Monday, June 9, 2014

(၈) နှစ်တစ်ကြိမ် လူတွေ သေကိန်းကြုံနေလား(1)

(၈) နှစ်တစ်ကြိမ် လူတွေ သေကိန်းကြုံနေလား
ဟို တစ်ပတ်က လောကဓံပညာနှင့် နာမည်ကျော်များ သေဆုံးရခြင်းကို
သင်ကြားနေတုန်း ဆရာ့လောကဓံ ပညာအရဆိုရင် (၈)နှစ် တစ်ကြိမ် လူတွေ
သေကိန်းကြုံနေရမှာပေါ့လို့ မေးလိုက်တာ ကြားလိုက်ကြတယ်မဟုတ်လား၊
မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း ပညာဒါန (အခမဲ့) ဗေဒင်သင်တန်း၊
တည်ရှိရာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်ကြီး အရှေ့ဘက်မုခ်၊
ကြားတောရလမ်း၊ သမဝါယမဝန်ကြီးဌာန၊ ဓမ္မာရုံသင်တန်း၌ သင်ကြားနေစဉ်
အခါဖြစ်သည်။
]]ဟုတ်ကဲ့ မေးသံကြားလိုက်ပါတယ် ဆရာ}}
ကဲ ----- မေးတဲ့ပုဂ္ဂိုလ် အဲဒီမေးခွန်းပြန်မေးလိုက်ပါဦး။ သူများတွေလည်း
ဗဟုသုတရတာပေါ့။]]သူ ဒီနေ့သင်တန်းလာတာ မတွေ့သေးဘူးဆရာ}}
ဒါဆိုလည်း သူ့မေးခွန်းလေးကို ပြန်ဖြေပေးမယ်။ နောက်နေ့ သူလာမှပဲ
နားလည်သလို ပြန်ရှင်းပြလိုက်ကြပေါ့။ ]]ဟုတ်ကဲ့ပါဆရာ}} ဆရာရဲ့လောကဓံ
(အမြင်သစ်)မှာ အတွေးအခေါ်နဲ့ လက်တွေ့ပေါင်းစပ်ထားတဲ့အတွက် ဆရာသင်
လိုက်ရင် သင်လိုက်တဲ့အတိုင်း ကျက်မှတ်ရတာမျိုးမဟုတ်လေတော့ အတွေ့အကြုံ
က တော်တော်လေး စကားပြောတယ်။
အခုပဲကြည့်လေ လောကဓံဆိုတာ (၄)နှစ် ကောင်း၊ (၄)နှစ်ဆိုး ဖြစ်ပြီးရင်
ပျက်မယ်၊ ပျက်ပြီးရင် ပြန်ဖြစ်မယ်။ ]ဒါတော့သူပြောမှလား၊ ဒီလောက်တော့
လူတိုင်းသိတာပေါ့} လို့ အမြဲပြောသံတွေကြားနေရ တယ် ]]ဟုတ်ပါတယ်ဆရာ}}
ကျွန်တော်တို့အခြေခံအမှတ်စဉ် (၁) စတက်ချိန်က ဆရာ့လောကဓံကို အခုလို
သဘောမပေါက်ခဲ့ဘူး အခုတော့သဘောပေါက်ပြီမဟုတ်လား။
ခုလည်းရေးတေးတေးပဲဆိုပေမယ့် ဆရာပြောသလို နေ့စဉ်လူတွေ
အကြောင်း တွေ့မြင်နေရတော့ ကိုယ်တွေ့သိလာရတဲ့သဘောပါ။ ဖြစ်ပြီးရင်
ပျက်မယ်၊ ပျက်ပြီးရင်ပြန်ဖြစ်မယ်ဆိုတာတော့ လူတိုင်းသိတာပေါ့လို့ အလွယ်ပြောနေကြတာပါ။
လောကဓံ (အမြင်သစ်)ကို သင်ကြားပြီးတဲ့သူတွေဟာ ခုနက ပြောနေ
ကြတဲ့လူတွေနဲ့ ဘာတွေကွာခြားသလဲဆိုတာ စဉ်းစားကြည့်လေ၊ ဖြစ်ချိန်က
ဘယ်အချိန်လဲ ...၊ ဘာလို့ဖြစ်မှာလဲ ...၊ တကယ်ဖြစ်လာအောင် ဘယ်လို
နေထိုင်ရမလဲဆိုတာကို ကြိုတင်သိမြင်ထားတဲ့အတွက်...ပျက်ချိန်က ဘယ်
အချိန်လဲ ..၊ ဘာကြောင့် ပျက်ရမှာလဲ..၊ မပြိုကွဲမပျက်စီးရအောင် ဘယ်လို
လုပ်ကိုင်နေထိုင်ရမလဲဆိုတာကိုလည်း ကြိုတင်သိမြင်ထားကြတဲ့အတွက် စီးပွား
ဖြစ်ချိန်မှာ ကြိုသိလို့လုပ်ကိုင်ထားလို့ ပိုရရှိနိုင်သလို ပြိုကွဲပျက်စီးမယ့်အချိန်ကို
ကြိုတင်သိမြင်ထားကြတဲ့အတွက် မပြိုကွဲမပျက်စီးရအောင် ထိန်းသိမ်းထားနိုင်
တာပေါ့။
]]ကျွန်မတို့လည်း လောကဓံနဲ့မတွေ့ခင်အချိန်က ဒါတွေကို မယုံခဲ့ဘူး။
ဘာတွေလာပြောနေတာလဲ။ လူပဲ--- လုပ်ရင်ဖြစ်တယ်ဆိုတဲ့ဝါဒနဲ့ နေလာခဲ့တာ
ဆရာရဲ့။ လောကဓံနဲ့လည်း တကယ်ကြုံရော ဒီသင်တန်းကိုလာ တက်ရတဲ့
အဆင့်အထိဖြစ်လာတယ်။ ဒီတော့မှ လောကဓံကို သိလာရတာ၊ ကျွန်မတို့က
တော့ ကိုယ်တွေ့ပါဆရာ}} ဆိုတဲ့ သင်တန်းသားတွေရဲ့ ကိုယ်တွေ့ပါ ဆိုတဲ့အသံ
တွေဟာ ----
ကဲ - (၈)နှစ်မှာ တစ်ကြိမ် လူတွေသေကိန်းကြုံနေမှာပေါ့ဆိုတဲ့ မေးခွန်းကို
ဖြေရင်မယ်ဆိုရင် သူမေးသလိုတော့မဟုတ်ပါဘူး။ လောကဓံကို ဖြတ်သန်းနေသူ
ရဲ့ အသက်အရွယ်၊ ပိုင်ဆိုင်မှုတွေကိုကြည့်ပြီး အဖြေထုတ်ရတာပါ။ ဘယ်လို
အလုပ်နဲ့ အကျိုးမပေးလို့၊ ဘယ်အရပ်ဒေသတွေနဲ့ မတည့်လို့၊ ဘယ်နေ့နံသား၊
သမီးတွေနဲ့လုပ်လို့ဆိုတဲ့ နည်းတွေမဟုတ်ဘူးနော်။
]]ဒါဖြင့်ရင် ဘာတွေကြောင့်လဲဆရာ}} ဆရာပြောနေတယ်လေ၊ ဆရာပြော
တာပြီးအောင်နားထောင်ပြီးမှ မေးပါလို့ ခဏခဏပြောနေရတာပဲ။ ဘယ်နေ့
သားသမီးမဆို လောကဓံရဲ့ ဖြစ်ချိန်၊ ပျက်ချိန်တွေမှာ ပညာရှာနေတဲ့အရွယ်လား။ပညာရေးအထောက်အပံ့ ကြုံနေတဲ့အချိန်၊ ပညာရေးအခက်အခဲ ကြုံနေတဲ့အချိန်၊
အချစ်ရေးနဲ့ ပတ်သက်တဲ့အရွယ်ဆိုရင် အချစ်ရေးကိစ္စရယ်လို့ ခွဲခြားဟောပြော
လမ်းညွှန်ရတာပါ။ အိမ်ထောင်ရေးကိစ္စလား၊ ကျန်းမာရေးကိစ္စလားဆိုတာကို
မေးပြီးမှ ဟောပြောတဲ့နည်းစနစ်ပါ။ ဘာတွေဖြစ်မယ်လို့ ဟောတဲ့ပညာ
မဟုတ်ဘူးနော်။
ကြုံမှာကို ကြိုတင်ဟောတဲ့နည်း၊ ဘာတွေဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ
သူလုပ်မှဖြစ်မှာ မဟုတ်လား။ ]]ဆရာပြောမှပဲ နည်းနည်းတောင် နားရှုပ်လာပြီ}}
ဆရာ့လောကဓံ (အမြင်သစ်)မှာ ဖြစ်၊ မဖြစ် အဖြေကို ကာယကံရှင်ရဲ့ ကြိုတင်
သိမြင်မှု၊ ကာယကံရှင်ရဲ့ တုန့်ပြန်မှုအပေါ် အဖြေထုတ်တဲ့နည်းပဲ။ နားလည်
အောင် နမူနာပြောရရင်တော့ ဒီထဲက တနင်္ဂနွေသား တစ်ယောက်ကို ဥပမာ
ပြောရရင် ပိုကောင်းတာပေါ့။ ကဲ --- တနင်္ဂနွေသားတစ်ယောက် အသက်
ပြောကွာ။ကိုယ်တိုင်အကြောင်းဖြစ်ပါစေနော်။ အိမ်က အစ်ကိုတွေ ညီတွေ
မလုပ်နဲ့။ ဒီစာသင်ခန်းထဲက လူတွေအကြောင်းမှ လက်တွေ့ဖြစ်မှာပေါ့။
ထိုစဉ် သင်တန်းသားအသစ်တစ်ယောက်မှ ]]ကျွန်တော် (၃)ြွကင်း၊
တနင်္ဂနွေသား အသက် (၄၆) နှစ်ပါ ဆရာ}} အလုပ်၊ အိမ်ထောင်၊ နေဖို့အိမ်၊
စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်၊ ကား၊ သားသမီးတွေ ရှိလား။ ]]ဆရာမေးတဲ့
(၅)မျိုးလုံး ရှိပါတယ်ဆရာ}} အသက်ဘယ်လောက်မှာ အိမ်ထောင်ကျလဲ။
]]ကျွန်တော် (၂၅) နှစ်မှာ အိမ်ထောင်ကျပါတယ်ဆရာ}} အခု အတူနေတာ ဇနီး၊
သားသမီးအပြင် ဘယ်သူတွေရှိသေးလဲ။ ]]နှစ်ဖက်မိဘတွေနဲ့အတူနေပါတယ်
ဆရာ}} တော်တော် နားထောင်ကောင်းမယ့်ဇာတ်လမ်းပဲ။ အလုပ်က ဘာတွေများ
လုပ်ကိုင်နေလဲ ]]အလုပ်နားနေတာကြာပါပြီဆရာ}} ဒါဆိုရင်ရပြီ သင်တန်းသား
တွေ သေသေချာချာနားထောင်ကြပါ။
မရှင်းရင်မေးလို့ရပါတယ်။(၄၆)နှစ်ရှိပြီဖြစ်တဲ့ တနင်္ဂနွေသားတစ်ယောက်
အကြောင်းကို လောကဓံပညာ (အမြင်သစ်)နဲ့ လက်တွေ့ဟောပြောမှာဖြစ်ပါတယ်။ အခု သူ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ၄၅ ၊ ၄၆ အသက် အပိုင်းအခြား
တွေဟာ လောကဓံပညာနဲ့ ပြောရရင် (၄)ကြိမ်မြောက် လောကဓံစာမေးပွဲ
ဖြေဆိုနေရခြင်းပဲ။ စာမေးပွဲကျရင်တော့ လူသေရင်သေ၊ လူမသေရင် ဘဝသေ
ရမယ့်နှစ်များဖြစ်တယ်။ လူသေတယ်ဆိုတာကတော့ ရှင်းပါတယ်။ သေးဆုံးသွာ
တာပဲပေါ့။ ဘဝသေတယ်ဆိုတာက စီးပွားပျက်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊
ခန္ဓာကိုယ်ခွဲစိတ်ဖြတ်တောက်လိုက်ရခြင်း၊ ထောင်တန်းကျခြင်းများကို
ဆိုလိုတာပါ။
အခု တနင်္ဂနွေသားက လူကိုယ်တိုင် သင်တန်းလာတက်နေတာ တွေ့မှ
တော့ လူမသေသေးတာ သေချာနေပြီ။ ဘဝ သေ၊ မသေ ကာယကံရှင်ကိုပဲ
မေးကြည့်လိုက်ရအောင်။ ကဲ ကိုယ်တိုင်ကြုံခဲ့တာလေးတွေ ပြောပြပါဦး။
ကာယကံရှင်မှ ပြန်ပြောရာတွင် ]]ဆရာပြောသလိုပါပဲ၊ ဘဝသေတယ်ပဲ ပြောရ
မှာပေါ့။ မမျှော်လင့်ဘဲ တစ်သက်လုံးလုပ်လာတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တယ်။
အတူနေ မိဘ၊ ယောက္ခမတွေကပါ အလိုလိုနေရင်း ကြည့်မရဖြစ်ကုန်ကြပြီး
မိန်းမနဲ့ပါ ဆက်ဖြစ်လိုက်တာ တစ်အိမ်လုံး တစ်ယောက်၊ တစ်ရွာလုံးတစ်ယောက်
ဖြစ်ပြီး ကျွန်တော် အိမ်ပေါ်က ခဏဆင်းပြီး ရှောင်နေလိုက်တယ်ဆရာ}}
သင်တန်းသားတစ်ဦးမှ ]]ဘာဖြစ်လို့ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ရတာလဲ
ဆရာ}} ဒါမျိုးတွေက ဘယ်လိုကြောင့်ဖြစ်ကုန်ရတာလဲဆိုတာ ကာယကံရှင်
ပြောတာကို ပြီးအောင်နားထောင်ပြီးမှ ဆက်ပြောပါ့မယ်။ သူဆုံးအောင်ပြောပါ
စေဦး ]]ကျန်တာတွေကို ဖြေသိမ့်နားလည်ပေးလို့ရပေမယ့် တစ်သက်လုံးက
သားကြီးမှ သားကြီးဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေကပါ ကျွန်တော့်အပေါ်
ဒီလိုဆက်ဆံတာကို တွေ့လိုက်ရတာ ကျွန်တော် တော်တော်အံ့ဩသွားတယ်
ဆရာ}} သင်တန်းသားများလည်း မမျှော်လင့်သော အကြောင်းအရာတွေကြောင့်
စိတ်ဝင်တစား နားထောင်နေကြလေသည်။
]]ကျွန်တော်လည်း ဒီလောက်အသိဥာဏ်မနည်းသေးပါဘူးဆရာရှာဖွေဖတ်ရှုကြတာပေါ့။
နောက်တစ်ခုအနေနဲ့ ဆရာကြီးဦးကြာမြင့်ပြောခဲ့တာက နဝင်းပွဲဟာ ရှေးခေတ်ထဲကရှိပြီးသားပါ။ လက်ဖက်၊ ဆန်၊ ဆီ၊ ကွမ်း၊ ကွမ်းသီး၊ ဆေးနဲ့ ဆီမီးရယ် လူနာရဲ့ လက်နဲ့တစ်လံ အပ်ချည်ကြိုး တစ်ကြိုးပါတယ်။ ကျီးခြေပုံ မီးဇာကျစ်ပြီး ဆီမီးပူဇော်ရတဲ့အဆင့်ပဲရှိခဲ့ပြီးသား နဝင်းပွဲကို ရွာထိပ်က သစ်ပင်ကြီးကြီးအောက်မှာ ညနေနွားရိုင်းသွင်းချိန် နေဝင်အချိန်မှာ ဆီမီး ပူဇော်ကြရာက ကာလကြာလာတဲ့အခါ မိမိအိမ်ရဲ့ အိမ်ခြံစည်းရိုး အတွင်းမှ အိမ်ရဲ့တံစက်မြိတ်မှတဆင့် အခုလိုဘုရားကျောင်းဆောင်ရှေ့ တဖြည်းဖြည်း ပြောင်းရွှေ့ အသုံးပြုခဲ့ကြတာ တခြားနဝင်းပွဲပြင်နည်းတွေ ရှိနေကြသေးတယ်။ခြေမန်းကွင်းမပါကြတာများပါတယ်။
လူမမာရဲ့ကိုယ်နဲ့တိုင်းပြီး မန်းကွင်းဆိုပြီး (၁)ကြိုးသုံးတာရှိတယ်လို့ ပြောခဲ့ပြီးသား။ဘြွာကင်း၊ ဘာနေ့သား ဆောင်ပန်း နင်းကြမ်း + ခိုက် + မတွန့်စေ ရတွေ လေ့လာစမ်းသပ်တီထွင်ခဲ့ရတာဆိုတာ မင်းတို့ကိုပြောပြီးသားပါ။ တခြားသူတွေ ဘာတွေပြောပြော နားမရောင်သွားကြပါနဲ့ ငါမသေသေးပါဘူးကွ။ ကမ္ဘာ့ဗေဒင်လောကမှာ မရှိသေးတဲ့ ပညာပါလို့ ပြောခဲ့ပြီးသားပါ။ 
အဲဒါကိုမကျေနပ်လို့ ရှင်းချင်ရင် အချိန်မရွေး လာမေးလှည့်ပါလို့ ငါအကြိမ်ကြိမ်ပြောပြီးသားပါကွ---လို့ ဆရာကြီးဦးကြာမြင့်ကလည်း ရှင်းပြခဲ့ပြီး သားပါ။ ဒီလောက်ဆိုရင် နဝင်းပွဲ အယူအဆတွေကို တချို့တဝက်သိလိုက်ရလို့ မောင်ရင် ကျေနပ်လောက်ပြီ ထင်ပါတယ်။ (ဟုတ်ကဲ့ အခုလိုသိရတော့ ကျွန်တော့် ရင်ထဲရှင်းသွား တာပေါ့ဆရာရယ်။)

ငါသိသလိုသိကြပါစေဟု ငါ၏ရင်၌ဖြစ်၏
ဤမှန်သောသစ္စာစကားကြောင့် ၊

No comments:

Post a Comment