့ ]]ဆရာဘာတွေရှာဖွေစု ဆောင်းနေပြန်ပြီလဲ}}
]]မောင်နေလင်းပါလား လာထိုင်ကွာ၊ ဟိုး အရင်သီရိဝေဒပညာဒါန(ဗေဒင်) သင်တန်းစဖွင့်ကာစကဆရာသင်ခဲ့တဲ့ စာတွေပြန်ရှာ ကြည့်နေတာပါ}}
]]ကျနော်တို့ကသင်တန်းဒီဘက်ကိုပြောင်းမှသင်တန်းတက်ဖြစ် တာ ဆိုတော့အရင်ကဆရာသင်ခဲ့တာ တွေ ကိုကြား ဘူးရုံလောက်ဘဲရှိတယ်၊ သေချာတော့မသိဘူးဗဟုသုတအနေနဲ့ ခေါင်းစဉ် လေးတွေသိရရင်ဘဲတော်ပါပြီ၊ ဆရာ}}
]]အဲဒီတုံးကဆရာသင်ပေးခဲ့ တာကဗေဒင်ပညာသီးသန့်မဟုတ်ဘဲ
သဘာဝနဲ့ဆက်စပ်ယူတဲ့လက်တွေ့သုံးဖို့
အတွေးအခေါ်နဲ့ပေါင်းစပ်ဖို့သင်ခဲ့တာ တွေကွ}}
]]ဟာ ဒါဆိုတော်တော်လေးအ
ဆင်ပြေမှာပေါ့နော်}}
]]ထင်သလောက်အဆင်မပြေ
ခဲ့ဘူး၊မောင်နေလင်းရေ}}
]]ဘာဖြစ်လို့လည်းဆရာ}}
]]အဓိကအတွေးအခေါ်ဘဲ၊ဗေဒင်လာသင်
တာ၊ဒါတွေသိဖို့မလိုဘူးဆိုတဲ့လူလည်း
တွေ့ရသေးတယ်}}
]]ဗေဒင်ဆိုရင်ခက်ခက်ခဲခဲ တွက်ရမှတ်ရရေးရမှဟောပြောလို့ရမယ်
ထင်နေလို့ဘဲ}}
]]ဆရာကဗေဒင်ဟောပြောရာ
မှာတွေ့ကြုံရမှာတွေကိုကြိုတင်ပြီးပြောပြ
ထားတာပါ၊ဒါပေမဲ့လာရောက်သင်ယူကြတဲ့
သင်တန်းသားတော်တော်များများက ဆရာ့မူကိုမကြိုက်ကြဘူး။ဒါကြောင့် လည်းဒီနေ့ထိသင်တန်းသားတစ်ယောက် တစ်လေမှဗေဒင်ဆရာရယ်လို့ဖြစ်မလာ ကြသေးဘူး}}
]]အဲဒါဘာဖြစ်လို့လည်းဆရာ}
]]ဆရာပြောခဲ့တဲ့အတွေ့အကြုံတွေကိုနား
မထောင်ခဲ့တော့လက်တွေ့ဟောပြောတော့
အခက်အခဲဖြစ်နေတော့(ထင်ပေါ်ပြီးစဉ် ပေါ်တက်မလာနိုင်)တာပေါ့}}
]]ဆရာသင်ခဲ့တဲ့သင်ရိုးညွှန်း တန်းခေါင်းစဉ်လေးတွေပြောပါဦးဆရာ}}
]]အေး ဟုတ်သား၊စကားပြော ကောင်းနေတာနဲ့လိုရင်းမရောက်ဖြစ်သွား
တယ်၊ဒီမှာမောင်နေလင်းရေ့}} ကျွန်ုပ်လည်းမောင်နေလင်းကိုပြောပြော ဆိုဆိုစာရွက်တွေကိုအစီအစဉ်တကျထပ် လိုက်ပြီးပေးလိုက်လေသည်။
ထိုစာရွက်များမှာရေးထား သည်မှာအောက်ပါအတိုင်းဖြစ်လေသည်။
ဗေဒင်ပေါ်အမြင်
၁။ ဗေဒင်ပညာအမြင်
၂။ ဘာသာရေးအမြင်
၃။ သဘာဝအမြင်
၎။ ဗေဒင်နဲ့စိတ်ပညာ၅။ အဖြစ်မှန်-
ရယ်လို့ခေါင်းစဉ်ခွဲပြီး ဗဟုသုတအနေ နဲ့သင်ပေးခဲ့တာပါ။သင်ရိုးညွှန်းတန်း အနေနဲ့မဟုတ်ပါဘူး}}
]]သင်ခဲ့ရတဲ့အတွေ့အကြုံ
လေးတွေအရင်ပြောပြပါဦးဆရာ}}
]]ပညာ(၁၀)မျိုးလောက်ကိုဆ
ရာ(၁၃)ယောက်လောက်ကိုယ်ကြိုက်တဲ့ပညာကိုအလှည့်ကျသင်ကြမှာဆိုတော့ ဆရာ့အနေနဲ့ရင်ခုန်စရာဘဲ}}
]]ဘာဖြစ်လို့ရင်ခုန်ရတာလဲ
ဆရာ}} ]]ပညာရပ်တွေကစုံလွန်းလို့ပါ
တချို့ဆိုကြားတောင်မကြားဘူးပါဘူး၊
တချို့ဆရာတွေနဲ့မရင်းနှီးသေးတာရယ်
သူတို့ဘယ်လိုပညာရပ်တွေကိုဘယ်လို
သင်ကြမယ်ဆိုတာကိုတွေးပြီးရင်ခုန်နေ
မိတာပါ}}။
]]တကယ်တန်းသင်တော့ဘာ
တွေထူးခြားတာတွေတွေ့ရလည်းဆရာ}}
]]သင်ခါစကတော့သူ့ဟာနဲ့
သူတော့ဟုတ်နေတာဘဲ}]
]]သင်ခါစကတော့ဟုတ်နေ
တာဘဲဆိုတော့နောက်ပိုင်းမဟုတ်တော့
ဘူးဆိုတဲ့သဘောလားဆရာ}}
]]ဒီလိုလည်းမဟုတ်ရပါဘူး
မောင်ရင်ရယ်၊ဆရာပြောတာနားထောင် ပါဦး၊လူခြင်းကမရင်းနှီးကြသေးတော့
မိမိဘယ်လောက်တတ်ကြောင်းပညာ
စွမ်းတွေပြပြီးသင်ကြတာပေါ့၊နောက်ပိုင်း
မြန်မာ့ဆေးပညာတွေ၊အဆောင်၊ယတြာ
တွေအပြင်၊အင်း၊အိုင်၊ခလဲ့၊မတန္တာန်တွေ
ဂိုဏ်းဂဏတွေပါ-ပါလာကြပါရော}}
]]ဟာ ပညာတွေ၊ဆရာတွေ
တော်တော်စုံတာဘဲ၊ကျနော်တို့မမှီလိုက်
တာနှမျှောစရာဘဲနော်}}
]]ကံပေးသမျှဆိုရမှာပေါ့ကွာ
ဆရာတို့ စတင်ဆွေးနွေးတိုင်ပင် စဉ် အခါကမိမိတို့လက်ရှိသင်ကြားအသုံး
ပြုနေသောပညာရပ်များအားအတတ်
နိုင်ဆုံးတတ်သိနားလည်အောင်သင်ကြား
ကြဖို့တိုင်ပင်ပြီး(သိ+မြန်+တတ်)ဆိုတဲ့
ဆောင်ပုဒ်နဲ့သင်ကြမယ်လို့သဘောတူခဲ့
ကြတာ၊တကယ်တန်းလည်းသင်ကြရော
ဒီလိုမဟုတ်တော့ဘူး။}}
]]ဘယ်လိုမဟုတ်တာလည်း
ဆရာ}}
]]ဆရာတချို့ကတကယ်တန်း စေတနာအပြည့်နဲ့ပညာအစစ်အမှန်တွေလာရောက်သင်ကြားပေးတာရှိပါ တယ်။တချို့ဆရာတွေကတခြား တခြား သောဆရာကြီးတွေထုတ်ဝေပြီးတဲ့စာအုပ် ထဲကစာတွေပြန်ကူးပြီးသင်နေကြတာ တွေတွေ့လာရတယ်။
ဆရာပြောခြင်တာကယတြာအကြောင်း
ဘဲ၊ဗေဒင်ပညာမှာယတြာဆိုတာဗေဒင်
ဟောပြောပြီးမှပေးရမှာမဟုတ်လား၊}} ]]ဗေဒင်ပညာကအခြေခံသင်တန်း
တောင်အပြီးသေးဘူး၊ယတြာကိစ္စကပါ
လာတော့သင်တန်းမှာ-စလှုပ်လာတော့ တာဘဲ၊ဆရာပြောကြည့်ပါသေးတယ်။အများနဲ့တစ်ယောက်ဆိုတော့လည်းဆရာ
ပြောတာအရာမရောက်ခဲ့ပါဘူး။}}
]]ဆရာသင်တာနဲ့တခြားဆ ရာ တွေသင်တာဘာတွေများကွာခြားနေ လို့လည်းဆရာ}]
]]ကွာတာပေါ့မောင်ရင်၊ဆရာ
ကဘဝနေထိုင်နည်းအဓိကသင်တယ်၊
ဘဝအတွက်တကယ်လိုအပ်တဲ့(ကာကွယ်
ခြင်း+ကုသခြင်း+တားဆီးခြင်း)ဆိုပြီးသင်
တယ်။တခြာဗေဒင်ကဒါတွေကိုကြိုတင်
ဟောပြောလမ်းညွှန်တာမဟုတ်ဘဲ၊ ကျမ်း ထဲမှာပါတဲ့အတိုင်း၊ သူတို့ဆရာ့ဆရာ တွေရဲ့နည်းတွေဘယ်လောက်မှန်လည်း ဆိုတာ ပြိုင်တွက်နေကြတာကိုး။
တစ်နေ့မှာဆရာလည်းစိတ်ပေါက်ပေါက်
ရှိတာနဲ့သင်တန်းသားတွေကိုဒီအတိုင်း
သင်လိုက်မိတယ်။}}
]]ဘာတွေသင်လိုက်မိလို့လည်း
ဆရာ}}
]]ဆရာကခေါင်းစဉ်လေးတွေ
ရေးလိုက်ပြီးသင်တန်းသားတွေကိုပြန်ဖြေ
ခိုင်းလိုက်မိတယ်။သင်တန်းမှာသင်နေတဲ့ပညာရပ်အမည်တွေပါ၊
ကေပီ
နဒီ
သယောဒယ
နက္ခတ္တဗေဒ
ဟူးရား
ဆန်း
အင်္ဂဝိဇ္ဇာ
သုံးတန်းပေါ်နိစ်
မဟာဘုတ်
(လောကဓံ)
ဆိုပြီးတန်းစီရေးလိုက်တယ်။ကဲ သင်တန်း
သားတွေ၊ဆရာမေးတာအမှန်အတိုင်းလိုက်
ဖြေပေးပါဆိုတော့လိုက်ဖြေတော့တာပေါ့}}
]]ဘယ်လိုလိုက်ဖြေကြတာလည်း
ဆရာ}]
]]ယနေ့လောကကြီးမှာလူတွေ
ကြားနေရတာတွေ့နေရတဲ့စကားရပ်ထဲမှာ
မင်းတို့တစ်နေ့(ကေပီ)နဲ့တွေ့မယ်၊ကြား
ဘူးလား}}(မကြားဘူးပါဘူးဆရာ)လို့ပြိုင်တူ
အော်ကြတော့တာပေါ့။
မင်းတို့တစ်နေ့(နဒီ)နဲ့တွေ့
မယ်လို့ကြားဘူးလား}} --------- (မကြာဘူးပါဘူး)
ဟုတ်ပြီ(သယောဒယ)နဲ့တွေ့
မယ်လို့ကောကြားဘူးကြလား။ (ဒါလည်းမကြားဘူးပါဘူးဆရာ)။
]](နက္ခတ္တ) နဲ့တွေ့မယ်ဆိုတာ ပြောသံကြားဘူးကြလားဆိုတော့ (မကြားဘူးပါဘူးဆရာ) လို့ဘဲဖြေကြ တာပေါ့}} ]]ဘာအဓိပ္ပါယ်နဲ့ဒါကို မေး ပြီးလိုက်ဖြေခိုင်းတာလည်းဆရာ}]
]]လမ်းဆုံးတော့ရွာတွေ့ဆို
သလို၊ ပြီးအောင်နားထောင်လိုက်ပါဦး ]]ဟုတ်ကဲ့ပါဆရာ}}
]]တစ်နေ့(ဟူးရား)နဲ့တွေ့မယ်ဆိုတာ
ကြားဘူးကြလား}}(မကြားဘူးပါဘူး)
]]ဒါဆိုရင်အခုဆရာရေး
ပြထားတဲ့ပညာရပ်တွေထဲက(ဆန်း)
နဲ့တွေ့မယ်ကောကြားဘူးလား}}(ဒါ
လည်းမကြားဘူးပါဘူးဆရာ)
]]ဒါဖြင့်ရင်အခုဆရာရေး ပြထားတဲ့ စာတွေထဲမှာတစ်နေ့ မင်း တို့ဘာနဲ့တွေ့မယ်လို့ကြားနေရလည်း}} သင်တန်းသားတွေဆီက ဘာသံမှ ပြန်ပြောသံမကြားရဘူး။
ဒါဖြင့်ရင် မင်းတို့တစ်နေ့(အင်္ဂဝိဇ္ဇာ
သုံးတန်းပေါ်နိစ်+မဟာဘုတ်)နဲ့တွေ့
မယ်ဆိုတဲ့စကားပြောသံကြားလား}}
]](မကြားဘူးပါဘူးဆရာ)
]]ဟုတ်ပြီ သချောတယ်နော်}]
](]သေချာပါတယ်ဆရာ)ဆိုပြီးပြိုင်တူ
ပြန်ဖြေလိုက်တဲ့အသံဟာနဲနဲကျယ်သွား
တယ်၊အချိန်အားလို့အနားယူနေတဲ့
ဆရာတွေကဘာများသင်နေလည်း
လို့အာရုံစိုက်နေတဲ့အချိန်။
]]ဒါဖြင့်ရင်]]
ဒီနေ့ပညာဒါန(အခမဲ့)သင်တန်းမှာသင်
တန်းမှာသင်ကြားပေးနေတဲ့ပညာရပ်
တွေထဲကအောက်ဆုံးမှာဆရာဘာပညာ
ရပ်နာမည်ရေးထားတာတွေ့လည်း}}
]]လောကဓံ}ပါဆရာ}]
]]ဟုတ်ပါပြီ။ဒါဆိုရင်-တစ်နေ့မင်းတို့
လောကဓံနဲ့မလွဲမသွေတွေ့ရမယ်ဆို
တာကောကြာဘူးကြလား}}
(ကြားဘူးပါတယ်ဆရာ)
ဒါဖြင့်ရင်အားလုံးပြိုင်တူဖြေကြပါ၊
တစ်နေ့ မင်းတို့ဘာနဲ့တွေ့မယ်လို့
ကြားဘူးကြသလည်း(လောကဓံ)နဲ့
တွေ့မယ်လို့ဘဲကြားဘူးပါတယ်ဆရာ)
]ဒါဆိုရင်(လောကဓံ)ပညာ
ဘယ်လောက်အရေးကြီးတယ်ဆိုတာ
သိကြပြီလား}]
(ဟုတ်ကဲ့သိပါပြီ)
]]တရုတ်ကားကြည့်တော့လည်း(လော
ကဓံ)ဆိုတာတွေ့ရသလို။ကုလားကား
ကြည့်လည်း(လောကဓံ)ဆိုတဲ့စကား
လုံးတွေရမှာဘဲ။ဒီနေ့ခေတ်စားနေတဲ့
ကိုးရီးယားကားကြည့်ရင်လည်း(လောက
ဓံ)ဆိုတဲ့စကားလုံးနဲ့စာသားကတော့
တွေ့နေရတာဆိုတော့(လောကဓံ)ဘယ်
လောက်အရေးပါတယ်ဆိုတာသင် တန်းသားတွေ-----
ငါသိသလိုသိကြပါစေဟု ငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာ
စကားကြောင့်--လောကဓံ(အမြင်သစ်)
ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)။
No comments:
Post a Comment