...............လောကဓံ(အမြင်သစ်).ဟူသည်။-(၁၄)။
........................
..................... (၈)နှစ်မှာ-၄-နှစ် ကံဆိုးတယ်ဆိုပေမယ့် တကယ်ကံဆိုး တာက - ၂- နှစ်ပဲဖြစ်ပါတယ်။ ပထမ-၂-နှစ်သည် အကြောင်း၊ ဒုတိယ-၂-နှစ်သည် အကျိုးဖြစ်သည်။ -၄-နှစ်လုံးကံကောင်းနေမည်မ ဟုတ် ဘဲ နှစ်တိုင်နှစ်တိုင်းတွင် ဆိုးသော နေ့+ရက်+လ+နှစ်များ ရှိနေဦး မည်ဖြစ်သည်။ သို့သော် ကံကောင်းသောနေ့+ရက်လ+နှစ် များနေ မည်ဖြစ်သည်။ ကျန် -၄-နှစ်ဆိုးနေသည်ဆိုသော်လည်း -၄-နှစ်လုံး ဆိုးနေမည်မဟုတ်ဘဲ ကောင်းသောနေ့+ရက်+လ +နှစ်များနေမည်ဖြစ် သည်။ သို့သော် အဆိုးများနေမည်ဖြစ်သည်။
ကံကောင်းနေသည်ဆိုသော ပထမ-၂-နှစ်သည် မိမိအသက်အရွယ် အရ လိုအပ်နေသော လိုအပ်ချက်များကို တွေ့ပေးချိန်ဖြစ်သည်။ ဘာတွေတွေ့ပေးနေတယ်ဆိုတာကို---?--ကံကောင်း နေသော ဒုတိယ-၂-နှစ်သည် မိမိအသက်အရွယ်အရ လိုအပ်ချက်များကို ပေါင်းပေးသည်။ ဘာတွေ ဘယ်လိုပေါင်းပေးနေတယ်ဆိုတာကို----?၊ ကံညံ့နေသည်ဆိုသော အဆိုး-၄-နှစ်တွင် ပထမ-၂-နှစ်သည် မိမိနေထိုင်ရာ+လုပ်ကိုင်ရာ+အတူနေများနှင့် ရန်တိုက်ပေးနေချိန်ဖြစ်သည်။ ဘာတွေနဲ့ဘယ်လိုတွေ ရန်တိုက်ပေးနေတယ်ဆိုတာ---?၊ ကံညံ့နေသည်ဆိုသော အဆိုး-ဒုတိယ-၂-နှစ်သည် ခွဲထုတ်နေသည်ဟု သိထားရပေမည်။ ဘာတွေကိုဘယ်လိုခွဲထုတ်နေသည်ကို---? သိထားရပေမည်။ အဓိကမှတ်ထားရမှာက (၈)နှစ်ပေါင်းသော် -၂-နှစ်လျှင်တစ်ကြိမ်ကျ (တွေ့+မြင်+ပေါင်း+ဖက်)%(ရန်+တိုက်+ခွဲ+ထုတ်)ဟူသော လောကဓံရဲ့ (ရိုက်ချက်)လျှို့ဝှက်ချက် ကိုကွက်ကွက်ကွင်းကွင်းတွေ့မြင်လာရမှာဖြစ်ပါတယ်။(ကဲမိတ်ဆွေဆက်လက်စဉ်း စားကြတာပေါ့)-မိမိအသက် လောကဓံရဲ့မည်သည့်အကွက်တွင်ရင်ဆိုင်တွေ့ကြုံရတော့မလဲ ဆိုတာ ကိုကြို တင်သိ ထား နိုင်ပါတယ်။-သို့မဟုတ်-လက်တွေ့ကျကျ (တွေ့+ပေါင်း+ဖက်+ရန်+တိုက်+ ခွဲ+ထုတ်ခြင်း)နဲ့ထိပ်တိုက် တွေ့မှဖြစ် မယ်ဆိုလည်းလောကဓံ(အမြင်သစ်)ပညာရဲ့ဆောင်ပုဒ်က (လောကဓံ) ဘဝငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ-လို့ပဲပြောရမှာပါဘဲ။
ယခုပြောခဲ့တဲ့အပိုင်းအထိ အဓိကပြန်ကြည့်မယ်ဆိုရင် -
လောကဓံ (၈) ပါးနှင့်လူ့ဘဝ ဆက်စပ်ကြည့်မည်ဆိုလျှင် -၈-နှစ်တွင် -၄-နှစ်သည် ကံကောင်းနေသည်ဟု ဆိုထားသည်၊ ゞင်း-၄-နှစ်ကို (အဖြူ)ပိုင်းဟုကွဲကွဲပြားပြားဖြစ်စေရန် သတ်မှတ်ထားပြန်ပါတယ်။ ကျန်-၄-နှစ် ကို ကံညံ့နေသောနှစ်များဟု သတ်မှတ်ထားသလို(အမဲ)ပိုင်း ဟုသတ်မှတ်ထားပါတယ်။ ကံကောင်းနေသော -အဖြူပိုင်း-၄-နှစ်တွင် မိမိလိုအပ်သမျှကို ကျိုးစား..လုပ်ကိုင်ရှာဖွေထား၍ ကံညံ့ချိန်ဟု သတ်မှတ် ထားသော - အမဲပိုင်း-၄-နှစ်တွင် မိမိရှာဖွေရရှိ ထားသမျှအားလုံးကို မပြိုကွဲမပျက်စီးရလေအောင် စောင့်ရှောက်ထိန်း သိမ်းထားရမည့် အသက် အပိုင်းအခြားများ ဖြစ်သည်ကို ကြိုတင်သိမြင်+လိုက်နာ ဆောင်ရွက်ထား ရမည်ဖြစ်ပေသည်။..............
.......................။
No comments:
Post a Comment