Saturday, June 7, 2014

ဗုဒ္ဓတိုင် (သို့မဟုတ်) လူတိုင်(၁)

                              ဗုဒ္ဓတိုင် (သို့မဟုတ်) လူတိုင်
]]မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်း အခမဲ့ပညာဒါနသင်တန်းမှာ ဆရာသင်ပြပေးခဲ့တဲ့ ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်အကြောင်း ဆရာသင်တာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြားလိုက်ရတယ်။ ကျွန်တော်လည်းအလုပ်ကိစ္စအရေးကြီးတာ ကြောင့် ပြန်လာခဲ့ရတာနဲ့ ပြီးအောင်နားမထောင်လိုက်ရဘူး။အဲဒီလူတိုင် အကြောင်း ကျွန်တော့်ကိုပြန်ရှင်းပြပါလားဆရာ}} ဟု ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်းပြည့်ဘုရားကြီးရဲ့ အရှေ့ဘက်မုခ် ဆိုင်ခန်းအမှတ်(ခ)ရှိ ကျွန်တော်၏ လောကဓံဗေဒင်ဟောခန်းအတွင်း ဝင်ရောက်လာရင်းမေးမြန်းလာ သူကား သင်တန်းသား တပည့်ဖြစ်သူ မောင်အောင်ကျော်ဝင်းပင်တည်း။ ကျွန်တော်လည်း ရေးလက်စပညာဒါနသင်တန်းအတွက် သင်ရိုးညွှန်းတမ်းများကို အသာချထားလိုက်ရင်းကနေ -
]]ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်အကြောင်း မကြာမကြာပြောဖြစ်ပါတယ်။ မောင်ရင်နဲ့မကြုံလို့နေမှာပါ}} ဟု ပြောလိုက်လျှင် အောင်ကျော်ဝင်းက ဟောခန်း အတွင်း ကျွန်တော့်ရှေ့ကခုံမှာ ဝင်ထိုက်ခိုင်းလိုက်ရင်း -
]]ကျွန်တော်တော့ တစ်ခါမှ မကြားရသေးဘူးဆရာ}} ဟု ပြောကာ မှတ်စု စာအုပ်ကို ထုတ်ရင်းရေး မှတ်ရန်ပြင်နေသဖြင့် ကျွန်တော်က -ကဲ ဒါဖြင့် ဗုဒ္ဓတိုင်ထူကြည့်လိုက်ရအောင်}}  လို့ပြောရင်း  အောက်ပါ အတိုင်း ဗုဒ္ဓတိုင်ထူပြလိုက်ရပေတော့သည်။
အောင်မြင်မှု အိုးအိမ်၊ အိမ်ထောင်၊အုပ်စု၊ အဖွဲ့အစည်း
စီးပွား ပညာအတွေးအခေါ်
စုတ် ငွေ၊ အြွကား
______
မူလ လူမှုအပေါင်းအသင်း
______
နာ ထင်ပေါ်၊လောဘ၊မာန
ခိုက် မိတ်
ထွက်၊ပျက် ခရီးစကား၊ သွားလာလှုပ်ရှားအင်္ဂဝိဇ္ဇာအခေါ်ဗုဒ္ဓတိုင်ဂြိုလ်ပရိယာယ်များ - ]]အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး (၃) ကြိုးဖြစ်တဲ့ -
(၁) ပင်းယကြိုးကိုကြည့်ရင် စတုရန်းစနေနဲ့ ပဉ္စပွတ်တနင်္ဂနွေကိုကြည့်ရင် အကြောင်းကြောင့် အကျိုးဖြစ်တာတွေ့ရမယ်။ သဘောတရားကတော့ စနေဆိုတဲ့ ထင်ပေါ်၊ လောဘနဲ့ မာနတွေက နာ နေရာမှာရှိနေတယ်။ ဒီတော့ မမှန်ကန်တဲ့ ထင်ပေါ်လိုမှုတွေ၊ မမှန်ကန်တဲ့လောဘတွေ၊ မမှန်ကန်တဲ့မာနတွေထားမိရင် အပေါ်က တနင်္ဂနွေဂြိုလ်ရဲ့အောင်မြင်မှုကို ထိခိုက်မိပြီး အုပ်စုကလက်မခံတဲ့ သဘော၊ အုပ်စုမှာ မအောင်မြင်တဲ့သဘော၊ အိုးအိမ်မတည်မြဲတာတွေ၊ ပြောင်းရွှေ့ရတာတွေ၊ အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာတွေ ဖြစ်လာမယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ နာ နေရာက စနေဖြစ်တဲ့ ထင်ပေါ်မှုတွေ၊ လောဘတွေ၊ မာနတွေကို မှန်ကန်မှုရှိအောင် ပြုပြင်နေထိုင်ပေးတဲ့ အကြောင်းတရားကြောင့် အောင်မြင်မှုနေရာက တနင်္ဂနွေက အကျိုးတရား ဖြစ်လာပြီး အုပ်စုမှာ အောင်မြင်လာမယ်}} ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်း က - ]]ဒါဆိုရင် နာ နေရာက စနေနံက အကြောင်းတရားဖြစ်ပြီး အောင်မြင် မှုနေရာက တနင်္ဂနွေက အကျိုးတရားပေါ့နော် ဆရာ။ (နာ)ကိုကောင်းအောင် ပြုပြင်နေထိုင်ရင် အောင်မြင်မှုအကျိုးကိုခံစားရမှာလို့ ဆိုလိုတာလားဆရာ}}ဟု ပြောလာသဖြင့် ကျွန်တော်က - ]]ဟုတ်လိုက်လေ အောင်ကျော်ဝင်းရေ ။ နောက် ဆက်ပြောပြမှာက အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး (၃)ကြိုးထဲက ဒုတိယကြိုးဖြစ်တဲ့
(၂) သာစည်ကြိုးကို ကြည့်ရင် တြိရန်းသောကြာနဲ့ ဆပွတ်တနင်္လာကို ကြည့်ရင် သောကြာဆိုတဲ့ ခရီး၊ စကားနဲ့ သွားလာလှုပ်ရှားတွေက ထွက်၊ ပျက် နေရာမှာရှိနေတယ်။ ဒီတော့အကျိုးမရှိတဲ့ခရီးသွားတာတွေ၊ အကျိုးမရှိတဲ့စကားမျိုးပြောတာတွေ၊ အကျိုးမရှိတဲ့သွားလာလှုပ်ရှားမှုတွေ လုပ်မိရင် အပေါ်က တနင်္လာဂြိုလ်ရဲ့ ပရိယာယ်ကြောင့် ငွေကြေးအဆင်မပြေဖြစ်လာမယ်။ အြွကားပို တယ်ဆိုပြီး လူမုန်းများမယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ ထွက် ၊ ပျက် နေရာက သောကြာ ဖြစ်တဲ့ မှန်မှန်ကန်ကန်ပြောဆို လုပ်ကိုင် နေထိုင်သွားလာမယ်ဆိုရင် ငွေကြေးရှာ ဖွေရလွယ်လာမယ်။ အကူအညီအထောက်အပံ့ပေးမယ့် သူတွေ ပေါများလာမယ်။ ဒါကြောင့် စုတ်၊ လာဘ်တွေ ဝင်လာမယ်}} ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်း က ]]ဒါဆိုရင် ထွက်၊ ပျက်၊ နေရာက သောကြာက အကြောင်းတရားဖြစ်ပြီး စုတ်နေရာက တနင်္လာက အကျိုးတရားပေါ့နော် ဆရာ။ (ထွက်၊ ပျက်) ကို ကောင်းအောင်ပြုပြင်နေထိုင်ရင် စုတ်လာဘ်ဝင်တဲ့အကျိုးကို ခံစားရမှာလို့ ဆိုလိုတာလားဆရာ}} ဟု ပြောလာသဖြင့် ကျွန်တော်က -
]]ဟုတ်လိုက်လေ}} အောင်ကျော်ဝင်းရေ။နောက်ဆက်ပြောပြမှာက အင်္ဂဝိဇ္ဇာ ပညာ ရပ်အရ  ကြိုး(၃)ကြိုးထဲက နောက်ဆုံးကြိုးဖြစ်တဲ့ - (၃) အမြစ်အညွန့်ကြိုးကိုကြည့်ရင်စိုက်အင်္ဂါနဲ့စီးပွားကြာသပတေးကို ကြည့်ရင် အင်္ဂါဆိုတဲ့ စိတ်က စိုက်နေရာမှာရှိတယ်။ ဒီတော့စိတ် စိုက် နေတဲ့သဘောအရ စိတ်ကောင်းမထား ဘဲ စိတ်ထားညံ့နေရင်အပေါ်က ကြာသပတေးဂြိုလ်ရဲ့ ပရိယာယ်ကြောင့် အတွေးအခေါ်တွေ မမှန်ကန်နိုင်ေ တာ့ ပဲ ဖြစ်မယ်။ ပညာကောင်းတွေ မရနိုင်ဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ  ခိုက်နေရာက အင်္ဂါဖြစ်တဲ့စိတ်ထား ကောင်းကောင်းထားမယ်ဆိုရင် ပညာကောင်းတွေရလာမယ်။ အတွေးအခေါ်ကောင်း  တွေရလာပြီး စီးပွားနေရာက ကြာသပတေးဂြိုလ်အားကောင်းလာပြီး အောင်မြင်လာ ကာ စီးပွားဥစ္စာတွေရလာပါလိမ့်မယ် ]] ဟုပြောပြလိုက်လျှင် အောင်ကျော်ဝင်းက
]]ဒါဆိုရင် စိုက်နေရာက အင်္ဂါက အကြောင်းတရားဖြစ်ပြီး စီးပွားနေရာက ကြာသပတေးက အကျိုးတရားပေါ့နော်ဆရာ။ (စိုက်)ကို ကောင်းအောင်ပြုပြင်နေထိုင် ရင် စီးပွားဥစ္စာအောင်မြင် ချမ်းသာပြီလို့ ဆိုလိုတာလားဆရာ}} ဟုပြောလာသဖြင့် ကျွန်တော်က -
]]ဟုတ်တယ်အောင်ကျော်ဝင်းရေ။ အင်္ဂဝိဇ္ဇာပညာရပ်အရ ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်ကလူတွေဘယ်လိုနေထိုင်ကျင့်ကြံနေထိုင်ရမယ်ဆိုတာကို ပြသနေတယ်လို့ ပြောရင်မလွန်ဘူးကွ}} ဟုပြောလိုက်လျှင် အောင်ကျော်ဝင်းက -
အကူအညီအထောက်အပံ့ပေးမယ့်သူတွေ  ပေါများလာမယ်။ ဒါကြောင့် စုတ်၊ လာဘ်တွေ ဝင်လာမယ်}} ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်း က ]]ဒါဆိုရင် ထွက်၊ ပျက်၊ နေရာက သောကြာက အကြောင်းတရားဖြစ်ပြီး စုတ်နေရာက တနင်္လာက အကျိုးတရားပေါ့နော် ဆရာ။ (ထွက်၊ ပျက်) ကို ကောင်းအောင်ပြုပြင်နေထိုင်ရင် စုတ်လာဘ်ဝင်တဲ့အကျိုးကို ခံစားရမှာလို့ ဆိုလိုတာလားဆရာ}} ဟု ပြောလာသဖြင့် ကျွန်တော်က -
]]ဟုတ်လိုက်လေ}} အောင်ကျော်ဝင်းရေ။
နောက်ဆက်ပြောပြမှာက အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး(၃)ကြိုးထဲက နောက်ဆုံးကြိုးဖြစ်တဲ့ - (၃) အမြစ်အညွန့်ကြိုးကိုကြည့်ရင် စိုက်အင်္ဂါနဲ့ စီးပွားကြာသပတေးကိုကြည့်ရင် အင်္ဂါဆိုတဲ့ စိတ်က စိုက်နေရာမှာရှိတယ်။ ဒီတော့စိတ် စိုက် နေတဲ့သဘောအရ စိတ်ကောင်းမထားဘဲ စိတ်ထားညံ့နေရင်အပေါ်က ကြာသပတေးဂြိုလ်ရဲ့ ပရိယာယ်ကြောင့် အတွေးအခေါ်တွေ မမှန်ကန်နိုင်တော့ပဲ ဖြစ်မယ်။ ပညာကောင်းတွေ မရနိုင်ဘူးလို့ ဆိုလိုတယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ ခိုက်နေရာက အင်္ဂါဖြစ်တဲ့စိတ်ထား ကောင်းကောင်းထားမယ်ဆိုရင် ပညာကောင်းတွေရလာမယ်။ အတွေးအခေါ်ကောင်း  တွေရလာပြီး စီးပွားနေရာက ကြာသပတေးဂြိုလ်အားကောင်းလာပြီး အောင်မြင်လာ ကာ စီးပွားဥစ္စာတွေရလာပါလိမ့်မယ် ]] ဟုပြောပြလိုက်လျှင် အောင်ကျော်ဝင်းက
]]ဒါဆိုရင် စိုက်နေရာက အင်္ဂါက အကြောင်းတရားဖြစ်ပြီး စီးပွားနေရာက ကြာသပတေးက အကျိုးတရားပေါ့နော်ဆရာ။ (စိုက်)ကို ကောင်းအောင်ပြုပြင်နေထိုင် ရင် စီးပွားဥစ္စာအောင်မြင်ချမ်းသာပြီလို့ ဆိုလိုတာလားဆရာ}} ဟုပြောလာသဖြင့် ကျွန်တော်က -
]]ဟုတ်တယ်အောင်ကျော်ဝင်းရေ။ အင်္ဂဝိဇ္ဇာပညာရပ်အရ ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်ကလူတွေဘယ်လိုနေထိုင်ကျင့်ကြံနေထိုင်ရမယ်ဆိုတာကို ပြသနေတယ်လို့ ပြောရင်မလွန်ဘူးကွ}} ဟုပြောလိုက်လျှင် အောင်ကျော်ဝင်းက -
]]အင်္ဂဝိဇ္ဇာပညာရပ်က အရမ်းကျယ်ပြန့်ပြီး နက်ရှိုင်းလွန်းတယ်နော်ဆရာ။  လူ့ဘဝရဲ့ နေပုံနေနည်းကိုပါ ညွှန်ပြပေးနေတယ်။ ဒါကြောင့်လူတိုင်းသိထားသင့်တယ်။ ဆရာတို့ကလည်းဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကနေမပြတ်တင်ပြပေးသင့်တယ်}}ဟု ပြောရင်း သက်ပြင်တချချဖြစ်နေသဖြင့် ကျွန်တော်က ]]အနှစ်ချုပ်အဖြစ်သိမှတ်ထား သင့်တာက - လူတစ်ယောက်ဟာ -
(၁) ထင်ပေါ်မှု (စနေ)မှန်ကန်နေရင် အကျယ်ချဲ့ပြောရရင် မှန်မှန်ကန်ကန် ကြိုးစားပြီးထင်ပေါ်လာရင် အောင်မြင်မှုရလာမယ်။ မိသားစု၊ အိမ်ထောင်စု၊ အုပ်စုမှာ ကိုယ်ပြောသမျှအောင်မြင်မယ်။
(၂) ခရီး၊ စကား၊သွားလာလှုပ်ရှားမှု (သောကြာ)ကောင်းမွန်နေရင် အကျယ်ချဲ့ ပြောရရင် အကျိုးရှိအောင် သွားလာပြေဆိုနေထိုင်မယ်ဆိုရင် ငွေကြေးတွေ၊ စုတ်တွေ၊ လာဘ်လာဘတွေဝင်လာမယ်။ ငွေကြေးရှာရှာဖွေရလွယ်ကူလာမယ်။
(၃) စိတ် (အင်္ဂါ)ကောင်းကောင်းထားရင် အကျယ်ချဲ့ပြောရရင် စိတ်ထား ကောင်းကောင်းထားပြီး လုပ်ကိုင်နေထိုင်ပြောဆိုရင် စီးပွားဥစ္စာတွေဝင်လာရမယ်။လူတစ်ယောက်ဟာ စိတ်ကောင်းထားရင် ချမ်းသာမယ်ဆိုတဲ့ သဘောပဲ}}ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်းတစ်ယောက် ဝမ်းသာအားရဖြင့် -
]]ဆရာပြောမှပဲ ဗေဒင်ပညာရပ်ဟာ လူတစ်ယောက်အောင်မြင်ကြီးပွား ချမ်းသာအောင် လမ်းညွှန်ပေးနိုင်တဲ့ ပညာရပ်ဖြစ်ကြောင်းတွေ့ရပြီး အရမ်းကိုလေးစား လာတယ်ဆရာ။ ဒါကြောင့်လူတွေအားလုံး ဗေဒင်ပညာကိုစနစ်တကျသင်ကြားပြီး အောင်မြင်ချမ်းသာအောင် ကြိုးစားကြပါလို့ တိုက်တွန်းပေးရမယ်ဆရာ}}ဟု ပြောသဖြင့် ကျွန်တော်လည်း မနေသာတော့ဘဲ ]]အောင်ကျော်ဝင်းရာ အဲဒီလိုလူတွေကို အောင်မြင် ကြီးပွားချမ်းသာရာရစေမယ့် ဗေဒင်ပညာရပ်တွေကို မြန်မာနိုင်ငံဗေဒင်ပညာရှင်များ အသင်းက အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ပညာဒါန (အခမဲ့) သင်တန်းတွေ သင်ပေးနေကြောင်းကိုပါ ထည့်ပြောပြလိုက်အုံးလေကွာ}} ဟု ပြောလိုက်လျှင် အောင်ကျော်ဝင်းက ]]စိတ်ချဆရာ၊ မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းက စနေ၊ တနင်္ဂနွေနေ့ တွေမှာ ဖွင့်လှစ်သင်ကြားတဲ့ ပညာဒါန(အခမဲ့)သင်တန်းတွေ တက်ချင် တယ်ဆိုရင် တနင်္ဂနွေနေ့က လွဲပြီး နံနက် (၉းဝ၀)နာရီကနေ နေ့လယ်(၃းဝ၀)နာရီ အတွင်း 
         သိမ်ကြီးဈေး(စီရုံ)၊ ပထမထပ်၊ အမှတ်(၄၉၊၅၀)၊ ဓမ္မရောင်ခြည်အနီးမှာရှိတဲ့                                  မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းရုံးခန်းကိုဖြစ်စေ၊ 
ဖုန်း - ၃၇၁၈၀ဝ(လိုင်းခွဲ ၃၆၀) ကိုဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်လို့ ပြောပေးလိုက် မယ် ဆရာ}} ဟု ပြောရင်း အားပါတရရယ်မောနေပေတော့သည်။

                              ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊ 
                                   ဤမှန်သောသစ္စာစကားကြောင့် ၊
              လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)


No comments:

Post a Comment