ဒီနေ့တော့ဒီသင်တန်း ဒီတန်းခွဲမှာ လူတစ်ယောက်ရဲ့ ကံဆိုတာ ဘယ်လောက်အရေးပါသလဲဆိုတာ ဆရာ့ကိုယ်တွေ့လေးပြောပြရဦးမယ်။ မိုးကောင်းစေတီတော်မြတ်ကြီးမှာ ဆရာ့လောကဓံပညာနဲ့ လူတွေကို ဘဝမှာ ချမ်းသာအောင်မြင်ဖို့ ဘယ်လိုနေထိုင်ကြမလဲဆိုတာတွေ ဟောပြောလမ်းညွှန်လာ လို့ (၁၀)နှစ်ပြည့်တဲ့ အချိန်မှာ သင်တန်းသား (၁၀)ယောက်ကို တစ်စုတဝေးထဲ သင်ဖြစ်လိုက်တယ်။ အဲဒီ (၁၀)ယောက်ထဲမှာ ဆရာ့ညီတစ်ယောက်လည်းသင်ဖြစ် သွားတယ်။
]]ဆရာနဲ့အတူနေတဲ့ညီလားဆရာ}} ]]အဲ ဒီညီမဟုတ်ဘူး သူကနယ်မှာ နေတဲ့ဆရာ့ရဲ့ညီတော်မောင်ညီအလတ်၊ လောကဓံပညာကို သင်ဖြစ်သွားတယ်။
သူ့နာမည်က မောင်ကျော်ဌေးလို့ခေါ်တယ်။ ဒါပေမယ့် လူအများစုက တော့ ]]ကိုကျော်}} လို့ခေါ်ကြတယ်။ သူကတော့ ဗေဒင်ကို လုံးဝယုံကြည်တဲ့ လူတစ်ယောက်မဟုတ်ဘူး။ အသက်အရွယ်ကလည်းငယ်၊ လောကအတွေ့အကြုံ လည်း မရှိသေးတော့ ခွင့်လွှတ်ပြီးကြည့်နေခဲ့ရတာပေါ့။ဒီတစ်ကြိမ်တော့ သူဖြစ်ချိန် တန်လို့ပဲဆိုရမှာပေါ့
]]သင်တန်းက ဘယ်နှစ်လသင်တန်းလည်းဆရာ}}
]]သိပ်မကြာလိုက်ပါဘူး (၁၀)ရက် သင်တန်းလေးပါ}}
]]ဆယ်ရက်လောက်သင်တန်းလေးနဲ့ ဟောလို့ဖြစ်ပါမလားဆရာ}}
]]ဆယ်ရက်နဲ့ဖြစ်မလား၊ မဖြစ်လားဆိုတာ အခုဆရာပြောပြမယ့် ကံကြောင်းလေးနဲ့ ပေါင်းပြီးနားထောင်လိုက်ရင် သဘောပေါက်သွားမှာပါ}} ]]ဟုတ်ကဲ့ဆက်ပြောပါဆရာ}}
]]တိုတိုနဲ့လိုရင်းပြောရရင်တော့ ဆယ်ရက်သင်တန်းပြီးတော့ နယ်ပြန် သွားတယ်။ နယ်မှာ ဟောပြောလမ်းညွှန်တယ်ဆိုပါတော့ နည်းနည်းပါးပါးတော့ အခက်အခဲရှိမှာပေါ့လေ။ ဒါပေမယ့် နဂိုက ဗေဒင်ကို လုံးဝမယုံတဲ့လူ ဖြစ်နေတာ ကတစ်ကြောင်း၊ဟောပြောတော့လည်း ဆရာ့မူအတိုင်း ဘောပင်၊ ဖောင်တိန် ကိုင်ပြီး တွက်ချက်ဟောပြောတာလဲမဟုတ်။ ဗေဒင်သင်ထားမှန်းတောင် မသိကြ လေတော့ နယ်ဘက်ကအခေါ်အဝေါ်အရ ခေါင်းစွဲ]]အကြားအမြင်}} နဲ့ဟောပြော နေမှာပါ။ ဘာမှမရေးမတွက်ဘဲ အသက်နဲ့ နေ့ပြောလိုက်တာနဲ့ တစ်ခါတည်းကို တန်းပြောသွားတာပဲ။ ပြောတာလည်းသိပ်မှန်တာပဲဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ချီးမွမ်း သံတွေကြားလာရတယ်}}
]]ဆရာက ဆယ်ရက်သင်လိုက်ရုံနဲ့ ဆရာညီတော် ဟောပြောလမ်းညွှန် နေပြီး အောင်မြင်နေတယ်။ ဆရာကသာ ပြောနေတာ အခုကျွန်တော်တို့ သင်တန်း (၂)နှစ်ကျော်နေပြီ ဆရာ့လောကဓံပညာနဲ့ ဟောပြောနေတဲ့ တပည့် တစ်ယောက်မှ မတွေ့သေးတာ ဆယ်ရက်နဲ့ဟောနေတယ်ဆိုတော့ ----}}
သင်တန်းသား လူဟောင်းဖြစ်သူ မောင်အောင်ကျော်ဆန်း (ကျိုက္ကဆံမှ ဖက်တီး)က မေးလာ၏။
]]မောင်ရင် မေးလည်းမေးစရာပဲ။ ဒီလိုရှိတယ်။ သင်ပုံသင်နည်းရယ်၊ သင်ယူသူရဲ့ သင်ယူချင်စိတ်ရယ် သင်ယူနိုင်တဲ့ အချိန်ပေါ် မူတည်တယ်။
ဥပမာ-ဒီသင်တန်းမှာကတစ်ပတ်မှာ စနေ၊ တနင်္ဂနွေ (၂)ရက်ထဲသင်တဲ့ ဆရာ့လောကဓံ (အမြင်သစ်) ပညာရပ်က အတွေးအခေါ်ပိုင်းတွေပါလာတော့ သင်တန်းသားတွေအနေနဲ့ စိတ်ဝင်စားမှုနည်းတာတွေ့ရတယ်။ ဆရာပညာက အယူအဆ အတွေးအခေါ်၊ စိတ်ဓါတ်(စိတ်ထား)ပြောင်းမှ မောင်ရင်တို့ရင်ထဲပါ သွားမှာ၊ အဲဒီလိုမဟုတ်ဘဲ ကိန်းဂဏန်းတွေတွက်ချက်ပြီး ဆရာကသင်လိုက် တပည့်တွေက နားထောင်လိုက်၊ လိုက်ရေးလိုက် နေသွားလို့ကတော့ ပညာတွေ ဟာ မောင်ရင်တို့ဆီပါမသွားဘဲ သင်တန်းခန်းမမှာပဲ ကျန်နေခဲ့မှာပဲ။ဒါကြောင့် သင်တန်းသားတွေအနေနဲ့ ဆရာ့လောကဓံပညာနဲ့ ဟောပြောရပ်တည်နေတဲ့သူ ပေါ်မလာသေးဘူး။
]]ဟုတ်ကဲ့သဘောပေါက်ပါပြီ}} ]]ခုနဇာတ်ကြောင်းလေးဆက်ပါဦးဆရာ}} ]]ဒီလိုနဲ့တစ်နှစ်လောက်ကြာလာတဲ့အခါ ဆရာ့ဆီမှာ ဗေဒင်မေးတဲ့နယ်ဘက်က ဆရာအဒေါ်တွေ ဆရာဆီဗေဒင်လာမေးကြတော့ ဆရာက ခါတိုင်းလို ဟောပြောနေရင်း နယ်က ညီတော်မောင်ဆီမှာလည်း ဗေဒင်မေးနေကျဆိုတော့ ညီတော်မောင် ရောက်နေတာ သတိရပြီးတော့ အဒေါ်တွေကို ပြောလိုက်မိတယ်။ အဲဒီ ကံ ဆိုတဲ့ ဇာတ်လမ်းလေး စတွေ့လိုက်ရတာပါပဲ}}
သင်တန်းသားများ စိတ်ဝင်တစား နားထောင်နေရာမှ
]]ဆရာကဘာပြောလိုက်လို့လဲဆရာ}} ဟု တစ်ယောက်ကမေးလာ၏။ ]]ဆရာလည်း ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး။ အဒေါ်တို့ ဆရာကိုကျော်တစ် ယောက် မနက်ကရောက်နေတယ်။အခုဘုရားဖူးသွားနေတယ်ဆိုတဲ့ စကားလေးပဲ ပြောလိုက်တာပါ။ ဆရာ စကားကြားလိုက်ရာ အဒေါ်ဖြစ်သူက ]]ဒါဆိုလည်း အတော်ပဲ အဒေါ်တို့ ကိုကျော်ဆီမှာပဲ မေးတော့မယ်}}တဲ့ ဆရာလည်း ရုတ်တရက်ဆိုတော့ ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားတယ်။ ပထမဆရာ့ကို နောက်ပြောနေတယ်ထင်တာ။သူတို့က တကယ်ပြောနေတယ်ဆိုတာ သိလိုက်ရတော့ ဆရာကပြန်ပြောလိုက်တယ် ]]အဒေါ်ရယ် ဟောလက်စနဲ့ ကျွန်တော်ပဲဆက်ဟောပါ့မယ်။ ကိုကျော်ရန်ကုန်ရောက်တုန်း အေးအေးဆေးဆေး နားပါစေဆိုတော့ --
]]အို - ကိုကျော်နဲ့တွေ့မှတော့ ကိုကျော်ကိုပဲမေးတော့မယ်}} တဲ့
]] ဆရာကပြောပြလိုက်တယ်။အဒေါ် ကိုကျော်က ကျွန်တော့်ညီပါ။ ကျွန်တော်က သူ့အစ်ကို သူ့ဆရာပါ။ ကျွန်တော်ပြီးအောင်ပြောပါရစေ။ ပြီးတော့မှ အဒေါ် တို့ဆရာကျော်ဆီမှာ မေးကြပေါ့လို့ပြောတာတောင် မရဘူး။ သူနဲ့ပဲမေးမယ်ဆိုလို့ ဆရာလည်းလက်လျှော့ပြီး ညီတော်မောင်ဆီမှာ မေးခွင့်ပေးလိုက်ရတယ်}}
အဲဒီအချိန်မှာ မြောက်ဥက္ကလာ(၂)ရပ်ကွက်က ကျောင်းဆရာကိုအေးဝင်း နဲ့ သူတို့အဖွဲ့က မေးတယ်။
]]အဲဒါက ဘယ်လိုဖြစ်တာလဲဆရာ၊ ဘယ်လိုပြောမလဲ၊ ပုဂ္ဂိုလ်စွဲလို့ ပြောမလားဆရာ}}
]]ဆရာ့အနေနဲ့ကလည်း အဲဒီအချက်ကို ပြောပြချင်နေတာ၊ သာမန် အနေနဲ့ကြည့်ရင် ပုဂ္ဂိုလ်စွဲလို့ပြောလို့ရပေမယ့် ဆရာ့လောကဓံ အနေနဲ့ကြည့်ရင် ကံကြောင့်ပေါ့။ လူ့ဘဝကို ကံကချုပ်ထားပြီးသားဆိုတာ ပြောပြချင်လို့ ဒီအကြောင်းအရာလေးကို ရွေးလိုက်ရတာပါ။
]]ဘယ်လို ကံချုပ်ထားတာလဲဆရာ}}
လောကဓံကို သင်ကြားလေ့လာနေရင်း တဖြည်းဖြည်းသိလာပါလိမ့်မယ်။ အခုကိစ္စဆိုလိုတာက ဆရာ့ညီတော်မောင်က လောကဓံ အဖြူပိုင်း အရင်ဘဝ ကံက ထောက်ပံ့နေတဲ့ ကံကောင်းချိန် ဆရာက လောကဓံ အမည်းပိုင်း ညံ့ချိန် မှာဖြစ်နေတယ် ညီတော်မောင်ကံကောင်းနေချိန်မှာ လူတွေက သူမှသူ ဖြစ်နေတာ ကိုကြည့်လေ။ တကယ်ဆိုရင် အသက်အရွယ်၊ ပညာ၊ အတွေ့အကြုံလည်း ကွာတယ်။ ပြီးတော့ ညီနဲ့ အစ်ကို၊ ဆရာနဲ့တပည့်ပါလို့ ပြောတာတောင် ပြောမရတဲ့အဖြစ်ကိုကြည့်ဦး။ ညီတော်မောင်ကိုကျော်ရဲ့ ကံကို မြင်လိုက်တော့မှ အစ်ကိုဆိုတဲ့မာန်၊ ငါကဆရာပဲဆိုတဲ့မာန် ပြုတ်သွားခဲ့ရပုံကိုကြည့်ပြီး ဘဝမှာ လောကဓံပညာအရ ကံက ဘယ်လောက်အရေးပါတယ်ဆိုတာ သင်တန်းသား တွေသိထားကြဖို့ ပြောကြားရင်း ----
အားလုံးပဲ ]]မင်္ဂလာပါ}}
]]မင်္ဂလာပါဆရာ}}
]]ဘယ်လို ကံချုပ်ထားတာလဲဆရာ}}
လောကဓံကို သင်ကြားလေ့လာနေရင်း တဖြည်းဖြည်းသိလာပါလိမ့်မယ်။ အခုကိစ္စဆိုလိုတာက ဆရာ့ညီတော်မောင်က လောကဓံ အဖြူပိုင်း အရင်ဘဝ ကံက ထောက်ပံ့နေတဲ့ ကံကောင်းချိန် ဆရာက လောကဓံ အမည်းပိုင်း ညံ့ချိန် မှာဖြစ်နေတယ် ညီတော်မောင်ကံကောင်းနေချိန်မှာ လူတွေက သူမှသူ ဖြစ်နေတာ ကိုကြည့်လေ။ တကယ်ဆိုရင် အသက်အရွယ်၊ ပညာ၊ အတွေ့အကြုံလည်း ကွာတယ်။ ပြီးတော့ ညီနဲ့ အစ်ကို၊ ဆရာနဲ့တပည့်ပါလို့ ပြောတာတောင် ပြောမရတဲ့အဖြစ်ကိုကြည့်ဦး။ ညီတော်မောင်ကိုကျော်ရဲ့ ကံကို မြင်လိုက်တော့မှ အစ်ကိုဆိုတဲ့မာန်၊ ငါကဆရာပဲဆိုတဲ့မာန် ပြုတ်သွားခဲ့ရပုံကိုကြည့်ပြီး ဘဝမှာ လောကဓံပညာအရ ကံက ဘယ်လောက်အရေးပါတယ်ဆိုတာ သင်တန်းသား တွေသိထားကြဖို့ ပြောကြားရင်း ----
အားလုံးပဲ ]]မင်္ဂလာပါ}}
]]မင်္ဂလာပါဆရာ}}
No comments:
Post a Comment