Monday, June 9, 2014

လုပ်တတ်ရင်ဖြလုပ်တတ်ရင်ဖြစ်ပါတယ်(1)

                      လုပ်တတ်ရင်ဖြလုပ်တတ်ရင်ဖြစ်ပါတယ်
ဆရာကြီးနေကောင်းတယ်နော် ဟူသော နှုတ်ဆက်သံကြောင့် အသံ လာရာဆီသို့ကြည့်လိုက်ရာ အလုပ်တစ်ခုကို ဇောက်ချမလုပ်ဘဲ ငါးပွက်ရာ ငါးစာချဆိုသလို ကြုံရာအလုပ်ကို ကြုံသလိုလုပ်ကိုင်နေထိုင်သည့် တပည့် တစ်ယောက်ဖြစ်နေလေသည်။
လာ ---- လာ ထိုင်ကွာ ပျောက်ချက်သားကောင်းလှချည်လား။ ဟုတ်တယ်ဆရာကြီးရယ် ----ထုံးစံအတိုင်း ရေကြည်ရာ မြက်နုရာ လှည့်လည် ကျက်စားနေရတာပဲပေါ့။ အခြေအနေကြည့်ရာတာ အချိန်ကြာကြာပြောနေ ဦးမည့်သဘောကြောင့် ဖတ်လက်စစာအုပ်ကို ပိတ်ထားလိုက်ရင်း ဘာလဲထုံးစံ အတိုင်း ဘာလုပ်ရမလဲ ဆရာကြီးရယ် လမ်းညွှန်ပါအုံးဆိုတဲ့ ဓါတ်ပြားဟောင်းလေးပဲ ဖွင့်ပြမယ့်သဘောပေါ့။ သေချာလှချည်လား ဆရာကြီးရယ်။ ဒါကြောင့်လည်း ဆရာတင်ရတာ တန်ပါတယ်လို့တွေးပြီး ကျေနပ်နေရတာ။
မောင်ရင်ဗေဒင် လောကထဲရောက်လာကတည်းက ခေါင်းဆင်နင်းခံရ တာပဲဆိုတဲ့ စကားလိုပဲ ဗေဒင်လောကမှာ မောင်ရင်လှုပ်ရှားမှုကတော့ မကြာခဏ ဆိုသလို တောမီးလိုပျံ့နှံလာတာ မကြားချင်လို့မရဖြစ်နေတာ ဆရာတောင် အကြံပေးရတာ ခပ်လန့်လန့်ဖြစ်လာပြီ။
မလုပ်လိုက်ပါနဲ့ ဆရာကြီးရယ်။ ကျွန်တော့်ကို စေတနာမရှိရင် တောင် မိသားစုလေးရဲ့ အခြေအနေကိုငဲ့ပါဦး ဆရာကြီးရယ်ဟု မျက်နှာငယ်လေးနဲ့ တောင်းတောင်းပန်ပန်ပြောနေသဖြင့်
ကဲ --- ဒါဖြင့်သေချာနားထောင်နော် ။
မောင်ရင့်ဖြစ်စဉ်က တဖြည်းဖြည်းရင့်လာတဲ့သဘောရှိတယ်။ မောင်ရင့်ကို လမ်းညွှန်လာတာ (၆)ကြိမ်လောက်ရှိနေပြီ။ တစ်ခုခုကို အထိုင်ချလုပ်ကိုင်ဖို့ ပြင်ဆင်သင့်ပြီထင်တယ်။ ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ဖြစ်ပါတယ်ကျေးဇူးမမေ့ပါဘူး။ သားသမီးလို သဘောထားပြီး ကူညီပါဦး ဆရာကြီး ရယ်။ သူ့ကို လမ်းညွှန်လာခဲ့ရာမှ ဗေဒင်ဟောခန်းဖွင့်တော့မယ်ဆိုရာကနေ ယနေ့အထိလုပ်စားခွင်တွေမ နည်းတော့ပေ။ သူသာပါးရေနပ်ရေရှိမယ်ဆိုရင် စသည်ဖြင့် သူ့အကြောင်း တွေပြန်တွေး နေမိသည်။
နောက်ဆုံးအခေါက်က (အခမဲ့) ပညာဒါနဖွင့်တုန်းက အခြေအနေ ကောင်းနေတယ်ကြားရာက ဘယ်လိုဘယ်လိုဖြစ်သွားရတာလဲ။ အဲဒါက--- ထုံးစံ အတိုင်းပေါ့ ဆရာကြီးရယ်
ကျွန်တော်က လောဘကလည်းကြီးကြီးဆိုတော့---
လုပ်ကွက်တွေကို ရိပ်မိကုန်ကြရာက ပြဿနာမကြီးခင် ကျွန်တော် ဖာသာပဲ အောင်မြင်စွာဆုတ်ခွာလာခဲ့တာပေါ့ ဆရာကြီးရယ်။ဘာရယ်ကွ အောင်မြင်စွာဆုတ်ခွာလာခဲ့တယ်ဟုတ်လား --- ဆိုစမ်းပါဦး။
ဘယ်လို အောင်မြင်စွာ ဆုတ်ခွာလာတာမို့ စကားလုံးတွေကပြောင် မြောက်နေရတာလဲ။ ဒီလိုဆရာကြီးရယ် ပြန်ပြောရမှာတောင်အားနာပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေထဲက ကျွန်တော်နဲ့ အဆင်မပြေတဲ့သူတွေကို ကျွန်တော် ဒုက္ခပေးထားတာတွေ ဝဋ်လည်မှာ ကြိုတင်စဉ်းစားမိလို့ သူတို့ပြဿနာမရှာခင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကြိုထွက်လာတာကို ပြောတာပါ။
ကျွန်ုပ်လည်း ခဏစဉ်းစားနေရာမှ ဒီဝဋ်ကလွတ်မှာမှ မဟုတ်ဘဲ တစ်နေ့ ပြန်ကြုံမှာပဲ။ ကျွန်တော်ကလေးမှမဟုတ်ဘဲ ဒီလောက်တော့သိတာပေါ့ ဆရာကြီး ရယ်။ ဒါနဲ့များမောင်ရင်ရယ်။ ကျွန်တော့်ဘဝနဲ့ ကျွန်တော်ရှိပါစေ ဆရာကြီးရယ်။ မိဘတွေတောင် ဂရုမစိုက်နေလာခဲ့တဲ့ ကျွန်တော်ဘဝက --- ဒီလိုတော့ ဘယ်ဟုတ်မလဲကွာ --- မိဘက မိဘပဲ၊ ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားတဲ့ ဒုက္ခ တွေကို လူတော်တော်များများသိလာကြလို့ ပြန်လည်ဝန်ချတောင်းပန် ကျေအေး နေကြတာတွေ ကြားသိနေရတာဝမ်းသာစရာပဲ။မောင်ရင်လည်း မိဘဆရာ သမားတွေ သက်ရှိထင်ရှားရှိသေးတဲ့သူတွေကို ဒီတစ်ခါလုပ်ငန်းအဆင်ပြေရင်တော့ ဝန်ချတောင်းပန်သင့်တာပေါ့။
ခပ်တွေတွေငေးနေရာမှ ဟုတ်ကဲ့ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပါ မယ် ဆရာကြီးရယ်။ လုပ်ဖြစ်တာ မလုပ်ဖြစ်တာတော့ မောင်ရင့်အကြောင်းပဲလေ၊ ကြားရတာနဲ့ ဆရာ့အနေနဲ့ဝမ်းသာလှပါပြီ။ ဒါနဲ့ဟိုသင်တန်းမှာ တခြားရိုက်စား ခွင်တွေအပြင် မောင်ရင့်မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် မွေးနေ့ပွဲ လုပ်စားလိုက်တာ တော်တော်လေး အဆင်ပြေသွားတယ်ဆို။
ဒါကြောင့်လည်း ခဏခဏပြောမိတာပေါ့။ စားပေါက်စားလမ်းကို ကြံဖန် ရှာတတ်ပြီး လက်ရဲဇက်ရဲလုပ်တတ်တဲ့နေရာမှာတော့ ဆရာ့အသိတွေထဲမှာတော့ မောင်ရင်ဟာစံပြပဲ။
ကျေးဇူးတင်ပါတယ်ပြောရခက်တဲ့ဖြစ်စဉ်ဆိုတော့ တောင်းပန်ပါတယ် ဆရာကြီးရယ်လို့ပဲဆိုပါရစေတော့။ ဘာတွေပဲပြောပြော မောင်ရင့်အတွေ့အကြုံနဲ့ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေက မနည်းတော့ဘူးဆိုတော့ ဒီအကျိုးလေးတော့ခံစား နေရမှာပေါ့။
ဘာအကျိုးတွေလည်းဆရာကြီးရယ်။ ဘာတွေဖြစ်မလဲ။ မောင်ရင် ဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင်မှာပဲ ဆက်လှုပ်ရှားကွာ။ မောင်ရင့်မိတ်ဟောင်း ဆွေဟောင်း ဝါသနာတူတွေ၊ နောက်ထပ်မိတ်တွေထပ်ရှာပြီး ဘာသင်တန်း၊ ညာသင်တန်းဖွင့်ဖို့ ကြော်ငြာများများသုံး ဒီဘက်မှာ မောင်ရင်ကျွမ်းပြီးသားပါ။  ပြီးတော့ ကိုယ်ရပ်တည်တဲ့လုပ်ငန်းပိုင်းမှာ သူများတွေမလုပ်နိုင်တဲ့ လုပ်ရပ်တွေ လုပ်ပြရမယ်ကွ။ ဘာတွေလုပ်ရမလဲဆရာကြီးရယ်။ ဒီလောကမှာ နာမည်ရနေတဲ့ ဆရာ့ဆရာကြီးတွေနဲ့ပေါင်းပြီး လုပ်စားရမယ့်အကွက်ပဲ။ ဆရာကြီးတွေကအကပ်ခံပါ့မလား။ ဒီနည်းကဖြစ်ပါ့မလားဆရာရယ်။ ဖြစ်ပါ့ မလား ဖြစ်ပါ့မလားနဲ့ မောင်ရင် (၆)ပွဲ နွှဲခဲ့ပြီးပြီမဟုတ်လား။
ဆရာကြီးတွေက ရိုးရိုးသား သားကြီးတွေကွ။ မောင်ရင်သာပိပိရိရိ လုပ်စမ်းပါ။ ဖြစ်ပါတယ်။ ဥပမာ - ပညာရပ် ဆိုင်ရာဟောပြောပွဲတွေလုပ်ရင်တော့ ဝန်ချတောင်းပန်သင့်တာပေါ့။
ခပ်တွေတွေငေးနေရာမှ ဟုတ်ကဲ့ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပါ မယ် ဆရာကြီးရယ်။ လုပ်ဖြစ်တာ မလုပ်ဖြစ်တာတော့ မောင်ရင့်အကြောင်းပဲလေ၊ ကြားရတာနဲ့ ဆရာ့အနေနဲ့ဝမ်းသာလှပါပြီ။ ဒါနဲ့ဟိုသင်တန်းမှာ တခြားရိုက်စား ခွင်တွေအပြင် မောင်ရင့်မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် မွေးနေ့ပွဲ လုပ်စားလိုက်တာ တော်တော်လေး အဆင်ပြေသွားတယ်ဆို။
ဒါကြောင့်လည်း ခဏခဏပြောမိတာပေါ့။ စားပေါက်စားလမ်းကို ကြံဖန် ရှာတတ်ပြီး လက်ရဲဇက်ရဲလုပ်တတ်တဲ့နေရာမှာတော့ ဆရာ့အသိတွေထဲမှာတော့ မောင်ရင်ဟာစံပြပဲ။
ကျေးဇူးတင်ပါတယ်ပြောရခက်တဲ့ဖြစ်စဉ်ဆိုတော့ တောင်းပန်ပါတယ် ဆရာကြီးရယ်လို့ပဲဆိုပါရစေတော့။ ဘာတွေပဲပြောပြော မောင်ရင့်အတွေ့အကြုံနဲ့ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေက မနည်းတော့ဘူးဆိုတော့ ဒီအကျိုးလေးတော့ခံစား နေရမှာပေါ့။
ဘာအကျိုးတွေလည်းဆရာကြီးရယ်။ ဘာတွေဖြစ်မလဲ။ မောင်ရင် ဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင်မှာပဲ ဆက်လှုပ်ရှားကွာ။ မောင်ရင့်မိတ်ဟောင်း ဆွေဟောင်း ဝါသနာတူတွေ၊ နောက်ထပ်မိတ်တွေထပ်ရှာပြီး ဘာသင်တန်း၊ ညာသင်တန်းဖွင့်ဖို့ ကြော်ငြာများများသုံး ဒီဘက်မှာ မောင်ရင်ကျွမ်းပြီးသားပါ။  ပြီးတော့ ကိုယ်ရပ်တည်တဲ့လုပ်ငန်းပိုင်းမှာ သူများတွေမလုပ်နိုင်တဲ့ လုပ်ရပ်တွေ လုပ်ပြရမယ်ကွ။ ဘာတွေလုပ်ရမလဲဆရာကြီးရယ်။ ဒီလောကမှာ နာမည်ရနေတဲ့ ဆရာ့ဆရာကြီးတွေနဲ့ပေါင်းပြီး လုပ်စားရမယ့်အကွက်ပဲ။ ဆရာကြီးတွေကအကပ်ခံပါ့မလား။ ဒီနည်းကဖြစ်ပါ့မလားဆရာရယ်။ ဖြစ်ပါ့ မလား ဖြစ်ပါ့မလားနဲ့ မောင်ရင် (၆)ပွဲ နွှဲခဲ့ပြီးပြီမဟုတ်လား။
ဆရာကြီးတွေက ရိုးရိုးသား သားကြီးတွေကွ။ မောင်ရင်သာပိပိရိရိ လုပ်စမ်းပါ။ ဖြစ်ပါတယ်။ ဥပမာ - ပညာရပ် ဆိုင်ရာဟောပြောပွဲတွေလုပ်အဲဒီပွဲမှာမောင်ရင်ခွကျော်ရိုက်စားလုပ်ထားတဲ့ စာအုပ်စာတန်းတွေ ရောင်းစား ရတဲ့ပွဲလေးတစ်ခုဖြစ်သွားမှာပေါ့။ဖြစ်ပါတယ်ကွာ။
ဆရာကြီးတွေ နာမည်ပါနေမှတော့ သူတို့တပည့်တွေ၊ သူတို့ ပရိတ်သတ် တွေက ပညာကိုမြတ်နိုးလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ ဝယ်ယူအားပေးကြမှာပဲ မဟုတ်လား။ ဟုတ်ပြီဆရာကြီး ကျွန်တော်လည်း တစ်ခါတစ်လေစိတ်ကူးမိပေမယ့် အကောင်အထည်ဖော်ဖို့ခက်ခဲနေတာ ဆရာကြီးအကြံပေးမှတော့ တိုက်ဆိုင်တယ် ပဲပြောရမှာပေါ့။ ကျွန်တော်လုပ်ပါ့မယ်ဆရာကြီး။ 
နောက်တစ်ခုမောင်ရင့်ကို သတိပေးချင်တာကတော့ ငွေကြေးကိစ္စပဲ။ မောင်ရင်ရောက်လေရာမှာ ငွေကြေးကိစ္စနဲ့ လွတ်လွတ်ကင်းကင်းရှိတယ်လို့ မကြားရသလောက်ပဲ။ လုပ်ငန်းတစ်ခုရဲ့ နေရာ အနေအထားက တကယ်တော့ ဘောင်ကျဉ်းတယ်ကွ။ တော်ကြာမောင်ရင် ခြေချစရာမရှိဘဲဖြစ်နေဦးမယ်။ အဲဒါ တစ်ချက်တော့နည်းနည်းဂရုစိုက်ကွာ။
အဲဒီ တစ်ခုက ကျွန်တော့်အတွက်တော်တော်လေးခက်နေပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်ဆရာကြီးရယ်။ နောက်ဆုံးတစ်ချက်က သူများ ငွေကြေးယူသုံးပြီး ပြန်မပေးဘဲ တိုင်ချင်ရာတိုင်မပေးဘူး။ ဘယ်သူ့ဂရုစိုက်ရ မှာလည်းဆိုတဲ့ အပြောမျိုး မပြောမိလိုက်ဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုခေတ်က တိုးတက်နေတဲ့ခေတ်၊ မောင်ရင်လည်းသိမှာပါ။ မောင်ရင်ပြောတာဆိုတာတွေ အသံဖမ်းသွားပြီး ပတ်ဝန်းကျင်ကိုဖြန့်လိုက်ရင်တော့ မောင်ရင်ဒီလောကမှ ပြေးဖို့သာပြင်ထားပေတော့။ အဲဒီလိုမျိုးသက်သေပါသွားရင်တော့ ------
ရိုးသားစွာရပ်တည်နေထိုင်ကြကုန်သော ဆရာကြီးများနှင့်ရိုးသားစွာ
ကြိုးစားနေကြသော ဆရာအပေါင်းတို့အား -----
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊ 
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)

No comments:

Post a Comment