Monday, June 9, 2014

ဗေဒင်၊ ယတြာနှင့် ဘာသာရေး(၁)

ေ ဗဒင်၊ ယတြာနှင့် ဘာသာရေး
]]ဆရာ ---- မနေ့က ဗေဒင်၊ ယတြာနှင့် ဘာသာရေးမရောထွေးစေဖို့ အကြောင်းအရာကို ဆက်ပြောပါအုံးဆရာ}}။ မြန်မာနိုင်ငံဗေဒင်ပညာရှင်များ အသင်း၏ ပညာဒါန(အခမဲ့)သင်တန်း အမှတ်စဉ် (၃)၊ သင်တန်းတည်နေရာ ရွှေတိဂုံဘုရားအရှေ့မုခ်၊ သမဝါယမဝန်ကြီးဌာနဓမ္မာရုံ အပတ်စဉ် စနေ၊ တနင်္ဂနွေ  နံနက် (၁၁း၃၀)မှ ညနေ (၅း၃၀)အထိ သင်ကြားပေးနေရာ အဆင့် (၁)သင်တန်းကို သင်ကြားနေချိန်ဖြစ်သည်။
အခုစပြောမှာက ဗေဒင်နှင့် ယတြာအကြောင်းပဲ ဖြစ်ပါတယ်။နောက်ပိုင်း ကျမှ ဗေဒင်၊ ယတြာနှင့် ဘာသာရေး ဆက်နွယ်မှုမပြုသင့်ကြောင်းကို ပြောပြပေး မယ်။ ဒီနေ့စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးသားနေကြတဲ့ ဗေဒင်၊ ယတြာ နည်းမျိုးစုံကို တွေ့မြင်ကြမှာပေါ့။
]]ဟုတ်ကဲ့ တွေ့ပါတယ်ဆရာ။}}
ဗေဒင်ဆရာတို့မည်သည် မည်သည့် ဗေဒင်ပညာ၊ မည်သည့်နည်းစနစ် များဖြင့် ဟောပြောနေပါစေ လာမေးသူကာယကံရှင်နှင့် ဟောပြောသူဆရာတို့ အဆင်ပြေနေလျှင်ပြီးတာပဲ။
ယတြာကိစ္စလည်း သူ့လမ်းစဉ်၊ သူ့ပညာ၊ သူ့ဆရာ အဆိုအမိန့်အရ ပြောစရာမလိုသော်လည်း တစ်ချို့ တစ်ချို့သော ယတြာကိစ္စ၊ အကြောင်းအရာကို တော့မဖြစ်မနေပြောပြရအုံးမယ်။ ယတြာပေးတာ မှားနေတယ်လို့ပြောတာ မဟုတ်ဘူးနော်။ လမ်းညွှန်ပေးလိုက်တဲ့ ယတြာ၊ နေ့နံအသားအကြောင်းကို အဓိကထားပြောပြမလို့ပါ။ ဥပမာ- ရန်ကုန်မြို့မှာဟောနေတဲ့ ဗေဒင်ဆရာဆိုရင် ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရရှိနိုင်သည့် ယတြာပစ္စည်း၊ အသုံးအဆောင်၊ နေ့နံတို့ကို လေ့လာထားပြီး လမ်းညွှန်ဖို့လိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေလမ်းညွှန်လိုက်တဲ့ ယတြာပစ္စည်း၊ နေ့နံ၊ အသားတွေဟာ ရန်ကုန်မြို့မှာ ရှားပါး၍ ရှာရခက်ခဲသော နေ့နံပစ္စည်းမျြး.......     ဖြစ်နေခဲ့ရင် (ဒါမှမဟုတ်) လုံးဝမရှိနိုင်တဲ့ နေ့နံအသား၊ အသီးအရွက်၊ အညွန့်သားကိုြွကက်ရုပ်ထုဆောင်ဆိုတာတစ်မျိုး၊ မင်းတို့ဇနီးမောင်နှံ အိမ်ထောင်ရေး ခိုင်မြဲအောင် တနင်္ဂနွေသားနဲ့ ကြာသပတေးသမီးဆိုတော့ (အောင်ပ)မိတ်ဓာတ်ပဲ၊ ကိုယ့်မွေးနံတနင်္ဂနွေနဲ့ ကိုယ့်ဇနီးမယားရဲ့မွေးနံကြာသပတေးအမည်ပါပြီး နှစ်နံ သားအတွဲမိတဲ့ အောင်မဲဖြူသားကို အနန္တော၊ အနန္တငါးပါးရည်စူးပြီး (၅)လက်မ ဘုရားပုံတော်ထုလုပ်ကိုးကွယ်ထား (ဒါမှမဟုတ်) ယောကျာ်းနှင့်မိန်းမ တွဲလျက်ပုံ ထုဆောင်ထားဆိုတာကတစ်မျိုး၊ ဟောပြောရေးသားနေကြတာ တွေ့ကြတယ် မဟုတ်လား။
]]တွေ့တယ်ဆရာ အဲဒီယတြာ နည်းစနစ်တွေက မှားနေလို့လား}}။အခုပြောနေတဲ့အကြောင်းအရာတွေဟာ ယတြာ မှန်တာ မှားတာကို ပြောမှာ မဟုတ်လို့ ဆရာပြောထားတယ် နားရှုပ်မသွားနဲ့နော်။
]]ဟုတ်ကဲ့ပါဆရာ။}}
သင်တန်းသားတွေ ခုနကပြောခဲ့တဲ့ အောင်မဲဖြူသားကို မြင်ဖူးကြလား။သင်တန်းသားများက ပြိုင်တူထွက်လာသည့်အသံကား ]]မမြင်ဖူးပါဘူးဆရာ}} 
အေး အဲဒီ ကိုယ်ပေးတဲ့ ယတြာပစ္စည်းနေ့နံအကြောင်းကို တစ်စွန်းတစ်စ တော့သိထားသင့်တာပေါ့ အောင်မဲဖြူသားကို (၅)လက်မပုံထု ဒါမှမဟုတ် ယောကျာ်း မိန်းမ တွဲလျက်ပုံထုဆိုတာ ပြောခဲ့ပြီးနော် တစ်ကယ်တော့ အဲဒီယတြာ ပေးတဲ့ ဆရာလည်း အောင်မဲဖြူသားကို မြင်ဖူးပုံမရဘူး။ အောင်မဲဖြူဆိုတာ အဲဒီလောက်အရုပ်ထုမရနိုင်တဲ့ အပင်သေးမျိုးဖြစ်နေလို့ပဲ။
]]ဟာ --- အဲဒါဆို ဒုက္ခပဲပေါ့ ဘယ်လိုလုပ်ကြမလဲဆရာ။}}
ပိုပြီးရှင်းသွားအောင် နောက်တစ်ခုနားထောင်ကြည့်ကြပါအုံး။  ]]ဟုတ်ကဲ့ပါဆရာ}}
နောက်ဥပမာတစ်ခုက စနေသားသမီးတွေအတွက် ဝင်အူသားဟာ တကယ့်အဆောင်ကောင်းလို့ ဆိုကြတယ်။
သင်တန်းသူတစ်ဦးမှ ]]သင်အူသားလားဆရာ}} ဟုမေးလာ၏။
သင်အူသားကို ပြောတာမဟုတ်ဘူး ဝင်အူကိုပြောတာ။
]]သမီး ကြားဖူး၊ ဖတ်ဖူးနေတာက စနေသားသမီးအတွက် သင်အူသားကို အပြောများ၊ အရေးများတာတွေ့မိလို့ပါဆရာ။}}
သမီးပြောတာလည်းဟုတ်တာပဲ၊ သင်အူဟာ စနေသားသမီးတွေအတွက် အမြစ်၊ အညွန့်မတွန့်စေရဆိုပြီး ကျန်းမာရေးအတွက် အသုံးပြုတာများတယ်။ နောက်တစ်မျိုးက စနေသက်ရောက်မှာ ဆန်းဗေဒင်နည်းနဲ့ကြည့်ရင် တန်စီး + တိုင်ထိပ်မှာရှိနေလို့ (၆၀၁)နိမိတ်တိုင်လို့တောင်ခေါ်ကြတယ်။ အဲဒီကိန်းမှာလည်း အလယ်ဂဏန်း(ဝ)က(ပြ)ဖြစ်နေလို့ မကောင်းဘူးဟုဆိုကြသော်လည်း ယေဘုယျ အားဖြင့် (၆ _ ၁)တိုင်ထပ် + တန်းစီးဂဏန်းဟာ အကောင်းဆုံးဆိုထားတော့ အဲဒီနှစ်အတွင်း (၆ _ ၁) နှစ်နံတွဲ အမည်မျိုးစုံမှာပါနေလို့ သင်အူဆိုတဲ့ စကားကိုသုံးတာတွေ့ရတာပဲ။ တခြားဗေဒင်ကိန်းခန်းတွေမှာ မတွေ့ရသလောက် ပါ။ ကဲ --သင်အူအကြောင်းပြောနေတာနဲ့ ဝင်အူအကြောင်း စကားလမ်းကြောင်း ပျောက်ဆုံးသွားအုံးမယ်။
သင်တန်းသားတစ်ဦးမှ ]]ဝင်အူသားဆိုတာ ဗေဒင်ဆရာတွေ ဗေဒင် ဝါသနာပါလို့ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။ ကျွန်တော်တို့လည်းမမြင်ဖူး သေးဘူး။}}
ဗေဒင်ဆရာတွေ၊ ဗေဒင်စာအုပ်တွေက စနေသားသမီးများ ဝင်အူသား ဘုရားပုံတော်ထုလုပ်ကိုးကွယ်ပါဟူ၏။ ဝင်အူသားဟာ ရန်ကုန်မြို့မှာ ရှားပါး ပစ္စည်းစာရင်းဝင်ပဲ။ မေမြို့ ပိတ်ချင်းမြောင်မှာသွားရှာမှရမယ်။ ရန်ကုန်မြို့မှာ ရသည်ပဲထားအုံး၊ ဝင်အူသားပင်သည် ငှက်ပျောပင်ကဲ့သို့ အလွှာတွေထပ်နေ သော သစ်တစ်မျိုးဖြစ်နေ၍ ပုံထုလုပ်၍ မရနိုင်ပြန်ဘူး။
]]ဒါဖြင့်ဆရာရယ် ဗေဒင်စာအုပ်တွေမှာရယ် ဗေဒင်ဆရာတွေဟာ ဘာဖြစ်လို့မဖြစ်နိုင်တဲ့အရာတွေကို ရေး၊ ပြော ခိုင်းနေကြတာလဲဆရာ။}} အဲဒါကြောင့်ပြောတာပေါ့--- အဲဒီ ဗေဒင်ဆရာတွေဟာ ဝင်အူပင်ဟာ ဘယ်လိုအပင်မျိုးလဲ ကိုယ်ဟောပြောနေတဲ့ ပတ်ဝန်းကျင်မှာ ရှိနိုင် မရှိနိုင်ကို မလေ့လာကြဘူး။ စာအုပ်ထဲ ကျမ်းထဲပါတဲ့အတိုင်း ရေး၊ ပြောနေကြတာပေါ့။သူတို့တွေသာ အခုသင်တန်းသားတွေသိသလို သိထားကြရင် ရန်ကုန်မြို့က ဗေဒင်ဆရာတွေသည် ဝင်အူယတြာကို ပေးပါအုံးမလား။
]]ဘယ်ပေးပါ့မလဲဆရာ။}}
အေးလေ၊ ကိုယ်ပေးလိုက်တဲ့ယတြာပစ္စည်း ဝင်အူသားဟာ ပုံတော် ထုလုပ်၍ မရနိုင်ဘူးဆိုတာ မြင်ဖူးဖို့နေနေသာသာ ဝင်အူဆိုတာ ကြားတောင် မကြားဖူးဘူး။ အခုမှ ဗေဒင်ဆရာပြောလို့သာ ကြားဖူးခြင်းဖြစ်၏။
ဝင်အူသားမှ မရလျှင် မဖြစ်တော့သည့်အခြေအနေဖြစ်ကြောင်း နားပူ၊ နားဆာလုပ်လျှင် ပန်းပုဆိုင်မှ နားအေးရင်ပြီးရောဆိုပြီးတွေ့ရာသစ်သားကို ဝင်အူသားပါဟု ပြောဆို၍ အဆောင်ယတြာလုပ်ပေးလိုက်လျှင် ဝင်အူသားအစစ် မဟုတ်၍ ကာယကံရှင်လည်း ယတြာမပြီးမြောက်နိုင်သလို ဆေးအတွက် ပိုလေး ဆိုသလို ဖြစ်သွားနိုင်သည်။
လိမ်၊ ညာ၊ ရိုက်စားဆရာဆိုလျှင် မထောင်းသာလှပေမယ့် တကယ့် ပညာရှင်ဆိုလျှင် မိမိဆရာလုပ်သူလည်း နာမည်ထိခိုက်ပေလိမ့်မည်။ ဒါကြောင့် သင်တန်းသားတွေအနေနဲ့ အဆောင်၊ ယတြာပေးတော့မယ်ဆိုရင် -----
]] ဟုတ်ကဲ့ နားလည်ပါပြီဆရာ။}}

ငါသိသလိုသိကြပါစေဟု ငါ၏ရင်၌ဖြစ်၏
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)

No comments:

Post a Comment