((((( ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)(နဝင်းစီး)ပညာရှင်တို့၏ ရိုးရှင်းသောဟောကွက်များ )))))
.............( .သံခမောက်ဆောင်းပြီး ဟောရမဲ့ပညာ ).......................... .................
(ဆရာခုနကဧည့်သည်ကိုဟောလိုက်တဲ့ ဟောကွက်လေးမြင်တွေ့လာပုံအယူအဆလေးကျနော့်ကိုပြန်ပြောပြပါလားဆရာ)
..ရန်ကင်းမြို့နယ် မိုးကောင်းဘုရားအရှေ့မုခ်။အမှတ်(ခ)ကျွန်ုပ်၏ ဘဝနေနည်းများကိုဟောပြော လမ်းညွှန်ရာ၊(ဓါတုနိယာမနှင့် မဟာဘုတ် နဝင်းစီး)ဓါတ်ခန်း အတွင်း ဧည့်သည်ပြန်သည်နှင့်တပည့်ဖြစ် သူမောင် ရာဇာ၏ အမေးကြောင့် အောက်ပါအတိုင်း ပြော့ပြလိုက်ရပေသည်။
((( ဒီလိုမောင်ရာဇာရဲ့ ဒီလိုဆောင်းပါးမျိုး အရင်ကလည်းရေးခဲ့ဘူး ပါတယ်။အကြောင်းအကျိုးနဲ့ ပြည့်ပြည့်စုံစုံပြန်ရေးပြဖို့ဆိုတာ ဒီပညာ အခြေခံမရှိရင်မလွယ်သလို ယုံကြည်လက်ခံဖို့ခက်နေတတ်တယ်။ ကိုယ်ရည်သွေးသလို ဖြစ်နေတတ်တယ်။ဒါကြောင့်တော်ရုံတန်ရုံပညာ အကြောင်း-ယတြာအကြောင်း တွေမရေးဖြစ် တာကွ )))
( ဒီလိုလည်း ဘယ်ဟုတ်ပါ့မလည်းဆရာရယ် ဝါသနာပါလို့လေ့ လာနေသူတွေထဲက တယောက်တလေနားလည်လက်ခံသွားတယ်ဆိုရင် ဆရာ့ပညာအကြောင်းရေးပြရကျိုးနပ်တာဘဲမဟုတ်လားဆရာ)
((( ဆရာကြီးဦးကြာမြင့်ပညာတွေထဲမှာ မွေးရာပါ(စိတ်/သောက်ကျင့်) တခုထဲဟောပြောပြနိုင်ရုံနဲ့ တဖက်ကယုံကြည်မှုကိုရရှိနိုင်သ လိုတဖက်လူ နား လည် လိုက်နာနိုင်ပြန်ရင်လည်း-သူ့ဘဝတော်တော်လေးပြောင်းလဲ သွားနိုင်တယ်။..တခါကဆရာဦးကျော်ဟန်(ခေါ်)ဦးကျော်လေး နဲ့ ဆရာ ဒီဟော ခန်းလေးထဲမှာ အတူထိုင်နေရင်းအမျိုးသမီးတယောက်ကို ဆရာ ဦးကျော်ဟန် ဟောလိုက်တဲ့ဟောကွက်ကိုဆရာ့တသက်မမေ့ နိုင်ဘူးဖြ စ်နေတယ်)))
( ဆိုလှချည်လားဆရာရယ် လုပ်ပါဦး၊ ကျနော်တို့လည်းဒီပညာ အကြောင်း ကြာဘူးတယ်ရှိသွားသလို ပညာလေး ဘာလေးရတာပေါ့ )။
((( ဆရာဦးကျော်လေး ဟောနေတဲ့ အမျိုးသမီးက တနင်္ဂနွေသမိး( % )နှစ်ဖြစ်မယ်။နေ့တွေ အချိန်တွေတော့ မမှတ်မိဘူး။သူကဘာမေး လိုက်လည်း ဆိုတော့ ခင်ဗျား( %/% )နှစ်က ဖြစ်ခဲ့ တဲ့ ဖြစ်စဉ်ေ လးပြော ပါဦးဆိုတော့ ...ဟုတ်ကဲ့ အဲဒီတုံးက ကျမတို့ကတောင်ကြီးမှာနေတာ ဆရာ ကျမအကို မွေးနေ့မှာ အကို့သူငယ်ချင်းတယောက်ကို သွားခေါ်ဖို့ ကျမ ကိုအိမ်လိုက်ပြဖို့ ထည့်ပေးလိုက်တာ အကို့သူငယ်ချင်းကမူးမူး ရူး ရူးနဲ့ စော်ကားတာခံလိုက်ရတယ်ဆရာ)))လို့ပြောလည်းပြောငိုလည်းငိုပေါ့ကွာ။
ဦးကျော်လေးကဆက်ပြောတယ်။(..ငိုမနေနဲ့ဦး .ခင်ဗျား ခုဖြစ်ေ နတဲ့ပြသာနာကလည်း ခင်ဗျားသွားရှုပ်လို့ဖြစ်ရတဲ့ပြသာနာဘဲ ဒီတော့ ခင်ဗျားအေးအေးဆေးဆေး နောက်ဆုတ်ပြီးနေလို့က်ရင် ခင်ဗျားသက် သာမယ် ဆက်တိုးနေရင် ခင်ဗျား အလုပ်ပြုတ်-အရှက်ကွဲ-ပါကွဲပြီး ဘဝ လုံးလုံးပျက်စီးသွားနိုင်တယ်။..)လို့လည်းပြောလိုက်ရော ခြုံးပွဲချ ပြီးဆက်ငို ပါလေရော။...အဲဒီအချိန်ကဆရာလည်းမောင်ရင့်လိုပေါ့ ဒီလိုဟောကွက် မျိုးမကြားဘူးသေးတော့သိခြင်လို့ ဧည့်သည်ပြန်တော့ မေးမိတာပေါ့။)))
( ဟာ ဟုတ်လား အဲဒီဆရာက ဘာကြောင့်သူခုလိုဟော တာလည်း ဆိုတာ ပြောပြလားဆရာ)
((( ပြောပြတာပေါ့မောင်ရာဇာ သူပြောပြတာက ဆရာကြီးဦးကြာမြင့် သင်တန်း လက်နှိပ်စက်လက်မူစာအုပ်ထုတ်ပြတယ်။စာရွက်က လည်း ကြမ်း စာ အုပ်က ဟောင်းလည်းဟောင်းနေပါပြီ။ စာလုံးတွေကောင်းေ ကာင်းမမြင်ရတော့တဲ့ မဟာဘုတ်အကွက် တခုကိုပြတယ်။ပြောလည်ြးေ ပာပြ တယ်သူပြောပြ တော့လည်းသူ့ဟာနဲ့သူတော့ ဟုတ်နေတာဘဲ။ ဆရာကအဲဒီအချိန်က ပညာစ သင်ကာစ ဆိုတော့ သိခြင်လို့မေးပြီး သူပြလို့သာ ကြည့်လိုက်ရ တာ ဘာတွေမေးလို့ဘယ်လိုဟောတာလည်း ဆိုတဲ့ ပညာအယူအဆမမေး လိုက်မိဘူး။)))
( ဆရာကလည်း ဟုတ်မလိုလိုနဲ့ ပညာလေးများရမ လားလို့ ခေါ င်း စားအောင်လုပ်နေပြန်ပါပြီ)
((( မဟုတ်ရပါဘူးမောင်ရာဇာရယ်။အဲဒီတုံးက ဖြစ်စဉ်ကိုပြောတာပါ ။နှစ်တွေကြာလာမှအတွေ့အကြုံအရဒီဟောကွက်တွေကိုတွေ့ လာရတာ ပါ။ ဒါနဲ့ ကြုံတုံး ဖြစ်စဉ်လေးတခုကိုပြောပြရဦးမယ်။သာကေတက ဆရာ တယောက်က .သူနေတဲ့ လမ်းထဲက အချိန်မရွေးဝင် ထွက်သွားလာ စားေ သာက်နေကြအိမ်ဘဲ။တနေ့အိမ်တွင်းအုန်း လဲနေတာနဲ့ ဆုံနေတော့ န ဂိုပြောမနာ ဆိုမနာ တွေဆိုတော့ ဒီခေတ်ကြီးထဲဒါတွေလုပ်နေသေး တာ ဘဲလား ။ ဘာနတ်လည်း ဆိုက္ကားနတ်လား/ ကားနတ်လား လို့ပြောလိုက်မိ တာ။((-သွား..သွား.ခင်ဗျား ခုထွက်သွား။နောက်ကျုပ်အိမ် ဘယ်တော့မှမ လာနဲ့တော့))ဆိုပြီး အိမ်ပေါ်ကနှင်ချလို့ မနဲပြေးလာရတယ်။ဆရာပြော သလို သွားပြောလိုက်မိလို့ ကျနော့်စားအိမ်သောက်အိမ်တ အိမ်တော့ေ လျာ့ သွားပြီဆရာရေ.။ဆိုပြီလာပြောပြီးညည်းပြသွားလေရဲ့ ။ တနေ့ ဗေဒင်သင်တန်းမှာ အဲဒီသာကေတ ကဆရာ လူတယောက် ကို ဗေဒင်ဟောနေတဲ့ အချိန်-ခင်ဗျားဟာ(-%--)ဘွား။(-% )သားဆိုတော့ (မလည်ရှုတ်ဘဲ။)လို့ပြောလိုက်တာ (%)ဘွား(%)နေ့ တူနေတဲ့ ဘေး က ဆရာ တယောက်က သူ့ကို(မလည်ရှုတ်) လို့ ပြောပါတယ် ဆိုပြီးစကားေ တွထ များနေ လို့မနဲပြန်ရှင်းပြခဲ့ရဘူးတယ်။......ကိုယ်တွေ့နော်။.. )))
( ဒါကြောင့် သေသဝိဇ္ဇာဆရာဦးမောင်မောင်ကြည်က]].... ဆရာကြီး ဦးကြာမြင့်ပညာက သံခမောက်ဆောင်းပြီး ဟောရမဲ့ ပညာ. ..}}လို့ ပြောခဲ့ တာ နဲ့တူပါတယ်။ဒါနဲ့ တခြားထူးခြားတာ ဘာတွေရှိသေးလည်းဆရာ)
((( ပြောမယ်ဆိုရင်တော့ ပြောစရာတွေအများကြီးပေါ့မောင်ရင် ပညာရပ်ရဲ့အတိမ်အနက်နဲ့ ကိုင်တွယ်တဲ့ဆရာပေါ်မူတည်တဲ့အတွက် ပုံသေတော့မရှိပါဘူး။ခုနက ဧည်ုသည်ရဲ့ ဖြစ်စဉ်ကပညာရပ်အနေနဲ့ကြည့် ရင်(%)မဟာဘုတ်(%)နေ့သား(%)သက်ရောက်(%)ပိုင်ဆိုင်မှု(%) အတူေ နတွေ ကြည့်လိုက်ပြီး။...သူ့အနေနဲ့အထူးလိုက်နာဖို့က-လူမှုေ ရးကြား ကိစ္စကိုရှောင်နှိုင်သမျှရှောင်ဖို့သမီးရီးစားချိန်းတွေ့တာ အဖေါ်မလိုက်ဖို့ ။သူငယ်ချင်းတွေမိန်းမခိုးတာမလိုက်မိဖို့ အဲဒီအ မှုမျိုးဖြစ်ရင် မလွယ်ဘူးေ နာ် ။လို့ပြောရုံရှိသေးတယ်။..သူ့ရီးစားက မွန်ပြည်နယ်မှာတာဝန်ကျနေ တာ ရော်ဘာခြံထဲမှာသူ ငယ်ချင်း ရီးစားချိန်းတွေ့တာအဖေါ်လိုက်သွားချိန် တခြားအမှုအတွက် ဝင်ဖမ်းချိန် တဖက်ကအဖေါ်ပါလာတဲ့ မိန်းခလေးနဲ့ သူ့ရီးစားနဲ့ နှစ်ယောက်တွေ့ သွားလို့ ဘယ်လိုမှရှင်းမရဘဲ လက်ထပ်ယူလိုက်ရ တဲ့အကြောင်းပြောပြီး...ငိုတော့တာဘဲလေ။)))
( ဟား..ဒီတကွက်တော့ကျနောမြင်သွားပြီဆရာ။ခုမှ သတိရ တယ်။ မနှစ်က နိုင်ငံခြားကလာပြန်လယ်တဲ့ လူတယောက် အပြင်ရောက်မှ သူ့ ဗိုက် လာလှန်ပြတဲ့ အကြောင်းမပြော ရသေး ဘူးဆရာ)
((( မောင် ရာဇာ ဒါတော့မမေ့သေးဘဲကိုး။သူကသူ့မိသားစုတွေနဲ့ လာနေကြပါ။အဲဒီနေ့က သူ့အမတွေပါနေတော့ ...သူ့ကိုပြော လိုက်တ ယ်။ ကွဲနေတဲ့ ပထမ အိမ်ထောင်ပြန်ပေါင်းရင် အရက်ပုလင်း ခါးကြားထိုး ထားပေတော့ ။မောင်ရင်ပြောတဲ့ နောက်အမျိုးသမီး ကိုလက်ထပ်မယ် ဆိုရင် ခါးကို သရေပြားသာ ကပ်ထားပေတော့လို့ပြော လိုက်တယ်။ သူ့အမတွေကတော့ ဘာပြောမှန်းမသိလိုက်ပေမဲ့ ကာယကံရှင်က တော့ ရိပ်မိနေပြီ။သူ့အမတွေ အပြင်ရောက်မှပြန်ဝင်လာပြီး အကျီ င်္လှန်ပြီး ဗိုက် ကိုလှန်ပြတယ်။သူပြန်လာခါနီးနိုင်ငံခြားမှာ-ဓါးနဲ့တွက်လိုက်တာ ဆိုပြီးဒဏ် ရာ လြာ ပန်ပြ တာပါ။အဲဒီလိုဟော ကွက်တွေကိုဘယ်လိုပုံသေချေ ရြး ပပြောပြလို့ရနိုင်မလည်း.(မဟာဘုတ်%မွေးနေ့%သက်ရောက်% ပိုင်ဆိုင် မှု%အတူနေသူတွေ) ရဲ့-ကံတွေနဲ့ချိန်ဆယူရတဲကနည်း ပါ။(.... နှစ်ဦးနှစ် ဘက်တော်တော်လေးတိုက်ဆိုင်မှတွေ့ရတာမျိုးကွ.......)))။
....................................။( ဆက်လက်ဖေါ်ပြပါဦးမည်)။

No comments:
Post a Comment