ့ လိုရင်းပြောရရင်တော့ သမီး သင်္ကြန်မှာ သီလရှင်(၁၀)ရ က်သွားဝတ်ဖြစ်တယ်ဆရာ။(၃)ရက်မြောက်တဲ့နေ့မှာဘဲ အဖေဆုံးကြောင်း
လာပြောလို့ (၃)ရက်နဲ့ သီလရှင်ထွက်လိုက်ရတယ်ဆရာ။ဒါကြောင့်ခုလို ကတုံးဖြစ်နေတာပေါ့။အဖေဟာညပိုင်းအိပ်ရာဝင်တဲ့အထိ ပုံမှန်အကောင်း ဘဲ ဆရာ။ မနက် သွားနှိုးတော့မှနှိုးမရဖြစ်လို သေချာကြည့်တော့မှ အိပ် ရင်းနဲ့ ဆုံးသွားတယ် ဆိုတာသိရတာလို့ပြောပါတယ်ဆရာ)
((( ခုလိုဖြစ်သွားတာ ဆရာလည်းစိတ်မကောင်းပါဘူး။ဆ ရာေ ဟာပြောလမ်းညွှန်လာတဲ့ သက်တန်းမှာ ဒီလိုအဖြစ်မျိုး တွေကြုံရတာ မနဲတော့ပါဘူး။ကြုံမယ်ဘဲပြောတာပါ။ဖြစ်မယ်ဟောပြောပြီး ခြောက်လှန်တာမဟုတ်ဘဲ။စေတနာနဲ့ ပြောပြတာဆိုတော့ မယုံကြတာများတယ်။ဒီ လိုဘဲ မဖြစ်သင့် တာတွေဖြစ်ကုန်တာသိပ်သမျှောဖို့ကောင်းတယ်။)))
( ဒီလိုမျိုးကြုံတဲ့သူတိုင်း သေကုန်ကြတာဘဲလားဆရာ။ယတြာတွေ ဘာတွေမရှိဘူးလားဆရာ)
((( ဒီလိုမျိုးဆရာပြောပြထားတဲ့သူတွေထဲကလူတိုင်းမဖြစ်ပါဘူး အဖြစ်များနေတာတွေ့ရတယ်။ယတြာအနေနဲ့(နဝင်းစီး)ယတြာနဲ့ ကာ ကွယ်လုပ်ဆောင်တဲ့သူတွေကြပြန်တော့ ဆုံးပါးတာနဲနေတာတွေ့ရတယ် ။ဆေးရုံ ဆေးခန်းလောက်နဲ့ဘဲပြီးသွားတာတွေလည်းတွေ့ရပါတယ်။)))
( တခြားဘယ်လိုလူတွေ ဘာတွေဖြစ်တတ်တယ်ဆိုတာ ဗဟုသု တအနေနဲ့ ပြောပြပါလားဆရာ သမီးကတော့ ဆရာ့ပညာကို တော်ေ တ်ာလေး စိတ်ဝင်စားမိတယ်ဆရာ ကိုယ့်မိသားစု ဘဝကိုကိုယ်တိုင်ကြ ည့်ပြီး ကိုယ်တိုင်ဆုံးဖြတ် နိုင်တဲ့အတွက်ပါ)
((( ပြီးခဲ့တဲ့နှစ်က ဆရာတို့နယ်ဘက်က ကျေးရွားလူကြီးမိ သား စုတွေရန်ကုန်လာရင်း။ ခုလိုဘဲ ဗေဒင်လာကြည့်ကြလို့ သမီးတို့အဖေကို ကျန်းမာရေး ဂရိုက်ဖို့ ပြောလိုက်မိပါတယ်။အဖေက လူကြီးဖြစ်နေပေမဲ့ အိမ်နဲ့ လယ်ထဲကခြံကိုနေ့တိုင်းကိုယ်တိုင်သွားပြီးကြီးကြပ်နေတုံးဘဲဆရာ အဖေကတော့ကျန်းမာရေးကောင်းပါတယ်။လူငယ်တယောက်အတိုင်းဘဲ ဒေါင်ဒေါင်မည်ဘဲဆရာရေ..သမီးတို့က တရှောင်ရှောင်ဖြစ်နေတဲ့ အမေ့ကို စိုးရိမ်နေကြတာပါဆရာ......)))လို့ပြန်ပြေသွားလေရဲ့ သိပ်မကြာပါဘူး ။နာရေးလာဖိတ်လို့ ဖိတ်စာလာပို့တဲ့သူကို ဘယ်လိုဖြစ်သွားတာလည်း တလောက သူ့သမီး တွေလာတုံးက သမီးတို့အဖေက အိမ်နဲ့ တဲနဲ့ ကူးနေတာ ဒေါင်ဒေါင်မည်ဘဲဆရာလို့ပြောသွားသေးတယ်)))
( သူတို့ပြောတာလည်း ဟုတ်တယ်ဆရာအကောင်းကြီးကေ နရု တ်တရက်ထဖြစ်သွားတာဆိုတော့ သူတို့လည်း အံ့ဩတာထက် တော်ေ တ်ာလေး လန့်လည်းလန့်သွားကြတယ်ဆရာ။သူတို့်တွေ့တဲ့သူ တိုင်းကို ဆရာပြောလိုက်တာတွေလည်းပြန်ပြောပြတော့နယ်မှာတော့ဆရာ နာမည် ကိုကြီး နေတာဘဲဆရာရေ)
((( ဒီလိုဟောပြာမှုမျိုးနဲ့တော့နာမည်မကြီးပါရစေနဲ့ဗျာ။ ဆရာပြော သလိုဘယ်လိုရာထူးတွေတက်သွားတယ်။အိမ်တွေယာ တွေနဲ့ဖြစ်သွား တယ်။ ဘယ်သူဆို ဆရာပြောသလို မိန်းမတောင်ရသွားသေးတယ်။ ထီပေါက်ပြီး ဘယ်သူတော့ ချမ်းသာသွားတယ်။ဆိုတာမျိုးနဲ့ နာ မည်ကြီး တယ်ဆိုကြားကောင်းပါသေးတယ်ဗျာ)))
( ဒါကတော့ ဆရာရယ် ဒီလို မကောင်းတာမျိုးဘယ်သူ ကဖြစ်ေ စခြင်မှာလည်း ဘယ်သူကရောဖြစ်ခြင်မှာလည်း ဖြစ်ချိန်တန် လို့ဖြစ် တယ်ဘဲ မှတ်ရမှာပေါ့ဆရာ)လို့ပြောသွားတယ်။
......။( ဆက်လက်ဖေါ်ပြပါဦးမည်)။
....................
Utun Yee ၏ ဓာတ်ပုံ
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
11
မှတ်ချက်များ
Yarzar Yarzar
မှတ်ချက်ပေးပါ...
Posted by ko ko at 3:58 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Blog Archive

  • ►  2017 (53)
    • ►  June (4)
    • ►  May (10)
    • ►  April (10)
    • ►  March (9)
    • ►  February (10)
    • ►  January (10)
  • ▼  2016 (108)
    • ►  December (9)
    • ►  November (10)
    • ▼  October (12)
      • ((((( လောကဓံ(အမြင်သစ်).ဟူသည်။-)))))(၂၀)။
      • .....လောကဓံ(အမြင်သစ်).ဟူသည်။-(၁၉)။
      • .((( မှတ်မှတ်ရရ ပညာဒါန )))(-၂-)။
      • .((( မှတ်မှတ်ရရ ပညာဒါန )))
      • .....(((( လောကဓံ(အမြင်သစ်).ဟူသည်။-(၁၇)။..)))))
      • .. (( ရေများရေနိုင်..မီးများမီးနိုင်..သဘောတရားများ...
      • ......((( လောကဓံ(အမြင်သစ်).ဟူသည်။-(၁၆)...))).... .
      • ....(((..ကျ မ အဖေ ဂေါက်ရိုက်နေတယ်နှင့် ..)))
      • ...လောကဓံ(အမြင်သစ်).ဟူသည်။-(၁၅)။
      • ..( .သံခမောက်ဆောင်းပြီး ဟောရမဲ့ပညာ )..........
      • .....လောကဓံ(အမြင်သစ်).ဟူသည်။-(၁၄)။
      • ..............(((...စည်း...)))(-၃-)။
    • ►  September (12)
    • ►  August (9)
    • ►  July (17)
    • ►  June (6)
    • ►  May (11)
    • ►  April (8)
    • ►  March (4)
    • ►  February (4)
    • ►  January (6)
  • ►  2015 (64)
    • ►  December (12)
    • ►  October (3)
    • ►  September (10)
    • ►  August (39)
  • ►  2014 (97)
    • ►  June (40)
    • ►  May (33)
    • ►  March (1)
    • ►  February (22)
    • ►  January (1)
  • ►  2013 (2)
    • ►  December (2)

About Me

ko ko
View my complete profile
Picture Window theme. Powered by Blogger.